Author: admin
-
ဆင်ပေါင်ဝဲမြို့နယ် ဓနုံးမြှောင်ဂိတ်မှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု ဗိုလ်ကြီး ဖြိုးမောင် အပါအဝင် စစ်သား ၈ ဦး သေဆုံး (ရုပ်/သံ)
ဆင်ပေါင်ဝဲမြို့နယ် ဓနုံးမြှောင်ဂိတ်မှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု ဗိုလ်ကြီး ဖြိုးမောင် အပါအဝင် စစ်သား ၈ ဦး သေဆုံး (ရုပ်/သံ) ရန်ကုန်၊ ဧပြီ ၂၇ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ဓနုံးမြှောင်ဂိတ်မှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ ဗိုလ်ကြီး ဖြိုးမောင် အပါအဝင် စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဆင်ပေါင်ဝဲမြို့နယ် ဓနုံးမြှောင်ဂိတ်မှ ဗိုလ်ကြီး ဖြိုးမောင် ဦးဆောင်သော အကြမ်းဖက်…
-
ပဲခူးရိုးမတွင် စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား၊ စစ်သားတချို့ အလံဖြူထောင်ချိန် စစ်ကောင်စီက လက်နက်ချသူများကို လေယာဉ်ဖြင့် လိုက်လံဗုံးကျဲ
ပဲခူးရိုးမတွင် စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား၊ စစ်သားတချို့ အလံဖြူထောင်ချိန် စစ်ကောင်စီက လက်နက်ချသူများကို လေယာဉ်ဖြင့် လိုက်လံဗုံးကျဲ ရန်ကုန်၊ ဧပြီ ၂၇ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမ အတွင်း တက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်သားများ အလံဖြူထောင်ကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၂၃ ရက်နေ့မှ စတင်ကာ မင်းလှမြို့နယ်၊ ပဲခူးရိုးမ အစပ်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်း ထိုးနေသော စစ်တပ်ကိုတော်လှန်ရေး တပ်ဖွဲ့များက ဧပြီလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင်…
-
ထားဝယ်၊ ဟားလီးကွေ့ တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး သေနတ်ဖြင့် ကိုယ့်ကိုကို အဆုံးစီရင်၊ စစ်သား ၁၅ ဦး လက်နက်ချ အလံဖြူထောင်
ထားဝယ်၊ ဟားလီးကွေ့ တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး သေနတ်ဖြင့် ကိုယ့်ကိုကို အဆုံးစီရင်၊ စစ်သား ၁၅ ဦး လက်နက်ချ အလံဖြူထောင် ရန်ကုန်၊ ဧပြီ ၂၇ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ဟားလီးကွေ့ အကြမ်းဖက် စစ်တပ် စခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး သေနတ်ဖြင့် ကိုယ့်ကိုကို အဆုံးစီရင်သွားကာ စစ်သား ၁၅ ဦး လက်နက်ချ အလံဖြူထောင်ခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ထားဝယ်မြို့နယ်ရှိ…
-
စစ်လက်နက် အသုံးအဆောင်ပစ္စည်းများ အရည်အသွေးမြင့်အောင် ထုတ်လုပ်ရန် မင်းအောင်လှိုင် မှာကြား
စစ်လက်နက် အသုံးအဆောင်ပစ္စည်းများ အရည်အသွေးမြင့်အောင် ထုတ်လုပ်ရန် မင်းအောင်လှိုင် မှာကြား ဧပြီ ၂၇၊ ၂၀၂၅ လက်ရှိအသုံးပြုနေတဲ့ စစ်လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို အရည်အသွေးမြင့်အောင် ထုတ်လုပ်ဖို့ ကြိုးစားရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ဧပြီ ၂၆ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ (၇၅)နှစ်မြောက် စိန်ရတု ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု တပ်ဖွဲ့နေ့ အခမ်းအနားမှာ စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားလိုက်တာပါ။ စစ်လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေဟာ စစ်မြေပြင်မှာ မှတ်ကျောက်တင်ခံရမှာဖြစ်တာကြောင့် အရည်အသွေးနဲ့ စွမ်းရည်ပိုကောင်းအောင် ကြိုးပမ်းရမယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။ ကုန်းဘောင်ခေတ်ကစလို့ မင်းတုန်းမင်းတရားကြီးလက်ထက်မှာ အိမ်ရှေ့စံ ကနောင်မင်းသားကြီးက စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံတွေ စတင်တည်ထောင်ဖို့ ကြိုးပမ်းအားထုတ်ခဲ့မှုကိုလည်း သူက ဥပမာပေးပြောကြားခဲ့ပါတယ်။ ပြည်သူ့ဘဏ္ဍာတွေနဲ့ စစ်လက်နက် အရေအတွက်အများအပြားကို ပြည်တွင်းမှာ…
