Author: admin

  • နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့တွေမှာ ဒီမနက် တိုက်ပွဲ ဖြစ်၊ နွားထိုးကြီးမှာ တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်ပြီး စစ်အုပ်စုက မြို့ကို လေကြောင်းဗုံးကြဲ၊

    နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့တွေမှာ ဒီမနက် တိုက်ပွဲ ဖြစ်၊ နွားထိုးကြီးမှာ တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်ပြီး စစ်အုပ်စုက မြို့ကို လေကြောင်းဗုံးကြဲ၊

    by

    in

    နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့တွေမှာ ဒီမနက် တိုက်ပွဲ ဖြစ်၊ နွားထိုးကြီးမှာ တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်ပြီး စစ်အုပ်စုက မြို့ကို လေကြောင်းဗုံးကြဲ၊ MN/MFP ၊ ဩဂုတ် – ၁၀ မန္တလေးတိုင်း၊ မြင်းခြံခရိုင် နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့ပေါ်က စစ်အုပ်စုကို ဒီမနက်ပိုင်း တော်လှန်ရေး တပ်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ဒီနေ့ ဩဂုတ်(၁၀)ရက် မနက်ပိုင်းက စတင်ပြီး နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့ပေါ်က စစ်အုပ်စု အထိုင်ချ တပ်စွဲရာ နေရာတွေကို တော်လှန်ရေးတပ်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နွားထိုးကြီးမြို့မှာ တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်ကာ စစ်အုပ်စုက မြို့ပေါ်…

  • တော်လှန်ရေးတပ်တွေက စစ်အုပ်စုကို မြို့ပြင်မထွက်နိုင်အောင် ဝိုင်းပတ်ပိတ်လှောင်ထားတဲ့မြို့ ၁၀၅ မြို့အထိရှိ တယ်လို့ ဦးရည်မွန်ပြော၊

    တော်လှန်ရေးတပ်တွေက စစ်အုပ်စုကို မြို့ပြင်မထွက်နိုင်အောင် ဝိုင်းပတ်ပိတ်လှောင်ထားတဲ့မြို့ ၁၀၅ မြို့အထိရှိ တယ်လို့ ဦးရည်မွန်ပြော၊

    by

    in

    တော်လှန်ရေးတပ်တွေက စစ်အုပ်စုကို မြို့ပြင်မထွက်နိုင်အောင် ဝိုင်းပတ်ပိတ်လှောင်ထားတဲ့မြို့ ၁၀၅ မြို့အထိရှိ တယ်လို့ ဦးရည်မွန်ပြော၊ စစ်ဖြစ်နေတဲ့ မြို့ ၂၄ မြို့ရှိနေပြီး တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့မြို့ ၇၅ မြို့ရှိ၊ နိုင်ငံတစ်ဝန်းမြို့အားလုံးရဲ့ ၂၈ ရာခိုင်နှုန်းသာ စစ်အုပ်စု ထိန်းချုပ်ထားနိုင်တော့တယ်လို့ဆို သက်တန့်/ MFP ၊ ဩဂုတ် – ၁၀ နိုင်ငံတစ်ဝန်းမှာ ၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးတွေနဲ့အတူ တော်လှန်ရေးအဖွဲ့တွေက မြို့တွေ၊ စခန်းတွေကို ဆက် တိုက်သိမ်းပိုက်နေသလို စစ်အုပ်စု မြို့ပြင်မထွက်နိုင်အောင် ဝိုင်းပတ်ပိတ်ဆို့ ပိတ်လှောင်ထားနိုင်တဲ့ မြို့ပေါင်း ၁၀၅ မြို့အထိရှိတယ်လို့ ဒီကနေ့ပြုလုပ်တဲ့ ပြည်သူများသို့ အောင်စကား စကားဝိုင်းဆွေးနွေးပွဲမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ နိုင်ငံတစ်ဝန်း မြို့ပေါင်း ၃၅၂ မြို့ရှိတဲ့အနက် တော်လှန်ရေးအဖွဲ့တွေက မြို့ပေါင်း…

