Author: admin

  • စစ်ကောင်စီရဲ့ လူဖမ်းပွဲတွေ တနေ့တခြား ကြမ်းလာတဲ့ ပဲခူးအနောက်ခြမ်း

    by

    in

    စစ်ကောင်စီရဲ့ လူဖမ်းပွဲတွေ တနေ့တခြား ကြမ်းလာတဲ့ ပဲခူးအနောက်ခြမ်း ဩဂုတ် ၂၉၊ ၂၀၂၄ စစ်ကောင်စီဟာ သူတို့ရဲ့ လျော့နည်းလာတဲ့ စစ်အင်အားကို ဖြည့်တင်းဖို့အတွက် အသက်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေကို ထုတ်ပြန်ပြီးတဲ့နောက်မှာ အသက်ပြည့်ပြီး လူငယ်တွေကို အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးမှုတွေရှိနေပါတယ်။ ဒါတွေဟာ တနေ့တခြား ပိုမိုးဆိုးဝါး လာနေပါတယ်။ ဒီလို ဥပဒေမဲ့လုပ်ရပ်တွေဟာ ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်တွေဖြစ်တဲ့ ပေါင်းတလည်၊ ပေါက်ခေါင်း၊ သာယာဝတီ၊ မင်းလှ၊ လက်ပံတန်း၊ နတ်တလင်း၊ ဇီးကုန်း၊ အုတ်ဖို စတဲ့ မြို့နယ်တွေက ကျေးရွာတွေမှာ အများဆုံးဖြစ်နေပြီး လူငယ်တွေ အလုပ်သွားအလုပ်ပြန် လမ်းတွေမှာ စောင့်ဖမ်းတာတွေအပြင် နေ့ခင်းဘက်တွေပါ ပြည်သူနေအိမ်ထဲထိ ဝင်ရောက်ကာ ပေါ်တာဆွဲ လူစုဆောင်းမှုတွေ ဖြစ်ပေါ်နေပါတယ်။ “အင်းရွာပန်းကန်စက်က ကရင်လေးသုံးယောက် စခတွေ ခုမနက် (ဩဂုတ်…

  • ရန်ကုန်မှာ တာမွေမြို့မရဲစခန်း လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခံရပြီး ရဲ ၃ယောက်သေ

    ရန်ကုန်မှာ တာမွေမြို့မရဲစခန်း လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခံရပြီး ရဲ ၃ယောက်သေ

    by

    in

    ရန်ကုန်မှာ တာမွေမြို့မရဲစခန်း လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခံရပြီး ရဲ ၃ယောက်သေ သြဂုတ် ၂၉၊ ၂၀၂၄ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ တာမွေမြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စခန်းထဲမှာရှိနေတဲ့ ရဲ၃ယောက် သေဆုံးသွားကြောင်း သိရပါတယ်။ သြဂုတ်လ ၂၈ရက်၊ မနေ့က နေ့လည်ပိုင်းမှာ တာမွေမြို့နယ်၊ ဗညားဒလမ်းမပေါ်က တာမွေမြို့မရဲခစန်းကို Anonymous Force (ရန်ကုန်စစ်ဒေသခွဲ-PRF) ရဲဘော်တွေက လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ “ဟုတ်တယ်ဗျ မွန်းလွဲ ၂နာရီ မိနစ်၄၀ လောက်မှာ လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့တာပါ။ ၁လုံးပဲသုံးခဲ့တယ်ခင်ဗျ။ မြို့ထဲဖြစ်နေလို့ အတော်လေးတော့ကြိုးစားခဲ့ရပါတယ်။ ရဲ ၂ ယောက်နေရာတင် ပွဲချင်းပြီးသေပြီး ကျန်တဲ့ ၁ယောက်ကတော့ ဒဏ်ရာအပြင်းအထန်ရပြီးမှ သေတယ်လို့သိရတယ်။ ဗုံးပေါက်ပေါက်ချင်း အသံစကြားကြတော့ အကုန်လုံးကြောင်သွားတဲ့သဘောမှာတော့ရှိတယ်။ မကြာဘူး။ အဲ့နားပတ်ချာလည်မှာ…

  • မန္တလေး တောင်သမန်ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်၍ စိန်ဖူးတော်မြေခ ▪️စစ်ခေါင်းဆောင်လာပြီးနောက် မန္တလေးတွင် တစ်ခုပြီးတစ်ခုဖြစ် နမိတ်ပြနေဟု မြို့ခံပြော

