Author: admin
-
ငလျင်ဒဏ်ခံထားရသော်လည်း စစ်ကောင်စီက ကာကွယ်ရေးလုပ်ငန်းများ ဆက်ဆောင်ရွက်ပြီး စစ်ဆက်လက်တိုက်မည်ဟု မင်းအောင်လှိုင်က ကြေညာပြန်
ငလျင်ဒဏ်ခံထားရသော်လည်း စစ်ကောင်စီက ကာကွယ်ရေးလုပ်ငန်းများ ဆက်ဆောင်ရွက်ပြီး စစ်ဆက်လက်တိုက်မည်ဟု မင်းအောင်လှိုင်က ကြေညာပြန် ရန်ကုန်၊ ဧပြီ ၂ စစ်တပ်အနေဖြင့် ငလျင်ဒဏ်ခံထားရသော်လည်း ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပြီး စစ်ဆက်လက်တိုက်သွားမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာပြန်သည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် ငလျင်ဘေးဒဏ်ကူညီရေး ငွေလှူဒါန်းမှုများ လက်ခံပွဲတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ လူထုအစိုးရထံမှ အာဏာကို လက်နက်ဖြင့် စစ်အာဏာ သိမ်းယူခဲ့သော မင်းအောင်လှိုင်က လက်ရှိ နိုင်ငံရေးအရ ဖြစ်ပေါ်လာသော ပြဿနာကို အကြမ်းဖက်သည့် နည်းလမ်းဖြင့် ရွေးချယ်ခဲ့ကြသည့်အတွက် စစ်တပ်အနေဖြင့် ချမှတ်ထားသော လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချို့သော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်ရှိအခြေအနေတွင် တိုက်ပွဲ ဖော်ဆောင်ခြင်းမရှိသော်လည်း တိုက်ခိုက်မှုများ လုပ်ဆောင်ရန်အတွက် စုဖွဲ့ခြင်း၊…
-
တော်လှန်ရေးတပ်များက ယာယီအပစ်ရပ်ကြေ ညာသော်လည်း အာဏာသိမ်းခေါင်းဆောင်က စစ်ဆက်တိုက်မည်ဆို
တော်လှန်ရေးတပ်များက ယာယီအပစ်ရပ်ကြေ ညာသော်လည်း အာဏာသိမ်းခေါင်းဆောင်က စစ်ဆက်တိုက်မည်ဆို ■ပိတ်မိပြည်သူများအပျက်စီးပုံများအောက်မှအပြင်ထုတ်မပြီးသေးသော်လည်း သင်္ကြန်ပွဲတော်ကျင်းပဦးမည် ဧပြီ-၁၊၂၀၂၅။ခွာညို/People’s Spring ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများမြန်ဆန်ထိရောက်စွာလုပ်ကိုင်နိုင်ရန် ယာယီအပစ်ရပ်မည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် NUG ကကြေညာ ထားသော်လည်း စစ်ကောင်စီဘက်ကမူ ဆက်လက်တိုက်ခိုက်မည်ဟုအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီ ၁ ရက်တွင်ပြောသည်။ ထို့အပြင်မြေငလျင်ကြီးကြောင့် ပြည်သူထောင်ချီသေဆုံး၍ ပြည်သူအများအပြားမှာလ်း ပြိုကျနေသောအဆောက်အုံပျက်များအောက်တွင် ပိတ်မိ၊ပိနေသည်ကို အပြင်မထုတ်နိုင်သေးသော်လည်းစစ်ကောင်စီက ယခုနှစ်သင်္ကြန်ပွဲတော်ကိုကျင်းပသွားမည်ဟုထုတ်ပြန်သည်။ နေပြည်တော်တွင် ဧပြီ ၁ ရက်နေ့တွင်ပြုလုပ်သည့် ငလျင်ပြန်လည်ထူထောင်ရေးအလှူငွေပေးအပ်ပွဲတွင်အာဏာသိမ်း ခေါင်းဆောင်က အချို့သောတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် လက်ရှိအခြေအနေတွင် တိုက်ပွဲဖော်ဆောင်ခြင်းများမရှိသော်လည်း တိုက်ခိုက်မှုများလုပ်ဆောင်ရန်အတွက် စုဖွဲ့ခြင်း၊ လေ့ကျင့်ပြင်ဆင်ခြင်းများလုပ်ဆောင် နေကြသည်ကို စစ်ကောင်စီက သိရှိပြီးဖြစ်ပြီး ထိုသို့ဆောင်ရွက်နေခြင်းသည် တိုက် ခိုက် ခြင်းပင်ဖြစ်သဖြင့်စစ်တပ် အနေဖြင့်လိုအပ်သည့် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ကို ဆက် လက်ဆောင်ရွက်သွားမည်ဟုပြောဆိုခဲ့ခြင်းဖြစ်သည်။…
