Author: admin
-
တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF များ လက်နက်စွန့်ရန် စစ်ခေါင်းဆောင် ထပ်ပြော
တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF များ လက်နက်စွန့်ရန် စစ်ခေါင်းဆောင် ထပ်ပြော ဧရာဝတီ၊ မတ် ၂၇၊ ၂၀၂၅ လက်နက်ကိုင်လမ်းစဉ်များနှင့် အကြမ်းဖက်လမ်းစဉ်များကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူနှင့်အတူ ဖော်ဆောင်ရန် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)များ လက်နက်ကိုင်လမ်းစဉ် စွန့်ရန် စစ်ခေါင်းဆောင်က ယနေ့ ကျရောက်သော နှစ် ၈၀ ပြည့် တပ်မတော်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောသည်။ စစ်ခေါင်းဆောင်က “ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းတွေ၊ အကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းတွေကတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းထားပြီး ဖြစ်တယ်”ဟု…
-
တရုတ်ဆီ မြေရှားသတ္တုတွေ ပြန်ပို့ဖို့ KIAမီးစိမ်းပြလိုက်ပြီလို့ရိုက်တာသတင်းဖော်ပြ
တရုတ်ဆီ မြေရှားသတ္တုတွေ ပြန်ပို့ဖို့ KIAမီးစိမ်းပြလိုက်ပြီလို့ရိုက်တာသတင်းဖော်ပြ မတ်-၂၇၊၂၀၂၅။ People’s Spring ကချင် လွတ်လပ်ရေး တပ်မတော် (KIA)ဟာ တရုတ်နိုင်ငံဆီ မြေရှားသတ္တု (REM)တွေ ပြန် လည် တင်ပို့ဖို့ မီးစိမ်းပြလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ KIAဟာ လက်ရှိမှာတော့ ကမ္ဘာပေါ်မှာ အကြီးမားဆုံး မြေရှားသတ္တုဇုန်တွေထဲက တစ်ခုကို ထိန်း ချုပ်ထားတာ ဖြစ်ပါတယ်။ Reuters သတင်းဌာနက အခုကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်နှစ်ခု၊ ကြေညာချက် တစ်စောင်ကို ကိုးကားပြီး KIAဟာ တရုတ်ဆီ မြေရှားသတ္တုတွေ တင်ပို့ရေးကိစ္စ စီစဉ်နေပြီလို့ ယုံကြည်ရကြောင်း ဖော်ပြခဲ့တာပါ။ သတင်းတွေအရ KIAဟာ မြေရှားသတ္တုတွေကို တရုတ်ဆီတင်ပို့ဖို့ကိစ္စ ခွင့်ပြုသွားမယ်လို့ သတ္တုမိုင်းတွင်း လုပ်သားတွေဆီ အသိပေးခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ မြေရှားသတ္တု…
-
အကြမ်းဖက် စစ်တပ်က စစ်ဆက်တိုက်မည်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေကို ကာကွယ်၍ အမျိုးသားနိုင်ငံရေး ဆက်လုပ်မည်ဟု မင်းအောင်လှိုင်က ကြေညာ
အကြမ်းဖက် စစ်တပ်က စစ်ဆက်တိုက်မည်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေကို ကာကွယ်၍ အမျိုးသားနိုင်ငံရေး ဆက်လုပ်မည်ဟု မင်းအောင်လှိုင်က ကြေညာ ရန်ကုန်၊ မတ် ၂၈ မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်တပ်အနေဖြင့် အကျပ်ကိုင်တောင်းဆိုမှုများကို အလျှော့ပေးလက်ခံခဲ့သည့် အစဉ်အလာမရှိ၍ စစ်ဆက်တိုက်မည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာသည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော နှစ် ၈၀ ပြည့် စစ်ရေးပြအခမ်းအနားတွင် ၎င်းက အထက်ပါ အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့က