Author: admin
-
ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ကာကင်းစခန်း ၅ ခုကို သိမ်းပိုက်ရရှိကာ တပ်ရင်းမှူးနှင့်အဖွဲ့ကို အရှင်ဖမ်းမိ၊ ဖားကန့်ကို ထိုးစစ်ဆင်နေသော စစ်တပ် စစ်ကြောင်းများ သေဆုံးမှုများပြား
ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ကာကင်းစခန်း ၅ ခုကို သိမ်းပိုက်ရရှိကာ တပ်ရင်းမှူးနှင့်အဖွဲ့ကို အရှင်ဖမ်းမိ၊ ဖားကန့်ကို ထိုးစစ်ဆင်နေသော စစ်တပ် စစ်ကြောင်းများ သေဆုံးမှုများပြား ရန်ကုန်၊ ဧပြီ ၂၇ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ယမန်နေ့ ဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ ကာကင်းစခန်း ၅ ခုကို ထပ်မံ သိမ်းပိုက်ရရှိကာ စစ်တပ်၏ တပ်ရင်းမှူးနှင့်အဖွဲ့ကို အရှင်ဖမ်းဆီးရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၂၅ ရက်နေ့မှစတင်၍ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ပြန်လည်ပြင်းထန်လာခဲ့ပြီး KIA၊ KPDF တပ်များက ထိုးစစ်ကို အရှိန်မြှင့်တင်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း စကခ ၂၁ ၏ ကာကင်းစခန်း ၅ ခုကို သိမ်းပိုက်ရရှိပြီး စစ်တပ်တပ်ရင်းမှူးနှင့်အဖွဲ့ကိုလည်း အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။ “စကခ…
-
မန္တလေး၊ စစ်ကိုင်းနှင့် ကျောက်ဆည်တို့တွင် ယနေ့ညပိုင်း ငလျင်သိသိသာသာလှုပ်ခတ်ပြီး ပြည်သူအများစု ခံစားသိရှိရ
မန္တလေး၊ စစ်ကိုင်းနှင့် ကျောက်ဆည်တို့တွင် ယနေ့ညပိုင်း ငလျင်သိသိသာသာလှုပ်ခတ်ပြီး ပြည်သူအများစု ခံစားသိရှိရ ရန်ကုန်၊ ဧပြီ ၂၆ မန္တလေး၊ စစ်ကိုင်းနှင့် ကျောက်ဆည်တို့တွင် ယနေ့ညပိုင်း ငလျင်သိသိသာသာလှုပ်ခတ်ပြီး ပြည်သူအများစု ခံစားသိရှိရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၂၆ ရက်နေ့ ည ၈ နာရီ ၅၃ မိနစ်အချိန် မန္တလေး၊ စစ်ကိုင်းနှင့် ကျောက်ဆည်တို့တွင် ငလျင် သိသိသာသာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ငလျင်လှုပ်ရှားမှုမှာ စက္ကန့်ပိုင်းသာ ကြာမြင့်သော်လည်း လှုပ်ခတ်မှုနှင့် ယိမ်းထိုးမှုကို သိသာစွာခံစားရကြောင်း ပြည်သူများက ဆိုကြသည်။ “ငလျင်က လှုပ်တဲ့အချိန် အရာ၀တ္တု ပစ္စည်းတွေပါ ရိုက်သံတွေ ထွက်တာ။ အော်သံနဲ့ လာလှုပ်သလို ခံစားရတာ” ဟု မန္တလေးဒေသပြည်သူတစ်ဦးက ဆိုသည်။…
-
စစ်ကောင်စီ လက်နက်စက်ရုံ ကပစ- ၁၃ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်၊ ၅ ယောက်သေ၊ ၇ ယောက် ဒဏ်ရာရ (ရုပ်/သံ)
စစ်ကောင်စီ လက်နက်စက်ရုံ ကပစ- ၁၃ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်၊ ၅ ယောက်သေ၊ ၇ ယောက် ဒဏ်ရာရ (ရုပ်/သံ) ဧပြီ ၂၆၊ ၂၀၂၅ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ- ၁၃ ကို ဧပြီ ၂၅ ရက် ညပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Brave Warriors for Myanmar မှ သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် ကပစ ၁၃ စက်ရုံထဲက Primer Workshop…
-