    မန္တလေး တောင်သမန်ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်၍ စိန်ဖူးတော်မြေခ ▪️စစ်ခေါင်းဆောင်လာပြီးနောက် မန္တလေးတွင် တစ်ခုပြီးတစ်ခုဖြစ် နမိတ်ပြနေဟု မြို့ခံပြော

    by

    in

    မန္တလေး တောင်သမန်ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်၍ စိန်ဖူးတော်မြေခ ▪️စစ်ခေါင်းဆောင်လာပြီးနောက် မန္တလေးတွင် တစ်ခုပြီးတစ်ခုဖြစ် နမိတ်ပြနေဟု မြို့ခံပြော အင်ကြင်း/People’s Spring မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းအနီးရှိ ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်၍ စိန်ဖူးတော်မြေခခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၂၇ရက်) ညနေ ၅နာရီခန့်က အမရပူရမြို့၊ တောင်သမန်အင်းအရှေ့ဘက်ကမ်း၊ ဦးပိန်တံတားအရှေ့ထိပ်ရှိ ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်၍ စိန်ဖူးတော်မြေခခဲ့ကြောင်း ဒေသခံများက ပြောသည်။ “မိုးကြိုးပစ်သံကအကျယ်ကြီးပဲ။ လျှပ်စီးလျှပ်တာများ အိမ်အတွင်းထဲထိလင်းထိန်သွားတယ်။”ဟု အမရပူရဒေသခံတစ်ဦးက ပြောသည်။ အလားတူ မန္တလေးနန်းတွင်း၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာပြီးနောက် သြဂုတ် ၂၆ ရက် တွင် သဲအိတ်များတင်ထားသည့် မန္တလေးနန်းမြို့ရိုးတစ်နေရာရှိ အုတ်ရိုးတစ်ခန်းနီးပါး ပြိုကျပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။ “အကုသိုလ်ကောင် မန္တလေးရောက်ပြီးမှ နန်းမြို့ရိုးပြိုသလို ကျောက်တော်ကြီးဘုရား မိုးကြိုးထိလို့…

  • သံတွဲရှိ နောက်ဆုံးလက်ကျန် မောင်ရွှေလေး ရေတပ်စခန်းကို AA သိမ်းပိုက်

    သံတွဲရှိ နောက်ဆုံးလက်ကျန် မောင်ရွှေလေး ရေတပ်စခန်းကို AA သိမ်းပိုက်

    by

    in

    သံတွဲရှိ နောက်ဆုံးလက်ကျန် မောင်ရွှေလေး ရေတပ်စခန်းကို AA သိမ်းပိုက် မဇ္ဈိမ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန် မောင်ရွှေလေး ရေတပ်စခန်းကို အာရက္ခတပ်တော် (AA) က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီဟု AA နှင့် နီးစပ်သူ ယုံကြည်ရသည့် သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။ “သိမ်းလိုက်တာ ဟုတ်ပါတယ်၊ စစ်ရေးအခြေအနေအရ မကြေညာသေးတာ” ဟု AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။ “မြန်မာစစ်တပ်ဘက်က ရေတပ်မှာရှိသူတွေက အလံဖြူထောင်ထွက်ပြေး” ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။ လက်ကျန်တပ်စခန်းကို သိမ်းပိုက်လိုက်နိုင်သည့်အတွက် သံတွဲမြို့နယ်တခုလုံး အာရက္ခတပ်တော် (AA) လက်ထဲသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ သံတွဲတိုက်ပွဲသည် အခြားမြို့သိမ်းတိုက်ပွဲများထက် ပိုမိုပြင်းထန်ပြီး ခက်ခဲခဲ့ကြောင်း အစောပိုင်းတွင်…

  • ရန်ကုန်တိုင်းအတွင်းရှိ လူငယ် အလုပ်သမားများစာရင်းကို ဩဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားပေးပို့ရန် စစ်ကောင်စီက ထပ်မံ တောင်းခံနေပြီး စစ်မှုထမ်းရန် လိုအပ်သည့် လူအင်အား စုဆောင်းရန်အတွက်ဟုဆို

