Author: admin
-
အလှမယ် သဲစုငြိမ်း ရရှိသွားသော 2nd Runner-Up ကို MGI ပြန်ရုပ်သိမ်း
အလှမယ် သဲစုငြိမ်း ရရှိသွားသော 2nd Runner-Up ကို MGI ပြန်ရုပ်သိမ်း မဇ္ဈိမ (မဇ္ဈိမ) ။ ။ မသင့်လျော်သော အပြုအမူများနှင့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျူး လွန်ခြင်းကြောင့်ဟုဆိုကာ အလှမယ် သဲစုငြိမ်း ရရှိသွားသော တတိယဆု (2nd Runner-Up) ဆုကို ပြန်ရုပ်သိမ်းလိုက်ကြောင်း MGI ကြေညာက ယနေ့ (အောက်တိုဘာလ ၂၈ ရက်) တွင် တရားဝင် ကြေညာလိုက်သည်။ Miss Grand International ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အောက်တိုဘာ ၂၅ ရက်နေ့က ကျင်းပခဲ့ရာ စစ်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံကို ကိုယ်စားပြုဝင်ပြိုင်သော အလှမယ် သဲစုငြိမ်းက Miss Grand International Myanmar – 2nd…
-
AA က ပိတ်ဆို့တိုက်ခိုက်နေသည့် အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး နိုင်ဇော်အောင် အစာငတ်ပြတ်ပြီး သေဆုံး
AA က ပိတ်ဆို့တိုက်ခိုက်နေသည့် အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး နိုင်ဇော်အောင် အစာငတ်ပြတ်ပြီး သေဆုံး ရန်ကုန် ၊ အောက်တိုဘာ ၂၈ ရခိုင်ပြည်တွင် AA က ပိတ်ဆို့တိုက်ခိုက်နေသည့် အမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး နိုင်ဇော်အောင် အစာငတ်ပြတ်ပြီး သေဆုံးသွားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့အောက်တိုဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ဗိုလ်မှူးနိုင်ဇော်အောင် သည် အမ်းမြို့နယ်အတွင်းရှိ တောတွင်း တစ်နေရာတွင် စားနပ်ရိက္ခာပြတ်တောက်ပြီး အစာအိမ်သွေးကြောပေါက်သေဆုံးသွားသည်ဟု ရန်ကုန်ရှိ ကျန် ရစ်သူ မိ သားစုထံ စစ်ရုံးက တရားဝင် အသိပေး အကြောင်းကြားထားကြောင်း သိရှိရသည်။ အမ်းမြို့နယ်တွင် သေဆုံးသွားသည့် ဗိုလ်မှူးနိုင်ဇော်အောင်သည် စစ်အာဏာ သိမ်းခါစ ၂၀၂၁ ခုနှစ်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊…
-
“စံပြအနေနဲ့ 'စစ်မှုထမ်းရမဲ့' သရုပ်ဆောင်နဲ့ အဆိုတော်တွေစာရင်း😱”
“စံပြအနေနဲ့ 'စစ်မှုထမ်းရမဲ့' သရုပ်ဆောင်နဲ့ အဆိုတော်တွေစာရင်း😱”
-
ပြင်ဦးလွင်မြို့၊ ဒိုးကွင် ရပ်ကွက်ကြီး ၁၈ တွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးအောင်လွင်နှင့်အဖွဲ့က အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေပြီး စစ်မှုမထမ်းလိုလျှင် လူငယ်တစ်ဦး သိန်း ၈၀ ခန့် ပေးရမည်ဟု တောင်းခံ
ပြင်ဦးလွင်မြို့၊ ဒိုးကွင် ရပ်ကွက်ကြီး ၁၈ တွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးအောင်လွင်နှင့်အဖွဲ့က အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေပြီး စစ်မှုမထမ်းလိုလျှင် လူငယ်တစ်ဦး သိန်း ၈၀ ခန့် ပေးရမည်ဟု တောင်းခံ ရန်ကုန်၊ အောက်တိုဘာ ၂၈ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ဒိုးကွင် ရပ်ကွက်ကြီး ၁၈ ဒိုးကွင်တွင် အကြမ်းဖက်စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးအောင်လွင်က တစ်လလျှင် လူငယ် ၂ ဦးကို တပ်သားသစ်များအဖြစ် စစ်မှုထမ်းသင်တန်းသို့ မဖြစ်မနေပို့ဆောင်ရမည်ဟုဆိုကာ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းနေပြီး စစ်မှုထမ်းမလိုက်လိုလျှင် လူငယ် ၁ ဦး သိန်း ၈၀ ပေးရမည်ဟု တောင်းခံနေကြောင်း ရပ်ကွက်နေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ အကြမ်ဖက်စစ်ကောင်စီခန့် ရပ်ကွက်ကြီး ၁၈ ဒိုးကွင် အုပ်ချုပ်ရေးမှူး အောင်လွင်နှင့်…
