“မူစကူး ဒူး ဝန် ဆောင် မူ အတွက် RM1k ” –
PJ နှင့် Subang Jaya အနီးတစ်ဝိုက် တွင် ဂျပန်နှင့် ရုရှားပြည့်တန်ဆာများကို ဖမ်းဆီးသတင်းထုတ်ပြန်ချက်
Petaling Jaya နှင့် Subang Jaya ရှိ
ဟိုတယ်တစ်ခုနှင့် တိုက်ခန်းတစ်ခန်းကို ဝင်ရောက်ရှာဖွေမူပြုလုပ်စဥ် ဂျပန်နှင့် ရုရှားနိုင်ငံတို့မှ နိုင်ငံခြားသားများ အပါအဝင် လိင် ဝန်ဆောင်မူ လုပ်ငန်းမှာ ပါဝင်ပတ်သက်နေသူအများအပြားကို ဖမ်းဆီးမူပြုလုပ်ခဲ့ပါတယ်
Bukit Aman ရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးဌာန (JSJ) မှ ကြာသပတေးနေ့ညနေ (ဇူလိုင်လ ၁၆ ရက်) တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
လိင်ဝန် ဆောင်မူကို စီမံခန့်ခွဲသည်ဟု ယူဆထားသည့် အသက် ၄၄ နှစ်အရွယ် မလေးရှားအမျိုးသားတစ်ဦးအပါအဝင် လူ ၂၁ ဦးကို ဖမ်းဆီးထားကြောင်း
ဂျပန်နှင့် ရုရှားနိုင်ငံသားများအပြင် အခြားနိူင်ငံခြားသား ေတွကိုလည်း ဖမ်းဆီးထားပါတယ်တဲ့
မလေးရှား(၂)ဦး၊
(၈) တရုတ်၊
မွန်ဂိုလီးယား (၃)၊
ဥဇဘက်ကစ္စတန် (၃)၊
ဗီယက်နမ် (၁)၊
လာအို (၁)၊
ဝန်ဆောင်မှုများအတွက် စျေးနှုန်းများမှာ RM400 မှ RM1,000 အတွင်း အမျိုးသမီးများထံသို့ တိုက်ရိုက်ပေးချေမှုများဖြင့် အမျိုးမျိုးရှိကြောင်း
ဖောက်သည်များ ရွေးချယ်နိုင်သော ပက်ကေ့ခ်ျစျေးနှုန်းများနှင့်အတူ အမျိုးသမီးများ၏ ဓာတ်ပုံများကို ဝဘ်ဆိုက်တစ်ခုတွင် ကြေငြာထားပြီးတော့
စုံစမ်း ထောက်လှမ်းမှုကို ရှောင်ဖို့ရန် အတွက်
ဟိုတယ် အသုံးပြုထားသော အခန်းများအပြင် အခြားသောတိုက်ခန်းများကိုလည်း ငှားရမ်းမူတွေရှိတယ်လို့ သိရပါတယ်
ဖောက်သည်များအတွက် ဝဘ်ဆိုက်တွင် ဖော်ပြထားသော နံပါတ်တစ်ခုကို စာပို့ ပြီး နောက် လာတဲ့အချိန်မှာ တည်နေရာနှင့် အခန်းနံပါတ်ကို လက်ခံရရှိမည်ဖြစ်ပါတယိ
အဆိုပါအမှုအား ရာဇသတ်ကြီးပုဒ်မ ၃၇၂B၊ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ 1959/63 ပုဒ်မ 55B၊ ပုဒ်မ 6(1)(ဂ) နှင့် လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်း 1963 တို့၏ စည်းမျဉ်း 39(ခ) တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
Sent
Write to Repair G Ads