Author: admin
-
လျှပ်စစ်မီး အလွန်ဆိုးရွားစွာ ပြတ်တောက်နေသည့် ရန်ကုန်တွင် ဂျိုးဖြူရေပါ ပြတ်တောက်သွားပြီး အနည်းဆုံး ၃ ရက်ကြာ ဂျိုးဖြူရေ ပြတ်မည်ဟုဆို
လျှပ်စစ်မီး အလွန်ဆိုးရွားစွာ ပြတ်တောက်နေသည့် ရန်ကုန်တွင် ဂျိုးဖြူရေပါ ပြတ်တောက်သွားပြီး အနည်းဆုံး ၃ ရက်ကြာ ဂျိုးဖြူရေ ပြတ်မည်ဟုဆို ရန်ကုန်၊ ဇန်နဝါရီ ၇ ရန်ကုန်မြို့တော်တွင် တစ်ရက်လျှင် လျှပ်စစ်မီးရရှိမှု ၄ နာရီအောက်သာ ရရှိနေချိန်တွင် ယမန်နေ့မှစတင်၍ ဂျိုးဖြူရေပါ လုံး၀ ပြတ်တောက်သွားကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီမှစတင်၍ မြို့နယ်များအားလုံးတွင် ဂျိုးဖြူရေများ ပြတ်တောက်သွားခြင်းဖြစ်ပြီး စစ်ကောင်စီက ဂျိုးဖြူပိုက်လိုင်း ပြုပြင်ရန်ရှိသည့်အတွက် ဂျိုးဖြူရေကို ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်း ၊ ဇန်နဝါရီလ ၆ ရက်နေ့မှ ဇန်နဝါရီလ ၈ ရက်နေ့ ညနေပိုင်းအထိ ဂျိုးဖြူရေ ပြတ်တောက်နေမည်ဟု ရန်ကုန်စည်ပင်က အသိပေးလာကြောင်း ရန်ကုန်မြို့ခံ…
-
ကြည့်မြင်တိုင် စာတိုက်မှတ်တိုင်အနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပိတ်ဆို့စစ် ဆေး
ကြည့်မြင်တိုင် စာတိုက်မှတ်တိုင်အနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပိတ်ဆို့စစ် ဆေး ရောင်နီ မဇ္ဈိမ။ ။ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် အမျိုးသားတဦး သေနတ်ဖြင့်ပစ်ခတ်ခံရကာ သေဆုံး ပြီးနောက် စစ်ကောင်စီတပ်က လမ်းများပိတ်ဆို့ပြီးစစ်ဆေးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံ က သိရသည်။ ကြည်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းမပေါ်ရှိ စာတိုက်ကားမှတ်တိုင်အနီး၌ ယနေ့(ဇန်နဝါရီလ ၆ ရက်) ညနေ ၅ နာရီဝန်းကျင်တွင် အမျိုးသားတဦး သေနတ်ဖြင့်ပစ်ခတ်ခံရခြင်း ဖြစ်သည်။ “ ညနေက စာတိုက်မှတ်တိုင်နားမှာ အမျိုးသားတယောက် သေနတ်နဲ့ပစ်ခံရတာ။ နေရာမှာပဲ သေသွား တယ်” ဟု ဒေသခံတဦးက ပြောသည်။ သေဆုံးသူသည် အသက် ၅၀ အရွယ်ဝန်းကျင် အမျိုးသားဖြစ်ပြီး သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် နေရာ တွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နှင့်ရဲများရောက်လာကာ ကမ်းနားလမ်း…
-
အမ်းက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ဓာတ်အားခွဲစက်ရုံအနီး စစ်ကောင်စီရဲ့ တောင်ဇောက်တောင် အမြောက်စခန်းကို AA သိမ်းပိုက်ထိန်းချုပ်…
အမ်းက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ဓာတ်အားခွဲစက်ရုံအနီး စစ်ကောင်စီရဲ့ တောင်ဇောက်တောင် အမြောက်စခန်းကို AA သိမ်းပိုက်ထိန်းချုပ်… ဇန်နဝါရီ ၆၊ ၂၀၂၅ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နားက ဖြတ်သန်းသွားတဲ့ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စက်ရုံခွဲနဲ့ အမ်းမြို့နဲ့ မကွေးတိုင်း၊ မင်းဘူးမြို့ကြားက