ဧရာဝတီတိုင်းတွင် AA နှင့် တော်လှန်ရေးတပ်များ ဝင်ရောက်လာမှုကို တားဆီးရေး ဝန်ကြီးချုပ် တင်မောင်ဝင်းနှင့် စစ်တိုင်းမှူး စိုးကျော်ထက်တို့က ပုသိမ်ရှိ ဘုရားများတွင် အရေးပေါ် ယတြာချေ ရန်ကုန်၊ ဇူလိုင် ၇ ဧရာဝတီတိုင်းတွင် AA နှင့် တော်လှန်ရေးတပ်များ ဝင်ရောက်လာမှုကို တားဆီးရေး ဝန်ကြီးချုပ် တင်မောင်ဝင်းနှင့် စစ်တိုင်းမှူး စိုးကျော်ထက်တို့က ပုသိမ်မြို့ပေါ်ရှိ ဘုရားများတွင် အရေးပေါ် ယတြာချေမှုများ လုပ်ဆောင်နေကြောင်း စစ်ဘက်သတင်းရင်းမြစ်နှင့် ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။ ဧရာဝတီတိုင်းတွင် နယ်မြေများ လက်လွှတ် မဆုံးရှုံးရေးနှင့် တော်လှန်ရေးတပ်များ ဝင်ရောက်လာမှုကို တားဆီးနိုင်ရေးအတွက် ဗေဒင်ယတြာချေမှုများကို ဧရာ၀တီတိုင်း ဝန်ကြီးချုပ် တင်မောင်ဝင်းနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက်တို့က ယတြာချေမှုများ လုပ်ဆောင်နေကြောင်း ၊ အဆိုပါ ယတြာချေမှုများကို မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ယနေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ ဝန်ကြီးချုပ် တင်မောင်ဝင်းနှင့် စစ်တိုင်းမှူး စိုးကျော်ထက်တို့က ဧရာဝတီတိုင်းကို လက်လွှတ်ဆုံးရှုံးမှုမရှိစေရန် ရွှေမုဋ္ဌောဘုရားတွင် အရေးပေါ် ယတြာချေနေပြီး စစ်ကောင်စီ တပ်သားများကို လုံခြုံရေး ချထားကြောင်း သိရှိရသည်။ ထို့ပြင် ကျောက်ငူကမ်းနားလမ်းရှိ ကမ္ဘာလုံးဘုရားတွင်လည်း အရေးပေါ်ယတြာချေရန် ထပ်မံ စီစဉ်ထားပြီး လမ်းတစ်လျှောက်တွင်လည်း စစ်သား၊ ရဲ ၊ ပျူစောထီးများနှင့် ပြည်သူ့စစ်များကို လုံခြုံရေး အပြည့်ချထားကြောင်း သိရသည်။ “ဘုရားတွေမှာ စစ်ခွေးတွေ လုံခြုံရေး အပြည့်ပဲ လမ်းတွေမှာလည်း အများကြီးပဲ ဝန်ကြီးချုပ် တင်မောင်ဝင်းနဲ့ စစ်တိုင်းမှူး စိုးကျော်ထက်က အရေးပေါ် ယတြာချေမှာလို့ သိရတယ်။ ဘုရားဝင်းထဲကိုလည်း ပြည်သူတွေကို ဝင်ခွင့်မပေးတော့ဘူး” ဟု ဒေသ သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး ပုသိမ်မြို့ရှိ ဘုရားဝင်းများအတွင်း ပြည်သူများကို ဝင်ရောက် ခွင့်မပြုတော့ဘဲ ဘုရားပရဝဏ်အနီးကိုပါ ပြည်သူ့စစ်များက လမ်းကြောင်း ရှင်းလင်းရေးများ နှင့် လုံခြုံရေးယူထားမှုများ လုပ်ဆောင်နေကြောင်း သိရ‌သည်။

ဧရာဝတီတိုင်းတွင် AA နှင့် တော်လှန်ရေးတပ်များ ဝင်ရောက်လာမှုကို တားဆီးရေး ဝန်ကြီးချုပ် တင်မောင်ဝင်းနှင့် စစ်တိုင်းမှူး စိုးကျော်ထက်တို့က ပုသိမ်ရှိ ဘုရားများတွင် အရေးပေါ် ယတြာချေ
ရန်ကုန်၊ ဇူလိုင် ၇
ဧရာဝတီတိုင်းတွင် AA နှင့် တော်လှန်ရေးတပ်များ ဝင်ရောက်လာမှုကို တားဆီးရေး ဝန်ကြီးချုပ် တင်မောင်ဝင်းနှင့် စစ်တိုင်းမှူး စိုးကျော်ထက်တို့က ပုသိမ်မြို့ပေါ်ရှိ ဘုရားများတွင် အရေးပေါ် ယတြာချေမှုများ လုပ်ဆောင်နေကြောင်း စစ်ဘက်သတင်းရင်းမြစ်နှင့် ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။
ဧရာဝတီတိုင်းတွင် နယ်မြေများ လက်လွှတ် မဆုံးရှုံးရေးနှင့် တော်လှန်ရေးတပ်များ ဝင်ရောက်လာမှုကို တားဆီးနိုင်ရေးအတွက် ဗေဒင်ယတြာချေမှုများကို ဧရာ၀တီတိုင်း ဝန်ကြီးချုပ် တင်မောင်ဝင်းနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက်တို့က ယတြာချေမှုများ လုပ်ဆောင်နေကြောင်း ၊ အဆိုပါ ယတြာချေမှုများကို မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယနေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ ဝန်ကြီးချုပ် တင်မောင်ဝင်းနှင့် စစ်တိုင်းမှူး စိုးကျော်ထက်တို့က ဧရာဝတီတိုင်းကို လက်လွှတ်ဆုံးရှုံးမှုမရှိစေရန် ရွှေမုဋ္ဌောဘုရားတွင် အရေးပေါ် ယတြာချေနေပြီး စစ်ကောင်စီ တပ်သားများကို လုံခြုံရေး ချထားကြောင်း သိရှိရသည်။
ထို့ပြင် ကျောက်ငူကမ်းနားလမ်းရှိ ကမ္ဘာလုံးဘုရားတွင်လည်း အရေးပေါ်ယတြာချေရန် ထပ်မံ စီစဉ်ထားပြီး လမ်းတစ်လျှောက်တွင်လည်း စစ်သား၊ ရဲ ၊ ပျူစောထီးများနှင့် ပြည်သူ့စစ်များကို လုံခြုံရေး အပြည့်ချထားကြောင်း သိရသည်။
“ဘုရားတွေမှာ စစ်ခွေးတွေ လုံခြုံရေး အပြည့်ပဲ လမ်းတွေမှာလည်း အများကြီးပဲ ဝန်ကြီးချုပ် တင်မောင်ဝင်းနဲ့ စစ်တိုင်းမှူး စိုးကျော်ထက်က အရေးပေါ် ယတြာချေမှာလို့ သိရတယ်။ ဘုရားဝင်းထဲကိုလည်း ပြည်သူတွေကို ဝင်ခွင့်မပေးတော့ဘူး” ဟု ဒေသ သတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး ပုသိမ်မြို့ရှိ ဘုရားဝင်းများအတွင်း ပြည်သူများကို ဝင်ရောက် ခွင့်မပြုတော့ဘဲ ဘုရားပရဝဏ်အနီးကိုပါ ပြည်သူ့စစ်များက လမ်းကြောင်း ရှင်းလင်းရေးများ နှင့် လုံခြုံရေးယူထားမှုများ လုပ်ဆောင်နေကြောင်း သိရ‌သည်။