  • UG သတင်းရလို့ဆိုပြီး လှိုင်သာယာမှာ စစ်သားနဲ့ လူမိုက်တွေပေါင်းပြီး ပိုက်စိတ်တိုက် ဝင်စစ်

    UG သတင်းရလို့ဆိုပြီး လှိုင်သာယာမှာ စစ်သားနဲ့ လူမိုက်တွေပေါင်းပြီး ပိုက်စိတ်တိုက် ဝင်စစ်

    by

    in

    ရန်ကုန်မြို့၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်က ရပ်ကွက်နှစ်ခုကို စစ်သားနဲ့ လူမိုက်တွေပေါင်းပြီး ယမန်နေ့ညပိုင်းက ပိုက်စိတ်တိုက်ဧည့်စာရင်းဝင်စစ်တယ်လို့ မြို့ခံတွေက CJ Platform ကို ပြောပါတယ်။ အမှတ် ၆ နဲ့ ၇ ရပ်ကွက်တို့ကို သက်ဆိုင်ရာရပ်ကွက်လူကြီးတွေကို အသိမပေးဘဲ မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်(UG)တွေရှိတယ်ဆိုတဲ့သတင်းရလို့ဆိုပြီး ယမန်နေ့ ဩဂုတ်လ ၇ ရက် ည ၉ နာရီခွဲက‌နေ ၁၁ နာရီကြားမှာ ဝင်စစ်ခဲ့တာလို့ (၇)ရပ်ကွက်အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးက CJ Platform သို့ ပြောပါတယ်။ “ကျွန်တော်တို့တောင် အသိမပေးဘူး။ ပျောက်ကြားအဖွဲ့ဝင်တွေ အဆောင်တွေမှာ နေထိုင်နေတယ်ဆိုတဲ့သတင်းအရ စစ်တာလို့သိရတယ်။ ရပ်ကွက်ထဲလည်း ပွက်လောတွေရိုက်သွားတယ်။ ရက်ကျော်သမားတွေ ရုံးကိုအခေါ်ခံရတာတွေလည်းရှိတယ်။ သူတို့ကိုက ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်ပါတယ်“ လို့ ၎င်းက ပြောပါတယ်။ အဲဒီလို စစ်ဆေးမှုလုပ်ရာမှာ အဆောင်တချို့မှာ…

  • စစ်ကောင်စီနှင့် စစ်တပ်လော်ဘီ အစွန်းရောက်များ၏ တရုတ်ဆန့်ကျင်ရေး လှုပ် ရှားမှုက မြန်မာပြည်ဖွားတရုတ်လူမျိုးများ၏ အသက်၊ အိုးအိမ်များကို အန္တရာယ်ပြုရန် ခြိမ်းခြောက်လာ

    by

    in

    စစ်ကောင်စီနှင့် စစ်တပ်လော်ဘီ အစွန်းရောက်များ၏ တရုတ်ဆန့်ကျင်ရေး လှုပ် ရှားမှုက မြန်မာပြည်ဖွားတရုတ်လူမျိုးများ၏ အသက်၊ အိုးအိမ်များကို အန္တရာယ်ပြုရန် ခြိမ်းခြောက်လာ ရန်ကုန်၊ ဩဂုတ် ၁၀ အကြမ်းဖက် စစ်ကောင်စီနှင့် လက်အောက်ခံ အစွန်းရောက်များ၏ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုက မြန်မာပြည်ဖွားတရုတ်လူမျိုးများ၏ အသက်၊ အိုးအိမ်များကို အန္တရာယ်ပြုရန် ခြိမ်းခြောက်လာကြောင်း ပြည်တွင်းရေး လေ့လာစောင့်ကြည်နေသော အဖွဲ့များက အနီရောင် အဆင့်သတိပေးချက်အဖြစ် ထုတ်ပြန်ပြောဆိုထားသည်။ ဇူလိုင်လကုန်ပိုင်းတွင် ၁၀၂၇ ဒုတိယလှိုင်းအဖြစ် ရှမ်းပြည်မြောက်ပိုင်းမှ မန္တလေးတိုင်းအတွင်းအထိ ရောက်လာခဲ့ပြီး ရှမ်း-မန်းစစ်ဆင်ရေး ကိုပါ ပူးတွဲဆောင်ရွက်လာကြောင်း၊ ဒုတိယလှိုင်း စစ်ဆင်ရေးတွင် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၊ BPLA တပ်များ၊ အခြားတော်လှန်ရေးတပ်များက ပူးပေါင်းပါဝင်လာကြောင်း၊ လက်ရှိတွင် မိုးကုတ်၊ နောင်ချို၊ စဉ့်ကူး၊…

  • အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၀၀၀ ကျော်ဖြစ်လာမှု  Khit Thit Media အပါအဝင် လူမှုကွန်ရက်စာမျက် ၁၀ ခုကြောင့်ဟုဆိုကာ စစ်ကောင်စီဗဟိုဘဏ်က အရေးယူမည်ဟုဆို

    အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၀၀၀ ကျော်ဖြစ်လာမှု Khit Thit Media အပါအဝင် လူမှုကွန်ရက်စာမျက် ၁၀ ခုကြောင့်ဟုဆိုကာ စစ်ကောင်စီဗဟိုဘဏ်က အရေးယူမည်ဟုဆို

    by

    in

    အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၀၀၀ ကျော်ဖြစ်လာမှု Khit Thit Media အပါအဝင် လူမှုကွန်ရက်စာမျက် ၁၀ ခုကြောင့်ဟုဆိုကာ စစ်ကောင်စီဗဟိုဘဏ်က အရေးယူမည်ဟုဆို ရန်ကုန်၊ ဩဂုတ် ၉ အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၆၀၀၀ ကျော် ဖြစ်လာမှု Khit Thit Media အပါအဝင် လူမှုကွန်ရက်စာမျက် ၁၀ ခုကြောင့်ဟုဆိုကာ စစ်ကောင်စီဗဟိုဘဏ်က အရေးယူမည်ဟု ယနေ့ ညနေပိုင်းတွင် ကြေညာချက်ထုတ်ပြန်သည်။ နိုင်ငံခြားငွေလဲလှယ်နှုန်း ကမောက်ကမဖြစ်စေလိုသည့်ရည်ရွယ်ချက်များ၊ ဈေးကစားလိုသည့်ရည်ရွယ်ချက်များ ဖြင့် လူမှုကွန်ယက် စာမျက် နှာများဖြစ်သည့် Facebook၊ Telegram၊ Viber စသည် Online Platform မျိုးစုံမှ အမှန်တကယ် အရောင်း အဝယ်မဖြစ်သည့် ဈေးနှုန်းများဖြင့် အရောင်းအဝယ်မရှိဘဲ ပြည်သူလူထုထင်ယောင်ထင်မှား ဖြစ်စေရန် နှင့်…

  • သပိတ်ကျင်းရှိ ခလရ ၁၄၈ တပ်ရင်းနှင့် စစ်စခန်း ၅ ခုကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ သပိတ်ကျင်းတွင် စစ်တပ်ကင်းစင်နယ်မြေဖြစ်ရန် စစ်သင်တန်းကျောင်း ၂ ခုနှင့်  လက်ရုံးတပ် ၁ ခု သာကျန်ရှိတော့

