Author: admin
-
အခက်အခဲတွေကြားက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ရဲ့ အပတ်စဉ် ၂ စစ်သင်တန်း ပြီးဆုံးခဲ့ပြီ
အခက်အခဲတွေကြားက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ရဲ့ အပတ်စဉ် ၂ စစ်သင်တန်း ပြီးဆုံးခဲ့ပြီ နိုဝင်ဘာ ၁၇၊ ၂၀၂၄ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က စစ်အာဏာရှင်တွေကို တွန်းလှန်တိုက်ခိုက်ချင်သူတွေကို ရဲဘော်သစ်တွေအဖြစ် လက်ခံကာ စစ်သင်တန်းပို့ချပေးနေတာ ဖြစ်ပါတယ်။ မနေ့က နိုဝင်ဘာ ၁၆ရက်မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တဲ့ အပတ်စဉ် ၂ အခြေခံစစ်သင်တန်းကတော့ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် အခက်အခဲတွေကြားကနေ ပြီးမြောက်အောင်မြင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “အခြေခံစစ်ပညာအပတ်စဥ် ၂ ကို သြဂုတ်လ ၂၂ရက်နေ့က ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့တာပါ။ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ခဲ့တာကြောင့် သင်တန်းကို ယာယီပိတ်ထားခဲ့ရပါတယ်။ ခက်ခက်ခဲခဲ သင်ယူခဲ့ပြီး အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်” လို့ သင်တန်းသား ရဲဘော်တစ်ယောက်က ပြောပါတယ်။…
-
ဂွတွင် AA ၏ ထိုးစစ်ပြင်းထန်လာမှုကြောင့် စစ်ကောင်စီတပ်က တောက်လျှောက်တပ်ဆုတ်နေရပြီး ဂွမြို့နားအထိ တိုက်ပွဲနီးကပ်လာ
ဂွတွင် AA ၏ ထိုးစစ်ပြင်းထန်လာမှုကြောင့် စစ်ကောင်စီတပ်က တောက်လျှောက်တပ်ဆုတ်နေရပြီး ဂွမြို့နားအထိ တိုက်ပွဲနီးကပ်လာ ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၁၇ရက် ရခိုင်ပြည်နယ် ဂွမြို့နယ် နေရာအနှံ့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ နေ့စဉ်တိုက်ပွဲ ဖြစ်ပွားနေပြီး တိုက်ပွဲမှာ ဂွမြို့အနီး ၁၀ မိုင် ခန့်သာကွာတော့ ကြောင်း ဒေသခံများထံက သိရသည်။ ဂွမြို့နယ်အတွင်းရှိ ရွှေတွင်းတူး၊ ကမ်းသာယာ၊ ဆပ်သွားနှင့် ချင်းကုန်းတို့တွင် ယမန်နေ့ နိုဝင်ဘာ ၁၆ရက်နေ့က တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များ တပ်ဆုတ်နေရကြောင်း သိရသည်။ “ဇီးကုန်းကနေ အခုနောက်ဆုံး ဂွမြို့နဲ့ကပ်နေတဲ့ ချင်းကုန်းထိ စစ်တပ်ရဲ့ လက်နက်ကြီး စခန်းတပ်ဆုတ်နေရတယ်။ ဂွမြို့အနှံ့တိုက်ပွဲဖြစ်နေတယ်” ဟု ဂွမြို့နယ်မှစစ်ရှောင်လာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ စစ်ကောင်စီ၏ လက်နက်ကြီးတပ်ဆင်ထားသော တပ်ကို…
-
ဆင်ဖြူကျွန်းက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးပြန်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေကြိုဆို
ဆင်ဖြူကျွန်းက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးပြန်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေကြိုဆို နိုဝင်ဘာ ၁၇၊ ၂၀၂၄ မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးက စစ်ကောင်စီအခြေစိုက်တပ်စွဲရာနေရာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ အမှတ် (၁၀၁) တပ်ရင်းကို ပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဆင်ဖြူကျွန်းမြို့အနီး၊ ဆုတ်လေဦးလမ်းဆုံ အထိုင်ကာကင်းစခန်းသိမ်းတိုက်ပွဲက ပြန်လာတဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ အမှတ် (၁၀၁) တပ်ရင်းကို ပြည်သူတွေက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲကို PDF ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်၊ မနက် ၅ နာရီ မိနစ် ၃၀ အချိန်မှာ စတင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကာကင်းစခန်းသိမ်းတိုက်ပွဲအတွင်း ထိတွေ့ ပစ်ခတ်မှု ၁ နာရီနဲ့ ၄၅ မိနစ်…
