Author: admin
-
မတ္တရာမှာ စစ်ကောင်စီတပ်ဆီ လက်လွှတ်ခဲ့ရတဲ့ စစ်တပ်စခန်းတချို့ကို MDY-PDF ပြန်လည်သိမ်းပိုက်ထား…
မတ္တရာမှာ စစ်ကောင်စီတပ်ဆီ လက်လွှတ်ခဲ့ရတဲ့ စစ်တပ်စခန်းတချို့ကို MDY-PDF ပြန်လည်သိမ်းပိုက်ထား… ဒီဇင်ဘာ ၉၊ ၂၀၂၄ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးမှ ပြန်လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရာ ကျေးရွာ ၃ ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ (၆)ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းက တော်လှန်ရေးတပ်ဖွဲ့တွေ ခေတ္တလက်လွှတ်ခဲ့ရတဲ့ ကျေးရွာတွေကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အခုချိန်မှာ မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းမှာရှိတဲ့ ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာနဲ့ ထိန်ပင်စောက်ကျေးရွာတို့ကို အပြီးသတ် ပြန်လည်သိမ်းပိုက်ရရှိပြီး ဖြစ်တယ်လို့ MDY-PDF က ဆိုပါတယ်။ အဲ့ဒီစခန်းသိမ်းတိုက်ပွဲတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဆီက လက်နက်ခဲယမ်းတချို့…
-
မောင်တော၊ နခခ ၅ မှ ထွက်ပြေးသွားသော စကခ ၁၅ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် စစ်အရာရှိကြီးတချို့ကို AA က အရှင်လက်ရ ဖမ်းဆီးရရှိထား
မောင်တော၊ နခခ ၅ မှ ထွက်ပြေးသွားသော စကခ ၁၅ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် စစ်အရာရှိကြီးတချို့ကို AA က အရှင်လက်ရ ဖမ်းဆီးရရှိထား ရန်ကုန်၊ ဒီဇင်ဘာ ၉ ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ နခခ ၅ စခန်းမှ ထွက်ပြေးသွားသော စကခ ၁၅ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် စစ်အရာရှိကြီးတချို့ကို AA က ဖမ်းဆီးရရှိထားကြောင်း AA၏ ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် စစ်အရာရှိကြီးတချို့ကို AA က လက်ရ ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ အဆိုပါ အရာရှိကြီးများကို လာရောက်…
-
တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့မြို့ပေါင်း ၉၀ ရှိလာ
တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့မြို့ပေါင်း ၉၀ ရှိလာ -People’s Spring အာရက္ခတပ်တော်(AA)က စစ်ကောင်စီရဲ့ မောင်တောမြို့မှနောက်ဆုံးကျန်နေတဲ့ အမှတ်(၅) နယ် ခြားစောင့် ရဲတပ်ဖွဲ့ ခွဲ(နခခ-၅) ကိုဒီဇင်ဘာ ၈ ရက်နေ့မနက်မှာအပြီးသတ်သိမ်းပိုက်လိုက်တာကြောင့် မောင်တောတစ်မြို့နယ်လုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ် ။ AA က တောင်ကုတ်မြို့ကိုလည်းနိုဝင်ဘာ၂၄ ရက်မှာ အလုံးစုံထိန်းချုပ်နိုင်လို့ကြေညာပါတယ် ။တောင်ကုတ်မှာနောက်ဆုံးကျန်နေတဲ့ စကခ (၅) နဲ့ သူ့လက်အောက်ခံ ခမရ(၃၄၆) ၊ ခမရ(၅၄၄)တို့ကိုလည်း ပိတ်ဆို့ဖြတ်တောက်ပြီးထိုးစစ်ဆင်နေကြောင်း AAကအသိပေးထားပါတယ်။ဒါကြောင့် အခုဆိုရင် နိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်တွေကသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်း ၉၀ ရှိလာပြီဖြစ်ပါတယ် ။ ဒါအပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရှိတဲ့ အမ်းမှာဆိုရင်လည်း စစ်စခန်းနဲ့တပ်ရင်းပေါင်း ၃၀ ကျော်ကိုအာရက္ခတပ်တော်ကသိမ်းပိုက်ထားပြီး နပခတစ်ခုတည်းသိမ်းပိုက်စရာကျန်ပါတော့တယ် ။ရခိုင်ပြည်နယ် နဲ့ ဧရာဝတီတိုင်းအစပ်က ဂွမြို့နယ်က လက်ကျန်စစ်စခန်းတွေကိုလည်း AA ကထိုးစစ်ဆင်နေပါတယ် ။ဒါကြောင့်…
-
အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ဒရုန်းပေါ်ကနေ မစ်ဆိုင်းဒုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)
အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ဒရုန်းပေါ်ကနေ မစ်ဆိုင်းဒုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ) ဒီဇင်ဘာ ၉၊ ၂၀၂၄ Golden Eagle-People Defense Force က ဒရုန်းပေါ်ကနေ မစ်ဆိုင်းဒုံးနဲ့ အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myo Myint Kyaw ဖေ့စ်ဘွတ်ခ်အကောင့်ကတဆင့် ပြည်သူတွေထံ အသိပေး ဖော်ပြလာတယ်။ အခုလို ဝေဟင်ကနေ မြေပြင်ကို တိုက်ခိုက်မှုဟာ နွေဦးတော်လှန်ရေးရဲ့ ပထမဆုံး တီထွင်မှုဖြစ်တယ်လို့ ဆိုပါတယ်။ Golden Eagle-People Defense Force အဖွဲ့ကို ထောက်ပံ့ကူညီကြမယ့် တော်လှန်ပြည်သူတွေအနေနဲ့ အောက်ပါလင့်ခ်ကတဆင့် ဆက်သွယ်မေးမြန်း လှူဒါန်းနိုင်ပါတယ်။ Golden Eagle-People Defense Force
-
မောင်တော နခခ၅၏ တပ်မမှူးနှင့် စစ်အရာရှိများကိုယ်လွတ်ရုန်းပြေး၊ AA ကလိုက်လံရှင်းလင်းရာ နတ်မြစ်ဝတွင်တိုက်ပွဲပြင်းထန်
မောင်တော နခခ၅၏ တပ်မမှူးနှင့် စစ်အရာရှိများကိုယ်လွတ်ရုန်းပြေး၊ AA ကလိုက်လံရှင်းလင်းရာ နတ်မြစ်ဝတွင်တိုက်ပွဲပြင်းထန် ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၈ရက် မောင်တောမြို့နယ် အမှတ် (၅) နယ်ခြားစောင့်စခန်း (နခခ-၅)/ မြို့သူကြီးကို အာရက္ခတပ်တော်(AA) ဝင်ရောက်တိုက်ခိုက်ချိန်တွင် နခခ ၅ ၏ တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း နှင့် စစ်ကောင်စီအရာရှိများ ထွက်ပြေးသွားကြောင်း သိရသည်။ ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့် အင်အား ၁၀၀ခန့်ပါသည့်အဖွဲ့သည် နခခ ၅အတွင်း ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်၊ ခဲယမ်းမရှိတော့ဘဲ ပိတ်မိနေသည့် အောက်ခြေတပ်သားများကို ထားခဲ့ကာ နတ်မြစ်ဘက်သို့ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားကြောင်း သိရသည်။ ထိုသို့ ထွက်ပြေးသွားသည့် တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့်အဖွဲ့ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၆ရက်နေ့ ညပိုင်းမှစတင်ကာ AA က လိုက်လံတိုက်ခိုက်နေပြီး ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့်အဖွဲ့လွတ်မြောက်အောင်…
-
AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် ရခိုင်ပြည်တစ်ခုလုံးကို သိမ်းနေသည့် အပေါ် မင်းအောင်လှိုင်ကို တပ်တွင်း အပြင်း အထန် ဝေဖန်နေပြီး လက်အောက်ငယ်သားများ၏ ဘ၀နှင့်အသက်များကို ရင်း၍ အာဏာတည်မြဲရေး ချနင်းနေဟုဆို
AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် ရခိုင်ပြည်တစ်ခုလုံးကို သိမ်းနေသည့် အပေါ် မင်းအောင်လှိုင်ကို တပ်တွင်း အပြင်း အထန် ဝေဖန်နေပြီး လက်အောက်ငယ်သားများ၏ ဘ၀နှင့်အသက်များကို ရင်း၍ အာဏာတည်မြဲရေး ချနင်းနေဟုဆို ရန်ကုန်၊ ဒီဇင်ဘာ ၉ AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် ရခိုင်ပြည်တစ်ခုလုံးကို သိမ်းပိုက်နိုင်တော့မည့်အပေါ် မင်းအောင်လှိုင်ကို တပ်တွင်း အပြင်းအထန် ဝေဖန်နေပြီး လက်အောက်ငယ်သားများ၏ဘ၀နှင့်အသက်ကို ရင်း၍ အာဏာတည်မြဲရေး မင်းအောင်လှိုင် ချနင်းနေသူအဖြစ် မကျေမနပ်ဖြစ်နေကြကြောင်း နေပြည်တော်တပ်တွင်းသတင်းရင်းမြစ်၊ အမျိုးသားအရေးအစွန်းအရောက်အသိုင်းအ၀ိုင်းနှင့် စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်များထံမှ သိရှိရသည်။ ဒီဇင်ဘာလ ၈ ရက်နေ့ မောင်တောမြို့၏ နောက်ဆုံး လက်ကျန် စစ်စခန်းဖြစ်သော နခခ ၅ ကို AAက သိမ်းပိုက်လိုက်ခြင်း၊ နခခ ၅…
-
မောင်တော နခခ ၅ ကိုသိမ်းပိုက်ပြီးနောက် ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် စစ်သားများ လွတ်မြောက်နေ၍ နတ်မြစ်အတွင်း ရေကြောင်းသွားလာမှု AA က ပိတ်ပင် ၊ မောင်တောမြို့နယ်တစ်ခုလုံးကို AA က သိမ်းပိုက် ထိန်းချုပ်ပြီ
မောင်တော နခခ ၅ ကိုသိမ်းပိုက်ပြီးနောက် ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် စစ်သားများ လွတ်မြောက်နေ၍ နတ်မြစ်အတွင်း ရေကြောင်းသွားလာမှု AA က ပိတ်ပင် ၊ မောင်တောမြို့နယ်တစ်ခုလုံးကို AA က သိမ်းပိုက် ထိန်းချုပ်ပြီ ရန်ကုန်| ဒီဇင်ဘာ ၈ ရခိုင်ပြည်၊ မောင်တောဒေသတွင် မောင်တော နခခ ၅ ကိုသိမ်းပိုက်ပြီးနောက် စကခ ၁၅ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အင်အား ၁၅၀ ခန့် ထွက်ပြေးလွတ်မြောက်နေ၍ နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှု AAက ပိတ်ပင်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံ လက်နက်ကိုင်များ ထွက်ပြေးလွတ်မြောက်နေ၍ ရခိုင်ပိုင်နက် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာခွင့်များကို အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်ကြောင်း အာရက္ခတပ်တော် AA က…
-
ဟားခါး – ထန်တလန်ကြားနောက်ဆုံးလပ်ကျန် အော်တိုတောင်တပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက် ▪︎နှစ်ပတ်ကျော်အတွင်းတပ်စခန်း ၈ခု သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ကျော်သေ၊ ၂၀ဦးအရှင်မိ၊လက်နက် ၆၀ကျော်ရဟု CNF ပြော