-
မန္တလေးမြို့ပေါ်တွင် ပြည်သူများ ညအချိန် လမ်းမများ၌ ဖြစ်သလို အိပ်စက်နေရပြီး စစ်ကောင်စီ၏ ထောက်ပံ့မှုများ လုံးဝ မရရှိသေး
မန္တလေးမြို့ပေါ်တွင် ပြည်သူများ ညအချိန် လမ်းမများ၌ ဖြစ်သလို အိပ်စက်နေရပြီး စစ်ကောင်စီ၏ ထောက်ပံ့မှုများ လုံးဝ မရရှိသေး ရန်ကုန်၊ ဧပြီ ၂ မန္တလေးမြို့ပေါ်တွင် ပြည်သူများ ညအချိန် လမ်းမများ၌ ဖြစ်သလို အိပ်စက်နေရပြီး စစ်ကောင်စီ၏ ထောက်ပံ့မှုများ လုံးဝ မရရှိသေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မြေငလျင်၏ နောက်ဆက်တွဲအဖြစ် မန္တလေးမြို့ပေါ်တွင် နေ့စဉ် ငလျင်များ ဆက်တိုက် လှုပ်ခတ်နေခြင်းကြောင့် ပြည်သူများသည် ညအချိန်တွင် နေအိမ်များ၌ အိပ်စက်ရဲခြင်းမရှိတော့ဘဲ လမ်းမတွင်သာ ဖြစ်သလို အိပ်စက်နေရခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ လမ်းမများပေါ်တွင် ဖြစ်သလို အိပ်စက်နေရခြင်းကြောင့် ခြင်ပေါများပြီး ခြင်ထောင်များ အရေးပေါ်လိုအပ်နေကာ သက်ကြီးရွယ်အိုများနှင့်…
-
မုန်တိုင်းဖြစ်လာနိုင်ချေရှိပြီးမြေကျွံခြင်းအပေါ် သက်ရောက်မှုရှိလာနိုင်
မုန်တိုင်းဖြစ်လာနိုင်ချေရှိပြီးမြေကျွံခြင်းအပေါ် သက်ရောက်မှုရှိလာနိုင် ဧပြီ ၁ လာမယ့် သုံးရက်အတွင်း မုန်တိုင်းဖြစ်ပေါ်လာနိုင် ချေရှိတယ်လို့ မိုးဇလပညာရှင်ဦးဝင်းနိုင်က နိုင်ငံတ ကာ မိုးလေဝသဌာနတွေနဲ့ ဂြိုလ်တုတွေရဲ့ ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ပြီးခန့်မှန်းပြောကြားထားပါတယ်။ မြန်မာနိုင်ငံအတွက် မိုးလေဝသ ခန့်မှန်းချက်တွေ ထုတ်ပေးနေတဲ့ မိုးဇလကျွမ်းကျင်သူဦးဝင်းနိုင်ကမုန်တိုင်းကြောင်း မိုးရွာသွန်းလာခဲ့ရင် Liquefaction ဆိုတဲ့ မြေအောက်ရေတိုးခြင်း သက်ရောက်မှုရှိလာမှာ ဖြစ်ပြီး ငလျင်လှုပ်ထားတာကြောင့် ပျက်ယွင်းနေတဲ့ မြေအနေအထား တွေကြောင့် မြေကျွံခြင်းတွေ ရှိလာနိုင်တယ်လို့သတိပေးထားတာပါ။ မြေအောက်ရေတိုးလာပြီး Liquefaction ဖြစ်လာရင် မြေတွေကျွံ့ကျသွားနိုင်တယ်။ ဒါကြောင့် မုန် တိုင်းဟာ အရေးတကြီးစောင့်ကြည့်ရမယ့် အနေအ ထားဖြစ်တယ် လို့ ဦးဝင်းနိုင်က ဆိုပါတယ်။ မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့အင်အားပြင်း ငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းနေရာတချို့မှာ မြေကြီးထဲက ရေတွေ ပန်းထွက်လာတာ၊ နုန်းရေတွေပန်းထွက် လျှံထွက်တာတွေရှိနေတာဖြစ်ပါတယ်။…
-
“ငလျင်အပြီး မဟာမြတ်မုနိဘုရားကြီးမှာ”
