Author: admin
-
စစ်ဗိုလ်ချုပ်ကြီးများနှင့်စစ်သည်များ မင်းအောင်လှိုင်နှင့်စစ်အုပ်စုအတွက် အသက်ပေးကာကွယ်ခြင်းမပြုဘဲ ပြည်သူနှင့်အမြန်ပူးပေါင်းရန် NUG ယာယီသမ္မတ တိုက်တွန်း
စစ်ဗိုလ်ချုပ်ကြီးများနှင့်စစ်သည်များ မင်းအောင်လှိုင်နှင့်စစ်အုပ်စုအတွက် အသက်ပေးကာကွယ်ခြင်းမပြုဘဲ ပြည်သူနှင့်အမြန်ပူးပေါင်းရန် NUG ယာယီသမ္မတ တိုက်တွန်း ဟန်နွေ/People’s Spring ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်နေသည့် ရာဇဝတ်သားမင်းအောင်လှိုင်နှင့် စစ်အုပ်စုကို အသက်ပေးကာကွယ်ခြင်းမပြုဘဲ ပြည်သူလူထုဘက်ရပ်တည်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ဗိုလ်ချုပ်ကြီးအပါအဝင် တပ်မတော်သားများကို တိုက်တွန်းလိုက်သည်။ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့(ဇန်နဝါရီ ၁ရက်) နံနက်တွင် နှစ်သစ်ကူးမိန့်ခွန်းပြောကြားခဲ့ရာ မင်းအောင်လှိုင်နှင့် စစ်အုပ်စုကို တိုက်ရိုက်အကာအကွယ်ပေးနေသည့် စစ်ကောင်စီတပ်သားများအတွက် ယခုကဲ့သို့ ယခုကဲ့သို့ သတင်းစကား ပြောကြားတိုက်တွန်းလိုက်ခြင်းဖြစ်သည်။ “တကယ်တော့ မြန်မာ့တပ်မတော်နဲ့ အကြမ်းဖက်စစ်ကောင်စီဆိုတာဟာ ထပ်တူချလို့မရတဲ့ အချက်တွေရှိပါတယ်။ မြန်မာ့တပ်မတော်မှာ ခေါင်းဆောင်နေသူတွေဟာ အာဏာတပ်မက်မှုနဲ့ ကိုယ်ကျိုးအရေး သိပ်အလေးထားပြီး ပြည်သူလူထုကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်နေမှုနဲ့ ဦးဆောင်မှု သိမ်ဖျင်းယိုယွင်းနေခြင်းကြောင့်မြန်မာ့တပ်မတော်ဟာ အကြမ်းဖက် စစ်တပ်အဖြစ် ပြည်သူတစ်ရပ်လုံးက ရှုမြင်နေကြပြီဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ရဲ့…
-
၂၀၂၅အတွင်း ကရင်နီပြည်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး သိမ်းပိုက်ရန်လုပ်ဆောင်မည်ဟု KNDFဥက္ကဌ ပြေ
၂၀၂၅အတွင်း ကရင်နီပြည်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး သိမ်းပိုက်ရန်လုပ်ဆောင်မည်ဟု KNDFဥက္ကဌ ပြော ရဲခေါင်/People’s Spring ၂၀၂၅အတွင်း ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ရန်လုပ်ဆောင်မည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဥက္ကဌခွန်းဘီထူးက နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားလိုက်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးရဲဘော်တစ်သောင်းကျော်ဖြင့် ဖွဲ့စည်းထားသည့် KNDF နှင့်ကရင်နီတပ်ပေါင်းစုက ၂၀၂၃တွင် ၁၁၁၁ စစ်ဆင်ရေးဖြင့် ကရင်နီပြည်နယ်၏ မြို့တော်လွိုင်ကော်မြို့ကို ထိန်းချုပ်နိုင်ခဲ့ဖူးသည်။ “၂၀၂၄ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် စည်းလုံးမှုတွေရှိလာတယ်။သင်ခန်းစာတွေလည်းရှိခဲ့တယ်။၂၀၂၃ ခုနှစ်က ၁၁၁၁ ဒါမှမဟုတ် ၁၀၂၇ စစ်ဆင်ရေးတွေမှာ ကျွန်တော်တို့ အားတက်သရောပါဝင်ခဲ့ပေမယ့် ၂၀၂၄ မှာ အသင့်အတင့်လေး တိုက်ပွဲအရှိန် အနည်းယ်လျော့သွားတာ ရှိခဲ့ပါတယ်။ဒါပေမယ့် ဒါကလည်း တော်လှန်ရေးရဲ့ အခက်အခဲတွေကြောင့်မလို့ ဖြစ်ပါတယ်။ဒါကို အကျယ့်တဝင့်ပြောစရာတော့မလိုဘူး”ဟု ခွန်းဘီထူးက ပြောသည်။ ထို့အပြင် ၎င်းက ဆက်ပြီး “၂၀၂၅…
