Author: admin

  • ကြံခင်းတွင်  ကျေးရွာအုပ်ချုပ်ရေးမှူးက  ဒေသခံလူငယ်များကို ခဏလိုက်ခဲ့ပါဟုပြောဆိုပြီး  စစ်သင်တန်းသို့ပို့

    ကြံခင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံလူငယ်များကို ခဏလိုက်ခဲ့ပါဟုပြောဆိုပြီး စစ်သင်တန်းသို့ပို့

    by

    in

    ကြံခင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံလူငယ်များကို ခဏလိုက်ခဲ့ပါဟုပြောဆိုပြီး စစ်သင်တန်းသို့ပို့ ဧရာဝတီတိုင်းမ် မေ ၈ ရက် ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံလူငယ်များကို ခဏလိုက်ခဲ့ပါဟုပြောဆိုပြီး စစ်မှုထမ်းဆောင်ရန် စစ်သင်တန်းသို့ ပို့ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံလူငယ်များကို ပြည်သူ့စစ်မှုထမ်းဆောင်ရန် ပို့ဆောင်နေသည့် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ကွင်းကြီးအုပ်စုမှ ငကျော် (ခ) ဥဦးကျော်ကျော်ဖြစ်ကြောင်း ဒေသခံများကပြောသည်။ “သူ့မှာ အာဏာရှိတယ်၊ လုပ်ပိုင်ခွင့်ရှိတယ်၊ သူလုပ်ချင်ရင် ဘာဖြစ်ဖြစ် လုပ်လို့ရတယ်လို့ အုပ်စုမှာ အမြဲပြောတယ်။ သူခေါ်လို့ မလိုက်ရင် မိသားစုကိုပါ ခြိမ်းခြောက်တယ်” ဟု ကွင်းကြီးအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။ ကွင်းကြီးအုပ်စုတွင် ကျေးရွာငါးရွာရှိပြီး အဆိုပါ အုပ်ချုပ်ရေးမှူးသည် ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ငွေအမျိုးမျိုးတောင်းယူသည့်အပြင် ငွေထည့်ဝင်သူအချို့ကိုလည်း စစ်မှုထမ်းဆောင်ရန် ထပ်မံခေါ်ယူကြောင်း…

  • ရုရှားသမ္မတပူတင်က တည်ခင်းသည့် ရင်ပြင်နီ အောင်ပွဲ နှစ် ၈၀ ပြည့် ဂုဏ်ပြုကပွဲနှင့်ညစာစားပွဲတွင် မင်းအောင်လှိုင်ကို နိုင်ငံကြီးများ၏ ခေါင်းဆောင်များနှင့် တစ်တန်း မထိုင်ခိုင်းဘဲ နောက်တန်းတွင် နေရာချထား

    ရုရှားသမ္မတပူတင်က တည်ခင်းသည့် ရင်ပြင်နီ အောင်ပွဲ နှစ် ၈၀ ပြည့် ဂုဏ်ပြုကပွဲနှင့်ညစာစားပွဲတွင် မင်းအောင်လှိုင်ကို နိုင်ငံကြီးများ၏ ခေါင်းဆောင်များနှင့် တစ်တန်း မထိုင်ခိုင်းဘဲ နောက်တန်းတွင် နေရာချထား

    by

    in

    ရုရှားသမ္မတပူတင်က တည်ခင်းသည့် ရင်ပြင်နီ အောင်ပွဲ နှစ် ၈၀ ပြည့် ဂုဏ်ပြုကပွဲနှင့်ညစာစားပွဲတွင် မင်းအောင်လှိုင်ကို နိုင်ငံကြီးများ၏ ခေါင်းဆောင်များနှင့် တစ်တန်း မထိုင်ခိုင်းဘဲ နောက်တန်းတွင် နေရာချထား ရန်ကုန်၊ မေ ၉ . ရုရှားသမ္မတပူတင်က တည်ခင်းသည့် ရင်ပြင်နီ အောင်ပွဲ နှစ် ၈၀ ပြည့် ဂုဏ်ပြုကပွဲနှင့်ညစာစားပွဲတွင် မင်းအောင် လှိုင်ကို နိုင်ငံကြီးများ၏ ခေါင်းဆောင်များနှင့် တစ်တန်းမထိုင်ခိုင်းဘဲ နောက်တန်းတွင် နေရာချထားကြောင်း ရုရှားအစိုးရနှင့် စစ်ကောင်စီက ထုတ်ပြန်သော ဓာတ်ပုံ၊ဗီဒီယိုမှတ်များအရ သိရှိရသည်။ ယမန်နေ့ မေလ ၈ ရက်နေ့ ညပိုင်း ရုရှားသမ္မတ ပူတင်က ရုရှားနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်သမ္မတ ရှီကျင့်ပင် အပါအဝင် နိုင်ငံ့ ခေါင်းဆောင်များကို ဂုဏ်ပြု ညစာ…

  • အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီး လင်းနိုင်စိုးနှင့် လက်အောက်ခံများက  စစ်မှုထမ်းတပ်သား သစ် အရောင်း အဝယ်လုပ်ခြင်း၊ အကြမ်းဖက်မှုနှင့် နိုင်ငံရေးမှုများဖြင့်  အမှုဆင်ဖမ်းဆီး ငွေခြိမ်းခြောက်တောင်းမှုများ လုပ်နေ

    အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီး လင်းနိုင်စိုးနှင့် လက်အောက်ခံများက စစ်မှုထမ်းတပ်သား သစ် အရောင်း အဝယ်လုပ်ခြင်း၊ အကြမ်းဖက်မှုနှင့် နိုင်ငံရေးမှုများဖြင့် အမှုဆင်ဖမ်းဆီး ငွေခြိမ်းခြောက်တောင်းမှုများ လုပ်နေ

    by

    in

    အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီး လင်းနိုင်စိုးနှင့် လက်အောက်ခံများက စစ်မှုထမ်းတပ်သား သစ် အရောင်း အဝယ်လုပ်ခြင်း၊ အကြမ်းဖက်မှုနှင့် နိုင်ငံရေးမှုများဖြင့် အမှုဆင်ဖမ်းဆီး ငွေခြိမ်းခြောက်တောင်းမှုများ လုပ်နေ ရန်ကုန်၊ မေ ၉ မန္တလေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး လင်းနိုင်စိုး ဦးဆောင်သော အဖွဲ့က လူစားထိုး စစ်မှုထမ်း တပ်သားသစ်များ အရောင်း အဝယ်လုပ်ခြင်း၊ အကြမ်းဖက်မှုနှင့် နိုင်ငံရေးမှုများဖြင့် အမှုဆင်၍ ငွေ ကြေးချမ်းသာသူများကို ဖမ်းဆီး ငွေခြိမ်းခြောက်တောင်းယူခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ဖမ်းဆီး ငွေကြေးညှစ်ခံရသူတချို့နှင့် စစ်မှုထမ်းအဖြစ် ဖမ်းဆီးငွေညှစ်ခံရသူတချို့ထံမှ သိရှိရသည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း၊ ကလောမြို့ စစ်ဦးစီးတက္ကသိုလ်မှ ဗိုလ်မှူးကြီး လင်းနိုင်စိုး ကို မန္တလေး နန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်…

  • မိတ္ထီလာမြို့နယ်တွင် ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါ်ဝင်းဝင်းအောင်ကို PDF တပ်ဖွဲ့က ဖမ်းဆီးရမိပြီး စစ်ဆေးမှုများ လုပ်ဆောင်နေ

    မိတ္ထီလာမြို့နယ်တွင် ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါ်ဝင်းဝင်းအောင်ကို PDF တပ်ဖွဲ့က ဖမ်းဆီးရမိပြီး စစ်ဆေးမှုများ လုပ်ဆောင်နေ

    by

    in

    မိတ္ထီလာမြို့နယ်တွင် ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါ်ဝင်းဝင်းအောင်ကို PDF တပ်ဖွဲ့က ဖမ်းဆီးရမိပြီး စစ်ဆေးမှုများ လုပ်ဆောင်နေ ရန်ကုန်၊ မေ ၈ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါ်ဝင်းဝင်းအောင်ကို PDF တပ်ဖွဲ့က ဖမ်းဆီးရမိပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း မြင်းခြံခရိုင် အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း နွားထိုးကြီး PDF က ထုတ်ပြန်ထားသည်။ အကြမ်းဖက် စစ်ကောင်စီ၏ ယန္တရားလည်ပတ်စေနိုင်သော လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသည့် မန္တလေးနိုင်ငံခြားရေး ဘာသာတက္ကသိုလ် (စီမံ ၊ ဘဏ္ဌ) ဌာနမူး ဦးအောင်ဆန်း၏ ဇနီးဖြစ်သူ ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက…

  • ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီတပ်က နောင်ချိုကို ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွား

    ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီတပ်က နောင်ချိုကို ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွား

    by

    in

    ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီတပ်က နောင်ချိုကို ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွား ရန်ကုန်၊ မေ ၈ ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်ရပ်ထားသော်လည်း အကြမ်းဖက် စစ်ကောင်စီတပ်က ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ကို ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း TNLA က ထုတ်ပြန်ထားသည်။ မေလ ၇ ရက် နံနက် ၈ နာရီ ၅၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က တအာင်းတပ်မတော် PSLF/TNLA ရှိရာ တောင်လှကျေးရွာအနီးတဝိုက်ကို ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် တအာင်းတပ်မတော်ရှိရာကို ထိုးစစ်ဆင်လာသည့် အတွက် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA…

  • စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များအနက်မှ အခြေခံပညာအထက်တန်းအောင်မြင်သူများကို ဒရုန်းတပ်နှင့် စက်တပ်လေထီးတပ်စုများသို့ ပို့ဆောင်၊ တပ်သားသစ်များကို လက်ရုံးတပ်များ အပါအဝင် နယ်ပယ်အစုံတွင် အသုံးချလာ

    စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များအနက်မှ အခြေခံပညာအထက်တန်းအောင်မြင်သူများကို ဒရုန်းတပ်နှင့် စက်တပ်လေထီးတပ်စုများသို့ ပို့ဆောင်၊ တပ်သားသစ်များကို လက်ရုံးတပ်များ အပါအဝင် နယ်ပယ်အစုံတွင် အသုံးချလာ

    by

    in

    စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များအနက်မှ အခြေခံပညာအထက်တန်းအောင်မြင်သူများကို ဒရုန်းတပ်နှင့် စက်တပ်လေထီးတပ်စုများသို့ ပို့ဆောင်၊ တပ်သားသစ်များကို လက်ရုံးတပ်များ အပါအဝင် နယ်ပယ်အစုံတွင် အသုံးချလာ ရန်ကုန်၊ မေ ၈ အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များအနက်မှ အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီးမြောက်ထားသူများကို ဒရုန်းတပ်နှင့် စက်တပ်လေထီး ပစ်ခတ်သည့် တပ်စုများသို့ ပို့ဆောင်လျက်ရှိကြောင်း အဆိုပါတပ်စုများသို့ ပို့ဆောင်ခံရသည့် စစ်မှုထမ်းတပ်သားတချို့၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းတပ်သားများအဖြစ် လစဉ် စုဆောင်းလျက်ရှိရာတွင် အရွယ်ပေါင်းစုံကို အတင်းအကျပ် ပေါ်တာဆွဲခြင်း၊ ဆင့်ခေါ်ခြင်း လုပ်ဆောင်လျက်ရှိပြီး ယင်းစုဆောင်းခံရသည့် လူငယ်များအနက်မှ အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီးသော စစ်မှု ထမ်းသင်တန်းဆင်း တပ်သားသစ်တချို့ကို…

