Author: admin

  • လားရှိုးကို MNDAA မတိုက်မီ ထွက်ပြေးသွားသည့် ဒုဗိုလ်မှူးကြီးစစ်ကောင်စီဖမ်းမိ

    လားရှိုးကို MNDAA မတိုက်မီ ထွက်ပြေးသွားသည့် ဒုဗိုလ်မှူးကြီးစစ်ကောင်စီဖမ်းမိ

    by

    in

    လားရှိုးကို MNDAA မတိုက်မီ ထွက်ပြေးသွားသည့် ဒုဗိုလ်မှူးကြီးစစ်ကောင်စီဖမ်းမိ ဇော်ရမ်း/People’s Spring လားရှိုးမြို့အခြေစိုက်အရှေ့မြောက်တိုင်းစစ်ဌာ နချုပ်(ရမခ)ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) မတိုက်ခိုက်မီ ထွက်ပြေးသွားသည့် အမှတ်(၇)ဆက်သွယ်ရေးတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ညီညီထွန်းကို စစ်ကောင် စီက ပြန်ဖမ်းမိသွားသည်။ အသက် ၄၅ နှစ်အရွယ်ဒုဗိုလ်မှူးကြီး ညီညီထွန်းကို ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်ရှိ ပင်လုံမြို့ရှိ ၊ စိန်နန်း​တော်မိုတယ်တွင်ယမန်နေ့( စက်တင် ဘာလ ၂၆ရက်)က ဖမ်းမိခြင်းဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။ “မှတ်ပုံတင်အတုကိုင်ထားတာဗျ။စစ်တပ်ကဝင် ဖမ်းတာ။ပြည်သူ့စစ်အဖွဲ့တွေလည်းပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။ ဒုဗိုလ်မှူးကြီး ညီညီထွန်းသည်လားရှိုးမြို့ကို MNDAA မတိုက်ခိုက်မီ ပြီးခဲ့သည့် ဇွန်လအတွင်း ထွက်ပြေးသွားခြင်းဖြစ်သည်။ ၎င်းအား ဖမ်းမိပြီးဟု စစ်ကောင်စီလက်အောက်ခံတယ်လီဂရန်ချန်နယ်များ၌ ရေးသားထားသည်။ MNDAA၏ လားရှိုးမြို့သိမ်းတိုက်ပွဲသည် စစ်ကောင်စီအုပ်စုအတွင်း အလွန်ဂယက်ရိုက်ခဲ့ပြီး တိုင်းမှူးအပါအဝင် အရာရှိအများအပြားလည်း MNDAA၏ဖမ်းဆီးခြင်းခံထားရသည်။…

  • NUG အပါအဝင် ဒီမိုကရေစီလိုလားသူတွေကိုဆက်ပြီးပံ့ပိုးပေးမယ်လို့ အမေရိကန်ပြော

    NUG အပါအဝင် ဒီမိုကရေစီလိုလားသူတွေကိုဆက်ပြီးပံ့ပိုးပေးမယ်လို့ အမေရိကန်ပြော

    by

    in

    အမေရိကန်အစိုးရအနေနဲ့ မြန်မာမှာ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီပြန်လည်ရရှိရေး NUG အပါအဝင် ဒီမိုကရေစီလိုလားသူတွေကိုဆက်ပြီး ပံ့ပိုးပေးနေမှာဖြစ်သလို လက်ရှိပဋိပက္ခတွေပြေလည်မှုရရှိဖို့ ကြိုးပမ်းမှုတွေကိုလည်းဆက်ပြီးထောက်ခံပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီကိုပြောပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် ပါဝင်ပတ်သက်တဲ့ သက်ဆိုင်သူအားလုံးနဲ့ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ စစ်တပ်ကို အမေရိကန်က တိုက်တွန်းတယ်လို့ လည်းပြောထားပါတယ်။ စစ်ကောင်စီရဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ အမေရိကန်အစိုးရဆီကနေ နှစ်စဥ် ဒေါ်လာ သန်း ၂၀၀ ရနေပြီး မြန်မာပြည်တွင်းရေးမတည်မငြိမ်ဖြစ်အောင် အမေရိကန်ကလုပ်နေတာလို့ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဘီဘီစီရဲ့ အမေရိကန်အစိုးရ အပေါ် မေးမြန်းချက်ကို ပြန်လည်ဖြေကြားချိန်မှာ ထည့်ပြောခဲ့တာဖြစ်ပါတယ်။ ဒေသတွင်းက မဟာမိတ်တွေ၊မိတ်ဖက်တွေနဲ့ အနီးကပ်ညှိနှိုင်းဆောင်ရွက်နေပြီး အမေရိကန်ကပေးအပ်နေတဲ့ အကူအညီတွေဟာ လူတွေကို သေစေနိုင်တဲ့ အကူအညီပေးမှုမဟုတ်ဘဲ အသက်တွေကို ကယ်တင်ပေးတဲ့ ထောက်ပံ့မှုတွေဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုအကူအညီတွေကြောင့်…

  • သီပေါရှိ စစ်ကောင်စီတပ်ရင်းတစ်ခုကို TNLAသိမ်းပိုက်ဟု ဒေသခံပြော

    သီပေါရှိ စစ်ကောင်စီတပ်ရင်းတစ်ခုကို TNLAသိမ်းပိုက်ဟု ဒေသခံပြော

    by

    in

    သီပေါရှိ စစ်ကောင်စီတပ်ရင်းတစ်ခုကို TNLAသိမ်းပိုက်ဟု ဒေသခံပြော ဟန်နွေ/People’s Spring တအာင်းတပ်မတော်(TNLA)က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် သီပေါမြို့ရှိ စစ်ကောင်စီ တပ်ရင်း ၃ခုအနက် ခြေမြန်တပ်ရင်း ခမရ(၅၀၃)ကို သိမ်းပိုက်ရရှိထားပြီဟု ကြားသိရကြောင်း သီပေါဒေသခံက ပြောသည်။ သီပေါမြို့အခြေစိုက် ခမရ(၅၀၃) တပ်ရင်းကို TNLA က စက်တင်ဘာ ၂၆ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်နေသည့် ခမရ(၅၀၄)နှင့် ခလရ(၂၃)တွင် တိုက်ပွဲဆက်ဖြစ်နေကြောင်း သတင်းရရှိသည် အဆိုပါသတင်းနှင့်ပတ်သက်ပြီး သီပေါဒေသခံအား ဆက်သွယ်မေးမြန်းရာ”ဟုတ်တယ်လို့တော့ ပြောတယ်ခင်ဗျ။ အရင်ကတည်းက ၅၀၃/၅၀၄ နဲ့ ၂၃ ရင်းသုံးရင်းပဲရှိတာ။ လူအင်အားအများဆုံးက ၂၃ ထဲမှာပါ။ ၂၃ ကျမှပဲ အဆုံးအဖြတ်ဖြစ်မှာ။ အရင်ကတည်းက ၅၀၃၊ ၅၀၄ ထဲမှာ အင်အားသိပ်မရှိဘူး။ သိမ်းသွားတာက ဖြစ်နိုင်ပါတယ်။” ဟု ပြောပြသည်။…

  • ကမ်းထောင်းကြီးမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ULA/AA အဖွဲ့ အယောက် ၆၀ ကျော် သေဆုံးတယ်လို့ သိရ

    ကမ်းထောင်းကြီးမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ULA/AA အဖွဲ့ အယောက် ၆၀ ကျော် သေဆုံးတယ်လို့ သိရ

    by

    in

    ကမ်းထောင်းကြီးမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ULA/AA အဖွဲ့ အယောက် ၆၀ ကျော် သေဆုံးတယ်လို့ သိရ စက်တင်ဘာ ၂၆ – ၂၀၂၄ SS (VOM) ရခိုင်ပြည်နယ်ရှိ ကမ်းထောင်းကြီးမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ အာရက္ခတပ်တော် (AA) အဖွဲ့ အယောက် ၆၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ဝန်းကျင် ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ကမ်းထောင်းကြီးမြို့ဟာ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်မှာ ပါဝင်ပြီး မနေ့ စက်တင်ဘာ ၂၅ ရက်၊ ညနေ ၄ နာရီဝန်းကျင်က ဂျက်လေယာဉ် နှစ်စီးနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်လို့ သိရပါတယ်။ “လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခံရတဲ့နေရာတွေက AA…