-
၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေကို ထုတ်ပြန်လာ…
၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေကို ထုတ်ပြန်လာ… အောက်တိုဘာ ၂၇ ၊ ၂၀၂၄ မြန်မာနိုင်ငံမှာ လက်နက််ကိုင်တော်လှန်ရေးနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတို့မှာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပြီး စစ်အုပ်စုကို အထိနာစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တင်းတင်းပြည့်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် မနေ့က ညပိုင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA က စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေကို သတင်းထုတ်ပြန်ထားပါတယ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အနေနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေ ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့ ဦးဆောင်တဲ့ ၁၀၂၇…
-
ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်း အပတ်စဉ် ၇ အတွက် တပ်သားသစ်များ ကြိုတင်စုဆောင်းရန် ညွှန်ကြား၊ စစ်မှုထမ်းအပတ်စဉ် ၆ တွင် ပြည်နယ်/တိုင်းတချို့ လူမပြည့်၍ သင်တန်းဖွင့်လှစ်ရက် နောက် ဆုတ်ခဲ့ရ
ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်း အပတ်စဉ် ၇ အတွက် တပ်သားသစ်များ ကြိုတင်စုဆောင်းရန် ညွှန်ကြား၊ စစ်မှုထမ်းအပတ်စဉ် ၆ တွင် ပြည်နယ်/တိုင်းတချို့ လူမပြည့်၍ သင်တန်းဖွင့်လှစ်ရက် နောက် ဆုတ်ခဲ့ရ ရန်ကုန်၊ အောက်တိုဘာ ၂၈ ရန်ကုန်တိုင်းအတွင်း လာမည့်နိုဝင်ဘာလအတွင်း စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၇ အတွက် တပ် သားသစ်များ ကြိုတင်စုဆောင်းရန် ရန်ကုန်တိုင်းစစ်ကောင်စီက ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။ ယခုအောက်တိုဘာလအတွင်း ဖွင့်လှစ်ခဲ့သည့် စစ်မှုထမ်း အပတ်စဉ် ၆ အတွက် ရန်ကုန်တိုင်းက သတ်မှတ် လျာထားချက် ပြည့်မီစွာ တပ်သားသစ်များ စုဆောင်းနိုင်ခဲ့ပြီး ယင်းအခြေအနေကို ဆက်လက် ထိန်းသိမ်းနိုင်ရန်၊ သတ်မှတ်တပ်သားသစ်အရေအတွက်ရရှိရေး ကြိုတင် လူများ စုဆောင်းထားရန် ညွှန်ကြားခြင်းဖြစ်ကြောင်း၊ အောက်တိုဘာလ စစ်မှုထမ်း အပတ်စဉ်…
-
မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံအနီးရှိ အမှတ် ၉၈၁ စစ်တပ် ဂိတ်ကို မိုင်းဖောက်ခွဲ
မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံအနီးရှိ အမှတ် ၉၈၁ စစ်တပ် ဂိတ်ကို မိုင်းဖောက်ခွဲ ရန်ကုန်၊ အောက်တိုဘာ ၂၈ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံအနီးရှိ အမှတ် ၉၈၁ အကြမ်းဖက်စစ်တပ် ဂိတ်ကို အဝေး ထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်ကို ဂုဏ်ပြုသောအားဖြင့် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံအနီးရှိ ခရေပင်လမ်း အမှတ် ၉၈၁ စစ်တပ် ဂိတ်ကို အဝေးထိန်းမိုင်းအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုသို့ တိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှုတစ်စုံတစ်ရာ သိရှိ ရ…
-
