Author: admin
-
မန္တလေးမှာ စစ်အုပ်စုနဲ့ ပျူတွေက ဧည့်စာရင်းအကြောင်းပြ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းပို့နေ၊ စစ်အုပ်စု ပေါ်တာဆွဲဖမ်းဆီးနေလို့ လူငယ်အများစု ရှောင်တိမ်းနေရ၊
မန္တလေးမှာ စစ်အုပ်စုနဲ့ ပျူတွေက ဧည့်စာရင်းအကြောင်းပြ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းပို့နေ၊ စစ်အုပ်စု ပေါ်တာဆွဲဖမ်းဆီးနေလို့ လူငယ်အများစု ရှောင်တိမ်းနေရ၊ MN/MFP ၊ ဒီဇင်ဘာ – ၇ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ထားတဲ့ မန္တလေးမြို့မှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေက ဧည့်စာရင်းအကြောင်းပြပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးကာ လူသစ်စုဆောင်းပြီး စစ်သင်တန်းကျောင်းကို ပို့ဆောင်နေတာကြောင့် လူငယ်အများစု ရှောင်တိမ်းနေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ မန္တလေးမြို့ပေါ်က ရပ်ကွက်တွေထဲ ညအချိန်တွေအပြင် နေခင်းတွေမှာပါ ဧည့်စာရင်းဝင်စစ်ပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးကာ အများစုကို တပ်သားသစ်အဖြစ် စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းတွေဆီ ပို့ဆောင်နေတာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။ “အခုက ငွေပေးလို့လည်း ပြန်မလွတ်လာတော့ဘူး။ ပေါ်တာဆွဲဖမ်းသွားပြီဆိုရင် စစ်မှုထမ်းထဲ ပါသွားပြီလို့သာ မှတ်လိုက်တော့။…
-
စစ်ခေါင်းဆောင်က ၎င်းတို့၏ ပုံရိပ်ကျဆင်းအောင် ထိုးနှက်တိုက်ခိုက်နေသဖြင့် နားမယောင်ရန် စည်းရုံးပြောဆို
စစ်ခေါင်းဆောင်က ၎င်းတို့၏ ပုံရိပ်ကျဆင်းအောင် ထိုးနှက်တိုက်ခိုက်နေသဖြင့် နားမယောင်ရန် စည်းရုံးပြောဆို နိုင်မင်းလွင်/ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၇ ရက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့၏ ပုံရိပ်ကျဆင်းအောင် တော်လှန်ရေး အင်အားစုများနှင့် မီဒီယာများက ဆိုရှယ်မီဒီယာကို လက်နက်သဖွယ် အသုံးပြု၍ ထိုးနှက်တိုက်ခိုက်နေသဖြင့် နားမယောင်ကြရန်နှင့် တပ်ပြင်စည်းရုံးရေးအား အလေးထားလုပ်ရန် စည်းရုံး ပြောဆိုခဲ့ကြောင်း သိရသည်။ အာဏာသိမ်းပြီးနောက် စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ အရေးနိမ့်လာသော စစ်ခေါင်းဆောင်က ယမန်နေ့ ဒီဇင်ဘာ ၆ ရက်က ပြုလုပ်သည့် ပြင်ဦးလွင် စစ်တက္ကသိုလ် အပတ်စဉ် (၆၆) သင်တန်း ဆင်းပွဲတွင် ထိုကဲ့သို့ ပြောဆိုခဲ့ကြောင်း သိရသည်။ “သူဆိုလိုတာက မီဒီယာနဲ့ အတိုက်ခိုက်ခံနေရတယ်ပေါ့။ မီဒီယာက အမှန်တရားကိုပဲ ထောက်ပြတာ သူတို့က စစ်လော်ဘီတွေနဲ့…
-
မှော်ဘီလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ကျေးရွာများ ဆက်တိုက် စီးနင်းနေပြီး လေတပ်အနီး ညအချိန် ဖြတ်သွားသည့် ကားများကို ပစ်မိန့်ပေးထား
