ဧရာဝတီတိုင်းတွင် AA နှင့် တော်လှန်ရေးတပ်များ ဝင်ရောက်လာမှုကို တားဆီးရေး ဝန်ကြီးချုပ် တင်မောင်ဝင်းနှင့် စစ်တိုင်းမှူး စိုးကျော်ထက်တို့က ပုသိမ်ရှိ ဘုရားများတွင် အရေးပေါ် ယတြာချေ ရန်ကုန်၊ ဇူလိုင် ၇ ဧရာဝတီတိုင်းတွင် AA နှင့် တော်လှန်ရေးတပ်များ ဝင်ရောက်လာမှုကို တားဆီးရေး ဝန်ကြီးချုပ် တင်မောင်ဝင်းနှင့် စစ်တိုင်းမှူး စိုးကျော်ထက်တို့က ပုသိမ်မြို့ပေါ်ရှိ ဘုရားများတွင် အရေးပေါ် ယတြာချေမှုများ လုပ်ဆောင်နေကြောင်း စစ်ဘက်သတင်းရင်းမြစ်နှင့် ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။ ဧရာဝတီတိုင်းတွင် နယ်မြေများ လက်လွှတ် မဆုံးရှုံးရေးနှင့် တော်လှန်ရေးတပ်များ ဝင်ရောက်လာမှုကို တားဆီးနိုင်ရေးအတွက် ဗေဒင်ယတြာချေမှုများကို ဧရာ၀တီတိုင်း ဝန်ကြီးချုပ် တင်မောင်ဝင်းနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက်တို့က ယတြာချေမှုများ လုပ်ဆောင်နေကြောင်း ၊ အဆိုပါ ယတြာချေမှုများကို မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ယနေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ ဝန်ကြီးချုပ် တင်မောင်ဝင်းနှင့် စစ်တိုင်းမှူး စိုးကျော်ထက်တို့က ဧရာဝတီတိုင်းကို လက်လွှတ်ဆုံးရှုံးမှုမရှိစေရန် ရွှေမုဋ္ဌောဘုရားတွင် အရေးပေါ် ယတြာချေနေပြီး စစ်ကောင်စီ တပ်သားများကို လုံခြုံရေး ချထားကြောင်း သိရှိရသည်။ ထို့ပြင် ကျောက်ငူကမ်းနားလမ်းရှိ ကမ္ဘာလုံးဘုရားတွင်လည်း အရေးပေါ်ယတြာချေရန် ထပ်မံ စီစဉ်ထားပြီး လမ်းတစ်လျှောက်တွင်လည်း စစ်သား၊ ရဲ ၊ ပျူစောထီးများနှင့် ပြည်သူ့စစ်များကို လုံခြုံရေး အပြည့်ချထားကြောင်း သိရသည်။ “ဘုရားတွေမှာ စစ်ခွေးတွေ လုံခြုံရေး အပြည့်ပဲ လမ်းတွေမှာလည်း အများကြီးပဲ ဝန်ကြီးချုပ် တင်မောင်ဝင်းနဲ့ စစ်တိုင်းမှူး စိုးကျော်ထက်က အရေးပေါ် ယတြာချေမှာလို့ သိရတယ်။ ဘုရားဝင်းထဲကိုလည်း ပြည်သူတွေကို ဝင်ခွင့်မပေးတော့ဘူး” ဟု ဒေသ သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး ပုသိမ်မြို့ရှိ ဘုရားဝင်းများအတွင်း ပြည်သူများကို ဝင်ရောက် ခွင့်မပြုတော့ဘဲ ဘုရားပရဝဏ်အနီးကိုပါ ပြည်သူ့စစ်များက လမ်းကြောင်း ရှင်းလင်းရေးများ နှင့် လုံခြုံရေးယူထားမှုများ လုပ်ဆောင်နေကြောင်း သိရသည်။ July 7, 2025 admin News Read More
စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီဟု ကြေညာထားသော်လည်း မိုးဗြဲတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က နေအိမ်များကို မီးရှို့မှုများ ဆက်တိုက်လုပ်နေ July 7, 2025 admin News Read More
ချင်းပြည်နယ်တွင် စစ်ကြောင်း ထိုးနေသည့် စစ်တပ်မှ စစ်မှုထမ်း တပ်သားသစ် ၁၁ ဦး သေနတ် ၈ လက်နှင့်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင် July 7, 2025 admin News Read More
ရန်ကုန်-မန္တလေးအမြန်လမ်းရှိ သိုးကြီးကရင်ရွာ ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး July 7, 2025 admin News Read More
စစ်တပ်မှ ထွက်ပြေးခြင်း၊ စစ်တပ်ကို ပုန်ကန်တိုက်ခိုက်ခြင်းများ မဖြစ်ပေါ်စေရေး စစ်မှုထမ်းတပ်သားသစ်များ၏ နောက် ကြောင်း ရာဇဝင်ကို အဆင့်ဆင့် စိစစ်ကြပ်မတ်ကြရန် စစ်ကောင်စီက ညွှန်ကြား July 7, 2025 admin News Read More
စစ်ကောင်စီက နောင်ချိုကို စစ်အင်အား ၇,၀၀၀ ကျော်ဖြင့် ထိုးစစ်ဆင်နေပြီး MLRS အတွဲလိုက်ပစ် ဒုံးလောင်ချာများပါ အသုံးပြုနေ July 6, 2025 admin News Read More
ချင်းပြည်နယ်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၁ လကြာ တိုက်ခိုက်ချေမှုန်းမှု စစ်သား ၅၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိ July 6, 2025 admin News Read More
စလင်းမြို့အထွက်ရှိ စစ်တပ် ဂိတ် စခန်းငယ်ကို မိုင်းခွဲ မှု ဗိုလ်မှူး မိုးဝေယံလင်း အပါအဝင် စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးဟုဆို July 6, 2025 admin News Read More
ကလေးမြို့ကနေ ချင်းပြည်တက်တဲ့ စစ်အုပ်စု ခြေကုပ်ယူထားတဲ့ မွာလ်ပီးစခန်းကို သိမ်းပိုက်ရရှိ၊ စစ်အုပ်စု ၃၀ ကျော် သေကာ လက်နက်တွေ ရပြီး တော်လှန်ရေးရဲဘော် ခုနှစ်ဦး ကျဆုံး၊ တစ်လခွဲကြာ တိုက်ပွဲတွေအတွင်း စစ်အုပ်စု ၅၀ ကျော် သေဆုံးကာ သုံ့ပန်း ၅၀ ကျော် ဖမ်းမိပြီး တော်လှန်ရေး ရဲဘော် ၁၂ ဦး ကျဆုံး၊ July 6, 2025 admin News Read More