    သပိတ်ကျင်းရှိ ခလရ ၁၄၈ တပ်ရင်းနှင့် စစ်စခန်း ၅ ခုကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ သပိတ်ကျင်းတွင် စစ်တပ်ကင်းစင်နယ်မြေဖြစ်ရန် စစ်သင်တန်းကျောင်း ၂ ခုနှင့် လက်ရုံးတပ် ၁ ခု သာကျန်ရှိတော့

    by

    in

    သပိတ်ကျင်းရှိ ခလရ ၁၄၈ တပ်ရင်းနှင့် စစ်စခန်း ၅ ခုကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ သပိတ်ကျင်းတွင် စစ်တပ်ကင်းစင်နယ်မြေဖြစ်ရန် စစ်သင်တန်းကျောင်း ၂ ခုနှင့် လက်ရုံးတပ် ၁ ခု သာကျန်ရှိတော့ ရန်ကုန်၊ ဩဂုတ် ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၁၄၈ တပ်ရင်းနှင့် စစ်တပ်စခန်း ၅ ခုကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များ၏ ထုတ်ပြန်ချက်နှင့် ပြောဆိုချက်များအရ သိရှိရသည်။ ဩဂုတ်လ ၉ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် TNLA နှင့် မိုးကုတ် ဗျူဟာ အပါအဝင် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ဝင်များက အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၄၈…

  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက် ထပ်မံချုပ်နှောင်ခံထားရ

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက် ထပ်မံချုပ်နှောင်ခံထားရ

    by

    in

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက် ထပ်မံချုပ်နှောင်ခံထားရ ~~~ ■ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက်ဟာ လွတ်ရက်စေ့ပေမဲ့ ဆက်ပြီး ထိန်းသိမ်းခံထားရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။ ဒုရဲအုပ် ချယ်ရီထက်ဟာ အချုပ်ထောင်လျှော့ရက်နဲ့ ဩဂုတ်လ ၉ ရက်နေ့ ဒီနေ့မှာ ရမည်းသင်းထောင်ကနေ လွတ်မြောက်လာမှာ ဖြစ်ပေမဲ့ နောက်ထပ် ၁၁ ရက် ထပ်မံ ချုပ်နှောင်ခံထားရတယ်လို့ ဆိုပါတယ်။ ဒီနေ့ လွတ်လာမှာ ဖြစ်တာကြောင့် မိသားစုဝင်တွေ အကျဉ်းထောင်ရှေ့ သွားရောက်စောင့်ဆိုင်းခဲ့ပေမဲ့ ချယ်ရီထက် လွတ်မြောက်လာတာ မရှိဘူးလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။ “ပထမက ဒီနေ့ လွတ်ဖို့ရှိတယ်။ ဒါပေမဲ့…

  • ယခင် မန္တလေးတိုင်းဝန်ကြီးချုပ်၏ ဧက ၅,၀၀၀ ကျော် ရွှေတွင်းကြီး MDY-PDF သိမ်းပိုက်

    ယခင် မန္တလေးတိုင်းဝန်ကြီးချုပ်၏ ဧက ၅,၀၀၀ ကျော် ရွှေတွင်းကြီး MDY-PDF သိမ်းပိုက်

    by

    in

    ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဝင်ရောင်စီးနင်းလိုက်သည့် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ဖယောင်းတောင်ရွှေတွင်းသည် အာဏာသိမ်းစစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကို ပိုင်သည့် အကြီးစား ရွှေတူးဖော်ရေးလုပ်ငန်းဖြစ်ကြောင်း သိရသည်။ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) က ဩဂုတ်လ ၆ ရက်တွင် ဝင်ရောက်စီးနင်းလိုက်သည့် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ဧကထောင်ချီကျယ်ဝန်းသော ဖယောင်းတောင်ရွှေတွင်းသည် အာဏာသိမ်းစစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကို ပိုင်သည့် အကြီးစား ရွှေတူးဖော်ရေးလုပ်ငန်းဖြစ်ကြောင်း သိရသည်။ မန္တလေးမြို့ ၏အရှေ့မြောက်ဘက် ၁၄ မိုင်အကွာတွင် တည်ရှိသော ထိုရွှေတွင်းကို စစ်ကောင်စီလက်အောက်ခံ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ဦးမောင်ကိုပိုင် Myanmar Golden Point Family ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်သည်။ ဤရွှေတွင်းကြီးသည် ဧက ၅,၄၀၀ ကျယ်ဝန်းပြီး ရွှေနှင့်…

