Author: admin

  • ဖယ်ခုံမြို့နယ်၊ မြင်းမထိတောင်တွင် ဒေသတိုင်းရင်းသားများက ကန့်ကွက်နေသည့်ကြားမှ   တရုတ်နှင့်လေးပွင့်ကြယ်ကုမ္ပဏီတို့က အတင်းအကျပ် ဝင်ရောက် သတ္တု တူးဖော်နေ

    ဖယ်ခုံမြို့နယ်၊ မြင်းမထိတောင်တွင် ဒေသတိုင်းရင်းသားများက ကန့်ကွက်နေသည့်ကြားမှ တရုတ်နှင့်လေးပွင့်ကြယ်ကုမ္ပဏီတို့က အတင်းအကျပ် ဝင်ရောက် သတ္တု တူးဖော်နေ

    by

    in

    ဖယ်ခုံမြို့နယ်၊ မြင်းမထိတောင်တွင် ဒေသတိုင်းရင်းသားများက ကန့်ကွက်နေသည့်ကြားမှ တရုတ်နှင့်လေးပွင့်ကြယ်ကုမ္ပဏီတို့က အတင်းအကျပ် ဝင်ရောက် သတ္တု တူးဖော်နေ ရန်ကုန်၊ ဧပြီ ၂၃ ရှမ်းပြည်နယ်နှင့်ကရင်နီပြည် အစပ် ဖယ်ခုံမြို့နယ်၊ မြင်းမထိတောင်တွင် ဒေသတိုင်းရင်းသားများက ကန့်ကွက်နေသည့်ကြားမှ တရုတ်နှင့်လေးပွင့်ကြယ်ကုမ္ပဏီတို့က အတင်းအကျပ် ဝင်ရောက် သတ္တု တူးဖော်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုနှစ် မတ်လမှစတင်၍ ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာအုပ်စုအတွင်းရှိ မြင်းမထိတောင်ရှိ ပရာဒေါင်းဆွေမျိုးစုနယ်မြေတွင် လေးပွင့်ကြယ်ကုမ္ပဏီက တရုတ်ကုမ္ပဏီနှင့်ပူးပေါင်း၍ သတ္တုတူးဖော်ခြင်းများ လုပ်ဆောင်နေကြောင်း၊ လေးပွင့်ကြယ်ကုမ္ပဏီသည် တရုတ် မာစတာဝမ်ကုမ္ပဏီနှင့်ပူးပေါင်း၍ ဒေသပြည်သူများ၏ သဘောတူညီချက်မရဘဲ သတ္တုတူးဖော်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ မြင်းထိတောင်သတ္တုတူးဖော်မှုနှင့်ပတ်သက်၍ တိုင်းရင်းသားပြည်သူများနှင့် ပရာဒေါင်းဆွေမျိုးစုများက ဆန့်ကျင်ကန့်ကွက်မှုများ လုပ်ဆောင်နေသော်လည်း ကုမ္ပဏီဘက်က ညှိနှိုင်းမှုကို လက်မခံဘဲ ဆက်လက်ဆောင်ရွက်နေကြောင်း ပရာဒေါင်းဆွေမျိုးစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့…

  • မန္တ​လေးPDF ထိန်းချုပ်ထားတဲ့မတ္တရာအ​ရှေ့ခြမ်းကိုစစ်​ကောင်စီစစ်​ကြောင်းထိုးလို့တိုက်ပွဲ​တွေဖြစ်

    မန္တ​လေးPDF ထိန်းချုပ်ထားတဲ့မတ္တရာအ​ရှေ့ခြမ်းကိုစစ်​ကောင်စီစစ်​ကြောင်းထိုးလို့တိုက်ပွဲ​တွေဖြစ်

