တောင်းခမ်းမှ နောင်ချိုထိုးစစ်တွင် စစ်ကောင်စီတပ်သားများ အများအပြား အလင်းဝင်ရောက်လာဟု DPLA ထုတ်ပြန်…
ဇူလိုင် ၁၄ ၊ ၂၀၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ခမ်းဒေသကနေ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကနေ စစ်သား အများအပြား အလင်းဝင်ရောက်လာတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)/ဓနုလွတ်မြောက်ရေးတပ်တော် (DPLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကနေ စစ်သား အများအပြားဟာ လက်နက်အပြည့်အစုံနဲ့ ပြီးခဲ့တဲ့ ဇွန်လက DPLA ဆီ အလင်းဝင်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နောင်ချိုမြို့ကို အကြီးအကျယ် ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းမှာ ပေါ်တာဆွဲခံခဲ့ရတဲ့ စစ်သား အများအပြား ပါရှိပြီး အဆိုပါစစ်ကြောင်းကနေ တော်လှန်ရေးတပ်တွေဆီ အများအပြား အလင်းဝင်သလို အများအပြား လက်နက်ချခဲ့တယ်လို့ သိရပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဆန္ဒအလျောက် နေရပ်ဆီ ပြန်လည်ပို့ဆောင်ဖို့အတွက် စီစဉ်နေတယ်လို့ DPLA က ဆိုပါတယ်။
နောင်ချိုမြို့နယ်နဲ့ အနီးတဝိုက်မှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)၊ တအာင်းတပ်မတော် (TNLA) ပူပေါင်းတပ်နဲ့ စစ်ကောင်စီတို့ကြားဇွန်လ(၂၄)ရက်ကစလို့ အခုချိန်အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။
ပုံစာ – DPLA ဆီ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၁ ဦး