နိုင်ငံအတွင်းဖြစ်ပေါ်လာသော နိုင်ငံရေးပြဿနာများကို အခွင့် ကောင်းယူပြီး PDF များနှင့်အတူ နိုင်ငံလုံခြုံရေးနှင့် တည်ငြိမ်ရေး ပျက်ပြားအောင် နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခဲ့ကြကြောင်း၊ လက်ရှိတွင် နယ်မြေအလိုက် နယ်တစ်နယ် ဓားတစ်စင်း စစ်ဘုရင်ဝါဒကိုသာ ကျင့်သုံးလိုချင်သဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်လာနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာကြောင်း၊…
-
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ ရဲစခန်းများကို PDF ဝင်တိုက်
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ ရဲစခန်းများကို PDF ဝင်တိုက် ဧရာဝတီ၊ မတ် ၂၇၊ ၂၀၂၅ ရန်ကုန်-မန္တလေး အမြန်လမ်း ၁၇၂ မိုင်ရှိ မင်းရဲ ရဲစခန်းနှင့် ၁၂၄ မိုင်ရှိ နတ်ရေတွင်း ရဲစခန်းတို့ကို မတ် ၂၆ ရက် နံနက်အစောပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ယနေ့ ထုတ်ပြန်သည်။ အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ(၂)၊ တိုင်းစစ်ဌာန(ပဲခူး)၊ ဗျူဟာ(၂၂)၊ အမှတ် (၃၈၀၁) တပ်ရင်းနှင့်အမှတ်(၃၇၀၁) တပ်ရင်းတို့က တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့များ ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ပဲခူးတိုင်း ပေါက်ခေါင်း-အုတ်တွင်း…
-
လေးမျက်နှာ နှင့် ကွင်းကောက်မြို့ကြား တိုက်ပွဲပြင်းထန် ■AA နှင့် ပူးပေါင်းတပ်ပုသိမ်-မုံရွာလမ်းပေါ်ရောက်လာ
လေးမျက်နှာ နှင့် ကွင်းကောက်မြို့ကြား တိုက်ပွဲပြင်းထန် ■AA နှင့် ပူးပေါင်းတပ်ပုသိမ်-မုံရွာလမ်းပေါ်ရောက်လာ ဧရာ/People’s Spring ဟင်္သာတခရိုင် ၊လေးမျက်နှာမြို့နယ် နှင့် ကွင်းကောက်မြို့ကြား ပုသိမ်-မုံရွာလမ်းဘေးရွာများတွင် တိုက်ပွဲအလွန်ပြင်းထန်နေပြီး တိုက်ပွဲသည် မြို့ဘက်သို့ အလျင်အမြန်ရောက်ရှိလာကြောင်း ဒေသခံများကပြောသည်။ လေးမျက်နှာမြို့နယ်အတွင်း မတ်လ ၁၆ရက်မှစတင်၍ တိုက်ပွဲဖြစ်ခဲ့ပြီးမတ်လ၂၆ ရက်တွင် ပုသိမ်-မုံရွာလမ်းအတိုင်းအာရက္ခတပ်တော်(AA) နှင့်ပူးပေါင်းတပ်များတက်လာပြီး တိုက်ပွဲပြင်းထန်ခြင်းဟု ဒေသခံတစ်ဦးကပြောသည်။ ” AAနဲ့ PDF တွေအများကြီးပဲရောက်လာတာ။စစ်တပ်ကလေကြောင်းကနေပစ်တယ်။ တိုက်ပွဲ ရောက်လာတာတော်တော်လေးကိုမြန်တယ်။ ဒီည ကွင်းကောက်စိတ်မချရဘူး။ ကြိုရှောင်နိုင်ဖို့လို အပ်နေတယ်”ဟု ကွင်းကောက်မြို့ခံတစ်ဦးကပြောသည်။ ကွင်းကောက်မြို့ နှင့် ၄ မိုင်ခန့်အကွာရှိ ပုသိမ်-မုံရွာလမ်းဘေးမှပိန္ဒဲကွင်းရွာတောရ ဆရာတော်က “ရောက်လာတာက အရမ်းမြန်လွန်းပါတယ် ။ကွင်းကောက်ဘက်က ပြည်သူတွေ စစ်ရှောင်မယ်ဆိုရင် ခြောက်ရွာ – တလုတ်ထော်လမ်းကို အသုံးပြုပါ။ပိန္နဲကွင်း –…
-
ပြည်ဒကစမှ စစ်ကူမပို့နိုင်တော့ဟုပြောဆိုပြီးနောက် ညောင်ကျိုးပင်မစခန်း လက်လွှတ်ရမည့် အခြေ အနေဖြစ်နေပြီး သင်တန်းဆင်းလူသစ်များကိုသာ တပ်သားအဖြစ် ရှေ့တန်းပို့
