Author: admin

  • စစ်တပ်ဆယ်လီ ဒုတပ်ကြပ် ရာဇာထက် လက်နက်ခဲယမ်းနှင့် အလင်းဝင်

    စစ်တပ်ဆယ်လီ ဒုတပ်ကြပ် ရာဇာထက် လက်နက်ခဲယမ်းနှင့် အလင်းဝင်

    by

    in

    စစ်တပ်ဆယ်လီ ဒုတပ်ကြပ် ရာဇာထက် လက်နက်ခဲယမ်းနှင့် အလင်းဝင် ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၂၄ ရက် ဖေ့စ်ဘွတ်ပေါ်တွင် လူသိများသည့် စစ်တပ်ဆယ်လီ ဒုတပ်ကြပ် ရာဇာထက်သည် လက်နက်ခဲယမ်းနှင့်အတူ ဒီဇင်ဘာ ၁၇ ရက်နေ့က အလင်းဝင်ရောက်လာခဲ့ကြောင်း CDF CDM SIYIN တာဝန်ရှိသူထံက သိရှိရသည်။ ဒုတပ်ကြပ် ရာဇာထက်သည် ၎င်းတာဝန်ထမ်းဆောင်သည့် ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် စစ်ကောင်စီတပ်၏ ခလရ ၂၆၉ တပ်ရင်းမှ ဒီဇင်ဘာလ ၁၇ရက်နေ့တွင် CDF CDM SIYIN ထံ အလင်းဝင်ရောက်လာခြင်းဖြစ်သည်။ ဒုတပ်ကြပ် ရာဇာထက်သည် စစ်ကောင်စီတပ်ထဲတွင် တာဝန်ထမ်းဆောင်စဥ် ဟာသဗွီဒီယို အတိုလေးများ ရိုက်ကူးပြီး ၎င်းအသုံးပြုသည့် ဖေ့စ်ဘွတ်အကောင့် နှင့် YouTube ပေါ်တွင် တင်ကာ ကြည့်ရှူသူများပြားလာပြီး လူသိများလာသူဖြစ်သည်။…

  • အာရှလမ်းပိုင်းအချို့မှာ အကြမ်းဖက်စစ်တပ် မြေပြင်စစ်ရေး မလှုပ်ရှားနိုင်ဘဲ မိုင်းထောင်တာနဲ့ ဒရုန်းဗုံးကြဲတာသာ လုပ်ဆောင်နေ

    အာရှလမ်းပိုင်းအချို့မှာ အကြမ်းဖက်စစ်တပ် မြေပြင်စစ်ရေး မလှုပ်ရှားနိုင်ဘဲ မိုင်းထောင်တာနဲ့ ဒရုန်းဗုံးကြဲတာသာ လုပ်ဆောင်နေ

    by

    in

    အာရှလမ်းပိုင်းအချို့မှာ အကြမ်းဖက်စစ်တပ် မြေပြင်စစ်ရေး မလှုပ်ရှားနိုင်ဘဲ မိုင်းထောင်တာနဲ့ ဒရုန်းဗုံးကြဲတာသာ လုပ်ဆောင်နေ ဒီဇင်ဘာ၂၅၊ ၂၀၂၄ ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ရာ နေရာတွေကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အကြမ်းဖက်စစ်တပ်က မိုင်းထောင်တာတွေ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ မြေပြင်မှာ စစ်ရေးလှုပ်ရှားမှုတွေ သိပ်မလုပ်နိုင်တော့ဘဲ အာရှလမ်းပိုင်းတလျှောက် မိုင်းထောင်တာနဲ့ ဒရုန်းဗုံးကြဲတာသာ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ “ဒရုန်းနဲ့ ဗုံးကြဲတာကတော့ ရိုးနေပြီ။ သူတို့စစ်ကြောင်းတွေက ဟန်ပြလောက်ပဲ မြေပြင်မှာလှုပ်ရှားနိုင်တော့တယ်။ တက်သမျှသေ ပိုသမျှကုန်ဖြစ်နေတော့ လမ်းတွေမှာ လူမသိသူမသိ နင်းမိုင်း တိုက်မိုင်းတွေ လိုက်ထောင်တယ်။ ပြီးတော့ မထင်ရင်မထင်သလို ဒရုန်းတွေနဲ့ ဗုံးကြဲတာ။ ရိက္ခာပို့တာကိုပဲ လုပ်နေတော့တယ်”…