  • နိုင်ငံရေး ပြဿနာ ဖြေရှင်းရေး မင်းအောင်လှိုင်၏ ဖိတ်ခေါ်ချက် အရည်မရ အဖတ်မရ ဓာတ်ပြားဟောင်းသာဖြစ်ပြီး စစ်တပ်ကျူးလွန်သော ရာဇဝတ်မှန်သမျှ အရေးယူရေး အပါအဝင် အချက် ၃ ချက်မရဘဲ ဆွေးနွေးစရာမရှိဟု KNU ပြော

    နိုင်ငံရေး ပြဿနာ ဖြေရှင်းရေး မင်းအောင်လှိုင်၏ ဖိတ်ခေါ်ချက် အရည်မရ အဖတ်မရ ဓာတ်ပြားဟောင်းသာဖြစ်ပြီး စစ်တပ်ကျူးလွန်သော ရာဇဝတ်မှန်သမျှ အရေးယူရေး အပါအဝင် အချက် ၃ ချက်မရဘဲ ဆွေးနွေးစရာမရှိဟု KNU ပြော

    by

    in

    နိုင်ငံရေး ပြဿနာ ဖြေရှင်းရေး မင်းအောင်လှိုင်၏ ဖိတ်ခေါ်ချက် အရည်မရ အဖတ်မရ ဓာတ်ပြားဟောင်းသာဖြစ်ပြီး စစ်တပ်ကျူးလွန်သော ရာဇဝတ်မှန်သမျှ အရေးယူရေး အပါအဝင် အချက် ၃ ချက်မရဘဲ ဆွေးနွေးစရာမရှိဟု KNU ပြော ရန်ကုန်၊ စက်တင်ဘာ ၂၇ အကြမ်းဖက် မင်းအောင်လှိုင်၏ နိုင်ငံရေး ပြဿနာ ဖြေရှင်းရေး ဖိတ်ခေါ်ချက် သည် အရည်မရ အဖတ်မရ ဓာတ်ပြားဟောင်းသာဖြစ်ပြီး စစ်တပ်ကျူးလွန်သော ရာဇဝတ်မှန်သမျှ အရေးယူရေး အပါအဝင် အချက် ၃ ချက်မရဘဲ ဆွေးနွေးစရာမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအလုပ် အမှုဆောင်လည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သူ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စက်တင်ဘာလ ၂၆ ရက်နေ့ ည ၈ နာရီအချိန်…

  • ရန်ကုန်နှင့် မန္တလေးတွင် စစ်မှုထမ်း အပတ်စဉ် ၆ အတွက် လူငယ်များကို ဆင့်ခေါ် ခြင်း၊ ငွေကြေးတောင်းခံခြင်းနှင့် ပေါ်တာဆွဲဖမ်းဆီးခြင်းများ ဖြစ်ပွားနေ

    ရန်ကုန်နှင့် မန္တလေးတွင် စစ်မှုထမ်း အပတ်စဉ် ၆ အတွက် လူငယ်များကို ဆင့်ခေါ် ခြင်း၊ ငွေကြေးတောင်းခံခြင်းနှင့် ပေါ်တာဆွဲဖမ်းဆီးခြင်းများ ဖြစ်ပွားနေ