ပြည်ဒကစမှ စစ်ကူမပို့နိုင်တော့ဟုပြောဆိုပြီးနောက် ညောင်ကျိုးပင်မစခန်း လက်လွှတ်ရမည့် အခြေ အနေဖြစ်နေပြီး သင်တန်းဆင်းလူသစ်များကိုသာ တပ်သားအဖြစ် ရှေ့တန်းပို့ ဧရာဝတီတိုင်းမ် မတ် ၂၇ ရက် ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ်ရှိ ညောင်ကျိုးပင်မစခန်းကို စစ်ကောင်စီက လက်လွှတ် ရတော့မည့် အခြေအနေဖြစ်နေကြောင်း သိရသည်။ စစ်ကူပို့နေသည့် ဒေသဆိုင်ရာကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)၊ ဒကစပြည်မှ စစ်ကူများကို ညောင်ကျိုးသို့ စစ်ကူပေးနိုင်ခြင်းမရှိတော့ဟု ပြောဆိုကြောင်း တပ်သတင်းရင်း မြစ်ထံမှ သိရသည်။ “ပထမစစ်ကူမပို့တော့ဘူးကြေညာပြီး ရက်အတန်ကြာ အင်အားမပို့ဘဲထားရာကနေ ဒီမနက်မှာ လူသစ် တွေပို့လိုက်တယ်။ ညောင်ကျိုးစခန်းက ကာကင်းအားလုံးပြုတ်ပြီး ပင်မ စခန်းလည်း လက်လွှတ်ရမယ့် အခြေအနေဖြစ်နေပြီ။ ရိက္ခာပို့တဲ့ ဥသျှစ်ပင်စစ်ကြောင်းကလည်း မရောက်တစ်ရက် ရောက်တစ်ရက် ဖြစ်နေတယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ညောင်ကျိုးတွင် တိုက်ပွဲပြင်းထန်နေပြီး ပြည်ဒကစ…
-
ကုလ ညီလာခံတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာနှင့်လူနည်းစုများ အပါအဝင် ပြည်သူများ၏ အခွင့်အရေး မြှင့်တင်ရေး ဆုံးဖြတ်ချက် အဆိုမူကြမ်းကို တင်သွင်းရာ စစ်ကောင်စီ၏ မဟာမိတ် ရုရှားက စာသားများ ဖြုတ်ပယ်ရန်ကြိုးစားသော်လည်း မဲအပြတ် အသတ် ဖြင့် ရှုံးနိမ့်
ကုလ ညီလာခံတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာနှင့်လူနည်းစုများ အပါအဝင် ပြည်သူများ၏ အခွင့်အရေး မြှင့်တင်ရေး ဆုံးဖြတ်ချက် အဆိုမူကြမ်းကို တင်သွင်းရာ စစ်ကောင်စီ၏ မဟာမိတ် ရုရှားက စာသားများ ဖြုတ်ပယ်ရန်ကြိုးစားသော်လည်း မဲအပြတ် အသတ် ဖြင့် ရှုံးနိမ့် ရန်ကုန်၊ မတ် ၂၇ ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာနှင့်လူနည်းစုများ အပါအဝင် ပြည်သူများ၏ အခွင့်အရေး မြှင့်တင်ရေးနှင့် ပြဿနာများ ဖြေရှင်းပေးရေး ဆုံးဖြတ်ချက် အဆိုမူကြမ်းကို တင်သွင်းခဲ့ရာတွင် စစ်ကောင်စီ၏ မဟာမိတ် ရုရှားနိုင်ငံက ယင်းအဆိုပြု မူကြမ်းပါ စာသားများကို ဖြုတ်ပယ်ရန်ကြိုးစားသော်လည်း မအောင်မြင်ဘဲ မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်သွားကြောင်း သိရှိရသည်။ မတ်လ ၂၅ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သော ၆၂…
-
ရန်ကုန်- ပြည်လမ်းနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် PDF တပ်များက ယနေ့ လုံခြုံရေးစစ်ဆေးမှုများ ဆောင်ရွက်ဟု စစ်ဆင်ရေးမှူး ရဲဘော် တင်ဦးပြောဆို