ဟားခါး – ထန်တလန်ကြားနောက်ဆုံးလပ်ကျန် အော်တိုတောင်တပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက် ▪︎နှစ်ပတ်ကျော်အတွင်းတပ်စခန်း ၈ခု သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ကျော်သေ၊ ၂၀ဦးအရှင်မိ၊လက်နက် ၆၀ကျော်ရဟု CNF ပြော ဟန်နွေ/People’s Spring ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီတပ်စွဲထားသော အော်တိုတောင်တပ်စခန်းကို ယနေ့(ဒီဇင်ဘာ ၈ရက်) ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ဟု ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက လူထုနွေဦးသို့ အတည်ပြုသည်။ CNA နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းပါဝင်သည့် ချင်းပြည်ကောင်စီ တပ်များသည် နိုဝင်ဘာ ၂၂ရက်ကစ၍ ဟားခါး-ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီ တပ်စခန်းများကို တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၁၇ရက်အကြာ ဒီဇင်ဘာ ၈ရက်တွင် နောက်ဆုံးလက်ကျန် အော်တိုတောင်စခန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ “ဒီနေ့ တနေကုန်တိုက်ပွဲဖြစ်တာ ညနေ ၃နာရီခွဲ ၄နာရီလောက်မှာ…
-
မောင်တောမြို့နယ်ရှိ စစ်တပ်၏ နောက်ဆုံး လက်ကျန်စခန်း နခခ ၅ ကို AA က သိမ်းပိုက်လိုက်ပြီး စကခ ၁၅ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ထွက်ပြေးသွားပြီဟုဆို
မောင်တောမြို့နယ်ရှိ စစ်တပ်၏ နောက်ဆုံး လက်ကျန်စခန်း နခခ ၅ ကို AA က သိမ်းပိုက်လိုက်ပြီး စကခ ၁၅ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ထွက်ပြေးသွားပြီဟုဆို ရန်ကုန်၊ ဒီဇင်ဘာ ၈ ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်တပ်၏ နောက်ဆုံး လက်ကျန်စခန်း အမှတ်-၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ “နခခ ၅ က ရသွားပါပြီ။ မောင်တော ရပြီ။ မြစ်၀မှာ နခခ ၅ က ပြေးတဲ့ အရာရှိတွေကို အာဆာတွေက လာကယ်ထုတ်လို့ တိုက်ပွဲဖြစ်တယ်။ နခခ ၅ ကို အစကတည်းက ပိတ်ဆို့ထားတာပါ။ နခခ…
-
ရွေးကောက်ပွဲကျင်းပပြီး အာဏာလွှဲအပ်မယ်၊ စစ်မြေပြင်မှာ အသက်နဲ့လဲ တာဝန်ထမ်းကြပါ ဟု ဗိုလ်လောင်းတွေကို မင်းအောင်လှိုင်ပြော
ရွေးကောက်ပွဲကျင်းပပြီး အာဏာလွှဲအပ်မယ်၊ စစ်မြေပြင်မှာ အသက်နဲ့လဲ တာဝန်ထမ်းကြပါ ဟု ဗိုလ်လောင်းတွေကို မင်းအောင်လှိုင်ပြော ဒီဇင်ဘာ ၈၊ ၂၀၂၄ နိုင်ငံအတွက် စစ်မြေပြင်မှာ အသက်နဲ့လဲပြီး တာဝန်ထမ်းဆောင်ပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ မန္တလေးတိုင်း၊ ပြင်ဦးလွင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ် ၆၆ သင်တန်းဆင်းပွဲမှာ မင်းအောင်လှိုင်က အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ ပြင်ဦးလွင်စစ်တက္ကသိုလ်သင်တန်းဆင်းပွဲ တက်ရောက်ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သင်တန်းဆင်း ဗိုလ်လောင်းတွေကို နိုင်ငံတကာစစ်ပွဲဆိုင်ရာဥပဒေတွေနဲ့ ထိတွေ့တိုက်ခိုက်တဲ့ စည်းမျဉ်းတွေ လိုက်နာဖို့လည်း ပြောကြားခဲ့ပါတယ်။ မြေပြင်မှာ စစ်ကြောင်းထိုး၊ အရပ်သားလူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး အကြောင်းမဲ့ ဖမ်းဆီးနေတဲ့ စစ်ကောင်စီက သင်တန်းဆင်းဗိုလ်လောင်းတွေကို နိုင်ငံတကာစည်းမျဉ်းတွေ လိုက်နာဖို့ မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။ အချိန်အခါမရွေး ၊ ဒေသမရွေး ၊…