-
တီးတိန်မြို့နယ်၊ ပွာလ်ပီးကျေးရွာရှိ စစ်တပ် စခန်း အားလုံးကို သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်သားများ ကလေးမြို့အထိ ပြန်လည် ဆုတ်ပြေး
တီးတိန်မြို့နယ်၊ ပွာလ်ပီးကျေးရွာရှိ စစ်တပ် စခန်း အားလုံးကို သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်သားများ ကလေးမြို့အထိ ပြန်လည် ဆုတ်ပြေး ရန်ကုန်၊ ဇူလိုင် ၅ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပွားလ်ပီးကျေးရွာရှိ စစ်တပ် စခန်းအားလုံးကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီ တပ်သားများ ကလေးမြို့အထိ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း ချင်းတော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်တွင် တီးတိန်မြို့နယ်၊ မွာလ်ပီးကျေးရွာ၌ တပ်စွဲထားသော စစ်တပ် စခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီ ကျော်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားခဲ့၍ ကလေးမြို့အထိ…
-
တရုတ် စီစဉ်တဲ့ ဆွေးနွေးရေးလမ်းကြောင်း အတော်လေး ခရီးပေါက်ပေမယ့် နောင်ချိုကို လက်မလွှတ်ဘူး လို့ TNLA ပြော။ တရုတ်က TNLAနဲ့ စစ်အုပ်စုကို သီးခြားစီခေါ်တွေ့၊ နောင်ချိုမြို့အနီးမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်နေ၊
တရုတ် စီစဉ်တဲ့ ဆွေးနွေးရေးလမ်းကြောင်း အတော်လေး ခရီးပေါက်ပေမယ့် နောင်ချိုကို လက်မလွှတ်ဘူး လို့ TNLA ပြော။ တရုတ်က TNLAနဲ့ စစ်အုပ်စုကို သီးခြားစီခေါ်တွေ့၊ နောင်ချိုမြို့အနီးမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်နေ၊ တေဇ/ MFP ၊ ဇူလိုင် – ၅ တရုတ်အစိုးရက TNLA နဲ့ စစ်အုပ်စုကို သီးခြားစီ ခေါ်ယူတွေ့ဆုံမှု ရှိခဲ့ပြီး ဆွေးနွေးရေး လမ်းကြောင်း အတော်လေး ခရီးရောက်နေပေမယ့် နောင်ချိုမြို့ကို လက်လွှတ်မှာ မဟုတ်ဘူးလို့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် – TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။ ဒီနေ့ ဇူလိုင်လ ၅ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အထက်ပါ အချက်တွေကို…
-
နောင်ချိုတွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲများ ပြင်းထန်နေချိန် တရုတ်ခေါ်တွေ့ပြီး အပစ်ရပ်ရန် ပြော… နောင်ချိုကို လက်လွှတ်မှာမဟုတ်ဘဲ ကဏ္ဍပေါင်းစုံမှ ခုခံကာကွယ်ဖို့ ပြင်ဆင်နေဟု TNLA ပြော
နောင်ချိုတွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲများ ပြင်းထန်နေချိန် တရုတ်ခေါ်တွေ့ပြီး အပစ်ရပ်ရန် ပြော… နောင်ချိုကို လက်လွှတ်မှာမဟုတ်ဘဲ ကဏ္ဍပေါင်းစုံမှ ခုခံကာကွယ်ဖို့ ပြင်ဆင်နေဟု TNLA ပြော ဇူလိုင် ၅၊ ၂၀၂၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း တအာင်းတပ်မတော် (TNLA) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ တရုတ်နိုင်ငံက နှစ်ဖက်စလုံး သီးခြားစီ ခေါ်ယူတွေ့ဆုံပြီး တိုက်ပွဲတွေ ရပ်တန့်ဖို့ ပြောကြားခဲ့တယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။ ဇူလိုင်လ ၅ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA ပြောခွင့်ရ လွေးယေဦးက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “တရုတ်အစိုးရကနေတစ်ဆင့် ကျမတို့ PSLF/TNLA ဗဟိုကိုရော၊ စစ်ကောင်စီကိုပါ သီးခြားတွေ့ဆုံဆွေးနွေးတာတွေ ရှိပါတယ်။…