-
မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းရေး ၊ ဖက်ဒရယ် အခြေခံဥပဒေရေးဆွဲရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေး လုပ်ငန်းစဉ်များကို ယာယီသမ္မတ ဒူဝါလရှီးလ စတင်ချပြ
မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းရေး ၊ ဖက်ဒရယ် အခြေခံဥပဒေရေးဆွဲရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေး လုပ်ငန်းစဉ်များကို ယာယီသမ္မတ ဒူဝါလရှီးလ စတင်ချပြ ရန်ကုန်၊ ဇန်နဝါရီ ၁ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးနောက် အသွင်းကူးပြောင်းရေးအစိုးရ ခေါ် Transitional National Unity Government- TNUG ဖွဲ့စည်းရေး လုပ်ငန်းစဉ်များကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူလူထုထံသို့ တရားဝင် အသိပေး ချပြလိုက်သည်။ ယနေ့ ၂၀၂၅ ခုနှစ် နှစ်သစ်ကို ကြိုဆိုခြင်း နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးသည့်နောက် အသွင်ကူးပြောင်းရေး ကာလ ရောက်သွားမည်ဖြစ်ကြောင်း၊ ထိုအချိန်တွင်…
-
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန် ▪️ယမန်နေ့တစ်ရက်တည်း စစ်ကောင်စီလေကြောင်မှ ၁၁ကြိမ်ပစ်ကူပေးခုခံ
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန် ▪️ယမန်နေ့တစ်ရက်တည်း စစ်ကောင်စီလေကြောင်မှ ၁၁ကြိမ်ပစ်ကူပေးခုခံ ဟန်နွေ/People’s Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေရာ ၁လနီးပါးရှိပြီဖြစ်ပြီး ယမန်နေ့ (ဒီဇင်ဘာ ၃၁ရက်)က မြို့ပေါ် တိုက်ပွဲပြင်းထန်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “မနေ့က ဗန်းမော်မြို့ထဲမှာ တိုက်ပွဲပြင်းထန် တယ်။ မြို့ထဲလေကြောင်းတိုက်ခိုက်မှု ၁၁ကြိမ် လုပ်ခဲ့တယ်”ဟု ၎င်းက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုများအနက် သိမ်တော်ကြီးဘုရားကျောင်းဝင်းအတွင်း ၈ကြိမ် ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။ ” အကုန်ပျက်စီးကုန်ပြီ။ ပြည်သူနေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုများတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။ အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်မြို့တိုက်ပွဲအခြေအနေကို လူမှုကွန်ရက်မှ အသိပေးဖော်ပြထားရာ ယမန်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းရရှိခဲ့ပြီး အလံဖြူထောင်သူများလည်းရှိသည်ဟု ဆိုသည်။ ဒီဇင်ဘာ ၃၁ရက်တွင် ဗန်းမော်မြို့ ဝင်းလိုက် ဟိုတယ်၊ သိမ်တော်ကြီးဝင်း…
-
နာမည်ကြီး လောကီပညာရှင် ဆရာလင်းညှို့တာရာ၏ 2025 ခုနှစ် မြန်မာနိုင်ငံအတွက် ဟောကိန်း”
နာမည်ကြီး လောကီပညာရှင် ဆရာလင်းညှို့တာရာ၏ 2025 ခုနှစ် မြန်မာနိုင်ငံအတွက် ဟောကိန်း”
