Author: admin

  • မြန်မာပြဿနာသည် စိတ်ပူရသည့်အခြေအနေရောက်နေပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးသတိပေး

    မြန်မာပြဿနာသည် စိတ်ပူရသည့်အခြေအနေရောက်နေပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးသတိပေး

    by

    in

    မြန်မာပြဿနာသည် စိတ်ပူရသည့်အခြေအနေရောက်နေပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးသတိပေး ——– မြန်မာ့အရေးအတွက် တရုတ်ဘက်ကတားထားသည့် စည်းသုံးစည်းအကြောင်းထုတ်ဖော်ပြောဆို Myanmar Now စစ်ကောင်စီလက်အောက်တွင် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် စိတ်ပူပန်ရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယနေ့တွင်သတိပေးလိုက်သည်။ တရုတ်အစိုးရသည် အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကို ကိုင်စွဲကြောင်း မကြာခဏ ထုတ်ဖော်ပြသလေ့ရှိပြီး တရုတ်အစိုးရ၏ အဆင့်မြင့်အရာရှိသည် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ရှားရှားပါးပါးဝေဖန်ခဲ့ခြင်းဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ် ၁၆ ရက်နေ့က လာအို၊ ထိုင်းနှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးများနှင့် အလွတ်သဘောဆွေးနွေးတွင် ယင်းကဲ့သို့မှတ်ချက်ပေးခြင်းဖြစ်ကြောင်း ရန်ကုန်အခြေစိုက် တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာ့အရေးအတွက် စည်းသုံးစည်းဆိုသည့် စကားကို ထုတ်ဖော်ပြောဆိုခဲ့ပြီး အဆိုပါကန့်သတ်ချက်များကို “ခိုင်မာစွာထိန်းသိမ်းထားရမည်” ဟုသတိပေးခဲ့သည်ဟု တရုတ်သံရုံးထုတ်ပြန်ချက်ကဆိုသည်။ ဝမ်ယိရည်ညွှန်သည့် စည်းသုံးစည်းမှာ…

  • ပင်လည်ဘူးနဲ့ အင်းတော်မှာ မြို့သိမ်းတိုက်ပွဲ ဆက်ဖြစ်၊  မြို့တွေကို သိမ်းနိုင်ပါက တော်လှန်ရေးအဖွဲ့တွေ မြို့နယ်နှစ်ခုလုံး ရမယ်၊

    ပင်လည်ဘူးနဲ့ အင်းတော်မှာ မြို့သိမ်းတိုက်ပွဲ ဆက်ဖြစ်၊ မြို့တွေကို သိမ်းနိုင်ပါက တော်လှန်ရေးအဖွဲ့တွေ မြို့နယ်နှစ်ခုလုံး ရမယ်၊

    by

    in

    ပင်လည်ဘူးနဲ့ အင်းတော်မှာ မြို့သိမ်းတိုက်ပွဲ ဆက်ဖြစ်၊ မြို့တွေကို သိမ်းနိုင်ပါက တော်လှန်ရေးအဖွဲ့တွေ မြို့နယ်နှစ်ခုလုံး ရမယ်၊ သက်တန့်/ MFP ၊ ဩဂုတ် ၁၇ စစ်ကိုင်းတိုင်း အထက်ပိုင်း ကချင်ပြည်နယ်အစပ် ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နဲ့ ကသာခရိုင်၊ အင်းတော်မြို့တွေကို တော်လှန်ရေးတပ်တွေ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာ သုံးရက်မြောက် ရှိလာပြီ ဖြစ်ပြီး ဒီနေ့ ဩဂုတ်လ(၁၇)ရက်မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေး အဖွဲ့တွေက ဩဂုတ်လ(၁၅)ရက် မနက်ပိုင်းမှာ စတင်ခဲ့ပြီး မြို့ထဲကို ဝင်ရောက် တိုက်ခိုက်နေကာ အင်းတော်မြို့ကိုတော့ ဩဂုတ်လ(၁၆)ရက် မနက်ပိုင်းက စတင်ပြီး စီးနင်း ဝင်ရောက် တိုက်ခိုက်နေတာလို့ ဆိုပါတယ်။…

  • “အလံဖြူပြအလင်းတွေဝင်တဲ့အကောင်ကြီးတွေ ဦးဆောင်ပြီးစကစကိုပြန်တိုက်ပြီ”

    “အလံဖြူပြအလင်းတွေဝင်တဲ့အကောင်ကြီးတွေ ဦးဆောင်ပြီးစကစကိုပြန်တိုက်ပြီ”

    by

    in

    “အလံဖြူပြအလင်းတွေဝင်တဲ့အကောင်ကြီးတွေ ဦးဆောင်ပြီးစကစကိုပြန်တိုက်ပြီ”