-
ဗိုလ်ချုပ်ကြီးကျော်စွာလင်း၏သားနှင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏သား အပါအဝင် စစ်ဘက်နှင့်အရပ်ဘက် အရာရှိကြီးများ၏ သားများ စစ်မှုထမ်းစာရင်းတွင် မပါဝင်
ဗိုလ်ချုပ်ကြီးကျော်စွာလင်း၏သားနှင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏သား အပါအဝင် စစ်ဘက်နှင့်အရပ်ဘက် အရာရှိကြီးများ၏ သားများ စစ်မှုထမ်းစာရင်းတွင် မပါဝင် ရန်ကုန်၊ ဇူလိုင် ၅ အကြမ်းဖက်စစ်ကောင်စီက အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အကျုံးဝင်သော လူငယ်များကို စစ်မှုထမ်းရမည်ဟု အတင်း အကျပ် ခိုင်းစေနေသော်လည်း နေပြည်တော်မှ ဗိုလ်ချုပ်ကြီး ၂ ဦး၏ သားဖြစ်သူတို့မှာ စစ်မှုထမ်း စာရင်းတွင် ပါဝင်ခြင်းမရှိကြောင်း နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်တပ် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့်၊ စစ်ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ သား ထက်ရဲနောင်တို့သည် စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမည့် အသက်အရွယ်တွင် အကျုံး ဝင်နေပြီး နေပြည်တော်တွင် နေထိုင်ကြသော်လည်း…
-
မန္တလေးမှာ စစ်အုပ်စုက စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး အိမ်တိုင်းစေ့ လစဉ် ဆက်ကြေးကောက်၊ ငလျင်အပြီး ပိုမို ငွေတောင်းကြမ်းလာ၊
မန္တလေးမှာ စစ်အုပ်စုက စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး အိမ်တိုင်းစေ့ လစဉ် ဆက်ကြေးကောက်၊ ငလျင်အပြီး ပိုမို ငွေတောင်းကြမ်းလာ၊ ဒေါ်လာ/MFP၊ ဇူလိုင် – ၅ မန္တလေးမြို့ပေါ် ရပ်ကွက်တွေ အပါအဝင် အမရပူရ၊ တံတားဦး၊ စဉ့်ကိုင် စတဲ့ မြို့နယ်တွေမှာ စစ်အုပ်စု သစ္စာခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေက စစ်မှုထမ်းထောက်ပံ့ကြေးလို့ ခေါင်းစဉ်တပ်ပြီး လစဉ်လတိုင်း အိမ်တိုင်းစေ့ ဆက်ကြေးကောက် ငွေတောင်းနေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။ ငလျင်မတိုင်မီက တစ်အိမ်ကို ကျပ်တစ်သောင်းကနေ သုံးသောင်းလောက်အထိသာ ဆက်ကြေး ပေးဆောင်ရပေမယ့် ငလျင်အပြီး ပိုမို ငွေတောင်းကြမ်းလာပြီး တစ်အိမ်ကို ကျပ်နှစ်သောင်းလောက်ကနေ ကျပ်တစ်သိန်းအထိ ဆက်ကြေးကောက်နေတာလို့ ဆိုပါတယ်။ စဉ့်ကိုင်မြို့နယ် ပေါ်တော်မူဘုရား ရွာဟောင်းကုန်းရွာက စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးနဲ့ ရှေ့နေအမျိုးသမီးတို့က…
-