  • ဒုစစ်ခေါင်းဆောင် ပြင်ဦးလွင်ရောက်ရှိ၊ အနီးစခန်းလေဆိပ် အကြီးစားပြင်ဆင်နေ

    ဒုစစ်ခေါင်းဆောင် ပြင်ဦးလွင်ရောက်ရှိ၊ အနီးစခန်းလေဆိပ် အကြီးစားပြင်ဆင်နေ

    by

    in

    စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြင်ဦးလွင်ကို ရောက်ရှိနေပြီး အနီးစခန်းလေဆိပ် အကြီးစားပြင်ဆင်မှု လုပ်ငန်းတွေကို ကွပ်ကဲဖို့ဖြစ်နိုင်တယ်လို့ ဒေသ PDF တွေက ပြောပါတယ်။ မေ ၇ ရက် ညနေပိုင်းမှာ စစ်ကောင်စီဒုတိယခေါင်းဆောင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြင်ဦးလွင်ကို ရောက်ရှိလာတယ်လို့ မန္တလေးဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ခရီးစဉ်ရည်ရွယ်ချက်ကို အသေးစိတ်မသိရပေမဲ့ ပြင်ဦးလွင်၊ အနီးစခန်းလေဆိပ်မှာ ပြုလုပ်နေတဲ့ အကြီးစားပြင်ဆင်မှုတွေကို ကွပ်ကဲဖို့နဲ့ စစ်တက္ကသိုလ်တွေကို ဗျူဟာတကျကွပ်ကဲဖို့ ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက မှတ်ချက်ပေးပါတယ်။ မတ္တရာ PDF တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဦးတိုးက “ပြင်ဦးလွင်ကို မနေ့ကညနေ ၃ နာရီကျော်ကျော်လောက်မှာ စိုးဝင်းရောက်နေတယ်။ နောက် မအလ ဆက်ရောက်ဖို့ရှိတယ်။ ဘယ်နေ့ရောက်မလဲမသိဘူး။ ရုရှားအပြန်မှ ရောက်မလားတော့ မသိဘူး။ ပြင်ဦးလွင်ကို ဘာလုပ်ဖို့လာလဲဆိုတော့ အဲဒီဟာကို…

  • ကျုံဒိုးမြို့သို့ ဝင်ရောက်လာသော  စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ခမရ ၄၃၂ တပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးမင်းထက် အပါအဝင် စစ်သား ၃၀ ခန့်သေဆုံး

    ကျုံဒိုးမြို့သို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ခမရ ၄၃၂ တပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးမင်းထက် အပါအဝင် စစ်သား ၃၀ ခန့်သေဆုံး

    by

    in

    ကျုံဒိုးမြို့သို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ခမရ ၄၃၂ တပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးမင်းထက် အပါအဝင် စစ်သား ၃၀ ခန့်သေဆုံး ရန်ကုန်၊ မေ ၈ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာအနီးသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ခမရ ၄၃၂ မှ ဒုတပ်ရင်းမှူးအပါအဝင် စစ်သား ၃၀ ခန့်သေဆုံးခဲ့ကြောင်း Mon Liberation Army – MLA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ ဧပြီလ ၃၀ ရက်နေ့ နံနက် ၇ နာရီခန့်အချိန်မှစတင်၍ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာအနီးသို့ အင်အား ၅၀ ခန့် ဖြင့်…

  • ကျောက်ဆည်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ ငလျင် လှုပ်ခတ်မှု ကျောက်ဆည်၊ မြစ်သားနှင့်စစ်ကိုင်းမြို့နယ်တို့တွင် သိသိသာသာ ခံစားသိရှိရ

    ကျောက်ဆည်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ ငလျင် လှုပ်ခတ်မှု ကျောက်ဆည်၊ မြစ်သားနှင့်စစ်ကိုင်းမြို့နယ်တို့တွင် သိသိသာသာ ခံစားသိရှိရ

    by

    in

    ကျောက်ဆည်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ ငလျင် လှုပ်ခတ်မှု ကျောက်ဆည်၊ မြစ်သားနှင့်စစ်ကိုင်းမြို့နယ်တို့တွင် သိသိသာသာ ခံစားသိရှိရ ရန်ကုန်၊ မေ ၈ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီးကို ဗဟိုပြု၍ ယနေ့ မွန်းလွဲပိုင်း ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ ကျောက်ဆည်၊ မြစ်သားနှင့်စစ်ကိုင်းမြို့နယ်တို့တွင် သိသိသာသာ ခံစားသိရှိရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မေလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၉ မိနစ်အချိန် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ အရှေ့တောင်ဘက် ၉ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ…

  • ရခိုင်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦးကို စစ်တပ်က MNA လေယာဉ် လွှတ်၍ သွားပြန်ခေါ်

    ရခိုင်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦးကို စစ်တပ်က MNA လေယာဉ် လွှတ်၍ သွားပြန်ခေါ်

    by

    in

    ရခိုင်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦးကို စစ်တပ်က MNA လေယာဉ် လွှတ်၍ သွားပြန်ခေါ် ရန်ကုန်၊ မေ ၈ ရခိုင်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက သတင်းထုတ်ပြန်သည်။ မေလ ၇ ရက်နေ့ အဆိုပါ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦးကို MNA လေယာဉ်ဖြင့် မြန်မာစစ်တပ်က သွား ရောက် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ရခိုင်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သူများ ဖြစ်ကြောင်း သိရှိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော မြန်မာနိုင်ငံသား ၆…