တောင်ဇောက်တောင် အမြောက်စခန်းကို ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီ ၅ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ကာ ထိန်းချုပ်ထားပြီလို့ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။ အဲ့ဒီ တောင်ဇောက်တောင်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှု အများအပြားနဲ့ နောက်ဆုတ်သွားသလို အရှင်ဖမ်းမိသူတွေလည်း ရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။ AA အနေနဲ့ တောင်ဇောက်တောင်ရွာမှာ တည်ဆောက်ထားတဲ့ တရုတ်ရဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စက်ရုံခွဲနဲ့ တောင်ဇောက်တောင်စခန်းသိမ်းတိုက်ပွဲမှာ…
-
နေပြည်တော်လုံခြုံရေးအတွက် ပြည်သူ့စစ်များကို အသုံးပြုလာ
လက်နက်ကိုင်အင်အား နည်းလာသော စစ်တပ်က နေပြည်တော်တွင် ဝန်ထမ်းများကို စစ်သင်တန်းပေး၊ စစ်မှုထမ်းဟောင်းတို့ကို ထုတ်သုံးရုံတင်မက ပြည်သူ့စစ်များဖြင့် လုံခြုံရေး အားဖြည့်ထားသည်။ စစ်ကောင်စီခေါင်းဆောင်များ ရုံးစိုက်ရာ နေပြည်တော်တွင် ယူနီဖောင်းဝတ်ပြည်သူ့စစ်များကို စတင်အသုံးပြုလာသည်ကို တွေ့ရကြောင်း မြို့ခံများက ပြောကြသည်။ ၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့ မတိုင်ခင် တစ်ရက်အလို ဇန်နဝါရီ ၃ ရက်နေ့က ပျဉ်းမနား-တောင်ညိုလမ်းမ အပါအဝင် နေရာအများစုတွင် အပြာရင့်ရောင်ဝတ်စုံဝတ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့ကို သုံးယောက်တစ်တွဲစီဖြင့် လူမြင်ကွင်း၌ လုံခြုံရေးချထားခဲ့သည်ကို မြို့ခံများက တွေ့မြင်ခဲ့ရသည်။ လမ်းမကြီးပေါ်တွင် နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ တုတ်ကိုင်ပြီး မတ်တပ်ရပ်နေကြသော ပြည်သူ့စစ်များကို စစ်ကားများဖြင့် အကြိုအပို့ လုပ်ပေးသည်ကိုလည်း တွေ့ခဲ့ရသည်ဟု နေပြည်တော်ဒေသခံတို့က ဆိုသည်။ ၈ မြို့နယ်ရှိသည့် နေပြည်တော်တွင်…
-
ဝက်လက်အရှေ့ခြမ်းတိုက်ပွဲ နှစ်ပွဲမှာ PDFတွေလက်စွမ်းပြလို့စစ်သား(၁၀၀)ဝန်းကျင်သေ၊ ၉ ဦးအဖမ်းခံရ ■ရွှေဘိုမှထွက်လာသောစစ်ကြောင်း ပျက်သွား
ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့်မင်းကုန်းရွာကြားတွင် တိုက်ပွဲဖြစ်ပြီး အင်အား ၇၇ ဦးပါ စစ်တပ်စစ်ကြောင်း တစ်ခုလုံးပြုတ် သေဆုံး (ရုပ်/သံ) ရန်ကုန်၊ ဇန်နဝါရီ ၆ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြားတွင် တနေကုန်နီးပါး တိုက်ပွဲဖြစ် ပြီး စစ်တပ်စစ်ကြောင်းတစ်ခုလုံးပြုတ်သည်အထိ တိုက်ခိုက်နိုင်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း – Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။ ဇန်နဝါရီလ ၃ ရက်နေ့က ရွှေဘိုမြို့လေ့ကျင့်ရေး ၈ ထောက်ပံ့နှင့် ပို့ဆောင်ဆက်သွယ်ရေးတပ်မှ အင် အား ၇၇ ဦးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများသည် ချောင်းဆုံကျေးရွာ၌ တစ်ညအိပ်တပ် စွဲခဲ့ကြောင်း၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အလည်ကိုင်းကျေးရွာ၌ ထပ်မံညအိပ်တပ်စွဲခဲ့ကြောင်း…
