Author: admin

  • မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ဗိုလ်အဆင့်အပါအဝင် ၁၄ ဦးသေဆုံး (ရုပ်/သံ)

    မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ဗိုလ်အဆင့်အပါအဝင် ၁၄ ဦးသေဆုံး (ရုပ်/သံ)

    by

    in

    မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ် စစ်ကူများကို ချေမှုန်းမှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၁၄ ဦးသေဆုံး (ရုပ်/သံ) ရန်ကုန်၊ ဒီဇင်ဘာ ၂၂ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်း ပိုက် ပြီး စစ်တပ် စစ်ကူများကို ချေမှုန်းခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၁၄ ဦးသေဆုံးကြောင်း မြိုင်ပကဖ က ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန် မှစ၍ မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တော်လှန် ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေး၍လည်းကောင်း၊ မြိုင်မြို့၌တပ်စွဲထားသော အင်အား ၁၅၀ ခန့်ပါ…

  • မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဟု ချင်းညီနောင်အဖွဲ့ တရားဝင်ထုတ်ပြန်၊ နိုင်ငံရေး အကျဉ်းသား ၁၃ ဦးကိုလည်း ကယ်တင်နိုင်ခဲ့

    မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဟု ချင်းညီနောင်အဖွဲ့ တရားဝင်ထုတ်ပြန်၊ နိုင်ငံရေး အကျဉ်းသား ၁၃ ဦးကိုလည်း ကယ်တင်နိုင်ခဲ့

    မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဟု ချင်းညီနောင်အဖွဲ့ တရားဝင်ထုတ်ပြန်၊ နိုင်ငံရေး အကျဉ်းသား ၁၃ ဦးကိုလည်း ကယ်တင်နိုင်ခဲ့ ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဟု ချင်းညီနောင်အဖွဲ့က ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တရားဝင်ထုတ်ပြန်လိုက်သည်။ နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို…

  • အမြောက်တပ် ၃၄၄ ကို စစ်ကောင်စီက လေယာဥ်များနှင့်စစ်လက်နက်အချို့ပို့ထားပြီး ခံစစ်ပြင်ဆင်

    အမြောက်တပ် ၃၄၄ ကို စစ်ကောင်စီက လေယာဥ်များနှင့်စစ်လက်နက်အချို့ပို့ထားပြီး ခံစစ်ပြင်ဆင်

    by

    in

    ရေကြည်မြို့ အ​​​​ခြေစိုက် အမြောက်တပ် ၃၄၄ ကို စစ်ကောင်စီက လေယာဥ်များနှင့်စစ်လက်နက်အချို့ပို့ထားပြီး ခံစစ်ပြင်ဆင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အခြေစိုက် မြောက်စမ်းအမြောက်တပ် (၃၄၄)ကို စစ်ကောင်စီက လေယာဥ်များနှင့် စစ်လက်အချို့ပို့ဆောင်ထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။ ရခိုင်ပြည်နယ်၊ ဂွတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများပြင်းထန်လာပြီးနောက် ရေကြည်အ​ခြေစိုက် မြောက်စမ်း အမြောက်တပ် (၃၄၄)ကို စစ်ကောင်စီက လေယာဥ်များနှင့် စစ်လက်နက်အချို့ပို့ဆောင်ပြီး ခံစစ်ပြင်ဆင်လာခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ “လေယာဥ်တွေပို့တာတော့ ခုရက်ပိုင်းမှာပဲ၊ လေယာဥ်ဆင်းဖို့လည်း လမ်းဖောက်ပြီး အဆောက်အအုံအချို့လည်း လုပ်နေကြတယ်။ ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေပြင်းထန်လာပြီးနောက် ဒါတွေလုပ်လာကြတာပါ”ဟု မြောက်စမ်း အမြောက်တပ် ၃၄၄ နှင့် နီးစပ်သူက ပြောသည်။ ရေကြည်အ​ခြေစိုက် မြောက်စမ်း အမြောက်တပ် ၃၄၄တွင် ပြီးခဲ့သည့် ရက်အတွင်းက စတင်ကာ အရေးပေါ်…

  • ကန်ပက်လက်တွင် တပ်စွဲထားသော စစ်သားနှင့်ရဲများအားလုံး စွန့်ခွာထွက်ပြေးသွား၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကန်ပက်လက်မြို့ကို ပြည်သူများနှင့် တော်လှန်ရေးတပ်များက ထိန်းချုပ်သိမ်းပိုက်

