Author: admin
-
ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် နိုင်ငံတကာက ပေးပို့သော အရေးပေါ် ရိက္ခာ၊ ဆေးဝါး အပါအဝင် ကယ်ဆယ်ကူညီရေး ပစ္စည်းများကို စစ်ကောင်စီက ဖြန့်ဝေခြင်းမရှိဘဲ နေပြည်တော်တွင် စုပုံထား
ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် နိုင်ငံတကာက ပေးပို့သော အရေးပေါ် ရိက္ခာ၊ ဆေးဝါး အပါအဝင် ကယ်ဆယ်ကူညီရေး ပစ္စည်းများကို စစ်ကောင်စီက ဖြန့်ဝေခြင်းမရှိဘဲ နေပြည်တော်တွင် စုပုံထား ရန်ကုန်၊ ဧပြီ ၂၁ စစ်ကိုင်းငလျင်ကြီးကြောင့် အတိဒုက္ခရောက်နေရသည့် မြန်မာပြည်သူများအ တွက် နိုင်ငံတကာက ပေးပို့သော အရေး ပေါ် ကယ်ဆယ်ရေး ရိက္ခာ၊ ဆေးဝါး အပါအဝင် အကူအညီ ပစ္စည်းများကို အကြမ်းဖက်စစ်ကောင်စီက ဖြန့်ဝေ ခြင်းမရှိဘဲ နေပြည်တော်တွင် စုပုံထားရှိကြောင်း ငလျင်ဘေးကူညီရေး စစ်ကောင်စီနှင့်တွဲဖက်လုပ်ကိုင်နေရသော ပြည်တွင်း အကူအညီပေးရေးသမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် နေအိမ်များ ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုများ ကြုံတွေ့ခဲ့ရသော မြန်မာပြည်သူများအတွက် နိုင်ငံတကာက အရေးပေါ် ကယ်ဆယ်ရေး၊…
-
NUG/PDF အပါအဝင် အဖွဲ့တိုင်းနှင့် ဆွေးနွေးမည်ဟု စစ်ကောင်စီငြိမ်း/ကော်ဥက္ကဋ္ဌပြော
NUG/PDF အပါအဝင် အဖွဲ့တိုင်းနှင့် ဆွေးနွေးမည်ဟု စစ်ကောင်စီငြိမ်း/ကော်ဥက္ကဋ္ဌပြော Apr 20 2025 By Maung Dagon / MPA အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အပါအဝင် အဖွဲ့တိုင်းနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။ ပြီးခဲ့သည့် မတ်လ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် ၂၀၂၅ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည့်အကြောင်း ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ခဲ့သူတစ်ဦးက ပြန်လည်ပြောပြခြင်းဖြစ်သည်။ “မည်သည့်အဖွဲ့မဆို၊ ဘယ်အဖွဲ့ဖြစ်ဖြစ် ဆွေးနွေးမယ်။ ကြိုတင်သတ်မှတ်ချက် မထားကြနဲ့။ လာသာလာခဲ့။ တကယ်လို့ ရှိရင်လည်း အဲဒါကို စ,ဆွေးနွေးမယ်။ နေရာမရွေးဘူး။ ဆွေးနွေးဖို့အသင့်ရှိတယ်” ဟု စစ်ကောင်စီငြိမ်း/ကော် ဥက္ကဋ္ဌက…
-
သဘာဝဘေးများကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ဟု စစ်ခေါင်းဆောင်ပြောပြန်
သဘာဝဘေးများကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ဟု စစ်ခေါင်းဆောင်ပြောပြန် 20 Apr 2025 By Mg Dagon / MPA မြန်မာနိုင်ငံအတွင်း မတ် ၂၈ ရက်ငလျင်ကြီးအပါအဝင် နှစ်စဉ်သဘာဝဘေးဒဏ်ကျရောက်ခဲ့သော်လည်း အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပြန်သည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလအတွင်းက မိုခါမုန်တိုင်းဝင်ရောက်ခဲ့ချိန်နှင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ယာဂီမုန်တိုင်းဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုကြီးမားခဲ့သော်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်ဟု ၎င်းက ပြောသည်။ ထို့အပြင် ငလျင်ဘေးကိုလည်း နေပြည်တော်အခြေအနေပေါ်မူတည်၍ ငလျင်ဒဏ်သင့်ဒေသများကို အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီးနောက် ချက်ချင်း Video Message ရိုက်ကူး၍ ပြည်တွင်းနှင့် နိုင်ငံတကာသို့ အသိပေးခဲ့သည့်အတွက် နိုင်ငံတကာမှလည်း အကူအညီများ အချိန်ပိုင်းအတွင်း အမြန်ဆုံးပေးပို့ခဲ့သဖြင့်…