ရန်ကုန်- ပြည်လမ်းနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် PDF တပ်များက ယနေ့ လုံခြုံရေးစစ်ဆေးမှုများ ဆောင်ရွက်ဟု စစ်ဆင်ရေးမှူး ရဲဘော် တင်ဦးပြောဆို ရန်ကုန်၊ မတ် ၂၇ ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် PDF တပ်များက ယနေ့ လုံခြုံရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ ၊ စစ်ဆင်ရေးနယ်မြေ ၂ မှ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မတ်လ ၂၇ ရက်နေ့ ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ ၂၃ မှ တပ်ဖွဲ့ဝင်များက လုံခြုံရေး စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၊ လမ်းပိုင်းတွင် တိုက်ပွဲတချို့လည်း ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ “ဒီနေ့လည်း ရန်ကုန်…
-
ဖက်ဆစ်သန္ဓေဆိုးကင်းစင်ပြီး ပြည်သူကို အလေးထားကာကွယ်ပေးသည့် တပ်မတော် ထူထောင်နိုင်ရန် မျှော်မှန်းထားဟု NUG ပြော
ဖက်ဆစ်သန္ဓေဆိုးကင်းစင်ပြီး ပြည်သူကို အလေးထားကာကွယ်ပေးသည့် တပ်မတော် ထူထောင်နိုင်ရန် မျှော်မှန်းထားဟု NUG ပြော မတ်-၂၇၊ ၂၀၂၅။ ဟန်နွေ/People’s Spring အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က (၈၀) နှစ်ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ရာ ဖက်ဆစ်သန္ဓေဆိုးကင်းစင်၍ ပြည်သူကိုအလေးထား ကာကွယ်ပေးသည့် ပြည်သူ့တပ်မတော် တစ်ရပ်အဖြစ် ထူထောင်နိုင်ရန် မျှော်မှန်းဆန္ဒပြုကြောင်း သဝဏ်လွှာ၌ ဖော်ပြခဲ့သည်။ NUGက ယနေ့(မတ်လ ၂၇ရက်)ကို ဖက်ဆစ် တော်လှန်ရေးနေ့ အဖြစ်သတ်မှတ်ထားသကဲ့သို့ အာဏာသိမ်းစစ်ကောင်စီက တပ်မတော်နေ့ အမည်ဖြင့် အခမ်းအနား ကျင်းပနေခြင်းဖြစ်သည်။ ယခုအချိန်တွင် တိုင်းရင်းသားပြည်သူလူထု၏ အခွန်ဘဏ္ဍာချွေးနည်းစာဖြင့် တည်ဆောက်ထားသည့် နိုင်ငံတော်ကာကွယ်ရေးယန္တရားသည် ကိုယ်ကျိုးအတ္တဖက်ပြီး ညံ့ဖျင်းသည့် အကြမ်းဖက် စစ်အုပ်စု၏ အဓမ္မအာဏာလုယူခဲ့မှုကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမည့် စစ်တပ်အဖြစ်မှ ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ရန်ပြုခြိမ်းခြောက်ဖျက်ဆီးနေသည့်…
-
မင်းအောင်လှိုင်၏ လုပ်ရပ်များအတွက် ဂုဏ်ယူသည်ဟု အငြိမ်းစား ထိပ်ပိုင်း စစ်တပ်အရာရှိများ ပြော
မင်းအောင်လှိုင်၏ လုပ်ရပ်များအတွက် ဂုဏ်ယူသည်ဟု အငြိမ်းစား ထိပ်ပိုင်း စစ်တပ်အရာရှိများ ပြော မတ် ၂၇၊ ၂၀၂၅ တိုင်းပြည်ကို မတရားအာဏာသိမ်းကာ နိုင်ငံတစ်ဝန်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို ဂုဏ်ယူတယ်လို့ အငြိမ်းစား စစ်တပ်အရာရှိတွေက ပြောကြားလိုက်ပါတယ်။ အငြိမ်းစား စစ်တပ်အရာရှိတွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်မှာ တော်လှန်ရေးနေ့ (တပ်မတော်နေ့) အခမ်းအနား မတိုင်မီ ဂါရ၀ပြုချိန်မှာ ပြောကြားလိုက်တာပါ။ စစ်တပ်အရာရှိဟောင်းတွေရဲ့ ကိုယ်စား သမ္မတဟောင်း ဦးသိန်းစိန်က မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို ဂုဏ်ယူတယ်လို့ ဆိုပါတယ်။ စစ်ခေါင်းဆောင်ရဲ့ ဦးဆောင်မှုနဲ့ တပ်မတော်အရေးကိစ္စတွေ၊ တိုင်းပြည်တည်ငြိမ်ရေးတွေနဲ့အတူ လူမှုစီးပွားတိုးတက်ရေးကို နေ့မအား ညမအား ဆောင်ရွက်နေတာကို ဂုဏ်ယူတယ်လို့ ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ တပ်မတော်ရဲ့ အစဉ်အလာတွေကို မပြတ်ထိန်းသိမ်း…