-
ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့်မင်းကုန်းရွာကြားတွင် တိုက်ပွဲဖြစ်ပြီး အင်အား ၇၇ ဦးပါ စစ်တပ်စစ်ကြောင်း တစ်ခုလုံးပြုတ် သေဆုံး
ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့်မင်းကုန်းရွာကြားတွင် တိုက်ပွဲဖြစ်ပြီး အင်အား ၇၇ ဦးပါ စစ်တပ်စစ်ကြောင်း တစ်ခုလုံးပြုတ် သေဆုံး ရန်ကုန်၊ ဇန်နဝါရီ ၆ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြားတွင် တနေကုန်နီးပါး တိုက်ပွဲဖြစ် ပြီး စစ်တပ်စစ်ကြောင်းတစ်ခုလုံးပြုတ်သည်အထိ တိုက်ခိုက်နိုင်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း – Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။ ဇန်နဝါရီလ ၃ ရက်နေ့က ရွှေဘိုမြို့လေ့ကျင့်ရေး ၈ ထောက်ပံ့နှင့် ပို့ဆောင်ဆက်သွယ်ရေးတပ်မှ အင် အား ၇၇ ဦးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများသည် ချောင်းဆုံကျေးရွာ၌ တစ်ညအိပ်တပ် စွဲခဲ့ကြောင်း၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အလည်ကိုင်းကျေးရွာ၌ ထပ်မံညအိပ်တပ်စွဲခဲ့ကြောင်း သိရ…
-
ဗန်းမော်နှင့်မံစီမြို့သိမ်းတိုက်ပွဲအတွက် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ထိုးစစ်အရှိန်မြှင့်တင်၊ဗန်းမော်နည်းပညာတက္ကသိုလ် စစ်စခန်း အပါအဝင် စစ်တပ်စခန်းအများအပြားကို သိမ်းပိုက်ရရှိထား (ရုပ်/သံ)
ဗန်းမော်နှင့်မံစီမြို့သိမ်းတိုက်ပွဲအတွက် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ထိုးစစ်အရှိန်မြှင့်တင်၊ဗန်းမော်နည်းပညာတက္ကသိုလ် စစ်စခန်း အပါအဝင် စစ်တပ်စခန်းအများအပြားကို သိမ်းပိုက်ရရှိထား (ရုပ်/သံ) ရန်ကုန်၊ ဇန်နဝါရီ ၆ ကချင်ပြည်နယ်၊ ဗန်းမော်နှင့်မံစီမြို့သိမ်းတိုက်ပွဲအတွက် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ထိုးစစ်အရှိန်မြှင့်တင်လျက်ရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဗန်းမော်နှင့် မံစီမြို့သိမ်းတိုက်ပွဲများအတွက် ထပ်မံ၍ ထိုးစစ်များ အရှိန်မြှင့်တင်လိုက်ကြောင်း၊ လက်ရှိတွင် မံစီမြို့အတွင်းနှင့် ဗန်းမော်မြို့အတွင်းသို့ KIA ဦးဆောင်သော တော်လှန်ရေးတပ်များ ဝင်ရောက်နိုင်ပြီဖြစ်ပြီး မြို့တွင်း တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရှိရသည်။ ” ဒီမနက် ၅ နာရီအချိန်မှာ ဗန်းမော် နဲ့…
-
မြို့သာစက်မှုဇုန်မှ အင်အား ၇၀ ဖြင့် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)
