Author: admin
-
“ဘဘကြီး ဦးသန်းရွှေရဲ့ အချစ်တော်မြေးလေး ဖိုးလပြည့် အလှည့်ရောက်ပြီဟေ့😱”
“ဘဘကြီး ဦးသန်းရွှေရဲ့ အချစ်တော်မြေးလေး ဖိုးလပြည့် အလှည့်ရောက်ပြီဟေ့😱”
-
ဟုမ္မလင်းနယ်မှ စစ်ကောင်စီတပ် နှင့် ရှမ်းနီ ပူးပေါင်းစခန်းကို KIA၊PDF ထပ်သိမ်း
ဟုမ္မလင်းနယ်မှ စစ်ကောင်စီတပ် နှင့် ရှမ်းနီ ပူးပေါင်းစခန်းကို KIA၊PDF ထပ်သိမ်း အိမ်သွင်/People’s Spring ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ နှင့် ဆက်စပ်နေသော စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှစစ်ကောင် စီတပ် နှင့် ရှမ်းနီတပ်(SNA)တပ်စွဲထားသောစခန်း တစ်ခုကို KIA၊PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူလိုက်သည်။ ဟုမ္မလင်းမြို့နယ် ရွှေတွင်းရွာနှင့် စိုင်းပန်ရွာအနီးမှ SNA စခန်းကို နိုဝင်ဘာလ ၁၄ရက်တွင် စတင်တိုက်ခိုက်ပြီး ယနေ့( နိုဝင်ဘာလ ၁၉ရက်) နံနက်တွင် သိမ်းယူလိုက်ခြင်းဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “နိုဝင်ဘာလ ၁၄ရက်ကစပြီး တိုက်ပွဲပြင်းထန်နေခဲ့တာပါ။ ဒေသခံတွေကတော့ ရှောင်ရတယ်။ စခန်းကို အပြီး သိမ်းယူထားနိုင်တာပါ” ဟု ဟုမ္မလင်းမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်သည် နိုဝင်ဘာလဆန်းပိုင်းကလည်း စစ်ကောင်စီနှင့် ရှမ်းနီတပ် အင်အား…
-
ကလေးမြို့၊ အောင်သစ္စာရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီးသေဆုံး၊ မင်းဘူးတွင် စစ်မှုထမ်း စုဆောင်းနေသော မန်းရွှေစက်တော် အုပ်ချုပ်ရေးမှူး ကြည်လွင် ပစ်ခတ်ခံရပြီး သေဆုံး
ကလေးမြို့၊ အောင်သစ္စာရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီးသေဆုံး၊ မင်းဘူးတွင် စစ်မှုထမ်း စုဆောင်းနေသော မန်းရွှေစက်တော် အုပ်ချုပ်ရေးမှူး ကြည်လွင် ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ နိုဝင်ဘာ ၁၉ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အောင်သစ္စာရပ်ကွက်မှ စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူး သန်းဌေး ဓားထိုးခံရပြီးသေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့ ကလေးမြို့၊ အောင်သစ္စာရပ်ကွက် အုပ်ချုပ်ရေးမှူး သန်းဌေးသည် အရက်ဆိုင်တွင် ဓားဖြင့် ထိုးခံရပြီး သေဆုံးသွားကြောင်း၊ သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သန်းဌေးက အရက်ဆိုင်တွင် ရန်ဖြစ်နေသူများကို ဖြန်ဖြေရာမှ ဓားဖြင့် ထိုးခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဓားနဲ့ ထိုးခံရပြီး သေဆုံးသွားတာက အောင်သစ္စာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဌေးပါ။ သူက အရက်ဆိုင်မှာ…
-
