ပြည်ဒကစမှ စစ်ကူမပို့နိုင်တော့ဟုပြောဆိုပြီးနောက် ညောင်ကျိုးပင်မစခန်း လက်လွှတ်ရမည့် အခြေ အနေဖြစ်နေပြီး သင်တန်းဆင်းလူသစ်များကိုသာ တပ်သားအဖြစ် ရှေ့တန်းပို့

by

in

ပြည်ဒကစမှ စစ်ကူမပို့နိုင်တော့ဟုပြောဆိုပြီးနောက် ညောင်ကျိုးပင်မစခန်း လက်လွှတ်ရမည့် အခြေ အနေဖြစ်နေပြီး သင်တန်းဆင်းလူသစ်များကိုသာ တပ်သားအဖြစ် ရှေ့တန်းပို့
ဧရာဝတီတိုင်းမ်
မတ် ၂၇ ရက်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ်ရှိ ညောင်ကျိုးပင်မစခန်းကို စစ်ကောင်စီက လက်လွှတ် ရတော့မည့် အ‌ခြေအနေဖြစ်နေကြောင်း သိရသည်။
စစ်ကူပို့နေသည့် ဒေသဆိုင်ရာကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)၊ ဒကစပြည်မှ စစ်ကူများကို ညောင်ကျိုးသို့ စစ်ကူပေးနိုင်ခြင်းမရှိတော့ဟု ပြောဆိုကြောင်း တပ်သတင်းရင်း မြစ်ထံမှ သိရသည်။
“ပထမစစ်ကူမပို့တော့ဘူးကြေညာပြီး ရက်အတန်ကြာ အင်အားမပို့ဘဲထားရာကနေ ဒီမနက်မှာ လူသစ် တွေပို့လိုက်တယ်။ ညောင်ကျိုးစခန်းက ကာကင်းအားလုံးပြုတ်ပြီး ပင်မ စခန်းလည်း လက်လွှတ်ရမယ့် အခြေအနေဖြစ်နေပြီ။ ရိက္ခာပို့တဲ့ ဥသျှစ်ပင်စစ်ကြောင်းကလည်း မရောက်တစ်ရက် ရောက်တစ်ရက် ဖြစ်နေတယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ညောင်ကျိုးတွင် တိုက်ပွဲပြင်းထန်နေပြီး ပြည်ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-ပြည်)မှ လက်နက် ကြီးပစ်ကူများပေးနေပြီး ယနေ့ မတ် ၂၇ ရက်နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များအစား စစ်သင်တန်းဆင်း လူသစ် ၁၅၀ ဝန်းကျင်ကို ကျောင်းကား ခုနစ်စီးဖြင့် စစ်ကူပို့လိုက်ကြောင်း သိရသည်။
နောက်ဆုံးစစ်ကူဖြစ်သည့် ကပစ ၃ ဆင်တဲ၊ ကပစ ၇ ကျော်စွာ၊ ကပစ ၉ ကျောက်ဖူးစသည့် ကာကွယ် ရေးပစ္စည်းစက်ရုံများမှ ထုတ်နုတ်အင်အားများ ရိုးမပေါ်အတက်တွင် ကာကွယ်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ညောင်ကျိုးသို့ စစ်ကူထပ်မံစေလွှတ်ခြင်းမရှိတော့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ထုတ်နုတ်အင်အားဖြည့်ယာဉ်တန်းသည် ရိုးမပေါ်အတက်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ယာဉ်တိမ်းမှောက်ပြီး နှစ်ဦးသေဆုံးကာ သုံးဦးအပြင်း အထန်ဒဏ်ရာရရှိသွားပြီးနောက် ညောင်ကျိုးသို့ စစ်ကူမပို့တော့ရန် ဆုံးဖြတ်လိုက်ကြောင်း တပ်သတင်း ရင်းမြစ်ထံမှ သိရသည်။
စစ်ကောင်စီ၏ အမှတ် (၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆) ရှိ အင်အားဖြည့်တင်းထားသည့် တပ်ဖွဲ့ဝင်များကို ထုတ် နုတ်၍ ညောင်ကျိုးသို့ပို့ရာ အချို့မှာ ကပစ ၆ သို့ပြန်ပြေးလာပြီး အချို့မှာ ဥသျှစ်ပင်ဘက်သို့ ထွက်ပြေးသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စက်ရုံခံစစ်အတွက်သာ ပြင်ဆင်ထားကြောင်း သိရသည်။
စစ်ကောင်စီသည် ပြည်ဒကစအပြင် ရန်ကုန်အခြေစိုက် မှော်ဘီတပ်ရင်းများမှ အင်အားရာချီကိုပါ ညောင်ကျိုးသို့ ပို့ဆောင်ထားသော်လည်း ညောင်ကျိုးတိုက်ပွဲအခြေအနေမှာ တော်လှန်ရေးတပ်ဖွဲ့များမှ အားသာလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကောင်စီက မြေပြင်ထိုးစစ်အပြင် လေကြောင်းပစ်ကူနှင့် ကပစ ၆ နှင့် ပြည်ဒကစမှ လက်နက်ကြီးပစ်ကူအပြင် စက်တပ်လေထီးများမှ လာရောက်ဗုံးကြဲချခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။
စစ်ကောင်စီ၏လေကြောင်းပစ်ကူမှာ ၎င်းတို့တပ်အချင်းချင်း ပြန်လည်မှားယွင်းပစ်ခတ်မှုကြောင့် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးခဲ့ပြီး လက်ကျန်တပ်ဖွဲ့ဝင်များမှာလည်း ကျောက်ဖူးချောင်းအတိုင်း ဖရိုဖရဲ ဆုတ်ခွာပြေးကြရကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီ တပ်သားတစ်ဦး၏ ပြောပြချက်အရ သိရသည်။
လက်ရှိတွင် AA ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့များ ၏ ထိုးစစ်မှာ ညောင်ကျိုးစခန်းပတ်လည်ရှိ ကာကင်းစခန်းများအားလုံးကိုသိမ်းပိုက်ထားပြီး ညောင်ကျိုးနှင့် ညောင်ခြေထောက်ကြားတွင် ထိုးစစ် အရှိန်မြှင့်တင်နေကြောင်း သိရသည်။
#ပဲခူး #ပန်းတောင်း #ညောင်ကျိုး #တပ်စခန်း #ပြည်ဒကစ #စစ်ကူမပေး #Ayeyarwaddy_Times