“ငလျင်အပြီး မဟာမြတ်မုနိဘုရားကြီးမှာ” ဟာာာ အပေါ်က အမိုးမပြိုကျဘဲ (မဟာမြတ်မုနိဘုရားကြီး) မကိုဋ်တော်ကြီး စောင်းသွားတယ် ပြောရမဲ့စကားတွေ ဆွံ့အကုန်ပီ
-
ပျော်ဘွယ်မြို့တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၆၀ ကျော်ရှိလာ ကိုယ်ထူကိုယ်ထ ရှာဖွေကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေ
ပျော်ဘွယ်မြို့တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၆၀ ကျော်ရှိလာ ကိုယ်ထူကိုယ်ထ ရှာဖွေကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေ ရန်ကုန်၊ ဧပြီ ၁ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၆၀ ကျော်ရှိလာ ကိုယ်ထူကိုယ်ထ ရှာဖွေကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဒဏ်ကြောင့် ပျော်ဘွယ်မြို့တွင်လည်း အဆောက်အဦး ပြိုကျမှု အများအပြား ဖြစ်ပွားခဲ့ပြီး ပြည်သူ ရာနှင့် ချီသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ငလျင်ဒဏ်ကြောင့် သေဆုံးမှု အများဆုံးသည် ပျော်ဘွယ်မြို့ KBZ ဘဏ်နှင့် ဗလီ ပြိုကျမှုကြောင့် ဖြစ်ပြီး လူအများအပြား ရောက်ရှိနေချိန်ဖြစ်သောကြောင့် သေဆုံးမှု ရာနှင့်ချီ ရှိခဲ့ခြင်းဖြစ်ကြောင်း၊…
-
ငလျင်ကြောင့် သေဆုံးသူ ၂၃၉၅ ဦးအထိ ရှိလာပြီး ပြည်သူ ၈ သန်းခွဲကျော်ထိခိုက်၊ စစ်ကိုင်းမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျော ရောဂါ ဖြစ်ပွားမှုရှိ
ငလျင်ကြောင့် သေဆုံးသူ ၂၃၉၅ ဦးအထိ ရှိလာပြီး ပြည်သူ ၈ သန်းခွဲကျော်ထိခိုက်၊ စစ်ကိုင်းမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျော ရောဂါ ဖြစ်ပွားမှုရှိ ရန်ကုန်၊ ဧပြီ ၁ မန္တလေးနှင့် စစ်ကိုင်းတို့ကို အခြေပြုကာ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၂၃၉၅ ဦးအထိ ရှိလာပြီး ပြည်သူ ၈ သန်းခွဲကျော်ထိခိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် တိုက်ရိုက်ထိခိုက်ခံစားကြရသည့် ပြည်သူ စုစုပေါင်း ၈,၅၆၂,၅၅၅ ဦးရှိပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း၊ စစ်ကိုင်း-မန္တလေး လမ်းပိတ်ခြင်း မြစ်ကူးတံတားနှင့် ချည်းကပ်လမ်းများ ပျက်စီးခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်ကာ ကုန်စည်ရှားပါးခြင်း၊ စက်သုံးဆီနှင့်အခြားကုန်စျေးနှုန်းများ မြင့်တက်နေကြောင်း၊…
-
နေပြည်တော်ကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၉ အဆင့်ရှိ ငလျင် လှုပ်ခတ်
