Author: admin
-
ပေါ်တာဆွဲကြမ်းလာတဲ့ ရန်ကုန်မှာ နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို တစ်ရက်တာ ပယ်ဖျက်ပေး
ပေါ်တာဆွဲကြမ်းလာတဲ့ ရန်ကုန်မှာ နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို တစ်ရက်တာ ပယ်ဖျက်ပေး ဒီဇင်ဘာ ၃၁၊ ၂၀၂၄ စစ်တပ်က ပေါ်တာဆွဲကြမ်းနေတဲ့ ရန်ကုန်မှာ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို ပယ်ဖျက်ပေးလိုက်တယ်လို့ သိရပါတယ်။ ညမထွက်ရအမိန့်ကို ဒီဇင်ဘာ (၃၁) ရက် ညပိုင်းကနေ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီ (၁) ရက်အထိ ပယ်ဖျက်ပေးထားတယ်လို့ စစ်တပ် ထိန်းချုပ်ထားတဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ (၃၁) ရက်မှာ ကျရောက်မယ့် နှစ်သစ်ကူးညတစ်ညတာကို ညမထွက်ရအမိန့် ပယ်ဖျက်လိုက်ပေမယ့် အများပြည်သူတွေအနေနဲ့ မိမိအိမ်မှာ သာ နေထိုင်သင့်ကြောင်း တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်းထားပါတယ်။ အခုရက်ပိုင်းအတွင်း ရန်ကုန်မှာ စစ်ကောင်စီက လူငယ်လူရွယ်တွေကို ပစ်မှတ်ထား စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ…
-
စစ်အာဏာရှင်စနစ် ချေမှုန်းသုတ်သင်ရေး မဟာမိတ် တပ်ပေါင်းစု တည်ဆောက်ရေးနှင့် တော်လှန်ရေး အင်အားစုများ ညီညွတ် ခိုင်မာအားကောင်းမှုအပေါ် မူတည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ သတိပေး
စစ်အာဏာရှင်စနစ် ချေမှုန်းသုတ်သင်ရေး မဟာမိတ် တပ်ပေါင်းစု တည်ဆောက်ရေးနှင့် တော်လှန်ရေး အင်အားစုများ ညီညွတ် ခိုင်မာအားကောင်းမှုအပေါ် မူတည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ သတိပေး ရန်ကုန်၊ ဒီဇင်ဘာ ၃၁ အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို ချေမှုန်းသုတ်သင်ရေးသည် မဟာမိတ် တပ်ပေါင်းစု တည်ဆောက်ရေးနှင့် တော်လှန်ရေး အင်အားစုများ အကြား စုစည်းညီညွတ်မှု ခိုင်မာအားကောင်းမှုအပေါ်၌ မူတည်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် ချင်းညီနောင် (Chin Brotherhood) ဖွဲ့စည်း တည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားတွင် အမျိုးသားညီညွတ်ရေး အစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ ” စစ်အာဏာရှင်စနစ်ကို ချေမှုန်းသုတ်သင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးဟာ…
-
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က အသစ်ဖွဲ့စည်းမည့် စစ်ကိုင်းတိုင်း တပ်မဟာ သစ်တွင် ပူးပေါင်း လာမည့် တော်လှန်ရေးအင် အားစုအသစ်များကို တံခါးဖွင့်ကြိုဆိုဟု တရားဝင် ဖိတ်ခေါ်
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က အသစ်ဖွဲ့စည်းမည့် စစ်ကိုင်းတိုင်း တပ်မဟာ သစ်တွင် ပူးပေါင်း လာမည့် တော်လှန်ရေးအင် အားစုအသစ်များကို တံခါးဖွင့်ကြိုဆိုဟု တရားဝင် ဖိတ်ခေါ် ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က အသစ်ဖွဲ့စည်းမည့် စစ်ကိုင်းတိုင်း တပ်မဟာ သစ်တွင် ပူးပေါင်း လာမည့် တော်လှန်ရေးအင် အားစုအသစ်များကို တံခါးဖွင့်ကြိုဆိုပါကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မ တော် (မန္တလေး) ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က တရားဝင် ဖိတ်ခေါ် လိုက်သည်။ MDY PDF အနေဖြင့် စစ်ကိုင်းတိုင်း တပ်မဟာ အသစ်တစ်ခုထပ်မံဖွဲ့စည်းပြီး စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေး အဖွဲ့ အစည်းများနှင့် ဟန်ချက်ညီညီ ပူးပေါင်းစစ်ဆင်သွားမည်ဖြစ်ကြောင်း ၊လာမည့် ၂၀၂၅ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမည်ဖြစ်…
-
ဂွမြို့တွင် ခုခံရင်း သေဆုံးသူ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းမှာ အလွန်သဘောထားတင်းမာသူဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ထူးချွန်သူတစ်ဦးဖြစ်၍ စစ်ကောင်စီအတွက် ကြီးမားသော ဆုံးရှုံးမှုဟုဆို
ဂွမြို့တွင် ခုခံရင်း သေဆုံးသူ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းမှာ အလွန်သဘောထားတင်းမာသူဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ထူးချွန်သူတစ်ဦးဖြစ်၍ စစ်ကောင်စီအတွက် ကြီးမားသော ဆုံးရှုံးမှုဟုဆို ရန်ကုန်၊ ဒီဇင်ဘာ၃၁ ရခိုင်ပြည်၊ ဂွမြို့တွင် ခုခံရင်း သေဆုံးသူ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းသည် အလွန် သဘောထားတင်းမာသူဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ထူးချွန်သူတစ်ဦးဖြစ်ကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ ရခိုင်ပြည်၊ ဂွမြို့နယ်တစ်ခုလုံးကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ထက်မနည်း သေဆုံးနိုင်ကြောင်း AA က သတင်းထုတ်ပြန်ခဲ့သည်။ သေဆုံးသူ ဗိုလ်မှူးကြီး…
-
တိုက်ပွဲတွင်ကျဆုံးခဲ့သော ဗိုလ်မှူး၏မိန်းမဖွင့်သော”မုဆိုးမတို့ရွာ” မုန့်ဟင်းခါးဆိုင်ကိုစစ်ကောင်စီဖျက်ဆီး ■ကရင်နီပြည် တိုက်ပွဲတွင် သေဆုံးခဲ့သော ဗိုလ်မှူးကောင်းမြတ်စိုး ၏ ဇနီးက ဖွင့်လှစ်ခြင်းဖြစ်
တိုက်ပွဲတွင်ကျဆုံးခဲ့သော ဗိုလ်မှူး၏မိန်းမဖွင့်သော”မုဆိုးမတို့ရွာ” မုန့်ဟင်းခါးဆိုင်ကိုစစ်ကောင်စီဖျက်ဆီး ■ကရင်နီပြည် တိုက်ပွဲတွင် သေဆုံးခဲ့သော ဗိုလ်မှူးကောင်းမြတ်စိုး ၏ ဇနီးက ဖွင့်လှစ်ခြင်းဖြစ် ရဲခေါင် ၊ရှိန်း / People’s Spring စစ်ကောင်စီအတွက်တိုက်ပွဲဝင်ရင်းတိုက်ပွဲ၌ သေဆုံးခဲ့သော ဗိုလ်မှူး ၏မိန်းမ ဖွင့်ထားသည့် “မုဆိုးမတို့ရွာ” မုန့်ဟင်းခါးဆိုင်ကို စစ်ကောင်စီက ဖျက်ဆီးခဲ့သည်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊မဟာမြိုင်ရပ်ကွက်(၂ ) ၊မနောရမ္မံပန်းခြံရှေ့တွင် စတင် ဖွင့်လှစ်သည့် ” မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်” ကို ယနေ့(ဒီဇင်ဘာ ၃၀ ရက်နေ့) နံနက်ပိုင်းတွင် စစ်ကောင်စီကညွှန်ကြား၍ စည်ပင် ဝန်ထမ်းများ ဦးဆာင်သည့် စစ်အုပ်စုက ဆိုင်ကို စီးနင်းဖျက်ဆီးခဲ့ကြောင်းဒေသခံအချို့ကပြောသည်။ “မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်”သည် ကရင်နီပြည်တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်တက္ကသိုလ်အမှတ်စဥ် (၄၇) ကျောင်းဆင်း ဗိုလ်မှူးကောင်းမြတ်စိုး၏ ဇနီး ဒေါ်အေးအေးခိုင်…
-
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဗြိတိန်ဝန်ကြီးဟောင်း တောင်းဆို
ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၂၉ ရက် လက်ရှိ စစ်ကောင်စီရဲ့ အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဗြိတိန်ဝန် ကြီးဟောင်းတစ်ဉီးဖြစ်သူ ပေါလ်စကူလီက တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်မှုမှာ ပြယုဂ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်ရေး တွန်းအားပေးသင့်တယ်လို့ သူက ဆိုပါတယ်။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်း (၃) ဉီးက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်း ဆိုခဲ့ပြီး သူဟာ တိုင်းပြည်ကို ဒီမိုကရေစီနည်းကျ ဉီးဆောင်ဖို့ ထိုက်တန်သူဖြစ်တယ်လို့ သတိပေးပြီး နောက် ပေါလ်စကူလီရဲ့တောင်းဆိုမှု ဖြစ်လာခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံအဖြစ် တာဝန်ယူခဲ့စဉ် ရိုဟင်ဂျာတွေနဲ့ပတ်သက် လို့ ဂုဏ်သိက္ခာထိခိုက်ပေမယ့် မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကိုပြန်ရောက်ဖို့ ခြေလှမ်းတစ်လှမ်းသာ ရှိခဲ့တာကို သိရှိခဲ့တယ်လို့ ၎င်းက ပြောပါတယ်။ “စစ်တပ်ဟာ လက်ရှိမှာ…
-
စစ်အာဏာသိမ်းကာလအတွင်း ချင်းညီနောင်တပ်ဖွဲ့ဝင် ၂၅၀ ခန့်ကျဆုံး ၊ ၁,၀၀၀ ခန့်ဒဏ်ရာရ
စစ်အာဏာသိမ်းကာလအတွင်း ချင်းညီနောင်တပ်ဖွဲ့ဝင် ၂၅၀ ခန့်ကျဆုံး ၊ ၁,၀၀၀ ခန့်ဒဏ်ရာရ ———————————————————————– ပါခွီး (မဇ္ဈိမ) ။ ။ စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် လေးနှစ်တာကာလအတွင်း ချင်းပြည်နယ်နှင့် နီးစပ်သော နယ်မြေများအတွင်းဖြစ်ပွားသည့် တိုက်ပွဲများ၌ ချင်းညီနောင်တပ်ဖွဲ့ ဝင် ၂၅၀ခန့်ကျဆုံး ခဲ့ပြီး ဦးရေ ၁,၀၀၀ခန့် ဒဏ်ရာရရှိထား ကြောင်း ချင်းညီနောင်အဖွဲ့ စစ်ရေးဥက္ကဋ္ဌ ထန်ချွန်းဖေက ပြောသည်။ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ၃၀ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ချင်းညီနောင်အဖွဲ့သည် ယနေ့တွင် ဖွဲ့စည်းတည်ထောင်ခြင်း တနှစ်ပြည့်ပြီဖြစ်သည်။ အဖွဲ့၏ တနှစ်ပြည့်အခမ်းအနားကို အွန်လိုင်းမှ ပြုလုပ်ခဲ့ချိန်တွင် စစ်ရေးအစီခံခြင်းအစီအစဥ်၌ ဥက္ကဋ္ဌက ပြောဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းက “ချင်းညီနောင်အဖွဲ့ဝင်များက ချင်းပြည်နယ်တင်မက မကွေး၊ စစ်ကိုင်းတိုင်းနဲ့ ယောနယ်များမှာ မဟာမိတ်များနဲ့ ပူးပေါင်းတိုက်ပွဲခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။…
-
ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ မယ်လယု မဆုတ်တမ်းခံစစ်တပ်စခန်းကို ကရင်နီတပ်မတော် သိမ်းပိုက်
ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ မယ်လယု မဆုတ်တမ်းခံစစ်တပ်စခန်းကို ကရင်နီတပ်မတော် သိမ်းပိုက် ရဲခေါင်/People’s Spring ထိုင်း – မြန်မာနယ်စပ် ကရင်နီပြည်နယ်ရှိ စစ်ကောင်စီ၏ မယ်လယု မဆုတ်တမ်းခံစစ်တပ်စခန်းကို ကရင်နီတပ်မတော်(KA)က သိမ်းပိုက်ရရှိခဲ့ကြောင်း ဒေသတွင်းစစ် ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ ရှားတောမြို့နယ် မယ်လယုတပ်စခန်းကို ဒီဇင်ဘာ ၂၈ ရက်က ကရင်နီတပ်မတော်က ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားခြင်းဟု ဆိုသည်။ “မယ်လယုက ထိုင်း – မြန်မာနယ်စပ်အမှတ် BP 9 ဒေသမှာရှိတယ်။ပြီးတော့ ကရင်နီပြည်နယ်နဲ့ ထိုင်း နယ်စပ်တလျှောက်မှာရှိတဲ့ စကစ ရဲ့ မဆုတ်တမ်း ခံစစ်စခန်းတွေ အားလုံးနီးပါးကို KAက ရပြီးလို့ ပြောလို့ရတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။ ထိုင်း – ကရင်နီပြည်နယ် နယ်စပ်တစ်လျှောက်တွင် နယ်စပ်အမှတ်စဥ်…