    ရန်ကုန်တိုင်းအတွင်းရှိ လူငယ် အလုပ်သမားများစာရင်းကို ဩဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားပေးပို့ရန် စစ်ကောင်စီက ထပ်မံ တောင်းခံနေပြီး စစ်မှုထမ်းရန် လိုအပ်သည့် လူအင်အား စုဆောင်းရန်အတွက်ဟုဆို

    by

    in

    ရန်ကုန်တိုင်းအတွင်းရှိ လူငယ် အလုပ်သမားများစာရင်းကို ဩဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားပေးပို့ရန် စစ်ကောင်စီက ထပ်မံ တောင်းခံနေပြီး စစ်မှုထမ်းရန် လိုအပ်သည့် လူအင်အား စုဆောင်းရန်အတွက်ဟုဆို ရန်ကုန်၊ ဩဂုတ် ၂၉ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များမှ လူငယ်အလုပ် သမားများစာရင်းကို ဩဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားပေးပို့ရန် စစ်ကောင်စီက ထပ်မံ တောင်း ခံနေကြောင်း သိရှိရသည်။ ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် မြို့နယ်လ၀က ဦးစီးဌာနများထံသို့ စက်မှုဇုန်များရှိ အလုပ်သမားအရေအတွက်ကို စက်ရုံတစ်ခုချင်းစီအလိုက် စာရင်းဖြင့် အမြန်ဆုံးတင်ပြရန် ညွှန်ကြားခြင်းဖြစ်ကြောင်း၊ အလုပ်သမားများစာရင်းကို ဩ ဂုတ်လ ၃၀ ရက်နေ့နောက်ဆုံးပေးပို့ရန် ညွှန်ကြားထားပြီး အဓိကအားဖြင့် စစ်မှု ထမ်းရန် လိုအပ်နေသည့် လူအင်အားကို စုဆောင်းရန် လူအင်အားစာရင်းတောင်းခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။…

  • မန္တလေးမှာ စစ်မှုထမ်းဖို့  လူငယ်တွေကို အိမ်တိုင်ရာရောက်လိုက်လံခေါ်ယူနေ

    မန္တလေးမှာ စစ်မှုထမ်းဖို့ လူငယ်တွေကို အိမ်တိုင်ရာရောက်လိုက်လံခေါ်ယူနေ

    by

    in

    မန္တလေးမှာ စစ်မှုထမ်းဖို့ လူငယ်တွေကို အိမ်တိုင်ရာရောက်လိုက်လံခေါ်ယူနေ ဆိုင်းမင်း/People’s Spring မန္တလေးမြို့ပေါ်က ရပ်ကွက်တွေမှာ လူငယ်အမျိုးသားတွေကို စစ်မှုထမ်းဖို့ အိမ်တိုင်ရာရောက် အဓမ္မ လိုက်လံခေါ်ဆောင်တာတွေ အခုရက်ပိုင်းမှာ ပြုလုပ်လာတယ်လို့ ဒေသခံတွေထံကသိရပါတယ်။ အောက်ခြေ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းဖို့ စာရင်းထဲပါတဲ့ လူငယ်တွေရဲ့နေအိမ်တွေဆီ လိုက်လံခေါ်ဆောင်နေတာပါ။ ” စာရင်းထဲပါတဲ့သူက မလာနိုင်ရင် အိမ်ကလူကြီးတစ်ယောက်ရုံးကိုလာပြီး လာမှတ်ထိုးခိုင်းတယ်၊သူပြန်ရောက်တဲ့အချိန်လာအပ်ပါ့မယ်ပေါ့” လို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှာနေထိုင်သူဒေသခံ တစ်ဦးက ပြောပါတယ်။ မန္တလေးမှာအရင်က စစ်မှုထမ်းဖို့ စစ်သားစုဆောင်းတာကို ပုသိမ်ကြီးနဲ့ အမရပူရမြို့နယ်တွေက ကျေးရွာတွေကို ပစ်မှတ်ထားရာကနေ အခုတော့ မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ အဓမ္မ ခေါ် ယူ တာတွေ ရှိလာတာပါ။ အခုလို နေအိမ်မှာ လိုက်လံခေါ်ဆောင်တာအပြင် လမ်းမှာတွေ့တဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က ပေါ်တာဆွဲတာတွေရှိနေပါတယ်။ မန္တလေးမှာ လူငယ်တွေ…