နေပြည်တော်ကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၉ အဆင့်ရှိ ငလျင် လှုပ်ခတ် ရန်ကုန်၊ ဧပြီ ၁ နေပြည်တော်ကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၉ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။ ယနေ့ ဧပြီလ ၁ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၁၂ မိနစ်ချိန် နေပြည်တော်ပုဗ္ဗသီရီမြို့နယ်၏ မြောက်-အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသ ၉ အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း သိရှိရသည်။ “ငလျင်လှုပ်လိုက်တာတော့ သိတယ်။ သိပ်တော့ မပြင်းဘူး။ ကားမောင်းနေရင်းဆိုတော့” ဟု နေပြည်တော်တွင် နေထိုင်သော ပရဟိတသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။…
-
ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အတွက် အထူးစိုးရိမ်ဟု NUG ပြော၊ အိုးဘိုထောင်တွင် ငလျင်ဒဏ်ကြောင့် အဆောက်အအုံပြိုကျပြီး ၄ ဦးသေဆုံး
ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အတွက် အထူးစိုးရိမ်ဟု NUG ပြော၊ အိုးဘိုထောင်တွင် ငလျင်ဒဏ်ကြောင့် အဆောက်အအုံပြိုကျပြီး ၄ ဦးသေဆုံး ရန်ကုန်၊ ဧပြီ ၁ မြန်မာနိုင်ငံအလယ်ပိုင်းတွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် စစ်ကောင်စီက မတရားအကျဉ်း ချထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အခြေအနေကို အထူးစိုးရိမ်ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောဆိုလိုက်သည်။ ယနေ့ ပြုလုပ်သော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း ၇/၂၀၂၅ တွင် ၎င်းက အထက် ပါ အတိုင်းပြောဆိုခြင်းဖြစ်သည်။ “ငလျင်ဒဏ်ကြောင့် မန္တလေး အိုးဘိုထောင်ထဲက အဆောက်အဦအချို့ ပြိုကျပျက်စီးတယ်လို့လည်း သိရပါတယ်။…
-
အောင်လံမြို့နယ်၊မကွေးမြို့နယ်နှင့် ပြည်မြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် လူငယ်များကို စတင်ဖမ်းဆီးနေပြီး တချို့ကို ဆင့်ခေါ်၊ ငလျင်ဒဏ်သင့်သော်လည်း စစ်မှုထမ်းတပ်သားစုဆောင်းမှုများ ဆက်လက် လုပ်နေဆဲ
အောင်လံမြို့နယ်၊မကွေးမြို့နယ်နှင့် ပြည်မြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် လူငယ်များကို စတင်ဖမ်းဆီးနေပြီး တချို့ကို ဆင့်ခေါ်၊ ငလျင်ဒဏ်သင့်သော်လည်း စစ်မှုထမ်းတပ်သားစုဆောင်းမှုများ ဆက်လက် လုပ်နေဆဲ ရန်ကုန်၊ ဧပြီ ၁ မကွေးတိုင်း၊ အောင်လံမြို့နယ်၊မကွေးမြို့နယ်နှင့် ပဲခူးတိုင်း ပြည်မြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် လူငယ်များကို စတင်ဖမ်းဆီးနေပြီး တချို့ကိုလည်း စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်နေကြောင်းဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောင်လံမြို့နယ်တွင် ယခု ဧပြီလအတွက် စစ်မှုထမ်း လူငယ် ၆၀ ဦး ပေးရမည်ဟု အောင်လံမြို့မှ ပျူစောထီး ခေါင်းဆောင် မြင့်လွင် (အငြိမ်းစား အရာခံဗိုလ်)က အသိပေးလာပြီး စစ်မှုထမ်းရန် အလှည့်ကျ မဲပေါက်ထားသူ များ စစ်သင်တန်းကျောင်းသို့ သွားရောက်ရန် ဆင့်ခေါ်ကြောင်း သိရှိရသည်။ “စစ်မှုထမ်း အပတ်စဉ်…