Author: admin
-
ဂွမြို့အနီး တိုက်ပွဲများတွင် စစ်တပ်ဘက်မှ အလင်းဝင်လာမှုများ တောက် လျှောက်ရှိနေပြီး တောင်ကုတ်စကခ ၅ တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ
ဂွမြို့အနီး တိုက်ပွဲများတွင် စစ်တပ်ဘက်မှ အလင်းဝင်လာမှုများ တောက် လျှောက်ရှိနေပြီး တောင်ကုတ်စကခ ၅ တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရခိုင်ပြည်၊ ဂွမြို့အနီးတိုက်ပွဲများတွင် စစ်တပ်ဘက်မှ အလင်းဝင်လာမှုများ တောက်လျှောက်ရှိနေကြောင်း AA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလဆန်းပိုင်းမှစတင်၍ ဂွမြို့အနီးသို့ AA တပ်များက ထိုးစစ်ဆင်လာခဲ့ကြောင်း၊ နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများ အမြဲမပြတ် လုပ်ဆောင်လျက်ရှိကြောင်း၊ တိုက်ပွဲများမှာ ၂ လနီးပါး ကြာမြင့်လာကြောင်း၊ လက် ရှိ တွင် တိုက်ပွဲများမှာ ဂွမြို့နှင့်အနီးဆုံးတွင် ရောက်ရှိနေပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ တပ်သားသစ်များ နှင့် တပ်ဖွဲ့ဝင်များ တောက် လျှောက်ဆိုသလို လက်နက်ချ အလင်းဝင်လျက်ရှိကြောင်း သိရှိရသည်။ “ဂွမြို့နှင့်အနီးဆုံးမှာတိုက်ပွဲဖြစ်နေတုန်းမှာ…
-
မြန်မာနိုင်ငံတွင် တိုက်ပွဲများရပ်စဲစေရန် ညှိနှိုင်းဆွေးနွေးများ ဆောင်ရွက်နေပြီး တရုတ်စီမံကိန်းများနှင့်တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ဘေးကင်းလုံခြုံရေးအတွက် ပါ လုပ်ဆောင်နေဟု တရုတ်အစိုးရပြော
မြန်မာနိုင်ငံတွင် တိုက်ပွဲများရပ်စဲစေရန် ညှိနှိုင်းဆွေးနွေးများ ဆောင်ရွက်နေပြီး တရုတ်စီမံကိန်းများနှင့်တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ဘေးကင်းလုံခြုံရေးအတွက် ပါ လုပ်ဆောင်နေဟု တရုတ်အစိုးရပြော ရန်ကုန်၊ ဒီဇင်ဘာ ၁၁ မြန်မာနိုင်ငံတွင် တိုက်ပွဲများရပ်စဲစေရန် တရုတ်နိုင်ငံက ဘက်ပေါင်းစုံနှင့် ညှိနှိုင်းဆွေးနွေးများ ဆောင်ရွက်နေပြီး တရုတ်စီမံကိန်းများနှင့်တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ဘေးကင်းလုံခြုံရေးအတွက် ပါ လုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning က ပြောဆိုသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် KIA ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ ဆွေးနွေးညှိနှိုင်းရန် ရောက်ရှိနေသည်ဆိုသော သတင်းမေးမြန်းချက်အပေါ် ၎င်းက အထက်ပါအတိုင်း တုံပြန်လိုက်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း အပါအဝင် တစ်နိုင်ငံလုံးတွင် ပဋိပက္ခ၊ကစဉ့်ကလျားဖြစ်မှုများကို မမြင်လိုဘဲ မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေများကို အထူးအလေးထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာ့အရေးသက်ဆိုင်သူများအားလုံးအကြား ဆွေးနွေးညှိနှိုင်းမှုများနှင့်…
-
“အကောင်ကြီးတွေအပါ စစ်သား ၁၅၀၀၀နီးပါး တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းလိုက်ပြီ😍
“အကောင်ကြီးတွေအပါ စစ်သား ၁၅၀၀၀နီးပါး တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းလိုက်ပြီ😍
-
ဆီးရီးယား အာဏာရှင် အာဆတ်ပြုတ်ကျထွက်ပြေးသွားသကဲ့သို့ မင်းအောင်လှိုင် အရှုံးပေးသွားရေး အလုပ်နှင့်သက်သေပြကြရန် NUG ယာယီသမ္မတ တိုက်တွန်း
ဆီးရီးယား အာဏာရှင် အာဆတ်ပြုတ်ကျထွက်ပြေးသွားသကဲ့သို့ မင်းအောင်လှိုင် အရှုံးပေးသွားရေး အလုပ်နှင့်သက်သေပြကြရန် NUG ယာယီသမ္မတ တိုက်တွန်း ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ဆီးရီးယားနိုင်ငံမှ အာဏာရှင် သမ္မတ ဘာရှားအာဆတ်ပြုတ်ကျပြီး နိုင်ငံမှ ထွက်ပြေးသွားသကဲ့သို့ မင်းအောင်လှိုင် အပါအဝင် အာဏာရှင်များ အရှုံးပေးသွားရေး အလုပ်နှင့်သက်သေပြကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း ဆော်ဩလိုက်သည်။ ယမန်နေ့ ပြုလုပ်ခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃၀ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း တိုက်တွန်း ဆော်ဩလိုက်ခြင်းဖြစ်သည်။ ဆီရီးယားတွင် အာဏာရှင် အာဆတ် ပြုတ်ကျသွားမှုက မြန်မာနိုင်ငံအတွက် အားတက်စရာဖြစ်ကြောင်း၊ စစ်မှန်ပြီး လက်တွေ့ကျသည့် တော်လှန်ရေးတိုင်းသည် အာဏာရှင်များကို အောင်ပွဲခံနိုင်သည်ကို ယုံကြည်ကြောင်း၊ အာရပ်နွေဦးတော်လှန်ရေးတွင် အာဏာရှင်ခေါင်း ဆောင်များ လက်မြှောက်…