    by

    in

    ရန်ကုန်နှင့် မန္တလေးတွင် စစ်မှုထမ်း အပတ်စဉ် ၆ အတွက် လူငယ်များကို ဆင့်ခေါ် ခြင်း၊ ငွေကြေးတောင်းခံခြင်းနှင့် ပေါ်တာဆွဲဖမ်းဆီးခြင်းများ ဖြစ်ပွားနေ ရန်ကုန်၊ စက်တင်ဘာ ၂၇ ရန်ကုန်နှင့်မန္တလေးတို့တွင် လာမည့် အောက်တိုဘာလဆန်းပိုင်း စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၆ အတွက် လူငယ်များကို ဆင့်ခေါ်ခြင်း၊ ငွေကြေး ခြိမ်းခြောက်တောင်းခံခြင်းနှင့် ပေါ်တာဆွဲ ဖမ်းဆီးမှုများဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ပလရ အပိုင် ရေကြည်အိုင်ရပ်ကွက်တွင် ရာအိမ် မှုး ထွန်းအောင်သည် ရပ်ကွက်တွင်းရှိ အ သက် ၁၈ မှ အသက် ၃၅နှစ် အတွင်း အမျိုးသားများကို အတင်းကျပ်ဖိအားပေး လက်ရေးမူ ရုံးစာဖြင့် ဆင့် ခေါ် ခြိမ်းခြောက်ကာ စစ်မှုထမ်းဖောင်ဖြည့်ခိုင်းနေကြောင်း၊ အချို့သောလူငယ်များမှာ…

  • တိုင်းရင်းသားများနှင့် PDF များ လက်နက်စွန့်ပြီး ပါတီနှင့် ရွေး ကောက်ပွဲလမ်းကြောင်းမှ  နိုင်ငံရေးပြဿနာဖြေရှင်းရန် စစ်ကောင်စီ ၏ ဖိတ်ခေါ်ချက်  ခေါ် ပုံ ခေါ်နည်း လိုနေဟု KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော် တုံ့ပြန်

    တိုင်းရင်းသားများနှင့် PDF များ လက်နက်စွန့်ပြီး ပါတီနှင့် ရွေး ကောက်ပွဲလမ်းကြောင်းမှ နိုင်ငံရေးပြဿနာဖြေရှင်းရန် စစ်ကောင်စီ ၏ ဖိတ်ခေါ်ချက် ခေါ် ပုံ ခေါ်နည်း လိုနေဟု KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော် တုံ့ပြန်

    by

    in

    တိုင်းရင်းသားများနှင့် PDF များ လက်နက်စွန့်ပြီး ပါတီနှင့် ရွေး ကောက်ပွဲလမ်းကြောင်းမှ နိုင်ငံရေးပြဿနာဖြေရှင်းရန် စစ်ကောင်စီ ၏ ဖိတ်ခေါ်ချက် ခေါ် ပုံ ခေါ်နည်း လိုနေဟု KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော် တုံ့ပြန် ရန်ကုန်၊ စက်တင်ဘာ၂၇ အကြမ်းဖက်စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF များအနေဖြင့် လက်နက်စွန့်ပြီး ပါတီလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှ နိုင်ငံရေးပြသနာဖြေရှင်းရန် ဖိတ်ခေါ်ချက်သည် ခေါ်ပုံခေါ်နည်း လိုနေကြောင်း ကချင် KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က လူမှုကွန်ရက်မှတစ် ဆင့် တုံ့ပြန်လိုက်သည်။ စက်တင်ဘာလ ၂၆ ရက်နေ့ ည ၈ နာရီ အချိန် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံ ရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်ဟုဆိုကာ တိုင်း ရင်းသားများနှင့်…

  • အင်းစိန်တွင် စစ်တပ်၏ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူရေး ပါဝင်နေသူ ရာအိမ်မှူး မင်းမင်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး ၊ အင်းစိန်လျှပ်စစ်ရုံးတွင် ပေါက်ကွဲမှုဖြစ်ပွား

    အင်းစိန်တွင် စစ်တပ်၏ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူရေး ပါဝင်နေသူ ရာအိမ်မှူး မင်းမင်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး ၊ အင်းစိန်လျှပ်စစ်ရုံးတွင် ပေါက်ကွဲမှုဖြစ်ပွား

    by

    in

    အင်းစိန်တွင် စစ်တပ်၏ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူရေး ပါဝင်နေသူ ရာအိမ်မှူး မင်းမင်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး ၊ အင်းစိန်လျှပ်စစ်ရုံးတွင် ပေါက်ကွဲမှုဖြစ်ပွား ရန်ကုန်၊ စက်တင်ဘာ ၂၇ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်တွင် စစ်တပ်၏ ရွေး ကောက်ပွဲ အတွက် သန်းခေါင်စာရင်းကောက်ယူရေးတွင် ပါဝင်နေသူ စျေးပိုင်း ရာအိမ်မှူး မင်းမင်းထွန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၂၆ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန် အင်းစိန်မြို့နယ် အောင်ဆန်းစျေးအနီးတွင် ရာအိမ်မှူး မင်းမင်းထွန်းကို ပစ်ခတ်သွားခြင်းဖြစ်ပြီး ပစ် ခတ်မှုကြောင့် အဆိုပါ ရာအိမ်မှူးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး…