မြို့သာစက်မှုဇုန်မှ အင်အား ၇၀ ဖြင့် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ) ဇန်နဝါရီ ၆၊ ၂၀၂၅ မန္တလေးတိုင်း၊ မြို့သာစက်မှုဇုန်ကနေ အနောက်ဘက်သို့ ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၃ ရက် နေ့လည်ပိုင်းက တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ TGYR-ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ အကြမ်းဖက်စစ်သားတွေကို ဝေဟင်ကနေ ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး မြေပြင်ကနေ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၇ ယောက် ထိခိုက်မှုရှိပြီး မြို့သာစက်မှုဇုန်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို TGYR-YouthGuerrillaCounterRevolution-NZ၊ မြင်းခြံခရိုင်အမှတ်(၇)တပ်ရင်း၊ ငါန်းဇွန်မြို့နယ်ပကဖ၊ မန္တလေးခရိုင် (မန္တလေးခရိုင်အမှတ်၅)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (မြင်းခြံခရိုင်အမှတ်၆) တပ်ရင်းနဲ့ (925)ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
-
ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများအားလုံးတွင် တစ်ရက်လျှင် ၄ နာရီအောက်သာ လျှပ်စစ်မီးပေးနိုင်တော့သဖြင့် ရေနှင့် လျှပ်စစ်မီး ချွေတာကြရန် စစ်ကောင်စီက စတင် နှိုးဆော်
ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများအားလုံးတွင် တစ်ရက်လျှင် ၄ နာရီအောက်သာ လျှပ်စစ်မီးပေးနိုင်တော့သဖြင့် ရေနှင့် လျှပ်စစ်မီး ချွေတာကြရန် စစ်ကောင်စီက စတင် နှိုးဆော် ရန်ကုန်၊ ဇန်နဝါရီ ၆ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် တစ်ရက်လျှင် ၄ နာရီအောက်သာ လျှပ်စစ်မီးပေးနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၅ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းရှိ မြို့နယ်များတွင် အုပ်စု ၃ ခုခွဲ၍ ၄ နာရီမီးပေးပြီး ၈ နာရီမီးဖြတ် စနစ်ကို စတင်ကျင့်သုံးနေသော်လည်း လက်ရှိ လျှပ်စစ်မီး ရရှိမှုမှာ တိုးတက်မလာသည့်အတွက် မြို့နယ်တစ်ခုလျှင် တစ်နေ့လျှင် ပျှမ်းမျှ ၄ နာရီဝန်းကျင်သာ မီးရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။…
-
တောင်ငူခရိုင် တပ်ရင်း အမှတ် (၃၅၀၄) “ ပုဝါနီစစ်ကြောင်း ” မှ သတင်းထုတ်ပြန်ချက်
တောင်ငူခရိုင် တပ်ရင်း အမှတ် (၃၅၀၄) “ ပုဝါနီစစ်ကြောင်း ” မှ သတင်းထုတ်ပြန်ချက် ရက်စွဲ။ ။၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၅) ရက် ၂၀၂၅ခုနှစ်၊ ဇန်ဝါရီလ (၃)ရက်နေ့၊ သောကြာနေ့ ညနေ(၄)နာရီ အချိန်ခန့် ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ကမ်းရှိ ရေလွှဲကျေးရွာနှင့် ပိန္နဲပင်ကျေးရွာ တိုက်ပွဲအတွင်း ရဲဘော် အောင်ကြီး (ခ) ဝဏ္ဏအောင်၊ ရဲဘော် အောင်လေး (ခ) နေမျိုးအောင်၊ ရဲဘော်နဂါး (ခ) လျှမ်းထက်၊ ရဲဘော် ဇွဲကို (ခ) မိုးမင်းကို၊ ရဲဘော် ဘိုဘို တို့သည် အကြမ်းဖက်စစ်ကောင်စီ စစ်တပ်နှင့် ထိတွေ့ တိုက်ပွဲဝင်ရင်း တိုင်းပြည်နှင့် ပြည်သူလူထုအတွက် ရဲရင့်မြင့်မြတ်စွာ ကျဆုံးခဲ့ရပါသည်။ ထိုသို့ တိုင်းပြည်နှင့် ပြည်သူလူထုအတွက် ပေးဆပ်…