  • နေပြည်တော်ကို စစ်ဆင်မည့် ရည်မှန်းချက် မဝေးတော့ဟု MDY PDF ပြော

    နေပြည်တော်ကို စစ်ဆင်မည့် ရည်မှန်းချက် မဝေးတော့ဟု MDY PDF ပြော

    by

    in

    နေပြည်တော်ကို စစ်ဆင်မည့် ရည်မှန်းချက် မဝေးတော့ဟု MDY PDF ပြော 001 (မဇ္ဈိမ) ။ ။ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကို စစ်ဆင်မည့် ရည်မှန်းချက် မဝေးတော့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY PDF) က ယနေ့ (ဩဂုတ်လ ၂၈ ရက်) တွင် ထုတ်ပြန်ပြောဆိုသည်။ လက်ရှိတွင် တော်လှန်ရေးအင်အားစုများအနေဖြင့် မန္တလေးတိုင်းမှ ရှမ်းမြောက်ကို နေ့ချင်းပြန်သွားရောက်နိုင်သည်အထိ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောထားသည်။ “စစ်သည် ၊ စစ်မေများရဲ့ အားစိုက်ထုတ်မှု ပြည်သူတွေရဲ့ အားပေးထောက်ခံမှုနှင့်အတူ ရှမ်းမြောက် – မန္တလေး၊ မန္တလေး – ရှမ်းမြောက်ဖြစ်ပြီးရင်… မန္တလေးမှသည် နေပြည်တော်ဆိုတာလည်း မဝေးတော့ဘူးဆိုတာ အသေအချာပါပဲ” ဟု MDF PDF က…

  • “နေပြည်တော်သို့ အဓိကလမ်းကြီးကို PDFတွေထိမ်းချုပ်သိမ်းပိုက်ပြီအောင်ပွဲက လက်တကမ်းရောက်ပြီ”

    “နေပြည်တော်သို့ အဓိကလမ်းကြီးကို PDFတွေထိမ်းချုပ်သိမ်းပိုက်ပြီအောင်ပွဲက လက်တကမ်းရောက်ပြီ”

    by

    in

    “နေပြည်တော်သို့ အဓိကလမ်းကြီးကို PDFတွေထိမ်းချုပ်သိမ်းပိုက်ပြီအောင်ပွဲက လက်တကမ်းရောက်ပြီ”

  • နေပြည်တော်မှ စားသောက်ဆိုင်ဝန်ထမ်းများကို စစ်သားသစ်အဖြစ် စုဆောင်းရန် စစ်ကောင်စီကြိုးပမ်း

    နေပြည်တော်မှ စားသောက်ဆိုင်ဝန်ထမ်းများကို စစ်သားသစ်အဖြစ် စုဆောင်းရန် စစ်ကောင်စီကြိုးပမ်း

    by

    in

    အရွယ်ရောက်သည့် အမျိုးသားတိုင်း စစ်မှုထမ်းရမည့် ဥပဒေတွင် အကျုံးဝင်သည့် အသက်အပိုင်းအခြားရှိသော လူငယ်လူရွယ်များကို စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များက နေပြည်တော်ရှိ စားသောက်ဆိုင်များ၌ လာရောက် အလုပ်လုပ်ကိုင်သူများကို တပ်သားသစ်အဖြစ် ရွေးချယ်ရန် ရှာဖွေနေသည်ဟု သိရသည်။ နေပြည်တော်ကောင်စီနယ်မြေရှိ စားသောက်ဆိုင်တွင် လာရောက် အလုပ်လုပ်ကိုင်သူ လူငယ်၊ လူရွယ်များကို စစ်သားအဖြစ် စုဆောင်းရန် ဖိအားပေး ကြိုးပမ်းနေသဖြင့် အများစုသည် အလုပ်မှ ထွက်၍ တိမ်းရှောင်နေကြောင်း စုံစမ်းသိရှိရသည်။ အရွယ်ရောက်သည့် အမျိုးသားတိုင်း စစ်မှုထမ်းရမည့် စစ်ကောင်စီ၏ ဥပဒေတွင် အကျုံးဝင်သည့် အသက်အပိုင်းအခြားရှိသော လူငယ်၊ လူရွယ်များကို နေပြည်တော်ကောင်စီနယ်မြေရှိ စားသောက်ဆိုင်တွင် လာရောက်အလုပ်လုပ်နေသူများကို ခေါ်ဆောင်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။ ဩဂုတ် ဒုတိယအပတ်မှစ၍ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များက ပျဉ်းမနားမြို့နယ်ရှိ စားသောက်ဆိုင်ပိုင်ရှင်များကို သုံးကြိမ်ထက်မနည်း အစည်းအဝေးခေါ်ယူ၍ ထိုဆိုင်များတွင် အလုပ်လုပ်နေသောလူငယ်များကို…

  • “အဓိကအမြန်လမ်းကြီးကို PDFတွေစိုးမိုးလိုက်ပြီ အောင်ပွဲရဖို့လက်တကမ်းရောက်ပြီ”

    “အဓိကအမြန်လမ်းကြီးကို PDFတွေစိုးမိုးလိုက်ပြီ အောင်ပွဲရဖို့လက်တကမ်းရောက်ပြီ”

    by

    in

    “အဓိကအမြန်လမ်းကြီးကို PDFတွေစိုးမိုးလိုက်ပြီ အောင်ပွဲရဖို့လက်တကမ်းရောက်ပြီ”