ပြင်ဦးလွင်မြို့၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းပိုက်ရန် ကြိုးစားနေရာတွင် မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံက မျက်နှာစာတန်း မြေဧက ၅၀ ရယူမည်ဟုဆို
ပြင်ဦးလွင်မြို့၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းပိုက်ရန် ကြိုးစားနေရာတွင် မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံက မျက်နှာစာတန်း မြေဧက ၅၀ ရယူမည်ဟုဆို ရန်ကုန်၊ အောက်တိုဘာ ၂၈ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူလူထု နေထိုင်သော မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းပိုက်ရန်ကြိုးစားနေပြီး ယင်းမြေများအနက်မှ လမ်းမတန်း မျက်နှာစာ မြေဧက ၅၀ကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ရယူမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ရေချမ်းအိုးရပ်ကွက်အတွင်း မြေဧက ၂၀၀…
-
ထိရောက်သော ကြားဝင်စွက်ရောက်မှု မရှိပါက စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ပြစ်ဒဏ်ကင်းလွတ်ခံစားကာ ဆက်လက်ကျူးလွန်နေမည်သာဖြစ်ဟု မြန်မာသံအမတ်ကြီးပြော
ထိရောက်သော ကြားဝင်စွက်ရောက်မှု မရှိပါက စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ပြစ်ဒဏ်ကင်းလွတ်ခံစားကာ ဆက်လက်ကျူးလွန်နေမည်သာဖြစ်ဟု မြန်မာသံအမတ်ကြီးပြော ထားအိ/People’s Spring. နိုင်ငံတကာအနေဖြင့် ထိရောက်သော ကြားဝင်စွက်ရောက်မှု မရှိပါက ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ပြစ်ဒဏ်ကင်းလွတ်ခံစားကာ ဆက်လက်ကျူးလွန်နေမည် သာဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက စစ်အုပ်စု၏ ကျူးလွန်မှုများကို ထိရောက်စွာ တိုက်ဖျက်နိုင်မည့် နည်းလမ်းများနှင့် ကျူးလွန်သူများအား တာဝန်ခံမှုရှိစေရေးယန္တရားတို့နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားသော ရက်စက်ကြမ်းကြုတ်၍ လူမဆန်သော သို့တည်းမဟုတ် နှိမ့်ချသော ဆက်ဆံမှု သို့တည်းမဟုတ် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ကော်မတီခွဲဥက္ကဋ္ဌနှင့် အထူးအစီရင်ခံစာ တင်သွင်းသူတို့အား သံအမတ်ကြီးက အကြံပြုချက်ပေးရန် တောင်းဆိုသည်။ မြန်မာပြည်သူများသည် ၂၀၂၁ ဖေဖော်ဝါရီ မတရားစစ်အာဏာသိမ်းရန် ကြိုးပမ်းမှု နောက်ပိုင်းတွင် စစ်အုပ်စုမှ…
-
မြဝတီကို စစ်ကူလာသည့် အောင်ဇယျစစ်ကြောင်း တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
မြဝတီကို စစ်ကူလာသည့် အောင်ဇယျစစ်ကြောင်း တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ ဧရာဝတီတိုင်းမ် (မြဝတီ)၊ အောက်တိုဘာ ၂၇ ရက် ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်သို့ စစ်ကူလာသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့ အောက်တိုဘာ ၂၆ ရက်နေ့က အာရှလမ်းမကြီး တစ်နေရာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။ စစ်ကောင်စီ၏ တပ်မ-၅၅၊ စကခ-၁၂၊ တပ်မ-၄၄ တို့ ပူးပေါင်းပါဝင်ထားသည့် အောင်ဇယျစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲတွင် ကျည်ကာပြား ရှစ် ခုအပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း တော်လှန်ရေးပူး ပေါင်းအဖွဲ့ဘက်မှ ရဲဘော် သုံး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးစားရင်းကိုမူ သိရခြင်းမရှိသေးပဲ စုံစမ်းနေကြောင်း တောင်ပိုင်းစစ်ဒသက ထုတ်ပြန်ထားသည်။ အဆိုပါ…