-
မင်းတပ်မြို့တိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီ လေကြောင်း ပစ်ကူပေးတိုက်နေ ◾️မြို့သိမ်းစစ်ဆင်ရေးအတွက် တောင်ဇလပ်မြေရန်ပုံငွေရှာဖွေရေး ပြည်သူများဝိုင်းဝန်းပါဝင်ပေးရန် CDF တိုက်တွန်း
မင်းတပ်မြို့တိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီ လေကြောင်း ပစ်ကူပေးတိုက်နေ ◾️မြို့သိမ်းစစ်ဆင်ရေးအတွက် တောင်ဇလပ်မြေရန်ပုံငွေရှာဖွေရေး ပြည်သူများဝိုင်းဝန်းပါဝင်ပေးရန် CDF တိုက်တွန်း ဟန်နွေ/People’s Spring ချင်းပြည်နယ် မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Mindat)ပါဝင်သည့် ချင်းညီနောင် မဟာမိတ်တပ်များကဆင်နွှဲလျက်ရှိရာ ယမန်နေ့ညနှင့် ယနေ့ (နိုဝင်ဘာ ၁၇ရက်)တွင် တိုက်ပွဲဆက်ပြင်းထန်နေကြောင်း CDF မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။ ချင်းညီနောင်သည် နိုဝင်ဘာ ၉ရက်ကစ၍ မင်းတပ်နှင့် ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေကြောင်း အသိပေးထားသော်လည်း စစ်ရေး အခြေအနေ အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။ “တိုက်ပွဲတွေကတော့ ပြင်းပြင်းထန်ထန် ဆက်ဖြစ်နေတယ်။ လေကြောင်းကတော့ အခု ပြောနေတဲ့အချိန်မှာတောင် တောက်လျှောက်လေကြောင်းက ရှိတယ်။မနေ့က ဆိုလည်း တညလုံးလိုလိုအပြင်းအထန် တိုက်ပွဲတွေရှိတယ်။ လေကြောင်းတိုက်ခိုက်နေတယ်”ဟု CDF မင်းတပ် ပြောရေးဆိုခွင့်ရှိသူ…
-
ပုလဲမြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရရှိပြီး လက်နက်အများအပြား သိမ်းဆည်းရရှိကာ မြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း လေကြောင်း စစ်ကူများကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရ
ပုလဲမြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရရှိပြီး လက်နက်အများအပြား သိမ်းဆည်းရရှိကာ မြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း လေကြောင်း စစ်ကူများကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရ 🟥BNRA ရဲဘော် ၉ ဦး ကျဆုံးခဲ့ရပြီး ချင်းညီနောင်နှင့်အညာညီနောင်တပ်များ ပါဝင်တိုက်ခိုက်ခဲ့ ရန်ကုန်၊ နိုဝင်ဘာ ၁၇ စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရရှိပြီး လက်နက်အများအပြား သိမ်းဆည်းရရှိကာ ပုလဲမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ စစ်ကူများကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၁ ရက် နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်မှစ၍ ပုလဲမြို့သိမ်းစစ်ဆင်ရေးကို စတင်ခဲ့ကြောင်း၊ စစ်ဆင်ရေးစတင်ပြီး ၄၈ နာရီ…
-