-
ရေးမြို့ ခမရ(၅၈၈)တပ်ရင်းမှူးနေအိမ်နှင့်လက်နက်တိုက်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ဟု ဒေါနစစ်ကြောင်းမှူးပြော
ရေးမြို့ ခမရ(၅၈၈)တပ်ရင်းမှူးနေအိမ်နှင့်လက်နက်တိုက်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ဟု ဒေါနစစ်ကြောင်းမှူးပြော ဧပြီ၂၇၊၂၀၂၅။ရဲခေါင်/People’s Spring မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၈၈) တပ်ရင်းမှူးနေအိမ်နှင့်လက်နက်တိုက်ကို တော်လှန်ရေးတပ်များ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) စစ်ဆင်ရေးမှူး၊ ဒေါနစစ်ကြောင်းမှူးလည်းဖြစ်သူ စောဒါးကိုက လူထုနွေဦးသို့ပြောသည်။ ရေးမြို့နယ် မော့ကနင်ရွာအခြေစိုက် ခမရ(၅၈၈) တပ်ရင်းအား ဧပြီ၂၄ရက် နေ့လည် ၁နာရီ၃၀မိနစ် ခန့်က ၁၀၇မမ ရှော့တိုက်ဒုံး ၅လုံးဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။ “ထိရောက်မှု ရှိတယ်။သေဆုံးထိခိုက်မှုကို ကျွန်တော်တို့ စုံစမ်းဆဲဖြစ်တယ်။လောလောဆယ် ဒီကောင်တွေဘက်က သတင်းကိုလုံးဝဖျောက်ထားတယ်”ဟု စစ်ဆင်ရေးမှူးစောဒါးကို က ခမရ(၅၈၈)တပ်ရင်း၏ အခြေအနေကို ရှင်းပြသည်။ ခမရ(၅၈၈)တပ်ရင်း တိုက်ခိုက်ရာတွင် မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့(NMSP-AD)နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းက ယနေ့ (ဧပြီ၂၇ရက်) ထုတ်ပြန်ထားသည်။…
-
Breaking News – မင်းလှမြို့နယ်၊ ပဲခူးရိုးမ အတွင်း တက်လာသော စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်သားများ အလံဖြူထောင်၍ လေယာဉ်ဖြင့် လိုက်လံဗုံးကျဲနေ
Breaking News – မင်းလှမြို့နယ်၊ ပဲခူးရိုးမ အတွင်း တက်လာသော စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်သားများ အလံဖြူထောင်၍ လေယာဉ်ဖြင့် လိုက်လံဗုံးကျဲနေ ရန်ကုန်၊ ဧပြီ ၂၇ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမ အတွင်း တက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်သားများ အလံဖြူထောင်၍ လေယာဉ်ဖြင့် လိုက်လံဗုံးကျဲနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၂၃ ရက်နေ့မှ စတင်ကာ မင်းလှမြို့နယ်၊ ပဲခူးရိုးမ အစပ်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်း…
-
သာကေတတွင် တက္ကစီယာဉ်မောင်းတစ်ဦး အပူရှပ်ပြီး ရုတ်တရက်သေဆုံး
သာကေတတွင် တက္ကစီယာဉ်မောင်းတစ်ဦး အပူရှပ်ပြီး ရုတ်တရက်သေဆုံး ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမပေါ်၊ သာကေတစက်မှုဇုန်ရှိ ဓာတ်ဆီဆိုင်အနီးမှာ ဧပြီ၂၆ရက် နေ့လယ်ပိုင်းက တက္ကစီယာဉ်မောင်းတစ်ဦး အပူရှပ်ပြီး ရုတ်တရက် သေဆုံးသွားတယ်လို့ Yangon Rescue Organization(YRO)ကနေ သိရပါတယ်။ အဲဒီယာဉ်မောင်းဟာ နေ့လယ်ပိုင်း အပူရှိန်ပြင်းနေတဲ့အချိန် ကြံရည်သောက်ပြီးနောက် အပူရှပ်ပြီး ရုတ်တရက်သေဆုံးသွားတာဖြစ်တယ်လို့ဆိုပါတယ်။ ဒီဖြစ်စဉ်ကို YROအဖွဲ့ဝင် သစ္စာမဏ္ဍိုင်လူမှုကယ်ဆယ်ရေးအသင်းနဲ့ မိတ်ဖက်ဖြစ်တဲ့ အောင်နိုင်သူ လူမှုကူညီရေးအသင်း၊ သော်တာfire လူမှုကူညီရေးအသင်းတို့ သွားရောက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းစိစစ်မှုတွေပြုလုပ်ကာ ရုပ်အလောင်းကို အောင်နိုင်သူ လူမှုကူညီရေးအသင်းကယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ-YRO
-
