မြဝတီကို စစ်ကူလာသည့် အောင်ဇယျစစ်ကြောင်း တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

by

in

မြဝတီကို စစ်ကူလာသည့် အောင်ဇယျစစ်ကြောင်း တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
ဧရာဝတီတိုင်းမ်
(မြဝတီ)၊ အောက်တိုဘာ ၂၇ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်သို့ စစ်ကူလာသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့ အောက်တိုဘာ ၂၆ ရက်နေ့က အာရှလမ်းမကြီး တစ်နေရာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။
စစ်ကောင်စီ၏ တပ်မ-၅၅၊ စကခ-၁၂၊ တပ်မ-၄၄ တို့ ပူးပေါင်းပါဝင်ထားသည့် အောင်ဇယျစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲတွင် ကျည်ကာပြား ရှစ် ခုအပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးပူး ပေါင်းအဖွဲ့ဘက်မှ ရဲဘော် သုံး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးစားရင်းကိုမူ သိရခြင်းမရှိသေးပဲ စုံစမ်းနေကြောင်း တောင်ပိုင်းစစ်ဒသက ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်-၃၊ ဗျူဟာ-၃၂ ကော်ဘရာစစ်ကြောင်း-၁၊ စစ်ကြောင်း-၂၊ ကျားသစ်နက်စစ်ကြောင်း၊ ဗျူဟာ-၃၁ လက်အောက်ခံ ကျားဖြူစစ်ကြောင်း၊ ရောင်နီ(ဒရုန်းအထူးတပ်ဖွဲ့)၊ Golden Eagle၊ KNU-KNLA၊ Federal Wings၊ Justice Wings၊ Fixed Wings တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
မြဝတီမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီ၏ အခိုင်အမာတပ်စွဲထားသည့် လေကေ့ကော် အမြောက်ကုန်း ခေါ် စွယ်တော်ကုန်းစခန်း ကို တော်လှန်ရေးတပ်ဖွဲ့များက စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး တပ်သား လေး ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသထံက သိရသည်။
ဓာတ်ပုံ – တောင်ပိုင်းစစ်ဒသ
#မြဝတီ #အောင်ဇေယျစစ်ကြောင်း #တိုက်ပွဲ #လက်နက်ခဲယမ်းရရှိ #Ayeyarwaddy_Times

စွယ်တော်အမြှောက်ကုန်းကျပြီးနောက်..
နိုင်ငံတော်အဆင့် အလောင်းတစ်ရာ (သို့)
အောင်ဇေယျစစ်ကြောင်းရဲ့
အခြေအနေ ဖြစ်ပါသည်။
မှတ်ချက်- သံတိုသံစ အဝယ်ဒိုင်များ
စာရင်းကြိုသွင်းနိုင်သည်။
#အောက်တိုဘာ ၂၇
Credit -Saw Kaw