Author: admin
-
လက်ကျန် စစ်တပ်စခန်း ၃ခုကို KIA သိမ်းပိုက်နိုင်ခဲ့လို့ မံစီမှာ စစ်ကောင်စီ ကင်းစင်ပြီ.. ဗန်းမော်မြို့ကို KIA ဆက်လက်ထိုးစစ်ဆင်နေ..
လက်ကျန် စစ်တပ်စခန်း ၃ခုကို KIA သိမ်းပိုက်နိုင်ခဲ့လို့ မံစီမှာ စစ်ကောင်စီ ကင်းစင်ပြီ.. ဗန်းမော်မြို့ကို KIA ဆက်လက်ထိုးစစ်ဆင်နေ.. ဇန်နဝါရီ ၈၊ ၂၀၂၅ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ ဇန်နဝါရီ ၈ရက် မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။ မံစီမြို့က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ (၆၀၁)၊ ခမရ (၃၁၉)နဲ့ အမတ (၃၅၂) တို့ကို KIA က သိမ်းပိုက်ကာ လက်နက်ခဲယမ်းအများအပြားလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။ KIA ဟာ မံစီမြို့မှာ အထက်ပါ တပ်စခန်း ၃ ခုကလွဲလို့ တစ်မြို့နယ်လုံးကို…
-
မိုးညိုမြို့နယ်တွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများနှင့် ကြံ့ဖွတ်ပါတီဝင်များက အင်အားတိုးချဲ့ဖွဲ့စည်းနေပြီး ပြည်သူများကို ဖိနှိပ်နေ
မိုးညိုမြို့နယ်တွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများနှင့် ကြံ့ဖွတ်ပါတီဝင်များက အင်အားတိုးချဲ့ဖွဲ့စည်းနေပြီး ပြည်သူများကို ဖိနှိပ်နေ ရန်ကုန်၊ ဇန်နဝါရီ ၈ ပဲခူးတိုင်း၊ မိုးညိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများနှင့် ကြံ့ဖွတ်ပါတီဝင်များက ပျူစောထီးအဖွဲ့များကို အင်အားတိုးချဲ့ဖွဲ့စည်းပြီး ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှပ်နေကြောင်း ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မိုးညိုမြို့နယ်၊ ပဒေသာကျွန်းရွာတွင် အိမ်ထောင်ကျနေသော ငါးပတ်ချောင်းရွာသား စစ်ထွက် ပျူစောထီး အေးချိုဆိုသူသည် မိုးညိုမြို့နယ် ထွေ/အုပ်ရုံးတွင် နေထိုင်ပြီး စစ်မှုထမ်း ဆိုင်ရာကိစ္စရပ်များကို ကိုယ်တိုင်ကိုင်တွယ်ပြီး ပြည်သူများထံမှ ငွေကြေးတောင်းခံမှုများ အတင်းအဓမ္မ လုပ်ဆောင်နေကြောင်း၊ငါးကယ်ရွာတွင် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ကျောင်းစောင့် သိန်းလှိုင်၏ သမတ်ဖြစ်သူ နှင့် ရွာသစ်ရွာမှ ခင်မောင်ဝင်း တို့…
-
မံစီမြို့ရှိ စစ်ကောင်စီလက်ကျန်တပ်ရင်းများကို KIAသိမ်းပိုက်ပြီး မြို့နယ်တစ်ခုလုံး ထိန်းချုပ် ■ဗန်းမော်မြို့ ရပ်ကွက်အချို့ကို KIA နေရာဝင်ယူထားပြီး ပင်မတပ်ရင်းဌာနချုပ်များကို စောင့်ကြည့်နေဟု ဗိုလ်မှူးကြီးနော်ဘူ ပြော
မံစီမြို့ရှိ စစ်ကောင်စီလက်ကျန်တပ်ရင်းများကို KIAသိမ်းပိုက်ပြီး မြို့နယ်တစ်ခုလုံး ထိန်းချုပ် ■ဗန်းမော်မြို့ ရပ်ကွက်အချို့ကို KIA နေရာဝင်ယူထားပြီး ပင်မတပ်ရင်းဌာနချုပ်များကို စောင့်ကြည့်နေဟု ဗိုလ်မှူးကြီးနော်ဘူ ပြော ဟန်နွေ/People’s Spring ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်ရင်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ (ဇန်နဝါရီ ၈ရက်) နံနက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောကြားပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း မံစီရှိ တပ်ရင်းများ သိမ်းပိုက်နိုင်မှုသတင်းများ လူမှုကွန်ရက်၌ တွေ့ရကြောင်း ပြောသည်။ မံစီနှင့် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIAက ဒီဇင်ဘာ ၄ရက်တွင် စတင်၍ တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ တစ်လကျော်အကြာတွင် မံစီကို အပြီးသတ်သိမ်းနိုင်သည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။ “မံစီမှာရှိတဲ့ နောက်ဆုံးလက်ကျန် ခမရ(၆၀၁)၊ ၃၁၉ရယ်…
-
ထီးလင်းမြို့ပေါ် စစ်တပ်အထိုင်ချ နေရာတွေကို ရော့ကတ်တွေ ပစ်ခတ်၊ ဒရုန်းတွေနဲ့ ဗုံးသီး ၁၀၀ ကျော် ကြဲချတိုက်ခိုက် (ရုပ်/သံ)
ထီးလင်းမြို့ပေါ် စစ်တပ်အထိုင်ချ နေရာတွေကို ရော့ကတ်တွေ ပစ်ခတ်၊ ဒရုန်းတွေနဲ့ ဗုံးသီး ၁၀၀ ကျော် ကြဲချတိုက်ခိုက် (ရုပ်/သံ) ဇန်နဝါရီ ၈ ၊၂၀၂၅ မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၆ ရက် မနက်ပိုင်းကနေ နေ့လည်အထိ ရော့ကတ်တွေနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီး အလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရ ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ တောင်ရဲစခန်း၊ လူပျိုဆောင်၊ စိုက်ပျိုးရေးရုံး၊ ဘဏ်ရုံး၊ ရုပ်သံကုန်းနဲ့ ထွေအုပ်ရုံးတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီး အလုံး ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိပြီး တပ်စွဲထားတဲ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့…
-
ဗန်းမော်၊ မန်စီ မြို့ ၂ မြို့ တပြိုင်တည်း သိမ်းဖို့ ဒီဇင်ဘာလ ၄ ရက်မနက်ကတည်းက စခဲ့တာပါ။
ဗန်းမော်၊ မန်စီ မြို့ ၂ မြို့ တပြိုင်တည်း သိမ်းဖို့ ဒီဇင်ဘာလ ၄ ရက်မနက်ကတည်းက စခဲ့တာပါ။ မြို့ ၂ မြို့ ဆိုပေမယ့် ပြည်မဖက်က မြို့တွေလို မြို့စောင့်တပ်ရင်း လောက်တင် ရှိနေတာမျိုး မဟုတ်ပဲ၊ နှစ်ပေါင်းများစွာ တော်လှန်ရေးကို ကြံ့ကြံ့ခံနိုင်ဖို့ ပတ်ပတ်လည်မှာ အခိုင်အမာ တည်ဆောက်ထားတဲ့ ခံတပ်စခန်းကြီးများ ဝန်းရံထားတဲ့ စစ်ဒေသဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ဗန်းမော်ဟာ ရန်သူ့စကစဖက်က အားသာချက်များကတော့ ထောက်ပို့လွယ်ကူခြင်း ဖြစ်ပါတယ်။ ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းလမ်း ရှိခဲ့တယ်။ အခုတော့ ကုန်းကြောင်း၊ ရေကြောင်း ထောက်ပို့လမ်းကြောင်း အားလုံးကို ဖြတ်တောက်ထားပြီးလေကြောင်းထောက်ပို့ကိုသာ အားကိုးနေရတဲ့ သဘောရှိပါတယ်။ ရန်သူ စကစ အင်အား အနေဖြင့် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ မန်ဝန်းကြီးမြို့၊…
-
တရုတ်မင်းသားဟာ ရွှေကုက္ကိုမှာကတုံးတုံးခံရတာဖြစ်ပြီး အွန်လိုင်းပေါ်ကလိမ်ဖို့သင်တန်းတက်ခဲ့ရ ■တရုတ်မင်းသားလူကုန်ကူးခံရမှု နောက်ဆက်တွဲ ထိုင်းအပေါ်ထိခိုက်နိုင်ခြေတွေအတွက် ကြိုပြင်ဆင်ဖို့ဝန်ကြီးချုပ်ညွှန်ကြား
