မတ္တရာမှာ စစ်ကောင်စီတပ်ဆီ လက်လွှတ်ခဲ့ရတဲ့ စစ်တပ်စခန်းတချို့ကို MDY-PDF ပြန်လည်သိမ်းပိုက်ထား…

by

in

မတ္တရာမှာ စစ်ကောင်စီတပ်ဆီ လက်လွှတ်ခဲ့ရတဲ့ စစ်တပ်စခန်းတချို့ကို MDY-PDF ပြန်လည်သိမ်းပိုက်ထား…
ဒီဇင်ဘာ ၉၊ ၂၀၂၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးမှ ပြန်လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရာ ကျေးရွာ ၃ ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ (၆)ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းက တော်လှန်ရေးတပ်ဖွဲ့တွေ ခေတ္တလက်လွှတ်ခဲ့ရတဲ့ ကျေးရွာတွေကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အခုချိန်မှာ မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းမှာရှိတဲ့ ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာနဲ့ ထိန်ပင်စောက်ကျေးရွာတို့ကို အပြီးသတ် ပြန်လည်သိမ်းပိုက်ရရှိပြီး ဖြစ်တယ်လို့ MDY-PDF က ဆိုပါတယ်။
အဲ့ဒီစခန်းသိမ်းတိုက်ပွဲတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဆီက လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။
မန္တလေးမြို့နဲ့ မိုင် ၂၀ အကွာမှာရှိတဲ့ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း ၂၅ ခုကျော်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က စတင်တဲ့ ထိုးစစ်မှာ မန္တလေး PDF က သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ့နောက် ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းလောက်မှာ စစ်ကောင်စီတပ်က သာလွန်အင်အားနဲ့ မတ္တရာအနောက်ခြမ်းဒေသက ကျေးရွာတွေကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လို့ ကျေးရွာတချို့ကို ပြန်လည် လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
ပုံစာ – ရှမ်းမန်းစစ်ဆင်ရေးအတွင်းက MDY-PDF တပ်ဖွဲ့ဝင်များ