  • မလှိုင်မြို့နယ်တွင် ရဲအချို့ထွက်ပြေး၍ စစ်တပ်က လိုက်ရှာနေ

    မလှိုင်မြို့နယ်တွင် ရဲအချို့ထွက်ပြေး၍ စစ်တပ်က လိုက်ရှာနေ

    by

    in

    မလှိုင်မြို့နယ်တွင် ရဲအချို့ထွက်ပြေး၍ စစ်တပ်က လိုက်ရှာနေ အင်ကြင်း/People’s Spring မန္တလေးတိုင်း၊မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်း တာဝန်ကျနေသော ရဲအချို့ ထွက်ပြေးနေ၍ စစ်တပ်က လိုက်ရှာနေကြောင်း မလှိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတဦးက ပြောသည်။ မလှိုင်မြို့နယ်အတွင်း၌ တာဝန်ကျနေသော စစ်ကောင်စီတပ်လက်အောက်ခံ ရဲဝန်ထမ်းအချို့မှာ ဒီဇင်ဘာ တတိယပတ်အတွင်း ထွက်ပြေးမှုများ ရှိနေပြီး စစ်တ​ပ်က လိုက်လံရှာဖွေနေကြောင်း မလှိုင်ပအဖ တာဝန်ရှိသူက ပြောသည်။ “နှစ်ဦး‌ပြေးတယ်လို့တော့ အတွင်းသတင်း အရသိထားပါတယ်။ နှစ်ဦးထက် ပိုမပို တော့စုံစမ်းနေတုန်းပါ။ အခုလေးငါးရက်အတွင်းပြေးကြတာ။”ဟု မလှိုင်ပအဖ တာဝန်ရှိသူက ရှင်းပြသည်။ ထွက်ပြေးသောရဲများ၏ ရာထူးအပါအဝင် အသေးစိတ်အချက်အလက်များ မသိရသေးပေ။ မလှိုင်မြို့နယ်မှ ထွက်ပြေးနေကြသော ရဲများအနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင်လိုပါက မလှိုင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တယ်လီဂရမ် @Helpformhlgသို့ ဆက်သွယ်နိုင်ပြီး လိုအပ်သည့်အကူအညီများ ပေးသွားမည်ဟု…

  • ပင်လယ်ပြင်ကို ကာကွယ်နိုင်တဲ့ သုံးဖက်မြင် ရေတပ်ဖြစ်နေပြီလို့  စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုပြန်

    ပင်လယ်ပြင်ကို ကာကွယ်နိုင်တဲ့ သုံးဖက်မြင် ရေတပ်ဖြစ်နေပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုပြန်

    by

    in

    ပင်လယ်ပြင်ကို ကာကွယ်နိုင်တဲ့ သုံးဖက်မြင် ရေတပ်ဖြစ်နေပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုပြန် ဒီဇင်ဘာ ၂၅၊ ၂၀၂၄ တပ်မတော်(ရေ)ကို သုံးဖက်မြင် စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်တဲ့ တိုက်ပွဲဝင်အသင့် ရေတပ်အဆင့် တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာ စစ်ရေးအရရှုံးနိမ့်နေတဲ့မင်းအောင်လှိုင်ဟာ သူ့ရဲ့ ရေတပ်က ပင်လယ်ပြင်ကို ကာကွယ်နိုင်တဲ့ (Three Dimensional Combat Ready Navy) အဖြစ်ကို ရောက်ရှိနေပြီလို့ ဒီဇင်ဘာ ၂၄ ရက်က (၇၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အခမ်းအနားမှာ အမွှန်းတင်ပြောကြားလိုက်တာပါ။ မြန်မာ့ပင်လယ်ပြင်နဲ့ ဆက်စပ်ပင်လယ်ပြင်တွေကို ဖြန့်ကျက်နိုင်စွမ်းရှိတဲ့ရေတပ် (Adjacent Force Projection Navy / Regional Navy) အဖြစ် တက်လှမ်းနိုင်ရေးအတွက်လည်း ကြိုးစားရမယ်လို့ စစ်ရာဇဝတ်မှုတွေ…