MNDAA ခေါင်းဆောင်နှင့် ဝ ဒုစစ်ဦးစီးချုပ်ကို တရုတ်ဖမ်းပြီး တော်လှန်ရေးအင်အားစုများကို အကြပ်ကိုင်
MNDAA ခေါင်းဆောင်နှင့် ဝ ဒုစစ်ဦးစီးချုပ်ကို တရုတ်ဖမ်းပြီး တော်လှန်ရေးအင်အားစုများကို အကြပ်ကိုင် အိမ်သွင်/People’s Spring လားရှိုးမြို့အား စစ်ကောင်စီကိုပြန်ပေးအပ်ရန် MNDAAအား ဖိအားပေးနေသည့်တရုတ်အစိုးရက MNDAA ခေါင်းဆောင်ဖုန်တာရွှင် နှင့် ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဒုတိယစစ်ဦးစီးချုပ်ပေါက်ကျွင်းဖုန်းအားနေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီထားကြောင်း People’s Spring၏ သတင်းရင်းမြစ်အချို့က ပြောသည်။ “ပေါက်ကျွင်းဖုန်းကို ပြီးခဲ့တဲ့အောက်တိုဘာလ ၂ရက်က ဖမ်းဆီးခဲ့တယ်။ ဖုန်းတာရွှင်ကိုတော့ အောက်တိုဘာလကုန်ပိုင်းမှာ ပြန်မလွှတ်ဘဲ နေအိမ်အကျယ်ချုပ်လုပ်လိုက်တယ်။ တရုတ်က အစွမ်းကုန် ယုတ်မာမဲ့ သဘောရှိတယ်”ဟု UWSA၊MNDAA၊ တရုတ် ရွှေလီအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သောသတင်ရင်းမြစ်တဦးက ပြောသည်။ UWSAဒုတိယစစ်ဦးစီးချုပ်ပေါက်ကျွင်းဖုန်းအား ဖမ်းဆီးခဲ့ရာတွင် ကျားဖြန့်လုပ်ငန်းများကြောင့်ဟု တရုတ်ကအကြောင်းပြထားသော်လည်း အမှန်တကယ်တွင် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့အား UWSAက ကူ…
-
ပြင်ဦးလွင်တွင် တပ်အရာရှိများနှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ လူနေခွင့်မရှိသည့် သစ်တောမြေ၊ ဥယျာဉ်ခြံမြေများကို အကွက် ရိုက် ရောင်းချနေပြီး သိန်းထောင်သောင်းချီ စီးပွားဖြစ်နေ
ပြင်ဦးလွင်တွင် တပ်အရာရှိများနှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ လူနေခွင့်မရှိသည့် သစ်တောမြေ၊ ဥယျာဉ်ခြံမြေများကို အကွက် ရိုက် ရောင်းချနေပြီး သိန်းထောင်သောင်းချီ စီးပွားဖြစ်နေ ရန်ကုန်၊ နိုဝင်ဘာ ၁၉ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် စစ်တပ်အရာရှိများနှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ လူနေထိုင်ခွင့်မရှိသည့် သစ်တောမြေ၊ ဥယျာဉ်ခြံမြေများကို အကွက် ရိုက်၍ ရောင်းချနေပြီး သိန်းထောင်သောင်းချီ စီးပွားဖြစ်နေကြောင်း ပြင်ဦးလွင်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထိပ်ပိုင်း တပ်မမှူး၊ ဗျူဟာမှူး၊ တပ်ရင်းမှူးအဆင့်အရာရှိများနှင့် ဇနီးများက ပြင်ဦးလွင် အိမ်ခြံမြေစျေးကွက်အတွင်းသို့ ဝင်ရောက်လာပြီး အမိန့်အာဏာဖြင့် မြေကွက်အရောင်းအဝယ်များတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာကြကြောင်း၊ အထူးသဖြင့် လူနေထိုင်ခွင့်မရှိသည့် သစ်တောမြေ၊ ဥယျာဉ်ခြံမြေများကို အကွက်ရိုက်၍ အုပ်ချုပ်ရေးအဖွဲ့များထံမှ စာရွက်စာတမ်း…