တရုတ်မင်းသားဟာ ရွှေကုက္ကိုမှာကတုံးတုံးခံရတာဖြစ်ပြီး အွန်လိုင်းပေါ်ကလိမ်ဖို့သင်တန်းတက်ခဲ့ရ ■တရုတ်မင်းသားလူကုန်ကူးခံရမှု နောက်ဆက်တွဲ ထိုင်းအပေါ်ထိခိုက်နိုင်ခြေတွေအတွက် ကြိုပြင်ဆင်ဖို့ဝန်ကြီးချုပ်ညွှန်ကြား -People’s Spring တရုတ်မင်းသားဝမ်ကျင် ထိုင်း-မြန်မာ နယ်စပ်မှာ လူကုန်ကူး ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ စိုးရိမ်မှု အခြေအနေတွေအတွက် အမြန်ဆုံး ထိထိရောက်ရောက် တုံ့ပြန်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားလိုက်ပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့က ထိုင်းနိုင်ငံကို အလုပ်ကိစ္စနဲ့ ရောက်ရှိလာခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ဝမ်ကျင်ကို မြန်မာဖက်ခြမ်း၊ မြဝတီ မြို့နယ်ထဲကကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနဲ့ တရားမဝင် လောင်းကစားဝိုင်းတွေ အများအပြား ရှိနေတဲ့ ရွှေကုက္ကို မြို့ထဲကနေ ဇန်နဝါရီ ၇ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က ပြန်လည် ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။ ဝမ်ဟာ ထိုင်း-မြန်မာ နယ်စပ်ကို…
-
ကပစ လက်နက်စက်ရုံတွေ အတိုက်အခံအင်အားစုတွေလက်ကျရောက်ဖို့ ခြိမ်းခြောက်ခံနေရ
ကပစ လက်နက်စက်ရုံတွေ အတိုက်အခံအင်အားစုတွေလက်ကျရောက်ဖို့ ခြိမ်းခြောက်ခံနေရ ဒီဇင်ဘာလတုန်းက အမ်းစစ်ဌာနချုပ်ဟာ အေအေလက် ကျရောက်အပြီး မကွေးတိုင်းနဲ့ ပဲခူးတိုင်းထဲက စစ်လက်နက်ပစ္စည်းစက်ရုံတွေဟာ အေအေရဲ့ လက်တကမ်းအကွာကို ရောက်ခဲ့ရပါပြီ။ မြန်မာပြည်မှာ လက်နက်စက်ရုံပေါင်း ၂၅ ခုရှိရာမှာ မကွေးတိုင်းက ၁၅ ခု၊ ပဲခူးတိုင်းက ၇ ခု၊ နေပြည်တော် ၂ ခု နဲ့ တိုက်ကြီး ၁ ခု အသီးသီးရှိကြပါတယ်။ လက်နက်စက်ရုံတွေကို နေဝင်းခေတ်ကစလို့ ဧရာဝတီမြစ်ရဲ့ အနောက်ဖက်ကမ်းမှာပဲ အဓိကထားကာ တည်ဆောက်ခဲ့ကြတာပါ။ ဒါဟာ အရှေ့ဖက်ကမ်းကနေ တက်လာနိုင်တဲ့ရန်သူတွေလက်ထဲ မကျရောက်စေဖို့အတွက် တမင်စီမံထားခဲ့တာပါ။ အခုတော့ ရန်သူက အနောက်အရပ်က လာမှာမို့ ပိုလို့သိမ်းရလွယ်ကူသွားစေပါတယ်။ အမ်း-မင်းဘူး၊ အမ်း-ပဒေါင်း ကားလမ်းတွေဟာ အခုကိုပဲ အေအေထိန်းချုပ်မှုအောက် ရောက်ဖို့အလားအလာ များနေခဲ့ပါပြီ။…
-
တစ်နိုင်ငံလုံး လျှပ်စစ်မီး မပေးနိုင်သည့်အကြောင်းအရင်း ၄ ခုကို စစ်ကောင်စီက ထုတ်ဖော်ဝန်ခံ၊ မင်းအောင်လှိုင်၏ ညွှန် ကြားချက်အရ ဧရာ၀တီမြစ်တွင် တမံတည်ဆောက်၍ လျှပ်စစ်ထုတ်ယူမည်ဟုဆို
တစ်နိုင်ငံလုံး လျှပ်စစ်မီး မပေးနိုင်သည့်အကြောင်းအရင်း ၄ ခုကို စစ်ကောင်စီက ထုတ်ဖော်ဝန်ခံ၊ မင်းအောင်လှိုင်၏ ညွှန် ကြားချက်အရ ဧရာ၀တီမြစ်တွင် တမံတည်ဆောက်၍ လျှပ်စစ်ထုတ်ယူမည်ဟုဆို ရန်ကုန်၊ ဇန်နဝါရီ ၈ မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်မီး မပေးနိုင်သည့် အကြောင်းအရင်း ၄ ခုကို အကြမ်းဖက်စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ယမန်နေ့ အစည်းအဝေးတွင် ထုတ်ဖော်ဝန်ခံလိုက်သည်။ လက်ရှိကာလတွင် တစ်နိုင်ငံလုံး