NUG အစိုးရ ယာယီသမ္မတ အပါအဝင် တော်လှန်ရေးအင်အားစုများ နှင့် အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံတို့ တွေ့ဆုံဆွေးနွေးမှု အကူအညီများ ပိုမိုတိုးမြှင့်ပေးရန် အမေရိကန် ကတိပြု

by

in

NUG အစိုးရ ယာယီသမ္မတ အပါအဝင် တော်လှန်ရေးအင်အားစုများ နှင့် အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံတို့ တွေ့ဆုံဆွေးနွေးမှု အကူအညီများ ပိုမိုတိုးမြှင့်ပေးရန် အမေရိကန် ကတိပြု

ရန်ကုန်၊ ဩဂုတ် ၁၆

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Tom Sullivan နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ၊ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုနှင့် တော်လှန်ရေး အဖွဲ့အစည်းများ၏ ဦးဆောင်အဖွဲ့ဝင်များသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Tom Sullivan နှင့် USAID Asst. စီမံခန့်ခွဲသူ Schiffer တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူများကို ကူညီပေးပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုကောင်းမွန်လာစေဖို့နှင့် တိုက်ရိုက်ပံ့ပိုးကူညီမှု အကူအညီတွေ တိုးမြှင့်ပေးရန် ကတိကဝတ်ပြုမှုအတွက် အမေရိကန်ပြည်ထောင်စုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။