    by

    in

    မန္တ​လေးPDF ထိန်းချုပ်ထားတဲ့မတ္တရာအ​ရှေ့ခြမ်းကိုစစ်​ကောင်စီစစ်​ကြောင်းထိုးလို့တိုက်ပွဲ​တွေဖြစ် ဧပြီ-၂၃၊၂၀၂၅။ရှိန်း/People’s Spring ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး)ထိန်း ချုပ်ထားတဲ့မတ္တရာမြို့နယ်အ‌​ရှေ့ခြမ်းကိုစစ် ​ကောင်စီတပ်ကစစ်​ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲ​တွေဖြစ်ပွားနေတယ်လို့ စစ်ရေး သတင်းအရင်းမြစ်တွေ နဲ့ နယ်ခံ တော်လှန်ရေးတပ်တွေဆီကသိရပါတယ်။ မတ္တရာမြို့နယ်အရှေ့ခြမ်းကဖယောင်းတောင်သတ္တုတွင်း၊ကျောက်တံတား နဲ့ ထန်းပင်ကုန်ကျေး ရွာတို့ဘက်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေတိုက်ပွဲတွေဖြစ်ပွားနေတာပါ။ ၁၀၂၇ စစ်ဆင်​ရေး ဒုတိယလှိုင်း (ရှမ်းမန်းစစ်ဆင်​ရေး)မှာမန္တ​လေးPDF နဲ့မဟာမိတ်​တွေကစဥ့်ကူးမြို့ကို သိမ်းပိုက်ခဲ့သလို့ မတ္တရာမြို့နယ် အ​ရှေ့ခြမ်းက စစ်တပ်တပ်စွဲရာစခန်း​ပေါင်း၄၀ခန့်ကိုထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ​ဖယောင်းတောင်သတ္တုတွင်းတပ်စခန်း ၊ ဆည်​တော်ကြီး စစ်စခန်း ၊ ​လေ​ကြောင်းရန်ကာကွယ်​ရေးတပ် စခန်း စတဲ့ စစ်တပ်စခန်း​တွေပါဝင်ပါတယ် ။ မတ္တရာမြို့နယ်အ​နောက်ခြမ်းကို​လည်းဒေသခံ​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ထိန်းချုပ်ထား​ပေမယ့် ၂၀၂၄ နှစ်ကုန်ပိုင်းမှာ စစ်​ကောင်စီတပ်ကစစ်​ကြောင်းထိုးပြီးတိုက်ခိုက်ပြီးပြန်လည်ထိန်းချုပ်ခဲ့ပါတယ် ။ ဒါအပြင် မန္တ​​လေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်အ​ရှေ့ခြမ်းကိုပါ စစ်​ကောင်စီကသင်္ကြန်အပြီးမှာစစ်​ကြောင်းထိုးတိုက်ခိုက်လာတာဖြစ်ပါတယ် ။ စစ်​ကောင်စီဟာ ဧပြီ ၂…

  • ဗိုလ်ချုပ်ဟောင်း စိုးသိန်းနှင့်သား အေးချမ်းတို့က ပြည်သူ ၁၅ ဦးထက်မနည်းကို ကမာရွတ်၊ ဗဟန်းနှင့်ပန်းဘဲတန်းမြို့နယ်တို့တွင် ပုဒ်မ ၅၀၅ (က)၊ ၆၆ (ဃ) ဖြင့် အမှုဖွင့်သည့်အပြင် တရားမကြောင်းဖြင့် ပြည်သူ ၁ ဦးလျှင် ငွေကျပ် သိန်း ၃၀၀၀ စီ လျှော်ကြေးပေးရန် တရားစွဲတောင်းခံနေ

    ဗိုလ်ချုပ်ဟောင်း စိုးသိန်းနှင့်သား အေးချမ်းတို့က ပြည်သူ ၁၅ ဦးထက်မနည်းကို ကမာရွတ်၊ ဗဟန်းနှင့်ပန်းဘဲတန်းမြို့နယ်တို့တွင် ပုဒ်မ ၅၀၅ (က)၊ ၆၆ (ဃ) ဖြင့် အမှုဖွင့်သည့်အပြင် တရားမကြောင်းဖြင့် ပြည်သူ ၁ ဦးလျှင် ငွေကျပ် သိန်း ၃၀၀၀ စီ လျှော်ကြေးပေးရန် တရားစွဲတောင်းခံနေ