  • ပေါက်ခေါင်းတွင် တပ်သားသစ်များရရှိရေး စစ်တပ်နှင့်အတူ ပေါ်တာဆွဲ ဖမ်းဆီးနေသူ နတ္တလင်းကျေးရွာမှ ခင်စိုး ပစ်ခတ်ခံရပြီး သေဆုံး

    ပေါက်ခေါင်းတွင် တပ်သားသစ်များရရှိရေး စစ်တပ်နှင့်အတူ ပေါ်တာဆွဲ ဖမ်းဆီးနေသူ နတ္တလင်းကျေးရွာမှ ခင်စိုး ပစ်ခတ်ခံရပြီး သေဆုံး

    by

    in

    ပေါက်ခေါင်းတွင် တပ်သားသစ်များရရှိရေး စစ်တပ်နှင့်အတူ ပေါ်တာဆွဲ ဖမ်းဆီးနေသူ နတ္တလင်းကျေးရွာမှ ခင်စိုး ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ်များရရှိရေး စစ်တပ်နှင့်အတူ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေသူ နတ္တလင်းကျေးရွာမှ ခင်စိုး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်း ၏ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် ကင်မွန်းခြုံအုပ်စု နတ္တလင်းကျေး ရွာနေ ခင်စိုးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၃ က ၎င်း၏…

  • နပခသိမ်းပြီး ရက္ခိုင်တပြည်နယ်လုံးလွတ်​မြောက်​တော့မည့်AAအောင်ပွဲအ​ပေါ်ဂုဏ်ပြုပြီး  တစ်နိုင်ငံလုံးလွတ်​မြောက်​ရေးပူး​ပေါင်းတိုက်ပွဲဝင်မည်ဟုမွန်နှင့်ပအိုဝ်တော်လှန်ရေးလေးဖွဲ့ကသဝဏ်လွှာ​ပေးပို့

    နပခသိမ်းပြီး ရက္ခိုင်တပြည်နယ်လုံးလွတ်​မြောက်​တော့မည့်AAအောင်ပွဲအ​ပေါ်ဂုဏ်ပြုပြီး တစ်နိုင်ငံလုံးလွတ်​မြောက်​ရေးပူး​ပေါင်းတိုက်ပွဲဝင်မည်ဟုမွန်နှင့်ပအိုဝ်တော်လှန်ရေးလေးဖွဲ့ကသဝဏ်လွှာ​ပေးပို့

