◼️‌မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းဘေး စစ်တပ်စခန်းကို ဒရုန်းနဲ့တိုက်ခိုက်ရာ အရာရှိအပါ စကစ ၄ ဦးထက်မနည်းထိခိုက်

◼️‌မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းဘေး စစ်တပ်စခန်းကို ဒရုန်းနဲ့တိုက်ခိုက်ရာ အရာရှိအပါ စကစ ၄ ဦးထက်မနည်းထိခိုက်
၁၃ ဇူလိုင် ||| နွေဦးအသံ |||

မကွေးဒေသ၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းမကြီးဘေးရှိ အကြမ်းဖက်စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၁၁ ရက်၊ နေ့လယ်ပိုင်းမှာ ဒရုန်းနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရာရှိ အပါအဝင် စကစ ၄ ဦးထက်မနည်းထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကျောက်တိုင်ကျေးရွာရှိ တိုက်နယ်ဆေးရုံမှာ အင်အား ၃၅ ဦးခန့်တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ဒရုန်းနဲ့ ​နေ့လယ် ၁ နာရီ ၂၂ မိနစ်မှာ တကြိမ် ၆၀ မမ လက်လုပ်ဗုံးသီး ၂ လုံး၊ ၅၀ မိနစ်မှာ တကြိမ် ၆၀ မမ လက်လုပ်ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စကစအရာရှိနဲ့ တပ်သား ၄ ဦးနဲ့အထက် ထိခိုက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်း တပ်ခွဲ ၁ တပ်ခွဲမှူး ဦးဆောင်တဲ့ Drone တပ်စိပ်နဲ့ မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ဆင်ရေးအပြီး နောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ၊ ခရီးသွားပြည်သူတွေကို စစ်ဆေးမှု တင်းကြပ်တာတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ သရက်ခရိုင် တပ်ရင်း ၄ က အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

မင်းတုန်းမြို့နယ် ကျောက်တိုင်‌ကျေးရွာတိုက်နယ်ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)
ဇူလိုင် ၁၄၊ ၂၀၂၅
မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းမကြီဘေး ကျောက်တိုင်ကျေးရွာ တိုက် နယ်ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁၁ ရက် နေ့လယ်ပိုင်းက ကျောက်တိုင်ကျေးရွာ တိုက်နယ်ဆေးရုံမှာ အင်အား ၃၅ ယောက်ခန့်နဲ့ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ၆၀ မမ လက်လုပ်ဗုံးသီး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဗုံးသီးတွေဟာ ပစ်မှတ်တွေဆီသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီအရာရှိအပါအဝင် ၄ ယောက် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ လက်နက်ကြီးနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ခရီးပြည်သူတွေကို စစ်ဆေးမှုတွေ တင်းကြပ်စွာ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် – ၄ တပ်ရင်းမှ တပ်ခွဲ-၁ ခွဲမူး ဦးဆောင်သော Drone တပ်စိပ် နှင့် မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Video-သရက်ခရိုင် အမှတ်(၄)တပ်ရင်း