    ကန်ပက်လက်တွင် တပ်စွဲထားသော စစ်သားနှင့်ရဲများအားလုံး စွန့်ခွာထွက်ပြေးသွား၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကန်ပက်လက်မြို့ကို ပြည်သူများနှင့် တော်လှန်ရေးတပ်များက ထိန်းချုပ်သိမ်းပိုက်

    by

    in

    ချင်းညီနောင် စစ်ဆင်ရေး (Operation CB) ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ နှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက် —— ရက်စွဲ ၊ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာ ၊ ၂၂ ရက် ကန်ပက်လက်တွင် တပ်စွဲထားသော စစ်သားနှင့်ရဲများအားလုံး စွန့်ခွာထွက်ပြေးသွား၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကန်ပက်လက်မြို့ကို ပြည်သူများနှင့် တော်လှန်ရေးတပ်များက ထိန်းချုပ်သိမ်းပိုက် ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ချင်းပြည်နယ်၊ ကန်ပက်လက်တွင် တပ်စွဲထားသော စစ်သားနှင့်ရဲများအားလုံး ယမန်နေ့ည ၁၂ နာရီ မြို့မှ စွန့်ခွာသွား၍ ကန်ပက်လက်မြို့ကို ပြည်သူများနှင့် တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း CDF ကန်ပက်လက် သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၁၂ နာရီအချိန် ကန်ပက်လက်မြို့မှ…

  • တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၄ ဦးအပါအဝင် တပ်သား ၁၂ ဦးသေဆုံး၊ စစ်ဦးစီးဌာန စစ်ဆင်ရေးရုံးခန်း၊ စခန်းရုံး၊ အရာရှိလိုင်းခန်းနှင့် ကား ၃ စီး မီးလောင် ပျက်စီး(ရုပ်/သံ)

    တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၄ ဦးအပါအဝင် တပ်သား ၁၂ ဦးသေဆုံး၊ စစ်ဦးစီးဌာန စစ်ဆင်ရေးရုံးခန်း၊ စခန်းရုံး၊ အရာရှိလိုင်းခန်းနှင့် ကား ၃ စီး မီးလောင် ပျက်စီး(ရုပ်/သံ)

    by

    in

    တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၄ ဦးအပါအဝင် တပ်သား ၁၂ ဦးသေဆုံး၊ စစ်ဦးစီးဌာန စစ်ဆင်ရေးရုံးခန်း၊ စခန်းရုံး၊ အရာရှိလိုင်းခန်းနှင့် ကား ၃ စီး မီးလောင် ပျက်စီး(ရုပ်/သံ) ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၄ ဦးအပါအဝင် တပ်သား ၁၂ ဦးသေဆုံးပြီး စစ်ဦးစီးဌာန စစ်ဆင်ရေးရုံးခန်း၊ စခန်းရုံး၊ အရာရှိလိုင်းခန်းနှင့် ကား ၃ စီး မီးလောင် ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက…

  • တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်-တပခကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု  ဒုံး ၅ လုံး ထိမှန်ပေါက်ကွဲ

    တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်-တပခကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဒုံး ၅ လုံး ထိမှန်ပေါက်ကွဲ

    by

    in

    တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်-တပခကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဒုံး ၅ လုံး ထိမှန်ပေါက်ကွဲ ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် -တပခ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ လုံးအောင်မြင်စွာ ထိရောက်ပေါက်ကွဲ ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက်အစောပိုင်း ၀၀ နာရီ ၃၅ မိနစ်အချိန်က အကြမ်းဖက် စစ်ရှုံး ကောင် စီ၏…

  • စစ်ရှုံးနေသော်လည်း ပွဲကြိုက်သည့် မင်းအောင်လှိုင် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ကျင်းပမည့် ၇၇ ကြိမ်မြောက် ရေတပ် နှစ်ပတ်လည် အခမ်းအနားပွဲ တက်ရောက်မည်ဖြစ်ပြီး လုံခြုံရေး တင်းကျပ်ထား

    စစ်ရှုံးနေသော်လည်း ပွဲကြိုက်သည့် မင်းအောင်လှိုင် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ကျင်းပမည့် ၇၇ ကြိမ်မြောက် ရေတပ် နှစ်ပတ်လည် အခမ်းအနားပွဲ တက်ရောက်မည်ဖြစ်ပြီး လုံခြုံရေး တင်းကျပ်ထား

    by

    in

    စစ်ရှုံးနေသော်လည်း ပွဲကြိုက်သည့် မင်းအောင်လှိုင် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ကျင်းပမည့် ၇၇ ကြိမ်မြောက် ရေတပ် နှစ်ပတ်လည် အခမ်းအနားပွဲ တက်ရောက်မည်ဖြစ်ပြီး လုံခြုံရေး တင်းကျပ်ထား ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ရန်ကုန်တိုင်း၊ ဗိုလ်တထောင် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ကျင်းပမည့် ရေနှစ်ပတ်လည် အခမ်းအနားပွဲသို့ အကြမ်းဖက် စစ်ရှုံး မင်းအောင်လှိုင်က တက်ရောက်မည်ဖြစ်ပြီး ရေတပ်နှစ်ပတ်လည်ပွဲနှင့်အတူ ပျော်ပွဲရွှင်ပွဲများကိုပါ မဖြစ်မနေ ထည့်သွင်းကျင်းပခိုင်းထားကြောင်း သိရှိရသည်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ဗိုလ်တထောင် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ရေတပ် နှစ်ပတ်လည်ပွဲ အခမ်းအနားနှင့်အတူ ရေတပ်စခန်းဌာနချုပ်ရှိ ဘောလုံးကွင်း၌ ဈေးရောင်းပွဲနှင့် ပျော်ပွဲရွှင်ပွဲများကိုပါ ကျင်းပမည်ဖြစ်ကာ လုံခြု့ရေးအတွက် အထူးတင်းကျပ် ပြင်ဆင်ထားကြောင်း သိရှိရသည်။ လတ်တလော အချိန်အထိ…

  • လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်း၌ တပ်စွဲထားသော စစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဗိုလ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိ

    လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်း၌ တပ်စွဲထားသော စစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဗိုလ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိ

    by

    in

    လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်း၌ တပ်စွဲထားသော စစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဗိုလ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိ ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်းပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗိုလ် ၁ ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNDF အမှတ် ၂ ဗျူဟာ ထံမှ သိရသည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် လွိုင်ကော်မြို့နယ်၊…

  • ပုသိမ်ကကုန်ကားများ ယနေ့ကစပြီး ထွက်ခွင့်ပိတ်

    ပုသိမ်ကကုန်ကားများ ယနေ့ကစပြီး ထွက်ခွင့်ပိတ်

    by

    in

    ပုသိမ်မြို့က ကုန်ကားတွေကို ဒီဇင်ဘာ ၂၁ ရက် ဒီနေ့ကစလို့ မြို့ကနေထွက်ခွင့် ပိတ်လိုက်တယ်လို့ ပုသိမ်ကုန်ကားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ပုသိမ်မြို့ကုန်ကားသမားတယောက်က “အရင်ရက်က ကုန်ကားတွေစစ်တာ တိုးပြီးလုပ်တယ်။ ကုန်ကား အမိုးမအုပ်ဖို့ မှာတယ်။ ဒီနေ့ မနက်က ကုန်ကားတွေချောဆွဲမယ်ကြားပြီးတော့ ရန်ကုန်ဘက်အထွက် ကုန်ကားတွေ ပိတ်လိုက်တာ” လို့ DVB ကိုပြောပါတယ်။ ပုသိမ်မြို့ကနေ ကုန်ကားတွေထွက်ခွင့်ပိတ်လိုက်တာကြောင့် ကုန်စည်ပို့ဆောင်တာတွေ ရပ်တန့်သွားနိုင်တယ်လို့ ဒေသခံတွေကပြောပြီး ရန်ကုန်ဘက်အထွက်ကို ကုန်ကားတွေ ဘာကြောင့်ပိတ်တာ၊ ဘယ်လောက်ကြာကြာပိတ်မယ်ဆိုတာ အခုထိ တိတိကျကျ မသိရသေးဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ဂွမြို့ကို AA က ထိုးစစ်ဆင်နေချိန် ဧရာဝတီတိုင်းမှာ စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်နေသလို ဒီဇင်ဘာ တတိယပတ်ထဲမှာ လူငယ်တွေကိုပေါ်တာဆွဲတာလည်း ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်က…

  • ပုသိမ်ကြီးမြို့နယ်အစပ်ရှိ စစ်ကောင်စီစခန်းကို မန္တလေး PDF သိမ်းပိုက်

    ပုသိမ်ကြီးမြို့နယ်အစပ်ရှိ စစ်ကောင်စီစခန်းကို မန္တလေး PDF သိမ်းပိုက်

    by

    in

    ပုသိမ်ကြီးမြို့နယ်အစပ်ရှိ စစ်ကောင်စီစခန်းကို မန္တလေး PDF သိမ်းပိုက် အင်ကြင်း/People’s Spring မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ယနေ့(ဒီဇင်ဘာ ၂၁ရက်) သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာ ၁၉ ရက်ကစ၍ မတ္တရာမြို့နယ်၌ တိုက်ပွဲပြင်းထန်နေပြီး ထို့နေ့နံနက် ၉နာရီတွင် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်နှင့် (၁၈)မိုင်ခန့်သာ ကွာဝေးသော ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ်ရှိသော ထန်းပင်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်ရခဲ့သည်ဟု အသိပေးထားသည်။ ထို့အပြင် မတ္တရာမြို့နယ်အတွင်းရှိ အခြားသော နေရာများသို့လည်း ဆက်လက်ထိုးစစ်ဆင်နေကြောင်း မန္တလေး PDFက အသိပေးသည်။ “ထန်းပင်ကုန်းက မတ္တရာအရှေ့ခြမ်းမှာရှိတာ။ အဲဒီတိုက်ပွဲဲတုန်းက လက်နက်ကြီးတွေလည်း တအားပစ်တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ တိုက်ပွဲများအတွင်း လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းအချို့လည်း…