စစ်ကိုင်းမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသော အင်အား ၅၀ ပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက စုပေါင်းတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၅ ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ဖရိုဖရဲဖြစ်ထွက်ပြေး 🟥အထိနာသွားသော စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ
စစ်ကိုင်းမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသော အင်အား ၅၀ ပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက စုပေါင်းတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၅ ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ဖရိုဖရဲဖြစ်ထွက်ပြေး 🟥အထိနာသွားသော စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ ရန်ကုန်၊ ဧပြီ ၂၇ စစ်ကိုင်းမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသော အင်အား ၅၀ ပါ တပ်မ ၃၃ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက စုပေါင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂၅ ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ဖရိုဖရဲဖြစ်ထွက်ပြေးသွားကြောင်း စစ်ကိုင်းမြို့နယ်အတွင်းမှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ဧပြီလ ၂၅ ရက်နေ့ စစ်ကိုင်းမြို့နယ်အတွင်း မင်းကွန်းနှင့် ပဒူကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်က စစ်ကြောင်းများစွာခွဲ၍ စစ်ကိုင်းမြို့နယ်အတွင်းသို့ ဝင်ရောက်နေကြောင်း၊ ဧပြီလ ၂၅…
-
ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ကာကင်းစခန်း ၅ ခုကို သိမ်းပိုက်ရရှိကာ တပ်ရင်းမှူးနှင့်အဖွဲ့ကို အရှင်ဖမ်းမိ၊ ဖားကန့်ကို ထိုးစစ်ဆင်နေသော စစ်တပ် စစ်ကြောင်းများ သေဆုံးမှုများပြား
ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ကာကင်းစခန်း ၅ ခုကို သိမ်းပိုက်ရရှိကာ တပ်ရင်းမှူးနှင့်အဖွဲ့ကို အရှင်ဖမ်းမိ၊ ဖားကန့်ကို ထိုးစစ်ဆင်နေသော စစ်တပ် စစ်ကြောင်းများ သေဆုံးမှုများပြား ရန်ကုန်၊ ဧပြီ ၂၇ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ယမန်နေ့ ဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ ကာကင်းစခန်း ၅ ခုကို ထပ်မံ သိမ်းပိုက်ရရှိကာ စစ်တပ်၏ တပ်ရင်းမှူးနှင့်အဖွဲ့ကို အရှင်ဖမ်းဆီးရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၂၅ ရက်နေ့မှစတင်၍ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ပြန်လည်ပြင်းထန်လာခဲ့ပြီး KIA၊ KPDF တပ်များက ထိုးစစ်ကို အရှိန်မြှင့်တင်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း စကခ ၂၁ ၏ ကာကင်းစခန်း ၅ ခုကို သိမ်းပိုက်ရရှိပြီး စစ်တပ်တပ်ရင်းမှူးနှင့်အဖွဲ့ကိုလည်း အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။ “စကခ…
-
မန္တလေး၊ စစ်ကိုင်းနှင့် ကျောက်ဆည်တို့တွင် ယနေ့ညပိုင်း ငလျင်သိသိသာသာလှုပ်ခတ်ပြီး ပြည်သူအများစု ခံစားသိရှိရ
မန္တလေး၊ စစ်ကိုင်းနှင့် ကျောက်ဆည်တို့တွင် ယနေ့ညပိုင်း ငလျင်သိသိသာသာလှုပ်ခတ်ပြီး ပြည်သူအများစု ခံစားသိရှိရ ရန်ကုန်၊ ဧပြီ ၂၆ မန္တလေး၊ စစ်ကိုင်းနှင့် ကျောက်ဆည်တို့တွင် ယနေ့ညပိုင်း ငလျင်သိသိသာသာလှုပ်ခတ်ပြီး ပြည်သူအများစု ခံစားသိရှိရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၂၆ ရက်နေ့ ည ၈ နာရီ ၅၃ မိနစ်အချိန် မန္တလေး၊ စစ်ကိုင်းနှင့် ကျောက်ဆည်တို့တွင် ငလျင် သိသိသာသာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ငလျင်လှုပ်ရှားမှုမှာ စက္ကန့်ပိုင်းသာ ကြာမြင့်သော်လည်း လှုပ်ခတ်မှုနှင့် ယိမ်းထိုးမှုကို သိသာစွာခံစားရကြောင်း ပြည်သူများက ဆိုကြသည်။ “ငလျင်က လှုပ်တဲ့အချိန် အရာ၀တ္တု ပစ္စည်းတွေပါ ရိုက်သံတွေ ထွက်တာ။ အော်သံနဲ့ လာလှုပ်သလို ခံစားရတာ” ဟု မန္တလေးဒေသပြည်သူတစ်ဦးက ဆိုသည်။…