  • ရှမ်းမြောက်လှူဒါန်းရသည့်ကုသိုလ်ကောင်းမှုကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒုက္ခချုပ်ငြိမ်းပြီး နိဗ္ဗာန်အမြန်‌ရောက်ပါစေဟု ဦးဝီရသူ အရွဲ့တိုက်ဆုတောင်းပေး ▪️အလှူအတန်းအရမ်းအရမ်းရက်ရော၍ ဝေဿန္တရာဝင်စားသလားဟု မေးခွန်းထုတ်

    ရှမ်းမြောက်လှူဒါန်းရသည့်ကုသိုလ်ကောင်းမှုကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒုက္ခချုပ်ငြိမ်းပြီး နိဗ္ဗာန်အမြန်‌ရောက်ပါစေဟု ဦးဝီရသူ အရွဲ့တိုက်ဆုတောင်းပေး ▪️အလှူအတန်းအရမ်းအရမ်းရက်ရော၍ ဝေဿန္တရာဝင်စားသလားဟု မေးခွန်းထုတ်

    by

    in

    ရှမ်းမြောက်လှူဒါန်းရသည့်ကုသိုလ်ကောင်းမှုကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒုက္ခချုပ်ငြိမ်းပြီး နိဗ္ဗာန်အမြန်‌ရောက်ပါစေဟု ဦးဝီရသူ အရွဲ့တိုက်ဆုတောင်းပေး ▪️အလှူအတန်းအရမ်းအရမ်းရက်ရော၍ ဝေဿန္တရာဝင်စားသလားဟု မေးခွန်းထုတ် ▪️စစ်တိုင်းမှူးများ အသေခံမတိုက်ကြရန် ဦးဝီရသူ သတိပေး ကိုပုဂံ၊သတိုး/People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်းလှူဒါန်းရသည့်ကုသိုလ်ကောင်းမှုကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာအမှန် နိဗ္ဗာန်သို့ အမြန်‌ရောက်ရှိပါစေဟု အမျိုးသားရေးအစွန်း​​ရောက်ဆရာတော်ဦးဝီရသူက အရွဲ့တိုက် ဆုတောင်းပေးလိုက်သည်။ “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကောင်းမှုတရားတော်”အမည်ဖြင့် သြဂုတ် ၈ရက်ညပိုင်းတွင် ဦးဝီရသူက ဟောကြားခြင်း ဖြစ်သည်။ လူမှုကွန်ရက်တွင် ထွက်ပေါ်လာသော ရုပ်သံအရ ၄မိနစ်ခန့်သာကြာသည့် ဟောပြောမှုတွင် ဦးဝီရသူက မင်းအောင်လှိုင်အား ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့များနှင့် တပ်စခန်းများအား စစ်ရှုံး၍ သိမ်းပိုက်ခံရမှုအပေါ် နိဗ္ဗာနဿပစ္စဟေ ဟောတုဆိုကာ ရွှဲ့စောင်းအမျှဝေထားသည်။ “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကောင်းမှုဆိုတဲ့ အလံတော်ကြီးကို ကဗ္ဗည်းထိုးလိုက်တဲ့အခါ ကျုပ်တို့တွေကလည်း ကြားလေရာအရပ်၊ ရောက်လေရာဒေသကနေ ပြီးတော့ ဗိုလ်ချုပ်မှူးကြီး…

  • “မဟာရန်ကုန်…အကြီးအကျယ် ပွဲဆူနေပြီ”

    “မဟာရန်ကုန်…အကြီးအကျယ် ပွဲဆူနေပြီ”

    by

    in

    “မဟာရန်ကုန်…အကြီးအကျယ် ပွဲဆူနေပြီ”.