ရန်ကုန်လေဆိပ်တွင် PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်မည့် လူငယ်တချို့၏ မိုဘိုင်းလ်ဖုန်းများ စစ်ဆေးခံရပြီး မိသားစုကို နှုတ်ဆက်ကန်တော့နေသည့် ဓာတ်ပုံပါသည်ဟုဆိုကာ လေယာဉ်ပေါ် တက်ခွင့်မပေး ၊ ပထမဆုံးအကြိမ် ပြည်ပထွက်မည့် လူငယ် အများစုကို မြန်မာနိုင်ငံမှ ထွက်ခွင့်မပြု
ရန်ကုန်လေဆိပ်တွင် PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်မည့် လူငယ်တချို့၏ မိုဘိုင်းလ်ဖုန်းများ စစ်ဆေးခံရပြီး မိသားစုကို နှုတ်ဆက်ကန်တော့နေသည့် ဓာတ်ပုံပါသည်ဟုဆိုကာ လေယာဉ်ပေါ် တက်ခွင့်မပေး ၊ ပထမဆုံးအကြိမ် ပြည်ပထွက်မည့် လူငယ် အများစုကို မြန်မာနိုင်ငံမှ ထွက်ခွင့်မပြု ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အလည်အပတ် PV နိုင်ငံကူးလက် မှတ်ဖြင့် ပြည်ပထွက်မည့် လူငယ်တချို့၏ မိုဘိုင်းလ်ဖုန်းများကို စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးအဖွဲ့တချို့က စစ်ဆေးပြီးနောက် မိသားစုကို နှုတ် ဆက်ကန်တော့နေသည့်ဓာတ်ပုံပါသည်ဟုဆိုကာ လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ လေဆိပ်မှ ပြန်လွှတ်လိုက်ကြောင်း ပြန်လွှတ်ခံရသည့် လူငယ်အမျိုးသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရီအချိန်မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း MAI…
-
ယင်းမာပင်မြို့ပေါ် စစ်တပ်အထိုင်စခန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)
ယင်းမာပင်မြို့ပေါ် စစ်တပ်အထိုင်စခန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ) နိုဝင်ဘာ ၁၇၊ ၂၀၂၄ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က အကြမ်းဖက်စစ်တပ် အထိုင်စခန်းတွေကို နိုဝင်ဘာ ၁၃ ရက် နေ့လည်ပိုင်းက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwindynamite အဖွဲ့ထံက သိရပါတယ်။ ယင်းမာပင်မြို့ပေါ်မှာရှိတဲ့ ရဲစခန်း၊ အမျိုးသားဥယျာဉ်၊ ခရိုင်စုပေါင်းရုံး၊ ရေအရင်းအမြစ်ဂိတ်နဲ့ ယင်းမာပင်ဆေးရုံကြီးတို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi) ၊ ယင်းမာခရိုင် တပ်ရင်း(၃၅) တပ်ခွဲ(၃) တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ ၊ ယင်းမာပင်ခရိုင် တပ်ရင်း(၃၅) တပ်ခွဲ(၃) တပ်စိတ်(၁) 5/Fighter (Monywa) နဲ့ နယ်ခံကာကွယ်ရေးတပ်တွေ…
-
“ပျော်လိုက်ကျပါဦးအယောက်၈၀၀ကျော်အလံဖြူပြလက်နက်ချအလင်းဝင်ကျပြန်ပြီဟေ့”
“ပျော်လိုက်ကျပါဦးအယောက်၈၀၀ကျော်အလံဖြူပြလက်နက်ချအလင်းဝင်ကျပြန်ပြီဟေ့”
-
နောင်ချိုမြို့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့…
နောင်ချိုမြို့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့… နိုဝင်ဘာ ၁၆ ၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့က တောင်ခမ်းအမြောက်တပ်စခန်း (၃၅၄) နဲ့ (၉၀၂) တပ်စခန်းမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တပ်မ(၁၁) ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူနဲ့ တပ်သားတွေ သေဆုံးခဲ့ပြီး စစ်ကောင်စီတပ် လက်နက်ခဲယမ်းတွေ စစ်အသုံးအဆောင်ပစ္စည်းတေ သိမ်းဆည်းရမိခဲ့တဲ့အပြင် လက်နက်ခဲယမ်းနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ယောက် အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။…