Author: admin
-
တောင်ကုတ်မြို့တွင်နောက်ဆုံးကျန်သော စကခ(၅)ကို AA သိမ်းပိုက်
.တောင်ကုတ်မြို့ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA က သိမ်းပိုက်ရရှိပြီး စစ်အရာရှိများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချ ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရခိုင်ပြည်၊တောင်ကုတ်မြို့ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA က သိမ်းပိုက်ရရှိပြီး စစ်အရာရှိများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချသွားကြောင်း AA စစ်ရေးသတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁၃ ရက်နေ့အတွင်း ရခိုင်ပြည် တောင်ကုတ်မြို့ရှိ အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် AA က…
-
ပခုက္ကူ ရေလာလေးပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက် ပျူစောထီး ခြောက်ယောက်သေဆုံး၊ ခုနစ်ယောက်ကို အရှင်ဖမ်းမိပြီး သေနတ်အမျိုးအစားအစုံ ၁၈ လက်နဲ့ ခဲယမ်း တွေသိမ်းဆည်းရမိ တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံး
ပခုက္ကူ ရေလာလေးပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက် ပျူစောထီး ခြောက်ယောက်သေဆုံး၊ ခုနစ်ယောက်ကို အရှင်ဖမ်းမိပြီး သေနတ်အမျိုးအစားအစုံ ၁၈ လက်နဲ့ ခဲယမ်း တွေသိမ်းဆည်းရမိ တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံး အီသာရမ် / MFP ၊ ဒီဇင်ဘာ-၁၃ မကွေးတိုင်း ပခုက္ကူနယ်အတွင်း စစ်အုပ်စုနဲ့ ပျူစောထီး အင်အား ၄၀ ခန့် အထိုင်ချ တပ်စွဲထားတဲ့ ရေလာလေး ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ပျူစောထီးတွေအပါအဝင် လက်နက် ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ်(၈)စစ်ကြောင်း စစ်ကော်မရှင်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုနဲ့ပျူစောထီးခြောက်ယောက်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့သလို ပျူစောထီး ခုနစ် ဦးကို လက်ရအရှင်ဖမ်းမိခဲ့ကာ သေနတ်အမျိုးအစားအစုံ ၁၈ လက်နဲ့အတူ ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ဆို ပါတယ်။ အလားတူ တိုက်ပွဲအတွင်း…
-
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး AA က တိုက်ခိုက်သိမ်းပိုက်လာချိန် ဧရာ၀တီတိုင်းစစ်ဌာန ဖွဲ့စည်းဟု ကြေညာ၊ မဟာမိတ်တိုင်းရင်းသားများနှင့် လက်တွဲမည်ဟုဆို
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး AA က တိုက်ခိုက်သိမ်းပိုက်လာချိန် ဧရာ၀တီတိုင်းစစ်ဌာန ဖွဲ့စည်းဟု ကြေညာ၊ မဟာမိတ်တိုင်းရင်းသားများနှင့် လက်တွဲမည်ဟုဆို ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ဧရာဝတီတိုင်းအတွင်း တိုင်းစစ်ဌာန – ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်ပြီး မဟာမိတ် EROs များနှင့် လက်တွဲ၍ ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများ ဝင်ရောက်နေပြီဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်သည်။ တိုင်းစစ်ဌာန – ဧရာဝတီ PDF အဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၏ ကွပ်ကဲအုပ်ချုပ်မှုနှင့် ပြည်သူ့ဘက်တော်သား စစ်သည်တော်များနှင့် အတူ စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာများ အဆင့်ဆင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တိုင်းစစ်ဌာန – ဧရာဝတီ အနေနှင့် မဟာမိတ် EROs…
-
ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ မိုင်တိုင် ၃၁၉ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်(ရုပ်/သံ)
ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ မိုင်တိုင် ၃၁၉ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်(ရုပ်/သံ) ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ မိုင်တိုင် ၃၁၉ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force က ပြောဆိုသည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ မိုင်တိုင် ၃၁၉ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄ ၊ ၁၀) နှင့် MDDS တို့က ဒရုန်းဖြင့် ဗုံးကျဲပြီး…
-
ရန်ကုန်မြို့၌ စစ်မှုထမ်းလူအစားထိုးရန် စစ်အုပ်စုက လူငယ်များဖမ်းဆီးရောင်းချသည့်စျေးကွက် ပေါ်ပေါက်
ရန်ကုန်မြို့၌ စစ်မှုထမ်းလူအစားထိုးရန် စစ်အုပ်စုက လူငယ်များဖမ်းဆီးရောင်းချသည့်စျေးကွက် ပေါ်ပေါက် ရဲခေါင်/People’s Spring ရန်ကုန်မြို့၌ စစ်မှုထမ်းဆင့်ခေါ်ရာတွင် လူအစားထိုးအသုံးပြုရန်အတွက် စစ်အုပ်စုက လူငယ်များဖမ်းဆီးရောင်းချသည့်စျေးကွက် အကြီးအကျယ်ဖြစ်ပေါ်နေသည်။ စစ်ကောင်စီ၏ စစ်သား၊ ရဲနှင့် ပျူစောထီးများဖြင့် ဖွဲ့စည်းထားသောအဖွဲ့က ရန်ကုန်မြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများထံ ရောင်းစားနေသည့် လူမှောင်ခိုဂိုဏ်းစျေးကွက်ဟု အဆိုပါဖြစ်ရပ်များသိရှိသော ရပ်ကျေးအဖွဲ့ဝင်များနှင့် ရောင်းစားခံရသည့် မိသားစုဝင်အချို့က ပြောသည်။ အဆိုပါမြို့နယ်ထွေအုပ်ရုံးများသည် စစ်မှုထမ်းဥပဒေဖြင့် လူရွေးချယ်ရေးလုပ်ဆောင်သည့် အဓိကဌာနဖြစ်သည်။ “လူစားထိုးလိုတဲ့ ထွေအုပ်ရုံးက စာရေးတွေနဲ့ ချိတ်ပြီးရောင်းစားတဲ့စျေးကွက်ဖြစ်နေတာ”ဟု တောင်ဒဂုံမြို့နယ်ရှိ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။ နိုဝင်ဘာနောက်ဆုံးပတ်နှင့် ဒီဇင်ဘာပထမပတ်အထိ ရန်ကုန်မြို့ရှိ အင်းစိန်၊လှိုင်သာယာ၊အရှေ့ဒဂုံနှင့် တောင်ဒဂုံမြို့နယ်များတွင် လူထုနွေဦးက စုံစမ်းသိရှိရသော ဖြစ်စဥ် ငါးခုထက်မနည်းရှိခဲ့သည်။ လူထုနွေဦးက စုံစမ်းသိရသော ဖြစ်စဥ်များနှင့် ရောင်းစားခံရသော လူငယ်မိသားစုဝင်များ၏ ပြောဆိုချက်များအရ ညပိုင်းအချိန်…
-
အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် AA ၏ တိုက်ခိုက်မှုကြောင့် တိုင်းမှူး ဒုတိုင်းမှူးနှင့် ယာယီတိုင်းဦးစီးချုပ်ပါမကျန် ထွက်ပြေး
အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် AA ၏ တိုက်ခိုက်မှုကြောင့် တိုင်းမှူး ဒုတိုင်းမှူးနှင့် ယာယီတိုင်းဦးစီးချုပ်ပါမကျန် ထွက်ပြေး ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၁၂ရက် အမ်းတွင် နောက်ဆုံးကျန်ရစ်သော စစ်ကောင်စီ ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) အတွင်းပိုင်းထိ အာရက္ခတပ်တော်(AA)က ဝင်ရောက်တိုက်ခိုက်နေသည့်အတွက် အမ်း နပခတိုင်းမှူး၊ ဒုတိုင်းမှူးနှင့် ယာယီတိုင်းဦးစီးချုပ်တို့ ထွက်ပြေးသွားကြောင်း သိရသည်။ ယခု ဒီဇင်ဘာ ဒုတိယပတ်တွင် တစ်ဦးတည်းကျန်ရစ်သော နပခ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းသည် အမ်း နပခမှ စစ်အရာရှိတချို့နှင့်အတူ ထွက်ပြေးသွားကြောင်း သိရသည်။ ” အမ်းရိုးကနေပြေးဖို့များတယ်။ အသစ်တည်နေတဲ့ ဗျူဟာဆီပြေးမလား၊ အမ်း ပဒါန်းကနေ မကွေးကိုပြေးမလား တစ်ခုခုပဲ။ ထွက်ပြေးသွားပြီလို့တော့ သတင်းကထွက်နေပါတယ်” ဟု အမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ပြီးခဲ့သည့်အောက်တိုဘာလကတည်းက…
-
တောင်ငူလေတပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရ
တောင်ငူလေတပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရ ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ပဲခူးတိုင်း တောင်ငူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Mountain Knights – Civilian Defense Force အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီအချိန် တောင်ငူမြို့အခြေစိုက် ၏ ကေတုမဏီ လေတပ်စခန်းအတွင်းသို့ ၁၀၇ မမ…