-
ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်သို့ ဒုစစ်ခေါင်းဆောင် နေ့ခြင်းပြန်လာရောက်ပြီး တပ်မိသားစုများကိုစည်းရုံးရေးဆင်း
ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်သို့ ဒုစစ်ခေါင်းဆောင် နေ့ခြင်းပြန်လာရောက်ပြီး တပ်မိသားစုများကိုစည်းရုံးရေးဆင်း ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၂၈ ရက် ဧရာ၀တီတိုင်း၊ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်သို့ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဒုစစ်ခေါင်းဆောင် နေ့ခြင်းပြန်လာရောက်ခဲ့ပြီး တပ်မိသားစုများကို တွေ့ဆုံစည်းရုံးသိရှိရသည်။ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့် ဖြစ်ပွားနေသော တိုက်ပွဲများတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်များကို စစ်ကူစေလွှတ်ရာတွင် သေဆုံး၊ ဒဏ်ရာရသူ များပြားလာပြီး တပ်မိသားစုများအတွင်း စစ်ကောင်စီအပေါ်ဝေဖန်မှုများ မြင့်တက်လာသောကြောင့် ယခုကဲ့သို့ စည်းရုံးရေးလာဆင်းခြင်းဖြစ်ကြောင်း သိရှိရသည်။ “နတခ လက်အောက်ခံတပ်တွေမှာလည်း ရခိုင်ဘက်ကို စစ်ကူသွားတဲ့အချိန်က လိုင်းခန်းတွေမှာ နာရေးကနေ့တိုင်းဖြစ်နေတာ။ တပ်မိသားစုတွေက စစ်ကောင်စီကိုတော်တော် မကျေနပ်ကြတော့ဘူးဆိုတာ သတင်းကြားလို့သူက တပ်အပေါ်သစ္စာရှိဖို့လာပြောပြီး၊ ထောက်ပံကြေးလေး နည်းနည်းပါးပါးလာပေးတာ”ဟု တပ်မိသားစုနှင့်နီးစပ်သူတစ်ဦးမှဧရာ၀တီတိုင်းမ်ကို ပြောသည်။ ခရီးစဥ်တွင် ပုသိမ်မြို့နယ် ၊ ရွှေမြင်တင်ကျေးရွာရှိ အမှတ်…
-
မိတ္ထီလာမှာ သားအမိနှစ်ဦး သတ်ဖြတ်ခံရမှု သမီးရည်းစား အဆက်ဖြတ်တာ မကျေနပ်လို့ သတ်ဖြတ်ဟုဆို၊ ရပ်ကွက်က ဝိုင်းဖမ်းလို့ ကျူးလွန်သူ သုံးဦးကို ဖမ်းမိ၊
မိတ္ထီလာမှာ သားအမိနှစ်ဦး သတ်ဖြတ်ခံရမှု သမီးရည်းစား အဆက်ဖြတ်တာ မကျေနပ်လို့ သတ်ဖြတ်ဟုဆို၊ ရပ်ကွက်က ဝိုင်းဖမ်းလို့ ကျူးလွန်သူ သုံးဦးကို ဖမ်းမိ၊ ဒေါ်လာ/MFP၊ ဒီဇင်ဘာ – ၃၀ မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ မနေ့က ညဦးပိုင်းအချိန် သားအမိ နှစ်ဦးတည်း ရှိနေတဲ့ နေအိမ်ကို လူသုံးဦးက ဝင်ရောက်ပြီး အိမ်ရှင် သားအမိနှစ်ဦး စလုံးကို ဓားနဲ့ထိုး သတ်ဖြတ်ခဲ့မှုဟာ သမီးရည်းစား ကိစ္စကြောင့် ဖြစ်တယ်လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။ ဒီဇင်ဘာလ ၂၉ရက် ည ၇နာရီကျော်အချိန်က မိတ္တီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်၊ ဝမ်းတော်ပြည့်တိုးချဲ့ နယ်မြေ ၈ က နေအိမ်မှာ အမျိုးသမီး နှစ်ဦးတည်း ရှိနေချိန် လူငယ်သုံးဦးက ဝင်ရောက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။…