    by

    in

    နပခသိမ်းပြီး ရက္ခိုင်တပြည်နယ်လုံးလွတ်​မြောက်​တော့မည့်AAအောင်ပွဲအ​ပေါ်ဂုဏ်ပြုပြီး တစ်နိုင်ငံလုံးလွတ်​မြောက်​ရေးပူး​ပေါင်းတိုက်ပွဲဝင်မည်ဟုမွန်နှင့်ပအိုဝ်တော်လှန်ရေးလေးဖွဲ့ကသဝဏ်လွှာ​ပေးပို့ အိမ်သွင်/People’s Spring အာရက္ခတပ်တော်(AA)က အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်(နပခ)ကိုသိမ်းပိုက်နိုင်ခဲ့ပြီးရက္ခိုင်တပြည် နယ်တစ်ခုလုံး လွတ်မြောက်တော့မည့်အောင်ပွဲအတွက် ဂုဏ်ပြုကြောင်းနှင့် မြန်မာတစ်နိုင်ငံလုံးလွတ်မြောက်ရေးအတွက်ပူးပေါင်းတိုက်ပွဲဝင်မည်ဟု မွန်နှင့်ပအိုဝ်တော်လှန်ရေးတပ်ဖွဲ့လေးဖွဲ့ကသဝဏ်လွှာထုတ်ပြန်သည်။ ပအိုဝ်အမျိုးသားအဖွဲ့ချုပ်(PNLO)၊ ပအိုဝ်ဖက်ဒရယ်ကောင်စီ(PNFC)၊မွန်ပြည်သစ်ပါတီအာ ဏာရှင်တိုက်ဖျက်ရေး (NMSP-AD) ၊မွန်ပြည်ဖက်ဒရယ်(MSFC)တို့က ယနေ့ (ဒီဇင်ဘာလ ၂၅) ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ နိုင်ငံရေးဦးဆောင်မှု၊ အာရက္ခတပ်တော်၏ ရွပ်ရွပ်ချွံချွံ တိုက်ပွဲ ဝင်မှုများကြောင့် နပခကိုဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ပြီးမကြာမီကာလတွင် ရက္ခိုင်တစ်ပြည်လုံးရှိ စစ်ကောင်စီတပ်များ ကင်းစင်ပပျောက်သွားအောင် AA၏ ဆက်လက်တိုက်ပွဲဝင်မှုနှင့် ရဲစွမ်းသတ္တိကို ဂုဏ် ပြုသည်ဟု ဖော်ပြထားသည်။ စစ်အာဏာရှင်စနစ်အောက်မှ ပထမဦးဆုံးလွတ် မြောက်မည့် ရခိုင်ပြည်နယ်၏ အလားအလာကောင်းများနှင့်အတူ ရက္ခိုင်ပြည်လွတ်မြောက် ရေးတွင်သာရပ်တန့်မနေဘဲ တစ်နိုင်ငံလုံးရှိ ဗမာအပါအဝင်…

  • AA နှင့် KIA ၏ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၁၇ စီး ပျက်စီးသွားပြီးနောက်  အကြီးဆုံးဖရီးဂိတ်စစ်ရေယာဉ်ကို ရေချလိုက်ပြီး ပြည်တွင်း၊ ပြည်ပရန်ကို နှိမ်နင်းနိုင်စေရန်   သာလွန်မင်းဟု  စစ်သင်္ဘောကို  မင်းအောင်လှိုင်က နာမည်ပေး

    AA နှင့် KIA ၏ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၁၇ စီး ပျက်စီးသွားပြီးနောက် အကြီးဆုံးဖရီးဂိတ်စစ်ရေယာဉ်ကို ရေချလိုက်ပြီး ပြည်တွင်း၊ ပြည်ပရန်ကို နှိမ်နင်းနိုင်စေရန် သာလွန်မင်းဟု စစ်သင်္ဘောကို မင်းအောင်လှိုင်က နာမည်ပေး

    by

    in

    AA နှင့် KIA ၏ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၁၇ စီး ပျက်စီးသွားပြီးနောက် အကြီးဆုံးဖရီးဂိတ်စစ်ရေယာဉ်ကို ရေချလိုက်ပြီး ပြည်တွင်း၊ ပြည်ပရန်ကို နှိမ်နင်းနိုင်စေရန် သာလွန်မင်းဟု စစ်သင်္ဘောကို မင်းအောင်လှိုင်က နာမည်ပေး ရန်ကုန် ၊ ဒီဇင်ဘာ ၂၅ ရခိုင်ပြည်နယ်၊ မြို့နယ် အတော်တော်များများ ကိုလက်လွှတ်ထားတဲ့ ရတဲ့ စစ်ကောင်စီက ရေတပ်မှာ အသုံးပြုဖို့ အကြီးဆုံးဖရီးဂိတ်စစ်ရေယာဉ်တစ်စင်း ရေချခဲ့တယ်လို့ စစ်တပ် မီဒီယာတွေက ပြောပါတယ်။ အဲ့ဒီရေယာဉ်ကို “သာလွန်မင်း”လို့ အမည်ပေးထားပြီး အလျား(၁၃၅)မီတာရှိ ကာဒီဇင်ဘာ လ ၂၄ ရက်မှာ မင်းအောင်လှိုင် ကိုယ်တိုင်ရေချအခမ်းအနား တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။ သာလွန်မင်း”လို့အမည်ပေးထား ဖရီးဂိတ်စစ်ရေယာဉ် ရေချပွဲ အခမ်းအနားကို ရန်ကုန်တိုင်း၊ သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့…