-
မောင်တော နခခ-၅ ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အဆက်အသွယ်ပြတ်တောက်နေ၍ ဖခင်ကယ်တင်ပေးပါ ဟု စစ်ကောင်စီတပ်လော်ဘီများက တောင်းဆိုနေ
မောင်တော နခခ-၅ ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အဆက်အသွယ်ပြတ်တောက်နေ၍ ဖခင်ကယ်တင်ပေးပါ ဟု စစ်ကောင်စီတပ်လော်ဘီများက တောင်းဆိုနေ ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၁၈ရက် ရခိုင်ပြည်နယ်၊ မောင်တောရှိ နောက်ဆုံးကျန်ရစ်သော စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်းစခန်း နခခ-၅ မြို့သူကြီးနှင့် အဆက်အသွယ်ပြတ်တောက်သွား၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ထုတ်ပေးပါရန် စစ်ကောင်စီတပ်လော်ဘီများနှင့် တပ်ဖွဲ့ဝင်မိသားစုများက တောင်းဆိုလျက်ရှိကြောင်း သိရသည်။ မောင်တော နခခ ၅ အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ယနေ့ နိုဝင်ဘာ ၁၈ရက်နေ့တွင် အဆက်အသွယ် လုံးဝပြတ်တောက်သွားသည့်အတွက် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကို ဖခင်ကယ်တင်ပေးပါ ဟု စစ်တပ်ထောက်ခံသူများက လူမှုကွန်ရက်စာမျက်နှာ များတွင် တောင်းဆိုထားသည်။ “လက်အောက်ငယ်သားတွေကို ဖုန်းပေးမသုံးလို့ အဆက်အသွယ်မရတာ တစ်လကျော်ပြီ။ အခုက စစ်အရာရှိတွေနဲ့ပါ အဆက်အသွယ်မရတော့တာလို့ ပြောပါတယ်။ အခြေအနေတွေဆိုးကုန်ပြီထင်ပါ တယ်”…
-
တရုတ်စီးပွားရေးလုပ်ငန်းများ တည်ရှိရာ ကျောက်ဖြူတွင် စစ်ကောင်စီက ခံစစ်ပြင်ဆင်နေပြီး ဘဏ်များပါပိတ်သွား
တရုတ်စီးပွားရေးလုပ်ငန်းများ တည်ရှိရာ ကျောက်ဖြူတွင် စစ်ကောင်စီက ခံစစ်ပြင်ဆင်နေပြီး ဘဏ်များပါပိတ်သွား ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၁၈ရက် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရခိုင်တောင်ပိုင်းတွင် ပြင်းထန်လာသည့်အတွက် စစ်ကောင်စီက စစ်ရေးမရောက်လာသေးသည့် ကျောက်ဖြူတွင် ခံစစ်ပြင်ဆင်နေကြောင်း သိရသည်။ ရခိုင်တောင်ပိုင်းရှိ တောင်ကုတ်နှင့် ဂွမြို့နယ်တို့တွင် စစ်ကောင်စီ၏ ထိုးစစ်အထူးပြင်းထန်လာပြီး နယ်မြေအချို့ပါ လက် လွှတ်လိုက်ရချိန်တွင် စစ်ကောင်စီက ကျောက်ဖြူမြို့၌ ခံစစ်ပြင်လာကြောင်း ဒေသခံများထံက သိရသည်။ “ဂွမှာ စစ်ရေးက မြို့နားကပ်သွားပြီဆိုတော့ ကျောက်ဖြူကို စစ်ရေးရောက်လာမှာ စစ်တပ်က စိုးရိမ်နေပြီ။ မြို့ပြင်ကတပ်တွေကိုပါ လုံခြုံရေးချတာတွေလုပ်လာတယ်” ဟု ကျောက်ဖြူဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ရက်နေ့ကစတင်ပြီး KBZ ဘဏ်၊ CBဘဏ်၊ ကမ္ဘာ့ရတနာဘဏ်စသည့် ပုဂ္ဂလိကဘဏ်များ…
-
MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ် ဖမ်းဆီးထားသည် ဆိုသော သတင်းကို MNDAA က ငြင်းပယ်လိုက်ပြီး လားရှိုးတွင် ကိုးကန့်တပ်များက မြို့ပုံမှန်အတိုင်း ပြန်လည်ပတ်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်နေဟုဆို
MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ် ဖမ်းဆီးထားသည် ဆိုသော သတင်းကို MNDAA က ငြင်းပယ်လိုက်ပြီး လားရှိုးတွင် ကိုးကန့်တပ်များက မြို့ပုံမှန်အတိုင်း ပြန်လည်ပတ်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်နေဟုဆို ရန်ကုန်၊ နိုဝင်ဘာ ၁၈ ကိုးကန့် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်နိုင်ငံက အကျယ်ချုပ် ဖမ်းဆီးထားသည်ဆိုသော သတင်းကို MNDAA သတင်းရင်းမြစ်တစ်ခုက ငြင်းဆိုသည်။ ယနေ့ လူမှုကွန်ရက်တွင် လားရှိုးကို စစ်ကောင်စီထံသို့ ပြန်မပေးမှုဖြင့် တရုတ်အစိုးရက MNDAA ခေါင်းဆောင်ကို အကျယ်ချုပ်ဖမ်းဆီးထားပြီဆိုသော သတင်းများ ပြန့်နှံ့လာပြီး ယင်းသတင်းနှင့်ပတ်သက်၍ MNDAA သတင်းရင်းမြစ်က ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ “မဟုတ်ပါဘူး။ အဲဒီသတင်းက” ဟု MNDAA သတင်းရင်းမြစ်က ဆိုသည်။ စစ်မြေပြင်တွင်ရှိနေသော MNDAA အခြားတပ်မှူး…
-
“မြို့သိမ်းထိုးစစ်အတွက် မန္တလေးPDF ဒီနေ့ပဲ ကြေငြာလိုက်ပြီ😍💪”
“မြို့သိမ်းထိုးစစ်အတွက် မန္တလေးPDF ဒီနေ့ပဲ ကြေငြာလိုက်ပြီ😍💪” .
-
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက် လက်နက်ခဲယမ်းပြည့်စုံနေမှု အများစုဟာ စစ်ကောင်စီထံက သိမ်းဆည်းရရှိထားခြင်းဖြစ်
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက် လက်နက်ခဲယမ်းပြည့်စုံနေမှု အများစုဟာ စစ်ကောင်စီထံက သိမ်းဆည်းရရှိထားခြင်းဖြစ် နိုဝင်ဘာ ၁၈၊ ၂၀၂၄ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်မှာ လက်နက်ခဲယမ်းပြည့်စုံနေပြီဖြစ်ပြီး အများစုဟာ စစ်ကောင်စီထံက သိမ်းဆည်းရရှိတဲ့ ကပစထုတ် လက်နက်တွေဖြစ်ကြောင်း CDM တပ်မတော်အရာရှိတွေက ပြောကြားလိုက်ပါတယ်။ စစ်ကောင်စီကို စတင်တော်လှန်စဉ်က တစ်တောင့်ထိုး၊ တူမီး၊ လက်လုပ်သေနတ်တွေနဲ့ စတင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေဟာ မောင်းပြန်ရိုင်ဖယ်တွေနဲ့အတူ စစ်ကောင်စီထံက ရရှိတဲ့ လက်နက်တွေနဲ့ ပြန်လည်တိုက်ပွဲဝင်နေတယ်လို့ CDM ဗိုလ်မှူး ထင်လင်းအောင်က Breaking Brainwashed အစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့တာပါ။ လက်နက်ပြည့်စုံမှုဟာ တပ်ဖွဲ့တိုင်းမှာ မဟုတ်ပေမယ့် အများစုမှာတော့ ပြည့်စုံလုံလောက်မှု အတိုင်းအတာတစ်ခုအထိ ရှိလာတယ်လို့ CDM ဗိုလ်ကြီး ထက်မြက်က ဆိုပါတယ်။ ကာလရှည်ဆင်နွှဲရမယ့် တော်လှန်ရေးဖြစ်တာကြောင့် စစ်လက်နက်ခဲယမ်း…