အမေရိကန်က NUG ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုနဲ့ တွေ့ဆုံကာ အကူအညီပိုပေးဖို့ ကတိပြု

by

in

အမေရိကန်က NUG ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုနဲ့ တွေ့ဆုံကာ အကူအညီပိုပေးဖို့ ကတိပြု
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၇ ရက်
အမေရိကန် တာဝန်ရှိသူတွေဟာ မြန်မာတော်လှန်ရေးအဖွဲ့ဝင်တွေနဲ့ အွန်လိုင်းမှတစ်ဆင့် တွေ့ ဆုံကာ အရပ်ဘက်အစိုးရသို့ အသွင်ကူးပြောင်းရာမှာ တိုက်ရိုက် အကူအညီပေးမှု တိုးချဲ့ဖို့ ကတိပြုကာ စစ်ကောင်စီအပေါ် ဆက်လက်ဖိအားပေးဖို့ လိုအပ်တာကို သဘောတူခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာ နက ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက လာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံ ချိန်မှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကို ကူညီပေးဖို့ အိမ်နီးချင်း တိုင်းပြည်တွေကို တိုက်တွန်းပြီးနောက် အမေရိကန် တာဝန်ရှိသူတွေက မြန်မာ့အတိုက်အခံအင်အားစု တွေနဲ့ တွေ့ဆုံခဲ့တာပါ။
မနေ့က တွေ့ဆုံမှုမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ တွမ်ဆူလီဗန်၊ USAID လက်ထောက်အုပ်ချုပ်ရေးမှူး မိုက်ကယ်ရှက်ဖာနဲ့ NUG၊ NUCC၊ KNU၊ KNPP၊ CNF မှ တာဝန်ရှိသူ တွေ ပါဝင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
လမ်းကြောင်းပြောင်းလာစေရေး စစ်ကောင်စီအပေါ် ဆက်လက်ဖိအားပေးဖို့ အရေးကြီးတာကို ဆူလီဗန်နဲ့ မြန်မာအတိုက်အခံအဖွဲ့တွေက တွေ့ဆုံမှုအတွင်း သဘောတူခဲ့ပါတယ်။
အမေရိကန်နိုင်ငံက ဒီမိုကရေစီအင်အားစုတွေကို တိုက်ရိုက် အကူအညီပေးမှု တိုးချဲ့ကာ အကူ အညီလိုအပ်သူတွေကို အရေးပါသော ဝန်ဆောင်မှုနဲ့ လူသားချင်းစာနာမှု အကူအညီပေးအပ်မှုစွမ်းရည် မြှင့်တင်ပေးမယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ဆိုပါတယ်။
မြန်မာ့အကျပ်အတည်း အဆုံးသတ်စေရေး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး၊ အာဆီယံ အထူးကိုယ်စားလှယ်တို့ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လက်တွဲဆောင်ရွက်ဖို့ နှစ်ဖက်စလုံးက ကတိပြုပါတယ်။
မြန်မာ့အခြေအနေဟာ စိုးရိမ်ဖွယ်ရာဖြစ်ပြီး အိမ်နီးချင်းတွေက ပဋိပက္ခကို တားဆီးပေးမယ့် စီး ပွားရေးနဲ့ လူမှုရေးအခြေအနေတွေ ဖန်တီးပေးဖို့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သင့်တယ် လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; US meets Myanmar opposition, pledges expanded support


Comments

Leave a Reply

Your email address will not be published. Required fields are marked *