-
ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာကို စစ်တပ်က နှစ်သစ်ကူးည စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု မိသားစုဝင် ၅ ဦးသေဆုံးပြီး ၂ ဦးသာအလောင်းရကာ ကျန် ၃ ဦးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၊ လူနေအိမ် ၅ လုံးပျက်စီးပြီး နွား ၉ ကောင်လည်းသေဆုံး
ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာကို စစ်တပ်က နှစ်သစ်ကူးည စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု မိသားစုဝင် ၅ ဦးသေဆုံးပြီး ၂ ဦးသာအလောင်းရကာ ကျန် ၃ ဦးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၊ လူနေအိမ် ၅ လုံးပျက်စီးပြီး နွား ၉ ကောင်လည်းသေဆုံး ရန်ကုန်၊ ဇန်နဝါရီ ၁ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာကို စစ်တပ်က ယမန်နေ့ နှစ်သစ်ကူးညအချိန် စစ်လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ရာ မိသားစုဝင် ၅ ဦးသေဆုံးပြီး ၂ ဦးသာ အလောင်းပြန်ရကာ ကျန် ၃ ဦးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်ကာ ကိုယ်ခန္ဓာအပိုင်းအစများနှင့် အသားစများသာ ပြန်လည်ရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည…
-
တိုင်းပြည် တိုးတက်အောင် သူက ဆောင်ရွက်နိုင်ခဲ့ပေမယ့် တိုင်းရင်းသားခေါင်းဆောင်တချို့က ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေတယ်လို့ မင်းအောင်လှိုင်က အပြစ်တင်
တိုင်းပြည် တိုးတက်အောင် သူက ဆောင်ရွက်နိုင်ခဲ့ပေမယ့် တိုင်းရင်းသားခေါင်းဆောင်တချို့က ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေတယ်လို့ မင်းအောင်လှိုင်က အပြစ်တင် ရန်ကုန်၊ ဇန်နဝါရီ ၁ 3 အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်တိုးတက်အောင် သူ့အနေနဲ့ ဆောင်ရွက်နိုင်ခဲ့ပေမယ့်လည်း တိုင်းရင်းသားခေါင်းဆောင် တချို့က ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီနေ့ မင်းအောင်လှိုင်က နှစ်သစ်ကူးအဖြစ် ထုတ်ပြန်ပြောဆိုတဲ့ ပြောဆိုချက်မှာ အဲဒီလို ထည့်သွင်းပြောဆိုလာတာဖြစ်ပါတယ်။ မင်းအောင်လှိုင်က သူ့အနေနဲ့ တိုင်းပြည်ကို အတိုင်းအတာတစ်ခု အထိတိုးတက် အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်တာ၊ ၅ ကြိမ်မြောက် အားကစားပွဲတော်ကြီးကို အောင်မြင်စွာ ကျင်းပနိုင်တာတွေက သူရဲ့ တိုင်းပြည်ကို တိုးတက် အောင်လုပ်ဆောင်မှုတွေ ဖြစ်တယ်လို့ မင်းအောင်လှိုင်က…
-
ရန်ကုန်တွင် နှစ်သစ်ကူးနေ့ ညပိုင်း စစ်တပ်ပိုင် အမှတ် ၃ သံမဏိစက်ရုံနှင့် ရွှေပေါက်ကံအထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်