လျှပ်စစ်အခက်အခဲများနှင့်ကြုံတွေ့နေရသည့် ကာလများဖြစ်ပြီး အကြောင်းအရင်းများအနေဖြင့်- ၁- သဘာ၀ဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းခြင်း၊ ၂ – သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းများကြောင့် လျှပ်စစ်ဓာတ်အား အပြည့်အ၀ မထုတ်လုပ်နိုင်ခြင်း၊ ၃- သဘာ၀ဘေးဒဏ်ဖြစ်သည့် ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ လည်ပတ်မောင်းနှင်၍ မရသည့်အခက်အခဲများ ကြုံတွေ့နေရခြင်း၊ ၄-မဟာဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲ့ရုံများ…
-
ဖြူးနဲ့ အုတ်တွင်းမှာ ၆ရက်တာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ကျော်သေ
ဖြူးနဲ့ အုတ်တွင်းမှာ ၆ရက်တာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ကျော်သေ ဇန်နဝါရီ ၇ ၊ ၂၀၂၅ ပဲခူးတိုင်း၊ ဖြူးမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်တွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ (၆)ရက်တာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ကျော်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။ ဖြူးမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်တွေမှာ မျက်နီကွင်း၊ ကြူအင်း၊ သရက်ကုန်း၊ နှောခင်၊ ဂရမ်မတီး၊ ထန်းကုန်း၊ ဝက်ကုန်းကျေးရွာတွေမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ ဒီဇင်ဘာလ (၂၆)ရက်က စတင်ပြီး ဒီဇင်ဘာလ (၃၁) ရက်အထိ (၆)ရက်တာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ တိုက်ပွဲတွေအတွင်း တော်လှန်ရေးပူးပေါင်းတပ်က ဒရုန်းတွေ၊…
-
စစ်ကောင်စီက မြန်မာပြည်သူများအပေါ် အကြမ်း ဖက်မှုဖိနှိပ်များအပေါ်လက်ခံနိုင်ဖွယ်မရှိဟု အီယူ နှင့် အမေရီကန်အပါအဝင် ၉ နိုင်ငံပူးတွဲကြေညာ
စစ်ကောင်စီက မြန်မာပြည်သူများအပေါ် အကြမ်း ဖက်မှုဖိနှိပ်များအပေါ်လက်ခံနိုင်ဖွယ်မရှိဟု အီယူ နှင့် အမေရီကန်အပါအဝင် ၉ နိုင်ငံပူးတွဲကြေညာ အီယိုရီ/People’s Spring အာဏာသိမ်းစစ်ကောင်စီက မြန်မာပြည်သူများအပေါ် ဆက်လက် အကြမ်းဖက်ဖိနှိပ်မှုများမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း ဥရောပသမဂ္ဂနှင့် နိုင်ငံပေါင်း ၉ နိုင်ငံတို့က ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာအကြပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် ဥရောပသမဂ္ဂ(EU)ကိုယ်စားအဆင့်မြင့်ကိုယ်စားလှယ်နှင့် အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ တီမောလက်စတေး၊ ဗြိတိန် နိုင်ငံပေါင်း ၉ နိုင်ငံတို့က ပူးတွဲကြေညာချက်ကို ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတဝန်း ပိုမိုဆိုးရွားလာနေသည့် လူ့အခွင့်အ ရေးနှင့် လူသားချင်းစာနာမှုအကြပ်အတည်းများအပေါ် အထက်ပါနိုင်ငံများက လွန်စွာစိုးရိမ်ကြောင်းနှင့် လက်ရှိအကြပ်အတည်းသည်အကြမ်း ဖက်မှုများ ပိုမိုကျယ်ပြန့်လာသည့်အပြင် လူမျိုးများအကြား တင်းမာမှုကိုလည်း…