    by

    in

    ဗိုလ်ချုပ်ဟောင်း စိုးသိန်းနှင့်သား အေးချမ်းတို့က ပြည်သူ ၁၅ ဦးထက်မနည်းကို ကမာရွတ်၊ ဗဟန်းနှင့်ပန်းဘဲတန်းမြို့နယ်တို့တွင် ပုဒ်မ ၅၀၅ (က)၊ ၆၆ (ဃ) ဖြင့် အမှုဖွင့်သည့်အပြင် တရားမကြောင်းဖြင့် ပြည်သူ ၁ ဦးလျှင် ငွေကျပ် သိန်း ၃၀၀၀ စီ လျှော်ကြေးပေးရန် တရားစွဲတောင်းခံနေ ရန်ကုန်၊ ဧပြီ ၂၄ အကြမ်းဖက် စစ်တပ်မှ ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သော ဝန်ကြီးဟောင်း စိုးသိန်းနှင့် သားဖြစ်သူ အေးချမ်းတို့က ပြည်သူ ၁၅ ဦးထက်မနည်းကို ကမာရွတ်မြို့နယ်၊ ဗဟန်းမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့တွင် ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် အမှုဖွင့်သည့်အပြင် တရားမကြောင်းဖြင့်ပါ ငွေကျပ် သိန်းထောင်ချီလျှော်ကြေးတောင်း နေကြောင်း ရန်ကုန်တိုင်းစစ်ရေး သတင်းရင်းမြစ်က…

  • မြေငလျင်ကြီးမားစွာလှုပ်ခတ်မည်ဖြစ်ကြောင်း Tiktok အကောင့်မှတဆင့် မဟုတ်မမှန် သတင်းအမှားဖြန့်ဝေခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

    မြေငလျင်ကြီးမားစွာလှုပ်ခတ်မည်ဖြစ်ကြောင်း Tiktok အကောင့်မှတဆင့် မဟုတ်မမှန် သတင်းအမှားဖြန့်ဝေခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

    by

    in

    မြေငလျင်ကြီးမားစွာလှုပ်ခတ်မည်ဖြစ်ကြောင်း Tiktok အကောင့်မှတဆင့် မဟုတ်မမှန် သတင်းအမှားဖြန့်ဝေခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၃ ရက် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်တွင် မြေငလျင်ကြီးမားစွာလှုပ်ခတ်မည်ဟု Tiktok အကောင့်မှ တစ်ဆင့် မဟုတ်မမှန်သတင်းအမှားဖြန့်ဝေနေကြောင်းသတင်းအရ ဧပြီလ ၂၂ ရက် ၁၀၀၀ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ တိုးချဲ့ ကွက်သစ်ရပ်၊ နယ်မြေ(၂၁)၊ ရွှေညောင်ပင် လမ်းရှိ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ တရားခံ John(Palmistry) အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိတရားခံအား စိစစ်ဖော်ထုတ်ချက်အရ ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း မုံရွာမြို့ပေါ်၌ပြုလုပ်သည့်…

  • စစ်ကိုင်းမြို့ပေါ်မှ မင်းကွန်းဒေသသို့ သောက်စားမူးရူးပြီး ပြန်လာသော ပျူစောထီးများ လိုက်လာသည့် ကားကို ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် နေလင်း (ခ) ရဲဘော်ကြီး အပါအဝင် ၇ ဦး သေဆုံး(ရုပ်/သံ)

    စစ်ကိုင်းမြို့ပေါ်မှ မင်းကွန်းဒေသသို့ သောက်စားမူးရူးပြီး ပြန်လာသော ပျူစောထီးများ လိုက်လာသည့် ကားကို ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် နေလင်း (ခ) ရဲဘော်ကြီး အပါအဝင် ၇ ဦး သေဆုံး(ရုပ်/သံ)

    by

    in

    စစ်ကိုင်းမြို့ပေါ်မှ မင်းကွန်းဒေသသို့ သောက်စားမူးရူးပြီး ပြန်လာသော ပျူစောထီးများ လိုက်လာသည့် ကားကို ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် နေလင်း (ခ) ရဲဘော်ကြီး အပါအဝင် ၇ ဦး သေဆုံး(ရုပ်/သံ) ရန်ကုန်၊ ဧပြီ ၂၃ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှ မင်းကွန်းဒေသသို့ သောက်စားမူးရူးပြီး ပြန်လာသော ပျူစောထီးများ လိုက်လာသည့် ကားကို ပစ်ခတ် တိုက်ခိုက်ရာ ပျူစောထီး ခေါင်းဆောင် နေလင်း (ခ) ရဲဘော်ကြီး အပါအဝင် ၇ ဦး သေဆုံးခဲ့ကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၂၀ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်မှ မင်းကွန်းဒေသသို့ မွေးနေ့ပွဲမှ သောက်စားမူးရူးပြီး ကားဖြင့်…

  • အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို

    အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို

    by

    in

    အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို ရန်ကုန်၊ ဧပြီ ၂၃ အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များကို ပြည်သူများက အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။ ရှစ်လ ဝန်းကျင်ကြာမြင့်ခဲ့သည့် အင်းတော်မြို့သိမ်းတိုက်ပွဲ ကို ABSDF အမှတ် ၁ စစ်ကြောင်း ၊ ABSDF အမှတ် ၃ စစ်ကြောင်း ၊ KPDF ၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းများ ၊ အခြားသော မဟာမိတ်တပ်ပေါင်းစုများဖြင့် ပူးပေါင်းသိမ်းပိုက်ခဲ့ကြရာ ၂၀၂၅ ခုနှစ် ဧပြီလ ၇…

  • ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးရန် တိုက်တွန်းနေသော နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ ပြည်သူကို တိုက်ခိုက်သတ်ဖြတ်နေသော သဘောထားကို ဆန်းစစ်သုံးသပ်ကြရန် NUG အစိုးရ သတိပေး

    ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးရန် တိုက်တွန်းနေသော နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ ပြည်သူကို တိုက်ခိုက်သတ်ဖြတ်နေသော သဘောထားကို ဆန်းစစ်သုံးသပ်ကြရန် NUG အစိုးရ သတိပေး

    by

    in

    ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးရန် တိုက်တွန်းနေသော နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ ပြည်သူကို တိုက်ခိုက်သတ်ဖြတ်နေသော သဘောထားကို ဆန်းစစ်သုံးသပ်ကြရန် NUG အစိုးရ သတိပေး ရန်ကုန်၊ ဧပြီ ၂၃ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးရန် တိုက်တွန်းနေသော နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ ပြည်သူကို တိုက်ခိုက်သတ်ဖြတ်နေသော သဘောထားကို ဆန်းစစ်သုံးသပ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG အစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က သတိပေးပြောဆိုလိုက်သည်။ ဧပြီလ ၂၂ ရက်နေ့ ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေး ၁၂/၂၀၂၅ တွင် အထက်ပါအတိုင်း ၎င်းတို့က သတိပေးတိုက်တွန်းလိုက်ကြခြင်းဖြစ်သည်။ လက်ရှိ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခင်းအကျင်းတွင် နိုင်ငံတကာက မြေငလျင်လှုပ်ခတ်မှုကို အကြောင်း ပြုပြီး“ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ” ပေါ်ပေါက်လာရန် တိုက်တွန်း နေကြောင်း၊ NUG အနေဖြင့် မြန်မာတစ်နိုင်ငံလုံး…

  • ရန်ကုန်လေဆိပ်အခွန် တိုးမြှင့်ကောက်ခံ

    ရန်ကုန်လေဆိပ်အခွန် တိုးမြှင့်ကောက်ခံ

    by

    in

    ရန်ကုန်လေဆိပ်အခွန် တိုးမြှင့်ကောက်ခံ ——————————————- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထွက်ခွာမယ့် ခရီးသွားဧည့်သည်တွေအားလုံး မေ ၁၂ ရက်ကစပြီး လေဆိပ် အခွန်အဖြစ် ပြည်ပခရီးစဉ်အတွက် ၂၅ ဒေါ်လာနဲ့ ပြည်တွင်း ခရီးစဉ်အတွက် ကျပ်တစ်သောင်းခွဲ တိုးမြှင့် ကောက်ခံမှာ ဖြစ်တယ်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထုတ်ပြန်ထားပါတယ်။ အခုလို တိုးမြှင့်လိုက်တဲ့ လေဆိပ်အခွန်ကို မေလ ၁၂ ရက် မတိုင်မီ လက်မှတ်ဝယ်ယူထားတဲ့ ခရီးသည်တွေ အနေနဲ့လည်း သက်ဆိုင်ရာ လေကြောင်းလိုင်းတွေ ဒါမှမဟုတ် ခရီးသွားအေဂျင်စီတွေဆီ ဆက်သွယ်ပြီး ထပ်မံ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။ ခရီးသည်ဝန်ဆောင်ခ(PSC)ဆိုတာ လေဆိပ်(ဒါမှမဟုတ်) လေယာဉ်ကွင်းတွေမှာ ခရီးသည်တွေကို ဆောင်ရွက် ပေးတဲ့ ဝန်ဆောင်မှုအတွက် ကောက်ခံတဲ့ အခကြေးငွေဖြစ်ပြီး Airport Tax (လေဆိပ်အခွန်)လို့လည်း ခေါ်ဆိုကာ လေယာဉ်လက်မှတ်ဈေးနှုန်းထဲမှာ တစ်ပါတည်း…