နေပြည်တော် တည်ဆောက်ခဲ့သည့် ကုမ္ပဏီများ စစ်ကောင်စီကို ဆက်သွယ်ရန်ထုတ်ပြန်
နေပြည်တော် တည်ဆောက်ခဲ့သည့် ကုမ္ပဏီများ စစ်ကောင်စီကို ဆက်သွယ်ရန်ထုတ်ပြန် ဧပြီ-၂၆၊၂၀၂၅။ဇော်ရမ်း၊ရဲခေါင်/People’s Spring စစ်ကိုင်းငလျင်ကြောင့် အကြီးအကျယ်ပျက်စီးသွားသည့် နေပြည်တော်၏ထိခိုက်ပျက်စီးမှုများကို ဖုံးကွယ်ထားသည့်စစ်ကောင်စီက နေပြည် တော်တည်ဆောက်ရေးတွင်ပါဝင်ခဲ့သည့်ကုမ္ပဏီများကို စည်ပင်သာယာရေးကော်မတီထံ ဆက်သွယ်ရန် ကြေညာချက်ထုတ်ပြန်သည်။ နေပြည်တော်တည်ဆောက်ရေးအထူးဖွံ့ဖြိုးရေးစီမံကိန်းတွင် ပါဝင်သည့် ရုံး/ဌာန အဆောက်အဦများ၊ အထူးအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများအပါ အဝင် အခြားအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများတွင် တည်ဆောက်ခဲ့သည့် ကုမ္ပဏီများအနေဖြင့်နေပြည်တော်စည်ပင်သာယာရေး ကော်မတီသို့ ဆက်သွယ်ရန် ဧပြီလ၂၆ရက်ထုတ် စစ်ကောာင်စီဝါဒဖြန့်ချိရေးသတင်းစာများတွင် ဖော်ပြထားသည်။ ထို့အတူ အခြားအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများတွင် တည်ဆောက်ခဲ့သည့် ကုမ္ပဏီများလည်းပါဝင်သည်ဟုဆိုသည်။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင် ဂျင်နီယာဌာန၊ဌာနမှူးဦးဇော်ထွန်းနှင့် ဒုတိယဌာနမှူးဒေါ်ချယ်ရီလှမောင်ကိုဆက်သွယ်ရမည်ဟုဆို သည်။ “ဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေ ဆက်သွယ်ဖို့ ကနဦး ညွှန်ကြားတာပါ။ဒီအဆင့်ပဲ သိရပါတယ်။ပါဝင်ခဲ့တယ်ဆိုရင် ရုံးကိုသော်လည်းကောင်း ဆက်သွယ်ဖို့ ဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကနေတဆင့်အကြောင်း ကြားလို့ရမှာပါ”ဟု…
-
■Breaking News PDFများက တပ်မ(၃၃)၏ စစ်ကြောင်းပြုတ်အောင်ထပ်မံတိုက်ခိုက် ■ကနဦးသတင်းအရ အနည်းဆုံးစစ်သား ၂၄ ဦးသေ ၊လက်နက် ၂၀ ရရှိ
■Breaking News PDFများက တပ်မ(၃၃)၏ စစ်ကြောင်းပြုတ်အောင်ထပ်မံတိုက်ခိုက် ■ကနဦးသတင်းအရ အနည်းဆုံးစစ်သား ၂၄ ဦးသေ ၊လက်နက် ၂၀ ရရှိ ဧပြီ၂၆၊၂၀၂၅။ရဲခေါင်၊မေ/People’s Spring စစ်ကိုင်းမြို့နယ် ၊မြောက်ခြမ်းကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) ၏ စစ်ကြောင်းတစ်ခုလုံး ပြုတ်သည်အထိတိုက်ခိုက်ခံရပြန်ပြီး ၂၀ ထက်မနည်းသေဆုံးကာလက်နက် ၂၀ကျော်ရရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ယမန်နေ့(ဧပြီ ၂၅ရက်)က စစ်ကိုင်းမြို့နယ်မြောက်ဘက်ခြမ်း၌ စစ်ကြောင်းထိုးနေသည့် စစ်ကောင် စီ၏ တပ်မ(၃၃)မှ စစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။ ဧပြီ ၂၄ ရက်က စစ်ကိုင်းမြို့နယ်မြောက်ဘက်ရှိ စကျင်ကျေးရွာထိပ်သို့ စစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)မှအင်အား ၆၀ ခန့်ပါသောစစ်သားများသည် Faw ကားသုံးစီးဖြင့် ဝင်ရောက်လာခဲ့သည်။ ထိုနေ့ညပိုင်းတွင် စစ်ကိုင်းမြို့နယ် ၊…
-
ညောင်ကျိုးတွင် စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်နေပြီး ညောင်ခြေထောက်ဘက်မှာပါ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေ
ညောင်ကျိုးတွင် စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်နေပြီး ညောင်ခြေထောက်ဘက်မှာပါ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေ ဧရာဝတီတိုင်းမ် ဧပြီ ၂၅ ရက် အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ညောင်ကျိုးစခန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်နေကြောင်း သိရသည်။ ညောင်ကျိုးစခန်းအနီးသိုံ ပြီးခဲ့သည့်ရက်ပိုင်း ဧပြီ ၂၃ ရက်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် AA တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “ဆင်လန်ရွာနားမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲမတိုင်ခင်နေ့ကတည်းက စစ်တပ်ဘက်ကနေ အင်အားစုဖွဲ့ပြီး ညောင်ကျိုးကို ချီတက်လာတာ။ ကျွံထွက်လာတဲ့ စစ်ကြောင်းနဲ့ AA တို့ တိုက်ပွဲဖြစ်တာ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က ညောင်ကျိုးစခန်းကို AA ကသိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီက စခန်းပြန်လည်ရရှိစေရေးအတွက်…
-
ဆင်ပေါင်ဝဲရှိ စစ်တပ်၏ ကပစ ၁၃ ကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စက်ရုံများ ထိမှန်ခဲ့ပြီး ထိခိုက်မှု အများအပြားရှိ
ဆင်ပေါင်ဝဲရှိ စစ်တပ်၏ ကပစ ၁၃ ကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စက်ရုံများ ထိမှန်ခဲ့ပြီး ထိခိုက်မှု အများအပြားရှိ ရန်ကုန်၊ ဧပြီ ၂၆ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၁၃ ကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စက်ရုံများ ထိမှန်ခဲ့ပြီး ထိခိုက်မှု အများအပြားရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၂၅ ရက်နေ့ ည ၁၂ နာရီခန့်တွင်…
-
ဘိလပ်မြေတစ်အိတ်လျှင် စျေးကွက်ပေါက်စျေး ငွေကျပ် ၄၀၀၀၀ ကျော်သွားချိန် ဒုစစ်ခေါင်းဆောင် စိုးဝင်းက တစ်အိတ်လျှင် ၁၇၀၀၀ ဖြင့် ရောင်းရန် စျေးနှုန်းသတ်မှတ်အမိန့်ပေး 🟥 ဘိလပ်မြေများ အမြတ်တင် ရောင်းချမှုဖြင့် ဆိုင် ၆၂ ဆိုင်နှင့်ပိုင်ရှင် ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီး
ဘိလပ်မြေတစ်အိတ်လျှင် စျေးကွက်ပေါက်စျေး ငွေကျပ် ၄၀၀၀၀ ကျော်သွားချိန် ဒုစစ်ခေါင်းဆောင် စိုးဝင်းက တစ်အိတ်လျှင် ၁၇၀၀၀ ဖြင့် ရောင်းရန် စျေးနှုန်းသတ်မှတ်အမိန့်ပေး 🟥 ဘိလပ်မြေများ အမြတ်တင် ရောင်းချမှုဖြင့် ဆိုင် ၆၂ ဆိုင်နှင့်ပိုင်ရှင် ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီး ရန်ကုန်၊ ဧပြီ ၂၆ မြန်မာနိုင်ငံတွင် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုကြောင့် အဆောက်အအုံပြိုကျပျက်စီးမှုများပြားချိန် ဘိလပ်မြေ တစ်အိတ်လျှင် စျေးကွက်ပေါက်စျေး ၄၀၀၀၀ ကျော်သွားသော်လည်း စစ်ကောင်စီ၏ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဘိလပ်မြေတစ်အိတ်လျှင် ငွေကျပ် ၁၇၀၀၀ ဖြင့် ရောင်းချရမည်ဟု စျေးနှုန်းသတ်မှတ်လိုက်သည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် အမျိုးသားသဘာ၀ဘေးစီမံခန့်ခွဲရေးအစည်းအဝေးတွင် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက အထက်ပါအတိုင်း စျေးနှုန်းသတ်မှတ်လိုက်ခြင်းဖြစ်သည်။ စိုးဝင်းက ဘိလပ်မြေတစ်အိတ်လျှင်…
