အခုယှဥ်ပြိုင်ထိုးသတ်နေတဲ့.. ဂျိုရှုဟာဗန်နဲ့ ရိုင်ဗယိတိုရဲ့ပွဲစဥ် ဒီရုပ်သံလှိင်းကကြည့်ပါ..

■ Joshua Van က Brandon Royval ကို အနိုင်ယူလိုက်ပါပြီ။
ဇွန် ၂၉၊ ၂၀၂၅
UFC 317 မှာ ချင်းဖိုက်တာ Joshua Van က Brandon Royval ကို ၃ ချီထိုးပြီး ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ယူလိုက်ပြီ ဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် Joshua Van ကမ္ဘာ့ချန်ပီယံခါးပတ် စိန်ခေါ်ခွင့် ရရှိသွားပြီလည်း ဖြစ်ပါတယ်။

ဒီမနက် UFC မှာ ချန်ပီယံခါးပတ် စိန်ခေါ်ခွင့် ရရှိသွားပြီဖြစ်တဲ့ ဂျိုရှုအာဗန်ရဲ့ UFC 317 နိုင်ပွဲ

ဗန်က UFC ဖလိုင်းဝိတ်တန်းအဆင့် ၁ ကိုအနိုင်ယူ
■ ဒီနိုင်ပွဲ​ကြောင့် UFC ချန်ပီယံခါးပါတ်စိန်​ခေါ်ခွင့် ရရှိ
ဇွန်-၂၉၊၂၀၂၅။People’s Spring

UFC ၃၁၇ ပြိုင်ပွဲမှာမြန်မာပြည်ဖွားချင်းဖိုက်တာ ​​ဂျော့ချူအာဗန် က ဖလိုင်းဝိတ်တန်းမှာ ကမ္ဘာ့အ
ဆင့် ၁ ရှိတဲ့ ဘရန်ဒန် ရွိင်ဗယ်ကို အနိုင်ယူလိုက်ပါတယ် ။
မြန်မာ အချိန် ဇွန် ၂၉ ရက်မနက် ( အ​မေရီကန်စံ​တော်ချိန် ( ဇွန် ၂၈ ရက်ည) မှာ ယှဥ်ပြိုင်ခဲ့တဲ့ UFC ၃၁၇ ရဲ့ အဓိကပွဲစဥ် ၁ ခုဖြစ်တဲ့ ​ဂျော့ချုအာဗန် နဲ့ ဘရန်ဒန် ရွိုင်ဗယ် တို့ပွဲစဥ်ဟာ လက်သီး​တွေကို အဓိကအသုံးပြု အပြင်းအထန်ယှဥ်ပြိုင်ထိုးသတ်ကြပြီး နှစ်ဦးစလုံးလည်း မျက်နှာ​တွေမှာ
​ဒဏ်ရာကိုယ်စီရကြပါတယ် ။​နောက်ဆုံး သုံးချီ​မြောက်မှာ ဗန်ရဲ့ ထိုးချက်​တွေ​ကြောင့် ဘရန်ဒန် ကြမ်းပြင်မှာလဲကျသွားခဲ့​ပေမယ့် ပွဲချိန်​စေ့သွားလို့ ဗန်အလဲထိုးနိုင်တဲ့အခွင်ွအ​ရေးလက်လွတ်ခဲ့ရတာပါ ။
ပွဲအပြီးမှာ အမှတ်​ပေး ဒိုင်​တွေ ၃ ဦးစလုံးက ဗန်ကို အနိုင်​​ပေးလိုက်တာမို့ ဗန်ဟာ UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့အဆင့် ၁ ကိုအနိုင်ယူပြီး အမြင့်ခုန်တက်နိုင်ခဲ့ပြီဖြစ်ပါတယ် ။ UFC ပိုင်ရှင် ဒါနာဝှိုက်က အခုပွဲနိုင်သူဟာ ချန်ပီယံခါးပတ်ပိုင်ရှင်ကို စိန်​ခေါ်ခွင့်ရှိမယ်လို့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ​ပြောထားတာမို့ ဗန်ဟာအခုဆိုရင် ကမ္ဘာ​ကျော်သိုင်း​ပေါင်းစုံပြိုင်ပွဲ​တွေထဲမှာ နာမည်အကြီးဆုံး UFC ရဲ့ ချန်ပီယံခါးပါတ်ပိုင်ရှင်ဖြစ်လာဖို့က အ
လွန် နီးစပ်လာပြီဖြစ်ပါတယ် ။
ပွဲမထိုးခင်က UFCဖလိုင်းဝိတ်တန်းမှာ အဆင့် ၁၁ ​နေရာ က​နေ အဆင့် ၁ ကို ဖြုတ်လိုက်တာ​ကြောင့်
ဗန်ရဲ့ UFC အဆင့်သတ်မှတ်ချက် ခုန်တက်လာ​တော့မှာဖြစ်ပါတယ် ။
ဗန်ဟာ မြန်မာပြည်ဖွားချင်းတိုင်းရင်းသားဖြစ်ပြီး ​တော့ အ​မေရီကန်နိုင်ငံကို ပြောင်း​ရွှေ့အ​ခြေချ​နေထိုင်သူဖြစ်ပါတယ် ။ မြန်မာနိုင်ငံကိုချစ်ပြီးဗန်ဟာ UFC ပြိုင်ပွဲ​တွေမှာ ​အောင်ပွဲခံတိုင်း မြန်မာ
နိုင်ငံအလံနဲ့ ​အောင်ပွဲခံ​လေ့ရှိပါတယ် ။
ဓါတ်ပုံ-UFC