-
ရန်ကုန် -မန္တလေး အမြန်လမ်းမှာတိုက်ပွဲဖြစ်ပွားခဲ့
ရန်ကုန် -မန္တလေး အမြန်လမ်းမှာတိုက်ပွဲဖြစ်ပွားခဲ့ ဆိုင်းမင်း/People’s Spring . . မန္တလေးတိုင်း ၊နွားထိုးကြီးမြို့နယ်ထဲက ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိတဲ့ အမြန်လမ်း ရဲကင်းစခန်းတိုက်ခိုက်ခံရပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။ အမြန်လမ်းရဲ့ မိုင်တိုင် ၃၁၈ နဲ့ ၃၁၉ ကြား တဇောက်ချောင်းတံတား ရဲကင်းစခန်းကို ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲ ဝန်းကျင်က ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုအတွင်းနှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာရှိပါတယ်။ ” စခန်းကိုအခိုင်မာဆောက်ထားတယ်၊ ရိုးရိုးဂိတ်တော့မဟုတ်ဘူး “လို့ နွားထိုးကြီးမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ပစ်ခတ်မှုတွေဖြစ်ပွားနေချိန် အမြန်လမ်းမှာသွားလာနေတဲ့ ခရီးသွားကားတွေ ရပ်တန့်ခဲ့ရပြီး ခရီးသည်တွေလည်း လမ်းဘေးက ဘေးလွတ်ရာဆီဆင်းပြေး ရတာရှိခဲ့ပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံလာတဲ့…
-
ပခုက္ကူမြို့နယ်၊ ရေလာလေးရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိ လက်နက် ၁၈ လက်၊ ခဲယမ်းများ၊ ငွေကြေးများနှင့်စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိ
ပခုက္ကူမြို့နယ်၊ ရေလာလေးရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိ လက်နက် ၁၈ လက်၊ ခဲယမ်းများ၊ ငွေကြေးများနှင့်စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိ ရန်ကုန်၊ ဒီဇင်ဘာ ၁၃ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေးရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိကာ လက်နက် ၁၈ လက်၊ ခဲယမ်းများ၊ ငွေကြေးများနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း အမှတ် ၈ စစ်ကြောင်းက ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၆ နာရီအချိန် ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာရှိ အကြမ်းဖက်စစ်တပ် လက် အောက်ခံ ပျူစောထီးစခန်းကို…
-
ရန်ကုန်တွင် ကျန်းမာသော လူငယ်မှန်သမျှကို စစ်မှုထမ်းရန် ပေါ်တာဆွဲခေါ်ယူမှု ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ညီညွတ်ဟု ရန်ကုန်တိုင်းထွေ/အုပ်က အသိပေးအကြောင်းကြား
ရန်ကုန်တွင် ကျန်းမာသော လူငယ်မှန်သမျှကို စစ်မှုထမ်းရန် ပေါ်တာဆွဲခေါ်ယူမှု ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ညီညွတ်ဟု ရန်ကုန်တိုင်းထွေ/အုပ်က အသိပေးအကြောင်းကြား ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရန်ကုန်တိုင်းတွင် ကျန်းမာရေး ကောင်းမွန်သော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်မှန်သမျှကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို လိုအပ်လျှင် လိုအပ်သလို စစ်မှုထမ်းရန်အတွက် ခေါ်ယူစုဆောင်းနိုင်ပြီး ယင်းသို့ ခေါ်ယူစုဆောင်းမှု(ပေါ်တာဆွဲမှု) များမှာလည်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် တရားဝင် ညီညွတ်မှုရှိကြောင်း ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ တရားဝင် အသိပေးအကြောင်းကြားလိုက်ကြောင်း သိရှိရသည်။ ယခုဒီဇင်ဘာလဆန်းပိုင်းအတွင်း ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်၊ ရပ် ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ အပတ်စဉ် ၈ အတွက် စစ်မှုထမ်းများ ခေါ်ယူရေးနှင့်ပတ် သက်၍ အသိပေးအကြောင်းကြားလာရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ…