Author: admin

  • ယုန်လေး၏ ရုပ်ရှင်အထူးပွဲလာရောက်​သော မီဒီယာများ လုံခြုံရေးစစ်ဆေးမှုခံရမည်ဟုဆို

    ယုန်လေး၏ ရုပ်ရှင်အထူးပွဲလာရောက်​သော မီဒီယာများ လုံခြုံရေးစစ်ဆေးမှုခံရမည်ဟုဆို

    by

    in

    ယုန်လေး၏ ရုပ်ရှင်အထူးပွဲလာရောက်​သော မီဒီယာများ လုံခြုံရေးစစ်ဆေးမှုခံရမည်ဟုဆို ဆဏ်း / People’s Spring ရုပ်ရှင်အထူးပွဲသို့လာရောက်မည့် မီဒီယာများအနေဖြင့် ကတ်များဆွဲကာ လုံခြုံရေးစစ်ဆေးမှုခံရမည်ဟု စစ်တပ်အမာခံထောက်ခံသူ ယုန်လေး ရိုက်ကူးထားသော အော်ရီဂျင်နယ်ဂန်းစတား ၃ အထူးပွဲမတိုင်မီ မင်္ဂလာရုပ်ရှင်ရုံအုပ်စုက အသိ ပေးလိုက်သည်။ အဆိုပါသတိပေးချက်ကို မင်္ဂလာရုပ်ရှင်ရုံအုပ်စု၏ ဖေ့စ်ဘွတ်ခ်၌ တရားဝင်ကြေညာထားခြင်းမရှိသော်လည်း စစ်ကောင်စီသတင်းများအသား​ပေး​ဖော်ပြ​နေ​သော ပေါ်ပြူလာမီဒီယာမှ မြတ်ခိုင်၏ ဖေ့စ်ဘွတ်ခ်၌ ကြေညာထားခြင်းဖြစ်သည်။ မီဒီယာသမားများအနေဖြင့် ဝန်ထမ်းကဒ်များကို ချိတ်ဆွဲထားကာ လုံခြုံရေးအရ စစ်မေးမြန်းခြင်းကို ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြောင်း မင်္ဂလာရုပ်ရှင်ရုံအုပ်စု၏ အမှတ်တံဆိပ်နှင့် ကြေညာစာကို မြတ်ခိုင်က “မိုက်ပေါင်းတပ်ဖွဲ့ သိရှိနိုင်ပါရန် ” ဟုရေးသားကာတင်ထားခြင်းဖြစ်သည်။ ထို့ပြင် ရုပ်ရှင်ရုံဘက်မှ လည်ဆွဲကတ်များပြုလုပ်ထားကာ တတ်ရောက်သည့် မီဒီယာများ အနေဖြင့် Register ပြုလုပ်ရမည်ဖြစ်ကြောင်း ဓာတ်ပုံများနှင့်အသိပေးထားသည်။…

  • မြို့သာစက်မှုဇုန် ကွတ်ကီးစက်ရုံထဲ ဓားပြဝင်တိုက်လို့ ငွေသိန်း ၃၀၀နဲ့ ကားတစီးပါသွား

    မြို့သာစက်မှုဇုန် ကွတ်ကီးစက်ရုံထဲ ဓားပြဝင်တိုက်လို့ ငွေသိန်း ၃၀၀နဲ့ ကားတစီးပါသွား

    by

    in

    မြို့သာစက်မှုဇုန် ကွတ်ကီးစက်ရုံထဲ ဓားပြဝင်တိုက်လို့ ငွေသိန်း ၃၀၀နဲ့ ကားတစီးပါသွား အောက်တိုဘာ ၅ – ၂၀၂၄ GG (VOM) မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မန္တလေး – မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းထဲက Myanmar Ding Wang ဒင်းဝမ်ကွတ်ကီး စက်ရုံအတွင်းကို လက်နက်ကိုင်ဆောင်ထားသူတွေဝင်ရောက်လာပြီး ဓားပြတိုက် မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်က ဒီနေ့အောက်တိုဘာလ ၅ ရက်နေ့မနက်အစောပိုင်း ၇ နာရီလောက်မှာ စက်ရုံတွင်းကို လက်နက်ကိုင်ထားတဲ့အမည်မသိ အမျိုးအသား ငါး ယောက်ရောက်လာပြီး သေနတ်ပြခြိမ်းခြောက်ကာ ဝန်ထမ်းတွေကိုလစာပေးဖို့သိမ်းထားတဲ့ငွေသား သိန်း၃၀၀ နဲ့အတူကားတစီးကိုပါ ယူသွားတယ်လို့သိရပါတယ်။ ” ဆိုင်ကယ်က သုံး စီးနဲ့ စက်ရုံ ကိုရောက်လာတယ်။သူတို့မှာကသေနတ်က အတို ၂ လက်၊ အရှည် ၁ လက်ပါတယ်၊ ဝန်ထမ်းတွေလည်းရှိပေမယ့် သူတို့ကသေနတ်နဲ့ဆိုတော့…

  • “ဂျပန်ကနေလာပြီး ချစ်သူကောင်မလေးကို ဓါးနဲ့၁၇ချက်ထိုးသ-တ်ခဲ့တဲ့လူသ-တ်မှနောက်ဆက်တွဲအကြောင်းအရာတွေပေါ်ပြီ”

    “ဂျပန်ကနေလာပြီး ချစ်သူကောင်မလေးကို ဓါးနဲ့၁၇ချက်ထိုးသ-တ်ခဲ့တဲ့လူသ-တ်မှနောက်ဆက်တွဲအကြောင်းအရာတွေပေါ်ပြီ”

    by

    in

    “ဂျပန်ကနေလာပြီး ချစ်သူကောင်မလေးကို ဓါးနဲ့၁၇ချက်ထိုးသ-တ်ခဲ့တဲ့လူသ-တ်မှနောက်ဆက်တွဲအကြောင်းအရာတွေပေါ်ပြီ”

  • တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးထက်မနည်းသေဆုံး(ရုပ်/သံ)

    တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးထက်မနည်းသေဆုံး(ရုပ်/သံ)

    by

    in

    တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးထက်မနည်းသေဆုံး(ရုပ်/သံ) ရန်ကုန်၊အောက်တိုဘာ ၅ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံးများဖြင့်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူများ ရှိကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၃ နာရီ ၄၀ မိနစ်အချိန် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် NSA31 မြို့ပြပြောက်ကျားအဖွဲ့နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့က တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်(တပခ) အတွင်းသို့ ၁၀၇…

  • “နာမည်ကြီးမင်းသမီး သိန်းထောင်ကျော်တန်ကားလိမ်ပြေးလို့ ဟိုးလေးတကျော်ဖြစ်နေပြီ”

    “နာမည်ကြီးမင်းသမီး သိန်းထောင်ကျော်တန်ကားလိမ်ပြေးလို့ ဟိုးလေးတကျော်ဖြစ်နေပြီ”

    by

    in

    “နာမည်ကြီးမင်းသမီး သိန်းထောင်ကျော်တန်ကားလိမ်ပြေးလို့ ဟိုးလေးတကျော်ဖြစ်နေပြီ”

  • တောင်းခမ်းနှင့် သီပေါတွင် တိုက်ပွဲပြင်းထန်နေ  ◾️နှစ်ဖက်ထိခိုက်မှုရှိပြီး စစ်ကောင်စီတပ် ထိခိုက်မှုပိုများဟု TNLAပြော

    တောင်းခမ်းနှင့် သီပေါတွင် တိုက်ပွဲပြင်းထန်နေ ◾️နှစ်ဖက်ထိခိုက်မှုရှိပြီး စစ်ကောင်စီတပ် ထိခိုက်မှုပိုများဟု TNLAပြော

    by

    in

    တောင်းခမ်းနှင့် သီပေါတွင် တိုက်ပွဲပြင်းထန်နေ ◾️နှစ်ဖက်ထိခိုက်မှုရှိပြီး စစ်ကောင်စီတပ် ထိခိုက်မှုပိုများဟု TNLAပြော ဒီးဒီ၊သတိုး/People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီ၏ မစခ-၉၀၂နှင့် သီပေါမြို့ရှိ ခလရ (၂၃)တပ်ရင်းတွင် တိုက်ပွဲပြင်းထန်နေကြောင်း တအာင်းတပ်မတော် (TNLA)၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက People’s Springသို့ ပြောသည်။ “တိုက်ပွဲကတော့ ပြင်းထန်နေပါတယ်။ နောင်ချိုမှာရှိတဲ့ ၉၀၂ မှာလည်းပြင်းထန်နေသလို သီပေါမှာရှိတဲ့ ခလရ(၂၃)မှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်”ဟု လွေးယေဦးက ပြောသည်။ နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်းခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ တည်ရှိသည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော…

  • ရန်ကုန်မြစ် ထူးကဲဒီရေတက်မယ်လို့ သတိပေးထုတ်ပြန်

    ရန်ကုန်မြစ် ထူးကဲဒီရေတက်မယ်လို့ သတိပေးထုတ်ပြန်

    by

    in

    ရန်ကုန်မြစ် ထူးကဲဒီရေတက်မယ်လို့ သတိပေးထုတ်ပြန် မျက်‌မှောက်ခေတ်၊ အောက်တိုဘာ ၅ ရန်ကုန်မြစ်အတွင်း အောက်တိုဘာလ ၁၆ ရက်ကနေ အောက်တို ဘာလ ၂၁ ရက်အတွင်း ထူးကဲ ဒီရေတက်ဖွယ်ရှိတယ်လို့ မြန်မာ့ဆိပ်ကမ်းဌာနက ထုတ်ပြန် သတိပေးထားပါတယ်။ အခြေခံရေစစ်မျဉ်းအထက် ပေ ၂၀ ကျော်ကနေ ၂၁ ပေကျော်အထိ တူးကဲ ဒီရေ တက်ဖွယ်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြစ်ကမ်းနားဒေသအနီး နေထိုင်ကြတဲ့ ပြည်သူတွေ ကြိုတင်ဆောင်ရွက်ထားဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။ ရန်ကုန်မြစ်ထဲ ထူးကဲဒီရေတက်နိုင်မယ်ဆိုတာ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ကြေငြာထားတာတွေ့ပါတယ်။ အခုလက်ရှိပဲခူးမြစ်ရေ၊ လှိုင်မြစ်ရေတွေက ပုံမှန်ရေအမှတ်အထိကျနေပြီး ငမိုးရိပ်တမံကလဲ ရေပြန်ကျနေပြီဖြစ်တာကြောင့် ငမိုးရိပ်ချောင်းဘေးအနိမ့်ပိုင်းရပ်ကွက်များကလွဲရင် စိုးရိမ်စရာမရှိပါ။ မိုးရွာနိုင်မယ်ဆိုရင်တောင် မိုးများနိုင်မှာမဟုတ်ပေမဲ့ TIDE-FORECAST က တင်ထားတဲ့ ရန်ကုန်မြစ်ရေအမြင့်က ၁၈-၁၉-၂၀ ၃…

  • KNU တပ်မဟာ ၅ နယ်မြေတွင် တပ်ဆုတ်လာသော စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု တပ်ရင်း မှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် ၃၀ ဦးသေဆုံးပြီး လက်နက် ၃၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်း ရရှိ (ရုပ်/သံ)

    by

    in

    KNU တပ်မဟာ ၅ နယ်မြေတွင် တပ်ဆုတ်လာသော စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု တပ်ရင်း မှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် ၃၀ ဦးသေဆုံးပြီး လက်နက် ၃၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်း ရရှိ (ရုပ်/သံ) ရန်ကုန်၊ အောက်တိုဘာ ၅ ကရင်ပြည်နယ်၊KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင်အတွင်း၌ တပ်ပြန်ဆုတ်လာသောအကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ တပ်ရင်း မှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် ၃၀ ဦးသေဆုံးပြီး လက်နက် ၃၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မူတြော်ခရိုင်က သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ ၃၀ ရက်နံနက် ၆ နာရီ ၃၀…

  • မြောက်ဥက္ကလာတွင် မုဒိမ်းမှု ဖြစ်ပွားမှုကို ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးထွန်းထွန်းဦးက လျှော်ကြေးပေး အမှုကျေအေးခိုင်းပြီး မုဒိမ်းတရားခံကျော်စွာကို ကယ်ထုတ်

    မြောက်ဥက္ကလာတွင် မုဒိမ်းမှု ဖြစ်ပွားမှုကို ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးထွန်းထွန်းဦးက လျှော်ကြေးပေး အမှုကျေအေးခိုင်းပြီး မုဒိမ်းတရားခံကျော်စွာကို ကယ်ထုတ်

    by

    in

    မြောက်ဥက္ကလာတွင် မုဒိမ်းမှု ဖြစ်ပွားမှုကို ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးထွန်းထွန်းဦးက လျှော်ကြေးပေး အမှုကျေအေးခိုင်းပြီး မုဒိမ်းတရားခံကျော်စွာကို ကယ်ထုတ် ရန်ကုန်၊ အောက်တိုဘာ ၅ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြောက်ဥက္ကလာတွင် မုဒိမ်းမှု ဖြစ်ပွားမှုကို ရပ်ကွက် အုပ်ချုပ်ရေးမှူးက လျှော်ကြေးပေး အမှုကျေအေးပြီး တရားခံကို ကယ်ထုတ်မှုဖြစ်ပွားကြောင်း သိရှိရသည်။ မြောက်ဥက္ကလာ အမှတ် ၂ ရပ်ကွက် ၊ သုမာလာ ၄ လမ်းတွင် နေထိုင်သည့် ကျော်စွာဆိုသူက မြောက်ဥက္ကလာပ ၁ ရပ်ကွက် အမျိုးသမီး (အမည်ဖော်ပြရန် မသင့်၍ မဖော်ပြပါ) ၁ ဦးကို မုဒိမ်းမှု ကျူးလွန်ခဲ့ကြောင်း၊ ယင်းနောက် သက်ဆိုင်ရာသို့ တိုင်ကြားသဖြင့် တရားခံ ကျော်စွာကို အမှုဖွင့် ဖမ်းဆီးခဲ့ကြောင်း၊ သို့ရာတွင် အမှတ်…

  • ပြည်မြို့တွင် ဆေးရုံစောင့် အမျိုးသားတချို့ကို စစ်တပ်က ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးမှုဖြစ်ပွား

    ပြည်မြို့တွင် ဆေးရုံစောင့် အမျိုးသားတချို့ကို စစ်တပ်က ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးမှုဖြစ်ပွား

    by

    in

    ပြည်မြို့တွင် ဆေးရုံစောင့် အမျိုးသားတချို့ကို စစ်တပ်က ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးမှုဖြစ်ပွား ရန်ကုန်၊ အောက်တိုဘာ ၅ ပဲခူးတိုင်း၊ ပြည်မြို့၊ ကုတင် ၅၀၀ ဆေးရုံကြီးတွင် ဆေးရုံစောင့် အမျိုးသားတချို့ကို စစ်ကောင်စီတပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးမှု ဖြစ်ပွားခဲ့ပြီး လူငယ် ၁ ဦး စစ်သားအဖြစ် စုဆောင်းခံရကြောင်း မျက်မြင်ကြုံတွေ့ရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၃၀ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန် ပြည်မြို့၊ ကုတင် ၅၀၀ ဆေးရုံကြီး၏ ကူးစက်ရောဂါအဆောင်တွင် တက်ရောက်ကုသနေသော လူနာလာစောင့်သည့် အမျိုးသား ၂ ဦးကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြောင်း၊ ဖမ်းဆီးခံရသူ ၂ ဦးအနက်မှ အမျိုးသား ၁ ဦးမှာ…