လက်နက်ကိုင် တော်လှန်ရေးဖြင့်သာ အခွင့်အရေးအတွက် ပြန်တိုက်ယူနေရပြီး အခြားနည်းလမ်းမရှိဟု KNLA ဒုတိယစစ်ဦးစီးချုပ် ပြောဆို
လက်နက်ကိုင် တော်လှန်ရေးဖြင့်သာ အခွင့်အရေးအတွက် ပြန်တိုက်ယူနေရပြီး အခြားနည်းလမ်းမရှိဟု KNLA ဒုတိယစစ်ဦးစီးချုပ် ပြောဆို ရန်ကုန်၊ ဇူလိုင် ၅ ကရင်တိုင်းရင်းသားများအနေဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို အကြိမ်ကြိမ်သွားခဲ့ဖူးသော်လည်း လက်နက်ကိုင်တော် လှန်ရေးဖြင့်သာ တပ်ကို ထူထောင်၍ အခွင့် အရေးအတွက် ပြန်တိုက်ယူရနေပြီး အခြားနည်းလမ်းမရှိကြောင်း ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်- KNLA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောဆိုလိုက်သည်။ ယနေ့ ကျရောက်သည့် ကော်သူးလေ KNLA တပ်မတော်၏ ၇၆ နှစ်မြောက်နှစ် ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ ကရင်လူမျိုးများက လွတ်လပ်မှု၊ ပြည်နယ်၊ မိမိကံကြမ္မာ မိမိဖန်တီးခွင့်၊ ပြည့်၀ သော အခွင့်အရေးနှင့် ရှင်သန်နေထိုင်ခွင့်ကို လိုချင်သည့်အတွက် အသက်၊ သွေး၊ ချွေးဖြင့် ရင်းနှီးပြီး တိုက်ယူနေရကြောင်း၊ ငြိမ်းချမ်းရေးလမ်းစဉ်ကို…
-
အကြမ်းဖက် စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အတူတကွ ဆန့်ကျင်ကြရန် NUCC နှင့် NUG က တော်လှန်ရေးအင်အားစုများကို ပန်ကြား
အကြမ်းဖက် စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အတူတကွ ဆန့်ကျင်ကြရန် NUCC နှင့် NUG က တော်လှန်ရေးအင်အားစုများကို ပန်ကြား ရန်ကုန်၊ ဇူလိုင် ၅ အကြမ်းဖက် စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အတူ တကွ ဆန့်ကျင်ကြရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ-NUCC နှင့် အမျိုးသားညီညွတ်ရေးအစိုးရ – NUG တို့ပူးပေါင်းဖွဲ့စည်းထားသည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်းကော်မတီက တော်လှန်ရေးအင်အားစုများကို မေတ္တာရပ်ခံပန်ကြားလိုက်သည်။ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်းကော်မတီ အနေဖြင့် “၂၀၂၀ ရွေး ကောက် ပွဲ ရလဒ်သည်…
-
ပဲခူးရိုးမဖြတ်လမ်းကို စစ်ကောင်စီ ဘူဒိုဇာနှင့်ထိုးပြီး ဖြတ်ဆီး
ပဲခူးရိုးမဖြတ်လမ်းကို စစ်ကောင်စီ ဘူဒိုဇာနှင့်ထိုးပြီး ဖြတ်ဆီး ဇူလိုင်-၅၊၂၀၂၅။ကျော်ဇော/People’s Spring ပဲခူးရိုးမဖြတ်လမ်းတစ်ခုဖြစ်သော မြို့ချောင်း-စိန်ကန့်လန့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ဘူဒို ဇာများဖြင့်ထိုးကာ ရိုးမအတက်အဆင်းနှစ်နေရာတွင် ဖြတ်တောက်ထားကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့များထံမှ သတင်းရရှိသည်။ ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ဝါးယားရွာအရှေ့ဘက် သိုက်မျှောင်ကုန်းအနီး မြို့ချောင်း -စိန့်ကန့်လန့်လမ်းပိုင်းကို စစ်တပ်က ဇူလိုင် ၁ ရက်နေ့တွင် ဘူဒိုဇာဖြင့်ထိုးကာ မြေတာ ၁၀ တောင်အရှည်ခန့်ဖြတ်တောက်လိုက်ခြင်းဟုတော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ “PDF တွေ မြို့တွေပေါ်တက်လာမှာ ကြောက်နေတာ။ စခ တွေက ခလရ(၁)ကိုလည်း ဝင်သိမ်းမှာလည်း ကြောက်နေတယ်။ သူတို့ လမ်းလာဖျက်တော့သံချပ်ကာကား၃စီးနဲ့အင်အား၄၀၀ လောက်ပါတယ်”ဟု မင်းလှမြို့နယ် အခြေ စိုက် တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။ အလားတူ ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်း-စိန်ကန့်လန့်လမ်း နှစ်မိုင်ဂိတ်အနီးလမ်းပိုင်းကို စစ်ကောင်စီတပ်က…
-
ဗိုလ်မြတ်ထွန်းတံတား အပေါ် နဲ့ အောက်တွေပါ လုံခြုံရေးတိုးချဲ့ထားပြီး စစ်ဆေးရေးတင်းကြပ်ကာ ငွေကြေးတောင်းခံနေ
ဗိုလ်မြတ်ထွန်းတံတား အပေါ် နဲ့ အောက်တွေပါ လုံခြုံရေးတိုးချဲ့ထားပြီး စစ်ဆေးရေးတင်းကြပ်ကာ ငွေကြေးတောင်းခံနေ ဇူလိုင် ၅ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကြားက မြို့နယ်တွေမှာ စစ်ကောင်စီက လုံခြုံရေးဘန်ကာ ၂ ထပ် ဘန်ကာ တိုက်ခန်းငယ်တွေကို ဇွန်လကုန်ပိုင်းက စတင် တိုးချဲ့ဆောက်လုပ်နေပြီး ခရီးသွားတွေကို ပုံမှန်ထက် ပိုမိုတင်းကြပ် စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဗိုလ်မြတ်ထွန်တံတား အပေါ် နဲ့ အောက်တွေပါ လုံခြုံရေးတိုးချဲ့ထာပြီး တံတားထိပ် ၂ ခုလုံးမှာ ၂ ထပ် ဘန်ကာတွေ တည်ဆောက်ကာ ဖြတ်သန်းသွားလာတဲ့ ကုန်ကားတွေကိုလည်း ငွေကြေးတောင်းတာတွေ ရိက္ခာအတွက် ကားပေါ်ပါတဲ့ ပစ္စည်းတချို့ တောင်းယူတာတွေ ပြုလုပ်တယ်နေတယ်လို့ သိရပါတယ်။ ” ဗိုလ်မြတ်ထွန်းတံတားမှာက ခုလအစပိုင်း ပိုစစ်တယ်။ ကုန်တွေကို စစ်တယ်။ ကြက်သွန် နဲ့အာလူးတွေသယ်ခွင့်…
-
PDF နှင့် လက်နက်ကိုင်အဖွဲ့များ ရွေးကောက်ပွဲ ပူးပေါင်းဖို့ စစ်တပ် ဖိတ်ခေါ်
PDF နှင့် လက်နက်ကိုင်အဖွဲ့များ ရွေးကောက်ပွဲ ပူးပေါင်းဖို့ စစ်တပ် ဖိတ်ခေါ် ဧရာဝတီ၊ ဇူလိုင် ၅၊ ၂၀၂၅ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲလမ်းကြောင်းတွင် အပြည့်အဝ ပူးပေါင်းပါဝင်ခြင်းဖြင့် မျှော်မှန်းသည့်ပန်းတိုင်အား အရောက်လှမ်းကြရန် အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့ရက်စွဲဖြင့် ဖိတ်ခေါ်စာ ထုတ်ပြန်လိုက်သည်။ ဒေသတည်ငြိမ်အေးချမ်းမှုမရှိခြင်းနှင့် ကိုယ်တိုင်လက်နက်ကိုင်လမ်းစဉ်တွင်ပါဝင်မှုကြောင့် မိဘညီအကို မောင်နှမများနှင့် ဆွေမျိုးသား ချင်းများ လူမှုစီးပွားဘဝများ ထိခိုက်ပျက်စီးကြရပြီး အတိဒုက္ခရောက်ကြရသည်ကို ထောက်ထားရန်လည်း စစ်ကောင်စီက သတိပေးထားသည်။ ထို့အပြင် PDF နှင့်လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ကာ အစိုးရ၊ တပ်မတော်တို့နှင့် လက်တွဲပြီး နိုင်ငံတော်အကျိုး၊ ဒေသအကျိုးဖော်ဆောင်မည်ဆိုပါက အစိုးရနှင့်တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည် ပြည်ထောင်စုပေါ်ထွန်းရေးနှင့် အခြေခံဥပဒေပြင်ဆင်ရေးတို့သည် ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲပြီးနောက် ပေါ်ထွက်လာမည့်…