ရန်ကုန်တွင် နှစ်သစ်ကူးနေ့ ညပိုင်း စစ်တပ်ပိုင် အမှတ် ၃ သံမဏိစက်ရုံနှင့် ရွှေပေါက်ကံအထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက် ရန်ကုန်၊ ဇန်နဝါရီ ၁ ရန်ကုန်တွင် ယမန်နေ့ နှစ်သစ်ကူးသည့်နေ့ ညပိုင်း စစ်တပ်ပိုင် အမှတ် ၃ သံမဏိစက်ရုံနှင့် ရွှေပေါက်ကံအထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမရှိ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ စစ်တပ်ပိုင် အမှတ် ၃ သံမဏိစက်ရုံတွင် သောက်စားမူးယစ်နေသော စစ်ကောင်စီတပ်ဖွဲ့များကို Yangon Army (YA) က မိုင်း ၃ လုံးကို လက်ပစ်ဗုံးကပ်ပြီး ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း အဆိုပါ…
-
လာမည့်နှစ်သစ်တွင် စစ်ရေးပိုပြင်းထန်မည်ဟု KNU အသိပေး ” စစ်တပ်ကို အပြောင်းအလဲ လုပ်ချင်တဲ့ သူတွေရှိမှာပဲ တပ်မှူး တပ်သားတွေက။ အဲဒီလိုတပ်မှူး တပ်သားတွေကလည်း အချိန်အခါကောင်းပဲဖြစ်တယ်။ ဒီလို အချိန်အခါကောင်းကို လုံး၀ အဆုံးအရှုံးမခံဘဲနဲ့ ၂၀၂၅နှစ်အတွင်းမှာ အမြန် ကျနော်တို့ လက်တွဲဖို့လိုတယ်” – ပဒိုစောတောနီး
လာမည့်နှစ်သစ်တွင် စစ်ရေးပိုပြင်းထန်မည်ဟု KNU အသိပေး ” စစ်တပ်ကို အပြောင်းအလဲ လုပ်ချင်တဲ့ သူတွေရှိမှာပဲ တပ်မှူး တပ်သားတွေက။ အဲဒီလိုတပ်မှူး တပ်သားတွေကလည်း အချိန်အခါကောင်းပဲဖြစ်တယ်။ ဒီလို အချိန်အခါကောင်းကို လုံး၀ အဆုံးအရှုံးမခံဘဲနဲ့ ၂၀၂၅နှစ်အတွင်းမှာ အမြန် ကျနော်တို့ လက်တွဲဖို့လိုတယ်” – ပဒိုစောတောနီး ဟန်နွေ/People’s Spring ၂၀၂၅နှစ်သစ်တွင် စစ်ရေးအသုံးပြုမှု ပိုမိုပြင်းထန်မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားခဲ့ပြီး စစ်ကောင်စီတပ်ကို အပြောင်းအလဲ ပြုလုပ်လိုသည့် တပ်မှူးတပ်သားများအတွက်လည်း အခွင့်အခါကျောင်းဖြစ်၍ လက်မလွှတ်ဘဲ တော်လှန်ရေးတပ်များနှင့် ပူးပေါင်းရန် ဖိတ်ခေါ်လိုက်သည်။ ” ကျနော်တို့က စစ်ရေးနည်းလမ်းအရ မဖြေရှင်းချင်ပေမယ့်လို့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့နည်းရော စစ်အာဏာရှင်စနစ်လုံး၀ ချုပ်ငြိမ်းစေဖို့အတွက် စစ်ရေးနည်းလမ်းကတော့ မလွှဲမသွေကို သုံးသွားရမှာဖြစ်တယ်။ အဲဒါအပြင်…
-
တော်လှန်ရေးကို ပိုမိုကျစ်လျစ် အားကောင်းလာစေမည့် MDY PDF ၏ စစ်ကိုင်းတပ်မဟာ
တော်လှန်ရေးကို ပိုမိုကျစ်လျစ် အားကောင်းလာစေမည့် MDY PDF ၏ စစ်ကိုင်းတပ်မဟာ ဒီဇင်ဘာ ၃၁၊ ၂၀၂၄ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY PDF) ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တပ်မဟာ အသစ်တစ်ခုကို ဖွဲ့စည်းသွားမယ်လို့ မနေ့က ဒီဇင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ MDY PDF ဟာ ၂၀၂၄ ခုနှစ်အတွင်းမှာလည်း စစ်ကောင်စီအတွက် အထိနာစေမယ့် မစ်ရှင်အကြီးစားတွေကို ဖော်ဆောင်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပြီး စိုးမိုးနယ်မြေ အမြောက်အမြားလည်း ရရှိထားတဲ့ တပ်ဖွဲ့ဖြစ်ကြောင်း၊ လာမယ့် ၂၀၂၅ ခုနှစ်မှာလည်း စစ်ကိုင်းတိုင်းအတွင်းမှာ MDY PDF ရဲ့ တပ်မဟာ အသစ်တစ်ခုကို ဖွဲ့စည်းပြီး စစ်ဆင်ရေး အရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။ MDY PDF…