  • “ပြင်ဦးလွင် ပွဲကြမ်းပြီဟေ့”
  • အမေရိကန်က NUG ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုနဲ့ တွေ့ဆုံကာ အကူအညီပိုပေးဖို့ ကတိပြု

    အမေရိကန်က NUG ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုနဲ့ တွေ့ဆုံကာ အကူအညီပိုပေးဖို့ ကတိပြု

    by

    in

    အမေရိကန်က NUG ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုနဲ့ တွေ့ဆုံကာ အကူအညီပိုပေးဖို့ ကတိပြု ဧရာဝတီတိုင်းမ် ဩဂုတ်လ ၁၇ ရက် အမေရိကန် တာဝန်ရှိသူတွေဟာ မြန်မာတော်လှန်ရေးအဖွဲ့ဝင်တွေနဲ့ အွန်လိုင်းမှတစ်ဆင့် တွေ့ ဆုံကာ အရပ်ဘက်အစိုးရသို့ အသွင်ကူးပြောင်းရာမှာ တိုက်ရိုက် အကူအညီပေးမှု တိုးချဲ့ဖို့ ကတိပြုကာ စစ်ကောင်စီအပေါ် ဆက်လက်ဖိအားပေးဖို့ လိုအပ်တာကို သဘောတူခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာ နက ပြောပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက လာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံ ချိန်မှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကို ကူညီပေးဖို့ အိမ်နီးချင်း တိုင်းပြည်တွေကို တိုက်တွန်းပြီးနောက် အမေရိကန် တာဝန်ရှိသူတွေက မြန်မာ့အတိုက်အခံအင်အားစု တွေနဲ့ တွေ့ဆုံခဲ့တာပါ။ မနေ့က တွေ့ဆုံမှုမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ…

  • မန္တလေးတွင် စစ်ကောင်စီက လူငယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးနေ

    မန္တလေးတွင် စစ်ကောင်စီက လူငယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးနေ

    by

    in

    မန္တလေးတွင် စစ်ကောင်စီက လူငယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးနေ အင်ကြင်း/People’s Spring မန္တလေးမြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က စစ်မှုထမ်းရန် လူငယ်များအား ဖမ်းဆီးနေပြီး နယ်ဝေးမှအလုပ်လာလုပ်သူများပါ ဖမ်းဆီးခံနေရကြောင်း မြို့ခံများက ပြောသည်။ သြဂုတ် ၁၅ရက်ညပိုင်းက မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ ၈၁လမ်းနှင့် ၁၇ လမ်းဝန်းကျင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ပန်းရံလုပ်သားများအား ဧည့်စာရင်းဝင်ရောက်စစ်ဆေးပြီး စစ်မှုထမ်းရန်အတွက်ဆိုကာ ပန်းရံအမျိုးသား နှစ်ဦးအား ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။ “သူတို့က ဧည့်စာရင်းလည်းတိုင်ထားတယ်။ မကွေးဘက်ကလာအလုပ်လုပ်တဲ့ ပန်းရံလေးတွေတဲ့။”ဟု ဒေသခံတစ်ဦးက ပြောသည်။ အလားတူ မဟာအောင်မြေနှင့် ပြည်ကြီးတံခွန် မြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်က လူငယ်များအား စစ်မှုထမ်းရန်ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။ “ပြည်ကြီးတံခွန် (ဋ)ရပ်ကွက်၊ရွာသစ်ကလေးကနေ စစ်မှုထမ်းဖို့အတွက် လူငယ်သုံးယောက်ကိုလာခေါ်သွားပါတယ်။ ဒါပါနဲ့ဆို ခုနစ်ယောက် ယောက်ရှိနေပါပြီ။”ဟု ဒေသခံတစ်ဦးက…

  • ပဲခူးရိုးမတွင် ကျေးရွာများ မီးရှို့လာသောစစ်ကောင်စီစစ်ကြောင်းအား PDF မိုင်းဆွဲတိုက်ခိုက်

    ပဲခူးရိုးမတွင် ကျေးရွာများ မီးရှို့လာသောစစ်ကောင်စီစစ်ကြောင်းအား PDF မိုင်းဆွဲတိုက်ခိုက်