  • လက်နက်ကိုင်တိုက်ပွဲအစား နိုင်ငံရေးစကားဝိုင်းစလိုကြောင်း PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို စစ်ကောင်စီတောင်းဆို

    လက်နက်ကိုင်တိုက်ပွဲအစား နိုင်ငံရေးစကားဝိုင်းစလိုကြောင်း PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို စစ်ကောင်စီတောင်းဆို

    by

    in

    လက်နက်ကိုင်တိုက်ပွဲအစား နိုင်ငံရေးစကားဝိုင်းစလိုကြောင်း PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို စစ်ကောင်စီတောင်းဆို —– • လက်နက်စွန့်ပြီး ပါတီထောင်ကာ စစ်တပ်ကြီးကြပ်မည့်ရွေးကောက်ပွဲဝင်ရန် စစ်ကောင်စီအဆိုပြု • PDF ကိုဖိတ်ခေါ်သော်လည်း NUG ကိုချန်လှပ်ထား • အာဏာရှင်ဟောင်းဗိုလ်ချုပ်သန်းရွှေကလည်း ၂၀၁၀ တွင်အလားတူကမ်းလှမ်းမှုများပြုလုပ်ခဲ့ Myanmar Now အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ကိုဆန့်ကျင်တော်လှန်နေကြသည့် PDF များ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများအစား နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပလိုကြောင်း စစ်ကောင်စီက ထိုအဖွဲ့များကို ယနေ့တွင်တောင်းဆိုလိုက်သည်။ စစ်ကောင်စီက ‘နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းမှု” ဟုခေါင်းစဉ်တပ်ပြီး ယနေ့ည မြန်မာစံတော်ချိန် ည ၈ နာရီသတင်းတွင် ထည့်သွင်းကြေညာခဲ့ခြင်းဖြစ်သည်။ ထိုကြေညာချက်တွင်ပါဝင်သည့် စစ်ကောင်စီ၏အဆိုပြုချက်တွင် လက်နက်ကိုင် တော်လှန်နေသူများ အနေဖြင့်လက်နက်စွန့်ပြီး နိုင်ငံရေးပါတီထောင်ကာ ၎င်းတို့ကြီးကြပ်မည့် ရွေးကောက်ပွဲတွင်…

  • မုံရွာ-အရာတော်လမ်းပိုင်းမှာ အကြမ်းဖက်စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ပြီး ဓားစာခံပြည်သူတွေကို ကယ်ထုတ် (ရုပ်/သံ)

    မုံရွာ-အရာတော်လမ်းပိုင်းမှာ အကြမ်းဖက်စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ပြီး ဓားစာခံပြည်သူတွေကို ကယ်ထုတ် (ရုပ်/သံ)

    by

    in

    မုံရွာ-အရာတော်လမ်းပိုင်းမှာ အကြမ်းဖက်စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ပြီး ဓားစာခံပြည်သူတွေကို ကယ်ထုတ် (ရုပ်/သံ) စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းမှာ စက်တင်ဘာ ၄ ရက်ကနေ စက်တင်ဘာ ၉ ရက်အထိ ရက်ရှည်ကင်းပုန်းဝပ်ပြီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ၃ ကြိမ်တိုင် ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ MPDF – DEMO တပ်ခွဲထံက သိရပါတယ်။ ဒါ့အပြင် ပြည်သူကို ဖမ်းဆီးကာ ဓားစာခံလုပ်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို စောင့်ကြိုပြီး ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ လွတ်မြောက်လာတဲ့ ဓားစာခံပြည်သူတွေထံက သိရကြောင်း MPDF – DEMO က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုဘက်က ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို DEMO၊ မုံရွာခရိုင်အမှတ်(၁)တပ်ရင်း၊…