-
မန္တလေးအိုဘိုထောင်တွင် ငလျင်ဒဏ်ကြောင့် နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများ အပါအဝင် အကျဉ်းသား ၃၀ ဦးသေဆုံးပြီး နောက်ဆက်တွဲ အခြေအနေ စိုးရိမ်နေရ
မန္တလေးအိုဘိုထောင်တွင် ငလျင်ဒဏ်ကြောင့် နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများ အပါအဝင် အကျဉ်းသား ၃၀ ဦးသေဆုံးပြီး နောက်ဆက်တွဲ အခြေအနေ စိုးရိမ်နေရ ရန်ကုန်၊ ဧပြီ ၂၀ မန္တလေးအိုဘိုထောင်တွင်ငလျင်ဒဏ်ကြောင့် အဆောက်အအုံများ ပြိုကျပျက်စီးပြီး နိုင်ငံရေးအကျဉ်းသားအကျဉ်း သူများ အပါအဝင် အကျဉ်းသား ၃၀ ဦးသေဆုံး ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ မန္တလေးအိုးဘိုထောင်တွင် ငလျင်ဒဏ်ကြောင့် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူများအပါအဝင် ၃၀ ဦး ထက်မနည်း သေဆုံးခဲ့ရသည့်အပြင် လက်ရှိ နိုင်ငံရေးအကျဉ်းသားများကို ငလျင်ကြောင့် ပျက်စီးယိုယွင်းနေသည့် အကျဉ်းထောင်အဆောက်အအုံများအတွင်း ဝင်ရောက်နေထိုင်ရန် အတင်းအကျပ်စေခိုင်းနေကြောင်း၊ မလိုက်နာလျှင် ထောင်ပြောင်းမည်ဟူသည့် ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ လက်ရှိတွင် အကျဉ်းထောင်များတွင် အကူအညီများလိုအပ်နေပြီး…
-
အသက် ၈၀ အရွယ် မိခင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် သားဖြစ်သူ ကိုထိန်လင်းက ထပ်မံတောင်းဆို
အသက် ၈၀ အရွယ် မိခင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် သားဖြစ်သူ ကိုထိန်လင်းက ထပ်မံတောင်းဆို ရန်ကုန်၊ ဧပြီ ၂၀ အသက် ၈၀ အရွယ် မိခင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် သားဖြစ်သူ ကိုထိန်လင်းက ထပ်မံတောင်းဆိုသည်။ ယနေ့ ဧပြီလ ၂၀ ရက်နေ့ အမေရိကန်ခရီးစဉ် အဆုံးသတ်စဉ် ၎င်းက အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ စစ်ဘေး၊ သဘာ၀ဘေးဒဏ် ခံနေရသော မြန်မာပြည်သူများကို လူသားချင်းစာနာထောက်ထားမှု အကူအညီ ရရှိရေး ဆွေးနွေးတောင်းဆိုရန် အမေရိကန်ပြည်ထောင်စု ၈ မြို့နယ်သို့ ကိုထိန်လင်းက သွားရောက်ခဲ့သည်။ “မေမေ့ကို ထောင်ထဲမှာ အသံတိတ် ဒုက္ခခံမနေစေချင်ပါဘူး။ မေမေဟာ ဂုဏ်သိက္ခာရှိရှီ…
-
မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် လားရှိုးမြို့သို့ရောက်နေ ■MNDAA၊တရုတ်နှင့် စစ်ကောင်စီ လားရှိုးမြို့၌သုံးပွင့်ဆိုင်ဆွေးနွေးမည်
မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် လားရှိုးမြို့သို့ရောက်နေ ■MNDAA၊တရုတ်နှင့် စစ်ကောင်စီ လားရှိုးမြို့၌သုံးပွင့်ဆိုင်ဆွေးနွေးမည် ယောနသံ/People’s Spring MNDAA ဆုတ်ခွာသွားပြီး စစ်ကောင်စီပြန်ဝင်လာသည့် လားရှိုးမြို့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးသံတမန် တိန့်ရွှီကျွင်း ရောက်နေပြီး မကြာမီ MNDAA၊တရုတ်နှင့် စစ်ကောင်စီ လားရှိုးမြို့၌သုံးပွင့်ဆိုင်ဆွေးနွေးမည်ဟု သတင်းရရှိသည်။ “တိန့်ရွှီကျွင်းက ၁၉ရက်နေ့က ရောက်လာတာ။ MNDAA ဘက်က အရာရှိတွေလည်းသူနဲ့ပါလာတယ်။ စစ်ကောင်စီဘက်က ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး လာမယ်”ဟု People’s Spring ၏ရှမ်းမြောက်သတင်းရင်းမြစ်ကပြောသည်။ တိန့်ရွှီကျွင်းသည် စစ်ကောင်စီ နှင့် MNDAA ဆွေးနွေးပွဲများတွင် ဦးဆောင်ပါဝင်သူဖြစ်သည်။ ယခုအခါ ၎င်းကိုယ်တိုင်လားရှိုးမြို့သို့ရောက်ရှိနေပြီး MNDAAက လုံခြုံရေးယူပေးထားသည်ဟု မြို့ခံတစ်ဦးကပြောသည်။ တိန့်ရှီကျွင်းခေါင်းဆောင်သည့်ကိုယ်စားလှယ်ဖွဲ့သည် တရုတ်အလံဘေးတွင် ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ဟု ရေးသားထားသောအနက်ရောင်ကားများဖြင့် ဝင်ရောက်လာခြင်းဖြစ်သည်။ “သူက လားရှိုးကို အုပ်ချုပ့်မယ့် အုပ်ကြီး”ဟု တိန့်ရှီကျွင်းအားရည်ရွယ်၍လားရှိုးမြို့ခံတဦးကပြော သည်။…
-
နေပြည်တော် ဧလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု လေယာဉ်သိုလှောင်ရုံနှင့် ထိန်းချုပ်ခန်းအဆောက်အအုံတို့ ထိခိုက်မီးလောင်ပျက်စီးပြီး စစ်သား ၆ ဦး ဒဏ်ရာရဟုဆို
နေပြည်တော် ဧလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု လေယာဉ်သိုလှောင်ရုံနှင့် ထိန်းချုပ်ခန်းအဆောက်အအုံတို့ ထိခိုက်မီးလောင်ပျက်စီးပြီး စစ်သား ၆ ဦး ဒဏ်ရာရဟုဆို ရန်ကုန်၊ ဧပြီ ၂၀ အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် ဧလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ် ခတ်တိုက် ခိုက်ခဲ့ရာ လေယာဉ်သိုလှောင်ရုံနှင့် ထိန်းချုပ်ခန်းအဆောက်အအုံတို့ ထိခိုက်မီးလောင်ပျက်စီးပြီး စစ်သား ၆ ဦး ဒဏ်ရာရကြောင်းBrave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။ ဧပြီလ ၁၈ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည် တော် အေ လာလေတပ်…
-
တိုက်ပွဲများ ဟင်္သာတခရိုင်အတွင်း ရောက်ရှိနေပြီဖြစ်၍ ပြည်သူများ သတိရှိစွာနေထိုင်ကြပါရန် ဟင်္သာတ ပအဖ ထုတ်ပြန်
တိုက်ပွဲများ ဟင်္သာတခရိုင်အတွင်း ရောက်ရှိနေပြီဖြစ်၍ ပြည်သူများ သတိရှိစွာနေထိုင်ကြပါရန် ဟင်္သာတ ပအဖ ထုတ်ပြန် ဧပြီ ၁၉၊ ၂၀၂၅ ဧရာဝတီတိုင်းအတွင်း ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေဟာ ဟင်္သာတခရိုင်အတွင်း ရောက်ရှိနေပြီဖြစ်လို့ ပြည်သူများ သတိရှိစွာနေထိုင်ကြဖို့ ဟင်္သာတမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ တိုက်ပွဲဖြစ်ပွါးရာဒေသများမှ ပြည်သူတွေဟာ နီးစပ်ရာ မြို့နယ်/ကျေးရွာများကို စစ်ဘေးရှောင်နေကြရပြီး၊ စစ်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာသောကြောင့် ဟင်္သာတမြို့နယ်အတွင်းရှိ ပြည်သူများအနေနဲ့ အစစအရာရာ သတိထားနေထိုင်ကြဖို့ အသိပေးတိုက်တွန်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။ တဆက်ထဲမှာပဲ ပြည်သူတွေအနေနဲ့- – မိမိနဲ့ တပါတည်း ယူဆောင်ဖို့ လိုအပ်တဲ့ အရေးကြီး စာရွက်စာတမ်းများ၊ ပစ္စည်းများ၊ ဆေးဝါး ရိက္ခာတွေကို အဆင်သင့်ထုပ်ပိုး ပြင်ဆင်ထားဖို့။ – မြေပြင်သတင်းများအား မပြတ်နားစွင့်ပြီး အသွားအလာ သတိထားဖို့။ –…
-
စစ်ကောင်စီက အရပ်သားများအပေါ် ပစ်မှတ်ထားလာသော စစ်ရာဇဝတ်မှုများအပေါ် နိုင်ငံတကာက အရေးယူဆောင်ရွက်ပေးရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က တိုက်တွန်း
စစ်ကောင်စီက အရပ်သားများအပေါ် ပစ်မှတ်ထားလာသော စစ်ရာဇဝတ်မှုများအပေါ် နိုင်ငံတကာက အရေးယူဆောင်ရွက်ပေးရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က တိုက်တွန်း ရန်ကုန်၊ ဧပြီ ၂၀ အကြမ်းဖက်စစ်ကောင်စီက အရပ်သားများအပေါ် ပစ်မှတ်ထားလာသော စစ်ရာဇဝတ်မှုများအပေါ် နိုင်ငံတကာက အရေးယူဆောင်ရွက်ပေးရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ယမန်နေ့ တိုက်တွန်းပြောဆိုလိုက်သည်။ အကြမ်းဖက်စစ်ကောင်စီက အရပ်ဘက်ပစ်မှတ်များပေါ် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများကို ယခုကာလအတွင်း ပိုမိုပြင်းထန် ဆိုးရွားစွာ ဆက်တိုက်ဆောင်ရွက်လာကြောင်း၊ အရပ်သားပစ်မှတ်များအပေါ် အဆက် မပြတ် ဗုံးကျဲတိုက်ခိုက်နေမှုများ၊ အထူးသဖြင့် ယခုကဲ့သို့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့်အချိန်တွင် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအပေါ် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံကဲ့သို့ သော အိမ်နီးချင်းနိုင်ငံများ၊ အမေရိကန်၊ ရုရှားကဲ့သို့သော ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ အာဆီယံအဖွဲ့၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ် အစရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မျက်ခြည်မပြတ် စောင့်ကြည့် ရန်…
-
ထိုင်း -မြန်မာနယ်စပ်၊ ထီးထဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ၏ ဗျူဟာမှူးအပါအဝင် စစ်သား အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ထိုင်း -မြန်မာနယ်စပ်၊ ထီးထဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ၏ ဗျူဟာမှူးအပါအဝင် စစ်သား အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ရန်ကုန်၊ ဧပြီ ၂၀ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထိုင်း -မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ထီးထ ဗျူဟာ စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗျူဟာမှူးအပါအဝင် စစ်သားအများအပြားသေဆုံးပြီး လက်နက်ခဲ ယမ်းများလည်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း Force for Federal – FFD တပ်ဖွဲ့မှ ဒုတာ ဝန်ခံ ကိုအောင်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဧပြီလ ၁၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ထီးထဗျူဟာ စခန်းကို KNU/KNLA တပ်မဟာ ၄ ဦးဆောင်မှုဖြင့် FFD…