Author: admin
-
မိတ္ထီလာမြို့နယ်တွင် ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါ်ဝင်းဝင်းအောင်ကို PDF တပ်ဖွဲ့က ဖမ်းဆီးရမိပြီး စစ်ဆေးမှုများ လုပ်ဆောင်နေ
မိတ္ထီလာမြို့နယ်တွင် ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါ်ဝင်းဝင်းအောင်ကို PDF တပ်ဖွဲ့က ဖမ်းဆီးရမိပြီး စစ်ဆေးမှုများ လုပ်ဆောင်နေ ရန်ကုန်၊ မေ ၈ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါ်ဝင်းဝင်းအောင်ကို PDF တပ်ဖွဲ့က ဖမ်းဆီးရမိပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း မြင်းခြံခရိုင် အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း နွားထိုးကြီး PDF က ထုတ်ပြန်ထားသည်။ အကြမ်းဖက် စစ်ကောင်စီ၏ ယန္တရားလည်ပတ်စေနိုင်သော လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသည့် မန္တလေးနိုင်ငံခြားရေး ဘာသာတက္ကသိုလ် (စီမံ ၊ ဘဏ္ဌ) ဌာနမူး ဦးအောင်ဆန်း၏ ဇနီးဖြစ်သူ ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက…
-
ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီတပ်က နောင်ချိုကို ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွား
ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီတပ်က နောင်ချိုကို ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွား ရန်ကုန်၊ မေ ၈ ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်ရပ်ထားသော်လည်း အကြမ်းဖက် စစ်ကောင်စီတပ်က ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ကို ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း TNLA က ထုတ်ပြန်ထားသည်။ မေလ ၇ ရက် နံနက် ၈ နာရီ ၅၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က တအာင်းတပ်မတော် PSLF/TNLA ရှိရာ တောင်လှကျေးရွာအနီးတဝိုက်ကို ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် တအာင်းတပ်မတော်ရှိရာကို ထိုးစစ်ဆင်လာသည့် အတွက် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA…
-
စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များအနက်မှ အခြေခံပညာအထက်တန်းအောင်မြင်သူများကို ဒရုန်းတပ်နှင့် စက်တပ်လေထီးတပ်စုများသို့ ပို့ဆောင်၊ တပ်သားသစ်များကို လက်ရုံးတပ်များ အပါအဝင် နယ်ပယ်အစုံတွင် အသုံးချလာ
စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များအနက်မှ အခြေခံပညာအထက်တန်းအောင်မြင်သူများကို ဒရုန်းတပ်နှင့် စက်တပ်လေထီးတပ်စုများသို့ ပို့ဆောင်၊ တပ်သားသစ်များကို လက်ရုံးတပ်များ အပါအဝင် နယ်ပယ်အစုံတွင် အသုံးချလာ ရန်ကုန်၊ မေ ၈ အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များအနက်မှ အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီးမြောက်ထားသူများကို ဒရုန်းတပ်နှင့် စက်တပ်လေထီး ပစ်ခတ်သည့် တပ်စုများသို့ ပို့ဆောင်လျက်ရှိကြောင်း အဆိုပါတပ်စုများသို့ ပို့ဆောင်ခံရသည့် စစ်မှုထမ်းတပ်သားတချို့၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းတပ်သားများအဖြစ် လစဉ် စုဆောင်းလျက်ရှိရာတွင် အရွယ်ပေါင်းစုံကို အတင်းအကျပ် ပေါ်တာဆွဲခြင်း၊ ဆင့်ခေါ်ခြင်း လုပ်ဆောင်လျက်ရှိပြီး ယင်းစုဆောင်းခံရသည့် လူငယ်များအနက်မှ အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီးသော စစ်မှု ထမ်းသင်တန်းဆင်း တပ်သားသစ်တချို့ကို…
-
ဒုစစ်ခေါင်းဆောင် ပြင်ဦးလွင်ရောက်ရှိ၊ အနီးစခန်းလေဆိပ် အကြီးစားပြင်ဆင်နေ
စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြင်ဦးလွင်ကို ရောက်ရှိနေပြီး အနီးစခန်းလေဆိပ် အကြီးစားပြင်ဆင်မှု လုပ်ငန်းတွေကို ကွပ်ကဲဖို့ဖြစ်နိုင်တယ်လို့ ဒေသ PDF တွေက ပြောပါတယ်။ မေ ၇ ရက် ညနေပိုင်းမှာ စစ်ကောင်စီဒုတိယခေါင်းဆောင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြင်ဦးလွင်ကို ရောက်ရှိလာတယ်လို့ မန္တလေးဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ခရီးစဉ်ရည်ရွယ်ချက်ကို အသေးစိတ်မသိရပေမဲ့ ပြင်ဦးလွင်၊ အနီးစခန်းလေဆိပ်မှာ ပြုလုပ်နေတဲ့ အကြီးစားပြင်ဆင်မှုတွေကို ကွပ်ကဲဖို့နဲ့ စစ်တက္ကသိုလ်တွေကို ဗျူဟာတကျကွပ်ကဲဖို့ ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက မှတ်ချက်ပေးပါတယ်။ မတ္တရာ PDF တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဦးတိုးက “ပြင်ဦးလွင်ကို မနေ့ကညနေ ၃ နာရီကျော်ကျော်လောက်မှာ စိုးဝင်းရောက်နေတယ်။ နောက် မအလ ဆက်ရောက်ဖို့ရှိတယ်။ ဘယ်နေ့ရောက်မလဲမသိဘူး။ ရုရှားအပြန်မှ ရောက်မလားတော့ မသိဘူး။ ပြင်ဦးလွင်ကို ဘာလုပ်ဖို့လာလဲဆိုတော့ အဲဒီဟာကို…
-
ကျုံဒိုးမြို့သို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ခမရ ၄၃၂ တပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးမင်းထက် အပါအဝင် စစ်သား ၃၀ ခန့်သေဆုံး
ကျုံဒိုးမြို့သို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ခမရ ၄၃၂ တပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးမင်းထက် အပါအဝင် စစ်သား ၃၀ ခန့်သေဆုံး ရန်ကုန်၊ မေ ၈ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာအနီးသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ခမရ ၄၃၂ မှ ဒုတပ်ရင်းမှူးအပါအဝင် စစ်သား ၃၀ ခန့်သေဆုံးခဲ့ကြောင်း Mon Liberation Army – MLA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ ဧပြီလ ၃၀ ရက်နေ့ နံနက် ၇ နာရီခန့်အချိန်မှစတင်၍ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာအနီးသို့ အင်အား ၅၀ ခန့် ဖြင့်…
-
ကျောက်ဆည်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ ငလျင် လှုပ်ခတ်မှု ကျောက်ဆည်၊ မြစ်သားနှင့်စစ်ကိုင်းမြို့နယ်တို့တွင် သိသိသာသာ ခံစားသိရှိရ
ကျောက်ဆည်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ ငလျင် လှုပ်ခတ်မှု ကျောက်ဆည်၊ မြစ်သားနှင့်စစ်ကိုင်းမြို့နယ်တို့တွင် သိသိသာသာ ခံစားသိရှိရ ရန်ကုန်၊ မေ ၈ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီးကို ဗဟိုပြု၍ ယနေ့ မွန်းလွဲပိုင်း ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ ကျောက်ဆည်၊ မြစ်သားနှင့်စစ်ကိုင်းမြို့နယ်တို့တွင် သိသိသာသာ ခံစားသိရှိရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မေလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၉ မိနစ်အချိန် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ အရှေ့တောင်ဘက် ၉ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ…
-
ရခိုင်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦးကို စစ်တပ်က MNA လေယာဉ် လွှတ်၍ သွားပြန်ခေါ်
ရခိုင်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦးကို စစ်တပ်က MNA လေယာဉ် လွှတ်၍ သွားပြန်ခေါ် ရန်ကုန်၊ မေ ၈ ရခိုင်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက သတင်းထုတ်ပြန်သည်။ မေလ ၇ ရက်နေ့ အဆိုပါ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦးကို MNA လေယာဉ်ဖြင့် မြန်မာစစ်တပ်က သွား ရောက် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ရခိုင်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သူများ ဖြစ်ကြောင်း သိရှိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော မြန်မာနိုင်ငံသား ၆…
-