  • “ပြင်ဦးလွင်.. 🛑အနီရောင်အဆင့် အထူးစောင့်ကြည့်နေပြီ”

    “ပြင်ဦးလွင်.. 🛑အနီရောင်အဆင့် အထူးစောင့်ကြည့်နေပြီ”

    by

    in

    “ပြင်ဦးလွင်.. 🛑အနီရောင်အဆင့် အထူးစောင့်ကြည့်နေပြီ”

  • နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် လူငယ် ၇ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ငွေညှစ်ခံနေရ ၊ မုံရွာတွင် လူငယ် ၁ ဦး ၁ လ ခွဲနီးပါး ပျောက် ဆုံးနေပြီး ယခုအချိန်အထိ ပြန်မတွေ့သေး

    နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် လူငယ် ၇ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ငွေညှစ်ခံနေရ ၊ မုံရွာတွင် လူငယ် ၁ ဦး ၁ လ ခွဲနီးပါး ပျောက် ဆုံးနေပြီး ယခုအချိန်အထိ ပြန်မတွေ့သေး

    by

    in

    နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် လူငယ် ၇ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ငွေညှစ်ခံနေရ ၊ မုံရွာတွင် လူငယ် ၁ ဦး ၁ လ ခွဲနီးပါး ပျောက် ဆုံးနေပြီး ယခုအချိန်အထိ ပြန်မတွေ့သေး ရန်ကုန်၊ ဒီဇင်ဘာ ၂၅ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကူဆည်စုကျေးရွာ အုပ်ချုပ်ရေးမှူး အောင်ကိုလတ်က နေအိမ်တိုင်းမှ စစ်မှုထမ်းကြေး လစဉ် ငွေကျပ် ၂၅၀၀၀ ကောက်ခံနေပြီး ငွေပေးဆောင်ထားသော နေအိမ်မှ လူငယ် ၇ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးကာ ထပ်မံငွေညှစ်နေကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ ဆွေမျိုးမိတ်ဆွေများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ကူဆည်စုကျေးရွာ အုပ်စု ရပ်ကျေးအုပ်ချုပ်ရေးမှူး အောင်ကိုလတ် ဦးဆောင်မှုဖြင့် ဆည်စုကျေးရွာ ရာအိမ်မှူး…

  • စစ်ကောင်စီဘက်က နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ဆုံးရှုံးတော့မယ့် အခြေအနေ ရှိနေသည်ဟု NUG ယာယီသမ္မတပြော

    စစ်ကောင်စီဘက်က နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ဆုံးရှုံးတော့မယ့် အခြေအနေ ရှိနေသည်ဟု NUG ယာယီသမ္မတပြော

    by

    in

    ”မကြာခင်ဆိုရင် ၂၀၂၄ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၅ နှစ်သစ်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ တော်လှန်ရေးဟာဆိုရင်လည်း (၄) နှစ်တာ ပြည့်မြောက်တော့မှာဖြစ်ပါတယ်။ ၄ နှစ်တာနီးပါး ကြာမြင့်လာတဲ့ တော်လှန်ရေးခရီးတလျှောက်လုံးမှာ ကြုံတွေ့လာရတဲ့ အခက်အခဲအကျပ်အတည်းတွေကို ပြည်သူလူထုကြီးက ကြံ့ကြံ့ခံပြီး တော်လှန်ရေးအပေါ် အားပေးထောက်ခံမှု၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မဟာမိတ်အင်အားစုများရဲ့ မလျှော့တမ်း တစိုက်မတ်မတ် အားထုတ် ကြိုးပမ်းမှုတွေကို အားတက်ဖွယ်ရာ မြင်တွေ့ရပြီးဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းမှာဆိုရင် စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်” အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလပြောကြားသည့် ခရစ္စမတ်ဆုတောင်းစကား စစ်ကောင်စီဘက်က နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ဆုံးရှုံးတော့မယ့် အခြေအနေ ရှိနေသည်ဟု NUG ယာယီသမ္မတပြော ဒီဇင်ဘာ ၂၅၊ ၂၀၂၄ ၂၀၂၄…