-
ဗန်းမော်တိုက်ပွဲ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို KIAထပ်မံသိမ်း
ဗန်းမော်တိုက်ပွဲ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို KIAထပ်မံသိမ်း ဧပြီ-၂၅၊၂၀၂၅။ထားမြတ်/People’s Spring ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်စွဲရာနေရာအချို့ကိုကချင်လွတ် လပ်ရေးတပ်မတော်(KIA) ဦးဆောင်သောပူး ပေါင်းတပ်ဖွဲ့က ဧပြီ ၂၅ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ပြီးထပ်မံသိမ်းနိုင်ခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ KIA က ဧပြီ ၂ရက်မှ ၂၂ရက်အထိ ယာယီအပစ်ရပ်ခဲ့ပြီးနောက် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကိုဧပြီလ ၂၅ရက်တွင် ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ အ မှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ၂၁) အပါအဝင် ဗန်းမော်ရှိ လက်ကျန်တပ်စခန်းအား လုံးကို တပြိုင်းတည်း တိုက်ခိုက်နေခြင်းဖြစ်သည်။ “ဒီမနက် မြို့တွင်း တချို့နေရာတွေ ရထားတာရှိတယ်။ အခြေအနေကောင်းတယ်။”ဟု စစ်ရေးသတင်းရင်းမြစ်ကပြောကြားသည်။သို့သော်သိမ်းပိုက်နိုင်ခဲ့သောစခန်းများနှင့်ပတ်သက်သောအသေးစိပ်အချက်အလက်များကိုမူမသိရသေးပေ။ စစ်ကောင်စီကလည်း လေကြောင်းမှဗုံးကြဲ၍ အပြင်းအထန်ခုခံလျက်ရှိရာ ဧပြီ ၂၅ ရက်တစ်ရက်တည်းလေကြောင်းမ ဗုံး ၁၃ ကြိမ်ထက်မနည်းကြဲခဲ့ကြောင်း၎င်းကပြောသည်။ “အခုပြောနေရင်းမြစ်ကြီးနားဖိုက်တာတစ်စီးလာကြဲသွားပြီ”ဟုစစ်ရေးသတင်းရင်းမြစ်က ဧပြီ ၂၅ ရက် ညနေ ၅နာရီ ကျော်အချိန်တွင်ပြောသည်။ KIA…
-
ငလျင်ဒဏ်သင့် မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၁၃ အတွက် တစ်ရပ်ကွက်လျှင် လူငယ် ၂ ဦး စစ်မှုထမ်းပေးရန် ဆင့်ခေါ် 🟥 အုတ်ဖိုတွင် မျောက်ချောကုန်းရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေး တစ်အိမ်ထောင်လျှင် ကျပ် ၃ သိန်းတောင်း
ငလျင်ဒဏ်သင့် မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၁၃ အတွက် တစ်ရပ်ကွက်လျှင် လူငယ် ၂ ဦး စစ်မှုထမ်းပေးရန် ဆင့်ခေါ် 🟥 အုတ်ဖိုတွင် မျောက်ချောကုန်းရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေး တစ်အိမ်ထောင်လျှင် ကျပ် ၃ သိန်းတောင်း ရန်ကုန်၊ ဧပြီ ၂၆ စစ်ကိုင်းငလျင်ဒဏ်သင့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၁၃ အတွက် တစ်ရပ်ကွက်လျှင် လူငယ် ၂ ဦး စစ်မှုထမ်းတပ်သားအဖြစ် ပေးရန် ဆင့်ခေါ်လာကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ လာမည့် မေလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၃ အတွက် မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ် ကွက်များတွင် တစ်ရပ်ကွက်လျှင် လူငယ် ၂ ဦးနှုန်း ပေးရမည်ဖြစ်ကြောင်း၊ ငလျင်ဒဏ်ခံထားရ၍…