မှော်ဘီလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ကျေးရွာများ ဆက်တိုက် စီးနင်းနေပြီး လေတပ်အနီး ညအချိန် ဖြတ်သွားသည့် ကားများကို ပစ်မိန့်ပေးထား ရန်ကုန်၊ ဒီဇင်ဘာ ၇ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် စီးနင်းနေပြီး လေတပ်အနီး ညအချိန် ဖြတ်သွားသည့် ကားများကို ပစ်မိန့်ပေးထားကြောင်း တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၆ ရက်နေ့ ည ၉ နာရီ ၄၃ မိနစ်ခန့်တွင် ရန်ကုန်မြို့၊ မှော်ဘီလေတပ်စခန်းအတွင်းရှိ Y -12 တိုက်ခိုက်ရေးစစ်လေယာဥ်များထားရှိရာ လေယာဥ်ရုံ (Hangar) ကို Brave Warriors for Myanmar…
-
စစ်အာဏာရှင်တိုက်ပွဲတွေအတွင်း ရေစကြိုပကဖမှ ရဲဘော် ၁၈ဦးကျဆုံး
စစ်အာဏာရှင်တိုက်ပွဲတွေအတွင်း ရေစကြိုပကဖမှ ရဲဘော် ၁၈ဦးကျဆုံး ဟာနာဆန်/People’s Spring စစ်ကောင်စီကို တော်လှန်နေတဲ့ ရေစကြိုပကဖအဖွဲ့မှာ အာဏာသိမ်းကာလတလျှောက် တိုက်ပွဲများအတွင်းမှာ ရဲဘော် ၁၈ဦးအထိ ကျဆုံးခဲ့ရကြောင်း ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်(ပ.က.ဖ)က သတင်းထုတ်ပြန်ပါတယ်။ မကွေးတိုင်း၊ မြိုင်မြိို့နယ်၊ လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်များ တစ်နှစ်ပြည့် အခမ်းအနားကို ရေစကြိုမြို့နယ်တနေရာမှာ ဒီနေ့(ဒီဇင်ဘာ၇ရက်) မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ ရေစကြိုပကဖက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၇ ရက်က မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲမှာ စခန်းသိမ်းခါနီး လေကြောင်းတိုက်ခိုက်ခံရလို့ ရေစကြိုပကဖအဖွဲ့နဲ့ တခြားမဟာမိတ်အဖွဲ့တွေက စုစုပေါင်း ရဲဘော်(၇)ဦးအထိ ကျဆုံးခဲ့ပါတယ်။ ရဲဘော်တွေကျဆုံးမှု တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အခမ်းအနားပြုလုပ်ခဲ့တာလို့ သိရပါတယ်။ ရေစကြိုပကဖအနေနဲ့ အာဏာသိမ်းကာလတလျှောက် တိုက်ပွဲတွေမှာ ရဲဘော်(၁၈)ဦးအထိ…
-
AA က နခခ (၅)ကိုသိမ်းပိုက်ပြီးမောင်တော တစ်မြို့နယ်လုံးကိုသိမ်းပိုက်ထိန်းချုပ် ▪︎မြန်မာ-ဘဂ်လားဒေရှ်နယ်စပ် ဒေသတစ်ခုလုံးကိုAA ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်
AA က နခခ (၅)ကိုသိမ်းပိုက်ပြီးမောင်တော တစ်မြို့နယ်လုံးကိုသိမ်းပိုက်ထိန်းချုပ် ▪︎မြန်မာ-ဘဂ်လားဒေရှ်နယ်စပ် ဒေသတစ်ခုလုံးကိုAA ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ် အိမ်သွင်/People’s Spring မောင်တောမြို့မှ တစ်ခုတည်းသော နောက်ဆုံးလက်ကျန်စခန်း နယ်ခြားစောင့်ရဲ ဌာနချုပ်- နခခ (၅)ကို အာရက္ခတပ်တော်(AA)က သိမ်းယူလိုက်ပြီး တမြို့လုံးကို ရာနှုန်းပြည့် ထိန်းချုပ်နိူင်ပြီဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ ” တပ်တော်က နခခ(၅)ထဲကို မနေ့က(ဒီဇင်ဘာလ ၆ရက်) ဝင်စီးနိုင်ပြီး ထိန်းချုပ်နိုင်ခဲ့ပါပြီ။ စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက်ပစ်နေဆဲပါ။ ဒါပေမယ့် တပ်တော်က ရပြီးပါပြီ” ဟု အထက်ပါစစ်ရေးသတင်းရင်းမြစ်ကပြောသည်။ မောင်တောမြို့သိမ်းတိုက်ပွဲကို AAက သြဂုတ်၄ ရက်မှစတင်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလအထိ တိုက်ပွဲများတွင် နခခ(၅)မှလွဲ၍ကျန် စခန်းများကိုသိမ်းယူထားနိုင်ခဲ့သည်။ စစ်ကောင်စီက နခခ (၅) ကို လေကြောင်းမှတစ်ဆင့် လက်နက်၊ လူ၊ ရိက္ခာများ ပို့ပြီး…