  • အင်းတော်မြို့ကို သိမ်းပိုက်ပြီးနောက် ပြည်သူများနှင့် တော်လှန်ရေးသမားများကို သတ်ဖြတ်ခဲ့သော ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများနှင့် SNA တပ်ဖွဲ့ဝင်များ အပါအဝင် တရားခံ ၃၀ ကျော်ကို ဖမ်းဆီး အရေးယူ

    အင်းတော်မြို့ကို သိမ်းပိုက်ပြီးနောက် ပြည်သူများနှင့် တော်လှန်ရေးသမားများကို သတ်ဖြတ်ခဲ့သော ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများနှင့် SNA တပ်ဖွဲ့ဝင်များ အပါအဝင် တရားခံ ၃၀ ကျော်ကို ဖမ်းဆီး အရေးယူ

    by

    in

    အင်းတော်မြို့ကို သိမ်းပိုက်ပြီးနောက် ပြည်သူများနှင့် တော်လှန်ရေးသမားများကို သတ်ဖြတ်ခဲ့သော ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများနှင့် SNA တပ်ဖွဲ့ဝင်များ အပါအဝင် တရားခံ ၃၀ ကျော်ကို ဖမ်းဆီး အရေးယူ ရန်ကုန်၊ ဧပြီ ၂၃ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို သိမ်းပိုက်ပြီးနောက် ပြည်သူများနှင့် တော်လှန်ရေးသမားများကို သတ်ဖြတ်ခဲ့သော ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများနှင့် SNA တပ်ဖွဲ့ဝင်များ အပါအဝင် တရားခံ ၃၀ ကျော်ကို ဖမ်းဆီး အရေးယူထားကြောင်း အင်းတော်မြို့ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ပြောဆိုသည်။ ဧပြီလ ၇ ရက်နေ့ အင်းတော်မြို့ကို သိမ်းပိုက်ပြီးနောက် ပြည်သူများနှင့် တော်လှန်ရေးသမားများ၏ မိသားစုများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ထား သူ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများ၊ SNA…

  • ကိုးကန့်တပ်နဲ့ညီအစ်ကိုတွေလို ချစ်ခင်ရင်းနှီးစွာ နေသွားဖို့ ကာကွယ်ရေးဝန်ကြီးပြော –

    ကိုးကန့်တပ်နဲ့ညီအစ်ကိုတွေလို ချစ်ခင်ရင်းနှီးစွာ နေသွားဖို့ ကာကွယ်ရေးဝန်ကြီးပြော –

    by

    in

    ကိုးကန့်တပ်နဲ့ညီအစ်ကိုတွေလို ချစ်ခင်ရင်းနှီးစွာ နေသွားဖို့ ကာကွယ်ရေးဝန်ကြီးပြော – #dvbtvnews #digitalfirst ငြိမ်းချမ်းရေးယူထားတဲ့ ကိုးကန့်တပ် MNDAA အဖွဲ့နဲ့ညီအစ်ကိုတွေလို ချစ်ခင်ရင်းနှီးစွာ အတူ ယှဥ်တွဲနေသွားဖို့ ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောပါ တယ်။ လာရှိုးမြို့ကို ပြန်လည်ဝင်ရောက်အခြေချမယ့် ခြေလျင်၊ခြေမြန်တပ်တွေနဲ့ လက်ရုံး တပ်တွေကို ဧပြီ ၂၂ ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင် မောင်အေးက ပြောဆိုခဲ့တာလို့ နေပြည်တော်သ တင်းအမြစ်က ဒီဗွီဘီ ကိုပြောပါတယ်။ “မင်းတို့ဘာမှကြောက်စရာမလိုဘူး အရင်ကလို ကိုးကန့်တွေက ပစ်တာ ခတ်တာ လုပ်မှာမဟုတ်ဘူး ငြိမ်းချမ်းရေးယူပြီးပြီ ဒို့ညီအစ်ကိုတွေဖြစ် သွားပြီ တစ်ခုခုဆို ကိုးကန့်တပ်တွေက ကာကွယ် ပေးလိမ့်မယ့် ဟိုရောက်ရင်လည်း လာကြိုလိမ့် မယ် တိုင်တိုင်ပင်ပင်လုပ်ကြ “လို့ ပြောခဲ့တာလို့ ရှင်းပြပါတယ်။ မနေ့က မနက် ၁၀…