မင်းအောင်လှိုင် ရုရှား ရောက်ရှိချိန် ယူကရိန်းက ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို တာဝေးပစ်ဒရုန်းများဖြင့် တတိယနေ့ အဖြစ် ဆက်လက်တိုက်ခိုက်၊ မော်စကိုလေဆိပ်တွင် လေကြောင်းခရီးစဉ် ၂၄၀ ကျော် ဖျက်သိမ်းရွှေ့ဆိုင်း
မင်းအောင်လှိုင် ရုရှား ရောက်ရှိချိန် ယူကရိန်းက ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို တာဝေးပစ်ဒရုန်းများဖြင့် တတိယနေ့ အဖြစ် ဆက်လက်တိုက်ခိုက်၊ မော်စကိုလေဆိပ်တွင် လေကြောင်းခရီးစဉ် ၂၄၀ ကျော် ဖျက်သိမ်းရွှေ့ဆိုင်း ရန်ကုန်၊ မေ ၈ မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ရုရှားကကြိုဆိုပုံ ဘယ်လိုကွာလဲ ————– နက်ဖန်မှာပြု လုပ်မယ့် ရုရှားနိုင်ငံရဲ့ ဒုတိယကမ္ဘာစစ် အောင်ပွဲအခမ်းအနားတက်ရောက်ဖို့နဲ့ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်သမ္မတရှီကျင့်ဖျင်က မနေ့ညက မော်စကိုမြို့ကို ရောက်လာခဲ့ပါတယ်။ ဒီခရီးစဥ်မှာ တရုတ်နဲ့ ရုရှားတို့ နှစ်ဖက်သဘောတူညီမှုဆိုင်ရာ စာချုပ်တွေလည်း ရေးထိုးမယ်လို့သိရပါတယ်။ အလားတူဒီအခမ်းအနားကို တက်ရောက်ဖို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်လည်း မနေ့ညက မော်စကိုမြို့ကို ရောက်ရှိခဲ့ပါတယ်။ ရုရှားနိုင်ငံရဲ့ ဒုတိယကမ္ဘာစစ် အောင်ပွဲ စစ်ရေးပြအခမ်းအနားကို မြို့တော် မော်စကိုက ရင်ပြင်နီမှာ…
-
လားရှိုးနှင့် ရမခဌာနချုပ်တွင် လက်နက်ချ အညံ့ခံခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သေဆုံးပျောက်ဆုံး အရာရှိ၊ စစ်သည်များ၏ ကျန်ရစ်သူ ဇနီးများနှင့် မိသားစုများအားလုံးကို စစ်ကောင်စီက ခံစားခွင့်နှင့်လစာထုတ်ပေးမှုများ ရပ်ဆိုင်း
လားရှိုးနှင့် ရမခဌာနချုပ်တွင် လက်နက်ချ အညံ့ခံခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သေဆုံးပျောက်ဆုံး အရာရှိ၊ စစ်သည်များ၏ ကျန်ရစ်သူ ဇနီးများနှင့် မိသားစုများအားလုံးကို စစ်ကောင်စီက ခံစားခွင့်နှင့်လစာထုတ်ပေးမှုများ ရပ်ဆိုင်း ရန်ကုန်၊ မေ ၈ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်စဉ် လက် နက်ချ အညံ့ခံခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အလောင်းမရရှိဘဲ သေဆုံးနှင့် ပျောက်ဆုံး စာရင်းဝင်ထားသော အရာရှိ၊ စစ်သည်များ၏ ကျန်ရစ်သူဇနီးများနှင့် မိသားစုဝင်များအားလုံးကို စစ်ကောင်စီက ခံစားခွင့်နှင့် လစာ ထုတ်ပေးမှုများ ရပ်ဆိုင်းထားကြောင်း သိရှိရသည်။ ကိုးကန့် MNDAA က ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် လားရှိုးမြို့နှင့် ရမခကို MNDAA က…
-
AA နှင့် ဆက်ဆံရေးအပေါ် စစ်ကောင်စီ ကန့်ကွက်မှု ဘင်္ဂလားဒေ့ရှ်အစိုးရ၊ အမျိုးသားလုံခြုံရေးအကြံပေး ပယ်ချ
AA နှင့် ဆက်ဆံရေးအပေါ် စစ်ကောင်စီ ကန့်ကွက်မှု ဘင်္ဂလားဒေ့ရှ်အစိုးရ၊ အမျိုးသားလုံခြုံရေးအကြံပေး ပယ်ချ ရန်ကုန်၊ မေ ၈ အာရက္ခတပ်တော် AA နှင့် ဆက်သွယ်ဆောင်ရွက်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာဏာသိမ်း စစ်ကောင်စီက ကန့်ကွက်မှုအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်ပယ်ချလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ မီဒီယာများက ဖော်ပြသည်။ နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ရန် လိုအပ်ကြောင်း ယူဆလျှင် မည်သည့်အဖွဲ့နှင့်မဆို ချိတ်ဆက် ဆောင်ရွက်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေး အကြံပေး ခါလီလာရာမန်က မေလ ၆ ရက်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ လက်ရှိကြားဖြတ်အစိုးရအဖွဲ့သည် နယ်စပ်ဒေသများတွင် အာရက္ခတပ်တော် AA နှင့် ထိတွေ့ဆက်ဆံမှုများကို အာဏာသိမ်း စစ်ကောင်စီက ကန့်ကွက်ထားကြောင်းလည်း သိရသည်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေး အကြံပေး…