ဂျိုဟိုး ဇူလိုင် ၁၄ – ရဲတပ်ဖွဲ့က ဇူလိုင် ၁၀ နှင့် ၁၁ ရက်တို့တွင် ပြုလုပ်ခဲ့သော အထူးစစ်ဆေးမှုများအတွင်း RM3.55 သန်းတန်သော မူးယစ် ဆေးဝါး များကို ဖမ်းဆီးရရှိပြီးတဲ့နောက် နိူင်ငံသား အမျိုးသားတစ်ဦးနှင့် ဗီယက်နမ်အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးလိုက်သည်ဟုထုတ်ပြန်ထားသည်

ဂျိုဟိုး ဇူလိုင် ၁၄ – ရဲတပ်ဖွဲ့က ဇူလိုင် ၁၀ နှင့် ၁၁ ရက်တို့တွင် ပြုလုပ်ခဲ့သော အထူးစစ်ဆေးမှုများအတွင်း RM3.55 သန်းတန်သော မူးယစ် ဆေးဝါး များကို ဖမ်းဆီးရရှိပြီးတဲ့နောက်
နိူင်ငံသား အမျိုးသားတစ်ဦးနှင့် ဗီယက်နမ်အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးလိုက်သည်ဟုထုတ်ပြန်ထားသည်

မူးယစ်ဆေးဝါးပစ္စည်းများနဲ့ လမ်းဘေးတွင်အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီးတဲ့နောက်မှာ ထိုအမျိုးသားက ရဲတပ်ဖွဲ့ကို ဆိုင်ခန်းတစ်ခုတွင် ငှားရမ်းထားသော အခန်းတစ်ခုကို ဝန်ခံကာ ဖြောင့်ချက်ပေးခဲ့ပါတယ်
“ ရဲတပ်ဖွဲ့က ငှားရမ်းထားသော အခန်းကို ဝင် ရောက် စစ်ဆေးရာ ထိုနေရာများတွင်ပင် မူးယစ်ပစ္စည်းများကို သိမ်းဆည်းပြီး ဗီယက်နမ်အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးခံရသည်” ဟုယနေ့ ဂျိုဟိုး ရဲတပ်ဖွဲ့ဗဟိုရုံး၌ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
စုစုပေါင်း စိတ်ကြွဆေးပြား ၂၀.၇ ကီလိုဂရမ် (kg)နှင့် ကီတာမင်း ၁၈.၄၉ ကီလိုဂရမ်,ကီတာမင်း ၁၅၄.၂၅ ဂရမ်နှင့် ၁၄၁ ဂရမ် အီရိမင်် မူးယစ်ပစ္စည်းမျိုးစုံ, RM800 ငွေသား ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဖောိပြထားသည်
သူက လက်ရှိ မူးယစ်ပစ္စည်းလွှဲပြောင်းမှုလမ်းကြောင်းသည် လက်ရှိသိမ်းဆည်းမှုများအရ မက်ဂျွာနား ပန်းများသို့ ပြောင်းလဲနေသည်ဟု ထင်ရသည်။
သံသယရှိသူအားလုံးကို ဇူလိုင် ၁၇ ရက်အထိ ဖမ်းဆီးထားပြီး အမှုကို ၁၉၅၂ ခုနှစ် မူးယစ်ပစ္စည်းဥပဒေ ပုဒ်မ ၃၉B အရ စစ်ဆေးလျက်ရှိသည်ဟု ပြောကြားခဲ့သည်။