-
စစ်သားအချင်းချင်း စိတ်ဝမ်းကွဲစေရန်၊ စည်းလုံးမှု ပြိုကွဲစေရန်နှင့် စစ်တပ်ကို ဖြိုခွဲရန် မီဒီယာများက တိုက်ခိုက်နေ၍ နားမယောင်ကြရန် အကြမ်းဖက် မင်းအောင်လှိုင် ထပ်ပြောပြန်
စစ်သားအချင်းချင်း စိတ်ဝမ်းကွဲစေရန်၊ စည်းလုံးမှု ပြိုကွဲစေရန်နှင့် စစ်တပ်ကို ဖြိုခွဲရန် မီဒီယာများက တိုက်ခိုက်နေ၍ နားမယောင်ကြရန် အကြမ်းဖက် မင်းအောင်လှိုင် ထပ်ပြောပြန် ရန်ကုန်၊ ဒီဇင်ဘာ ၇ စစ်သားအချင်းချင်း စိတ်ဝမ်းကွဲစေရန်၊ ပြည်သူနှင့်စစ်တပ် စည်းလုံးမှု ပြိုကွဲစေရန်နှင့် စစ်တပ်ကို ဖြိုခွဲရန် မီဒီယာများက တိုက်ခိုက်နေသဖြင့် နားမယောင်ကြရန် လိုအပ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်မံ ပြောဆိုပြန်သည်။ ယမန်နေ့ ဒီဇင်ဘာလ ၆ ရက်နေ့ ပြင်ဦးလွင် စစ်တက္ကသိုလ်အပတ်စဉ် ၆၆ သင် တန်းဆင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ထပ်မံ ပြောဆိုလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် သတင်းအတု သတင်းအမှားများကြောင့် တည်ငြိမ်အေးချမ်းရေး ပျက်စီးနေသည်ဟု မင်းအောင်လှိုင်က အကြိမ်ကြိမ် ပြောဆိုနေခြင်းဖြစ် သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က…
-
ဂွတွင်ချေမှုန်းခံရသည့် ဧရာဝတီတိုင်းမှ စစ်ကူတပ်ရင်းများ တပ်တွင်း၌ ပြဿနာတက်နေ
ဂွတွင်ချေမှုန်းခံရသည့် ဧရာဝတီတိုင်းမှ စစ်ကူတပ်ရင်းများ တပ်တွင်း၌ ပြဿနာတက်နေ အိမ်သွင်/People’s Spring ရခိုင်ပြည်နယ်၊ ဂွမြို့သို့ အပို့ခံရသည့် ဧရာဝတီ တိုင်းမှ တပ်ရင်းသုံးခုလုံး ချေမှုန်းခံရပြီးနောက် ယင်းတပ်ရင်းများအတွင်း စစ်တပ်မိသားစုဝင်များ မကျေမနပ်ဖြစ်နေပြီး တပ်တွင်းပြသာနာတက် နေကြောင်း သက်ဆိုင်ရာ မြို့များမှ ဒေသခံများကပြောသည်။ စစ်ကောင်စီက ဟင်္သာတမြို့အခြေစိုက်အမှတ် ၁၈ ခြေလျင်တပ်ရင်း( ခလရ ၁၈)၊အိမ်မဲမြို့အခြေစိုက် အမှတ် ၆၃ ခြေလျင်တပ်ရင်း( ခလရ ၆၃)၊ အမှတ် (၅၁) ခြေလျင်တပ်ရင်း (ခလရ ၅၁) နှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက်အမှတ် ၅၃၂ ခြေမြန်တပ်ရင်း( ခမရ ၅၃၂)မှ စစ်သားအင်အား ၂၀၀ နီးပါးကို AAက မြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေသည့် ဂွမြို့သို့ နိုဝင်ဘာလ တတိယလပတ်ထဲတွင် ကားများဖြင့် ပို့ဆောင်ခဲ့သည်။…
-
မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိနှင့်စစ်သားများ သေဆုံးပြီး လေယာဉ် ၂ စီးပျက်စီးဟုဆို
မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိနှင့်စစ်သားများ သေဆုံးပြီး လေယာဉ် ၂ စီးပျက်စီးဟုဆို ရန်ကုန်၊ ဒီဇင်ဘာ ၇ ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်၊ မှော်ဘီလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၃ ဦး အပါအဝင် စစ်သား ၁၅ ဦးသေဆုံးပြီး ထောက်ပို့လေယာဉ် ၂ စီးပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ဒီဇင်ဘာလ ၆ ရက် ည ၉ နာရီ ၄၃ မိနစ်အချိန်က ရန်ကုန်မြို့၊ မှော်ဘီလေတပ်စခန်းအတွင်းရှိ Y -12 တိုက်ခိုက်ရေးစစ်လေယာဥ်များထားရှိရာ လေယာဥ်ရုံ (Hangar) သို့ ပစ်မှတ်ထား၍…
-
ဗန်းမော်နှင့် မံစီမြို့တို့တွင် ၄ ရက်မြောက် တိုက်ပွဲပြင်းထန်နေပြီး KIA က စစ်တပ် တပ်ရင်းများနှင့်ရဲစခန်းများကို သိမ်းပိုက်နိုင်ရေး ထိုးစစ်အရှိန်မြှင့်
ဗန်းမော်နှင့် မံစီမြို့တို့တွင် ၄ ရက်မြောက် တိုက်ပွဲပြင်းထန်နေပြီး KIA က စစ်တပ် တပ်ရင်းများနှင့်ရဲစခန်းများကို သိမ်းပိုက်နိုင်ရေး ထိုးစစ်အရှိန်မြှင့် ရန်ကုန်၊ ဒီဇင်ဘာ ၇ ကချင်ပြည်နယ်၊ ဗန်းမော်နှင့် မံစီမြို့တို့တွင် ၄ ရက်မြောက်အဖြစ် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး KIA မဟာမိတ်တပ်များက မြို့များအတွင်းရှိ တပ်များနှင့်ရဲစခန်းများကို သိမ်း ပိုက်နိုင်ရေး ထိုးစစ်အရှိန်မြှင့်တင်နေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်၅ နာရီမှစတင်၍ ဗန်းမော်မြို့၊ မံစီမြို့တို့ကို သိမ်း ပိုက်နိုင်ရေးအတွက် KIA မဟာမိတ်ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင်မူ ဗန်းမော်နှင့်မံစီမြို့ထဲအထိ တိုက်ပွဲများရောက်ရှိနေပြီး အဓိကအားဖြင့် စစ်ကောင်စီတပ်၏ အခြေစိုက် စခန်းများကို KIA…
-
နပခမှလွဲ၍ အမ်းတစ်မြို့နယ်လုံးကို AAသိမ်းပိုက် ▪︎ အမ်းနှင့် ဂွသို့ စစ်ကူလာသော စစ်ကောင်စီ၏ စစ်ကြောင်းနှစ်ခုစလုံးချေမှုန်းရာ ရုပ်အလောင်း ၂၀၀ကျော်နှင့် လက်နက်ခဲယမ်းများစွာရ
နပခမှလွဲ၍ အမ်းတစ်မြို့နယ်လုံးကို AAသိမ်းပိုက် ▪︎ အမ်းနှင့် ဂွသို့ စစ်ကူလာသော စစ်ကောင်စီ၏ စစ်ကြောင်းနှစ်ခုစလုံးချေမှုန်းရာ ရုပ်အလောင်း ၂၀၀ကျော်နှင့် လက်နက်ခဲယမ်းများစွာရ ▪︎မောင်တော နခခ(၅)ကိုလည်းမကြာခင်သိမ်းပိုက်နိုင်မည်ဟု အသိပေး ဒီးဒီ/People’s Spring ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၃၀ကျော်တိုက်ခိုက်သိမ်းပိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တစ်ခုသာ ကျန်ရှိတော့ရာ အဆိုပါဌာနချုပ်ကိုလည်း သိမ်းပိုက်ရန် ထိုးစစ်ဆင်နေကြောင်း အာရက္ခတပ်တော်(AA)က ယနေ့ညပိုင်းတွင် အသိပေးထုတ်ပြန်သည်။ အမ်းမြို့နယ်ရှိ လေဆိပ်အပါအဝင် စစ်ကောင်စီတပ်ရင်း ၉ခုနှင့် တပ်စခန်းငယ်များအား ပြီးခဲ့သည့် ၁၈ရက်အတွင်း ထပ်မံသိမ်းပိုက်ခဲ့ပြီးနောက် အမ်းမြို့နယ်အတွင်း နောက်ဆုံးလက်ကျန် နပခ ဌာနချုပ်တစ်ခုသာ ကျန်ရှိတော့သည်ဟု AAက အသိပေးသည်။ နိုဝင်ဘာ ၁၃ရက် နောက်ပိုင်းကစ၍ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းများဖြစ်သော ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆)…