    by

    in

    ပဲခူးရိုးမတွင် ကျေးရွာများ မီးရှို့လာသောစစ်ကောင်စီစစ်ကြောင်းအား PDF မိုင်းဆွဲတိုက်ခိုက် ကျော်ဇော/People’s Spring ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမတောင်ခြေရှိ ကျေးရွာများ မီးရှို့ဖျက်ဆီးလာသော စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် PDFတပ်ရင်း ၃၆၀၁(PPDF)မှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ “တပ်ကော့၊ လေးအိမ်စု၊ ဂျင်းစိမ်း၊ စမ်းမအိုင် အားလုံးလေးရွာပေါ့။ အိမ်ခြေ ၆၀ ကျော်လောက် မီးရှို့ခဲလိုက်ရတယ်”ဟု ပဲခူးရိုးမတောင်ခြေရှိ ကျေးရွာများ မီးရှို့ဖျက်ဆီးခံရသည့်အခြေအနေကို ၎င်းက ရှင်းပြသည်။ ထို့နောက် သြဂုတ် ၁၅ ရက် နံနက် ၇ နာရီ ၄၀မိနစ် ခန့်တွင် နေအိမ်များ မီးရှို့ဖျက်ဆီးပြန်လာသော အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်ကို ပေါက်ခေါင်းနယ်၊ ဂွေးတောက်ရွာအနီး၌ တပ်ရင်း ၃၆၀၁၊ တပ်ခွဲ (၁)မှ ပဒေသာမိုင်းများဖြင့်…

  • လှိုင်သာယာ အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး သန့်ဇင်ကို စစ်ပြေးမှုဖြင့် စစ်တပ်က လာရောက်ဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာရ

    လှိုင်သာယာ အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး သန့်ဇင်ကို စစ်ပြေးမှုဖြင့် စစ်တပ်က လာရောက်ဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာရ

    by

    in

    လှိုင်သာယာ အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး သန့်ဇင်ကို စစ်ပြေးမှုဖြင့် စစ်တပ်က လာရောက်ဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာရ ရန်ကုန်၊ ဩဂုတ် ၁၇ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး သန့်ဇင်ကို အကြမ်းဖက် စစ်တပ်က လာရောက် ဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွင် သိပ္ပံလမ်းတွင် နေထိုင်သော အုပ်ချုပ်ရေးမှူး သန့်ဇင် နေအိမ်ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ဖမ်းဆီးစဉ် အုပ်ချုပ်ရေးမှူးနှင့် စစ်သားများ စကားများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အုပ်ချုပ်ရေးမှူး…

  • တံတာဦးမြို့နယ်နှင့် ချောက်မြို့နယ်တို့တွင် လူငယ် ၂၀၀ ဦးကျော် စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးခံရ

    တံတာဦးမြို့နယ်နှင့် ချောက်မြို့နယ်တို့တွင် လူငယ် ၂၀၀ ဦးကျော် စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးခံရ

    by

    in

    တံတာဦးမြို့နယ်နှင့် ချောက်မြို့နယ်တို့တွင် လူငယ် ၂၀၀ ဦးကျော် စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးခံရ ရန်ကုန်၊ ဩဂုတ် ၁၇ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်နှင့် မကွေးတိုင်း၊ ချောက်မြို့နယ်တို့တွင် လူငယ် ၂၀၀ ကျော် စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ် ၁၆ ရက်နေ့ နံနက်ပိုင်း တံတားဦးမြို့နယ်မှ မြို့သာမြို့ဘက်အထွက် မကျီးတောကျေးရွာထိပ်တွင် လူငယ်များနှင့် အမျိုး သားများကို စစ်တပ်၊ ရဲနှင့် လ၀ကများ ပါဝင်သော ပူးပေါင်းအဖွဲ့က ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ လူငယ် စုစုပေါင်း ၁၅၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။ “မနေ့ မနက် ၈ နာရီလောက်မှာ တံတားဦးမြို့နဲ့ မြို့သာဘက်အထွက် မကျီးတောရွာထိပ်မှာ လာသမျှလူတွေ အကုန်ခေါ်ထားတယ်။…

  • NUG အစိုးရ ယာယီသမ္မတ အပါအဝင် တော်လှန်ရေးအင်အားစုများ နှင့် အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံတို့ တွေ့ဆုံဆွေးနွေးမှု အကူအညီများ ပိုမိုတိုးမြှင့်ပေးရန် အမေရိကန် ကတိပြု

    NUG အစိုးရ ယာယီသမ္မတ အပါအဝင် တော်လှန်ရေးအင်အားစုများ နှင့် အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံတို့ တွေ့ဆုံဆွေးနွေးမှု အကူအညီများ ပိုမိုတိုးမြှင့်ပေးရန် အမေရိကန် ကတိပြု

    by

    in

    NUG အစိုးရ ယာယီသမ္မတ အပါအဝင် တော်လှန်ရေးအင်အားစုများ နှင့် အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံတို့ တွေ့ဆုံဆွေးနွေးမှု အကူအညီများ ပိုမိုတိုးမြှင့်ပေးရန် အမေရိကန် ကတိပြု ရန်ကုန်၊ ဩဂုတ် ၁၆ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Tom Sullivan နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ၊ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုနှင့် တော်လှန်ရေး အဖွဲ့အစည်းများ၏ ဦးဆောင်အဖွဲ့ဝင်များသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Tom Sullivan နှင့် USAID Asst. စီမံခန့်ခွဲသူ Schiffer တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။…