-
မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရာပေါင်းများစွာသော စစ်သားများ အလံဖြူထောင် လက်နက်ချ (ရုပ်/သံ)
မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရာပေါင်းများစွာသော စစ်သားများ အလံဖြူထောင် လက်နက်ချ (ရုပ်/သံ) ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရခိုင်ပြည်တွင် နှစ်လကျော်ကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရသော မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ရာပေါင်းများစွာသော စစ်သားများ အလံဖြူထောင် လက်နက်ချ အလင်းဝင်ခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ မောင်တောမြို့တွင် နောက်ဆုံးလက်ကျန်စခန်းတစ်ခု ဖြစ်သော အမှတ် ၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် အာရက္ခတပ်တော်က အပြီးသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ နခခ ၅ စခန်းသည် မောင်တောမြို့၏ မြို့သူကြီးရပ်ကွက်တွင်တည်ရှိပြီး စစ်အင်အား…
-
ပုသိမ်မြို့ ၊အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း တပ်သားသစ်များကို ရှမ်းပြည်နယ်သို့ ပို့ဆောင်စဉ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး တပ်သားသစ် ၈ ဦးသေဆုံး
ပုသိမ်မြို့ ၊အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း တပ်သားသစ်များကို ရှမ်းပြည်နယ်သို့ ပို့ဆောင်စဉ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး တပ်သားသစ် ၈ ဦးသေဆုံး ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၆ စစ် အခြေခံ လေ့ကျင့်ရေးတပ်မှ စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း တပ်သားသစ်များကို ရှမ်းပြည်နယ်သို့ ပို့ဆောင်စဉ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး တပ်သားသစ် ၈ ဦးသေဆုံးခဲ့ကြောင်း ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ဆိုသည်။ ဒီဇင်ဘာလ ၇ ရက်နေ့ ပုသိမ်မြို့-အမှတ် ၆ စစ်အခြေခံ လေ့ကျင့်ရေးတပ် (ရွှေမြင်တင်) မှ…
-
မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရာပေါင်းများစွာသော စစ်သားများ အလံဖြူထောင် လက်နက်ချ (ရုပ်/သံ)
မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရာပေါင်းများစွာသော စစ်သားများ အလံဖြူထောင် လက်နက်ချ (ရုပ်/သံ) ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရခိုင်ပြည်တွင် နှစ်လကျော်ကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရသော မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ရာပေါင်းများစွာသော စစ်သားများ အလံဖြူထောင် လက်နက်ချ အလင်းဝင်ခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ မောင်တောမြို့တွင် နောက်ဆုံးလက်ကျန်စခန်းတစ်ခု ဖြစ်သော အမှတ် ၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် အာရက္ခတပ်တော်က အပြီးသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ နခခ ၅ စခန်းသည် မောင်တောမြို့၏ မြို့သူကြီးရပ်ကွက်တွင်တည်ရှိပြီး စစ်အင်အား…
-
တာမွေမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲမှု Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိမှု ရှိ
တာမွေမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲမှု Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိမှု ရှိ ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ၊ စစ်တပ်လက်အောက်ခံ စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်အချိန် တာမွေမြို့နယ်၊ မီးပွိုင့်အနီး မြို့နယ်စည်ပင်သာယာရေးရုံးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ဗုံးပေါက်ကွဲမှုတွင် Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ “တာမွေမီးပွိုင့်နားမှာရှိတဲ့ ရေစည်ပင်ရုံးမှာ ပေါက်ကွဲမှုဖြစ်တယ်။ ပေါက်ကွဲသံက အတော်ကျယ်တယ်။ အခုတော့ စခတွေနဲ့ ဆေးရုံကားတော့ရောက်လာတယ်” ဟု မျက်မြင်ဒေသပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။…
-
နောင်ချိုတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ် အထိနာနေ
နောင်ချိုတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ် အထိနာနေ ဒီးဒီ/People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် အထိနာနေသည်။ နောင်ချိုမြို့နယ်တောင်ဘက် မိုင်(၂၀)ခန့်ကွာဝေးသော တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းများတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။ တောင်းခမ်းကျေးရွာတောင်ဘက် (၂၄)မိုင်ခန့်ကွာဝေးသော ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်ရှိ ကျောက်ဆုံကျေးရွာတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ ၈ရက်တွင် တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် အမတ(၄၀၆)တပ်ရင်းတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု နောင်ချိုမြို့ သတင်းရင်းမြစ်များက ပြောသည်။ ထို့အပြင် ဒီဇင်ဘာ ၉ရက်က ရပ်စောက်မြို့မှ တောင်းခမ်းသို့ စစ်ကူပို့လာသော စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ရုပ်အလောင်း ၁၅လောင်း နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ တိုက်ပွဲများတွင် တအာင်းတပ်မတော်(TNLA)နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)…
-
မြန်မာနိုင်ငံ၏သမ္မတ နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဦးဝင်းမြင့် နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကို ကုလသမဂ္ဂ ဆက်လက်တရားဝင်အသိအမှတ်ပြု ▪︎“ပြည်သူလူထုရဲ့အောင်မြင်မှုကြီးဖြစ်သလို အကြမ်းဖက်စစ်အုပ်စုရဲ့ ရင်ညွှန့်ကို ဖနောင့်နဲ့ ပေါက်ကန်ထုတ်တာ ခံရတဲ့ အနေအထားလည်းဖြစ်တယ်” – NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်
မြန်မာနိုင်ငံ၏သမ္မတ နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဦးဝင်းမြင့် နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကို ကုလသမဂ္ဂ ဆက်လက်တရားဝင်အသိအမှတ်ပြု ▪︎“ပြည်သူလူထုရဲ့အောင်မြင်မှုကြီးဖြစ်သလို အကြမ်းဖက်စစ်အုပ်စုရဲ့ ရင်ညွှန့်ကို ဖနောင့်နဲ့ ပေါက်ကန်ထုတ်တာ ခံရတဲ့ အနေအထားလည်းဖြစ်တယ်” – NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ▪︎“နွေဦးတော်လှန်ရေး လမ်းကြောင်းဟာ ဘယ် လောက်ပဲ ခက်ခဲတယ်၊ ကြမ်းတမ်းတယ်၊ အချိန်တွေ ကြာမြင့်နေတယ်လို့ ပြောနေပေမယ့် သေချာ ပေါက် အောင်မြင်ဖို့အတွက် မှန်ကန်သော ကံကြမ္မာနဲ့ အားအင်တစ်ရပ်အဖြစ် တည်ရှိနေမယ်လို့ ယုံကြည်မိပါတယ်” – CDM သံတမန်တစ်ဦး အီယိုရီ/People’s Spring စစ်အာဏာသိမ်းမှု ၄နှစ်နီးပါးရှိလာချိန်အထိ ကုလသမဂ္ဂသည် စစ်ကောင်စီကို ယနေ့အထိအသိအမှတ်ပြုခြင်းမရှိဘဲ ရွေးကောက်ပွဲအရပ်သားအစိုးရခေါင်းဆောင်များဖြစ်သည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်တို့ကို တရားဝင်အသိအမှတ်ပြုထားသည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရခေါင်းဆောင်များ၊ နိုင်ငံခြားရေးဝန်ကြီးများကို တရားဝင်အသိအမှတ်ပြုမှတ်တမ်းတင်ထားသော ကုလသမဂ္ဂ Blue…