လှိုင်သာယာတွင် ရဲစခန်းထဲ ဖမ်းခံထားရသူကို ရုပ်ရှင်ဆန်ဆန်ကယ်ထုတ်ခဲ့ပြီးနောက် ပြန်လည်ဖမ်းမိသွားခဲ့

by

in

လှိုင်သာယာတွင် ရဲစခန်းထဲ ဖမ်းခံထားရသူကို ရုပ်ရှင်ဆန်ဆန်ကယ်ထုတ်ခဲ့ပြီးနောက် ပြန်လည်ဖမ်းမိသွားခဲ့
AAMIJ / ဇွန် ၂
ယမန်နေ့ည ဇူလိုင်လ ၁ ရက်နေ့ ည ၇ နာရီခွဲခန့်ကလှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ရဲစခန်းထဲတွင် ၅၀(ည)ဖြင့် ဖမ်းဆီးခံထားရတဲ မဇုန်ပွင့်လှိုင်ကို လူတစ်စုမှ ကယ်ထုတ်သွားခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်မှ ဖော်ပြခဲ့ပါတယ်။
မဇွန်ပွင့်လှိုင်ကို ရဲစခန်းမှ လှိုင်သာယာဆေးရုံသို့ အရေးပေါ် ဆေးခန်းပြရန် စစ်တပ်လမ်းကြောင်းဖြင့်ပို့ဆောင်နေချိန် စက်မှုဇုန် ၂၊ မင်းကြီးမဟာမင်းခေါ်
လမ်းထိပ်အရောက် လူ ၂ ဦးမှ သေနတ်ဖြင့် ၄ ချက် ပစ်ခတ်ပြီး မဇွန်ပွင့်လှိုင်ကို ကားဖြင့် ကယ်ထုတ်သွားသည်ဟုစစ်လော်ဘီတွေကဖော်ပြထားပါတယ်။
ပစ်ခတ်မှုကြောင့် အကြမ်းဖက် ဒုရဲအုပ် အမျိုးသား ၁ ဦး သေပြီး ဒုရဲအုပ် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ထို့နောက် မဇုန်ပွင့်လှိုင်ကို ဖမ်းမိပြီဟု စစ်ကောင်စီလော်ဘီချန်နယ်တစ်ခုက ဓာတ်ပုံနှင့်တကွထပ်မံ ဖော်ပြလာပါတယ်။
အခုလို ကြားဖြတ်ပြီး ပစ်ခတ်ကာ လူကယ်တင်တာဟာ ရန်ကုန်မြို့မှာ ပထမဆုံးဖြစ်ပွါးတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
#aamij #Yangon

လှိုင်သာယာတွင် ဒုရဲအုပ်၂ ဦးကို ပစ်ခတ်ပြီး အချုပ်သား ၁ ဦးကို ကယ်ထုတ်သွား

ရန်ကုန်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ ဇူလိုင် ၁ ရက် ည ၇ နာရီက ဒုရဲအုပ် ၂ ယောက်ကို သေနတ်သမားက ပစ်ခတ်ပြီး နိုင်ငံရေးပြစ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတယောက်ကို ကယ်ထုတ်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ည ၇ နာရီက လှိုင်သာယာအရှေ့ပိုင်းရဲစခန်းမှာ နိုင်ငံရေးပြစ်မှုနဲ့ ဖမ်းဆီးထားတဲ့ အမျိုးသမီး တယောက်ကို ဆေးခန်းလာပြစဥ် မင်းကြီးမဟာမင်းခေါင်လမ်းမှာ သေနတ်သမားက ရဲတွေကို ပစ်ခတ်ပြီး ကယ်ထုတ်သွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။

“ရဲတွေဖမ်းထားတဲ့ ကောင်မလေးကို ဆေးခန်းသွားပြတဲ့အချိန် လမ်းတဝက်ကနေ သေနတ်နဲ့ပစ်ပြီး ကယ်ထုတ်သွားတာ။ ဒုရဲအုပ်တယောက်သေတယ်။ ရဲတယောက် ဒဏ်ရာရတယ်။ ညက လှိုင်သာယာမှာ စစ်တပ်က တောနင်းပြီး ဧည့်စာရင်းစစ်ဆေးတယ် မမိဘူး။”

လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ရဲစခန်းမှာ ပုဒ်မ ၅၀(ည) နဲ့ ဖမ်းဆီးထားတဲ့ အမျိုးသမီးတယောက်ကို မြို့နယ်ဆေးရုံမှာ အရေးပေါ်ဆေးခန်းပြဖို့ ဒုရဲအုပ် ၂ ယောက်က လိုက်ပါပို့ဆောင်စဉ် ပစ်ခတ်ခံရတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူက ပြောပါတယ်။

“ရဲစခန်းနဲ့ ဆေးရုံက နီးနီးလေး။ အဲဒီကြားထဲမှာဖြစ်တာ။ ရဲတွေပစ်ခံရတဲ့အချိန် ထွေအုပ်ရုံးထဲမှာ ရှိတဲ့ စစ်တပ်က ဝင်မကူဘဲ ထိုင်ကြည့်နေကြတယ်။ ပစ်တဲ့သူတွေက ကောင်မလေးခေါ်ပြီး ပြေးသွားတဲ့အချိန်မှ စစ်တပ်ရောက်လာတယ်။ အဲဒီချိန် ဒုရဲအုပ်တယောက်သေပြီး တယောက်က အရေးပေါ်ပို့လိုက်ရပြီ။”

ပစ်ခတ်မှုဖြစ်ပြီးနောက် ရန်ကုန်-ညောင်တုန်း လမ်းမကြီးတလျှောက် ကားတွေနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးပြီး ၂ ရပ်ကွက်၊ ၃ ရပ်ကွက်၊ ၅ ရပ်ကွက်၊ ၁၅ ရပ်ကွက်မှာ စစ်တပ်က စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။