-
ရခိုင်နှင့်ထိစပ်နေသော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းအစပ်တို့သို့ တိုက်ပွဲများ ရောက်ရှိနေပြီဟု AA ပြော ၊ အမ်း-ပဒါန်းလမ်းအနီး တိုက်ပွဲများတွင် စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းနှင့်စစ်သုံ့ပန်းများ ဖမ်းဆီးရရှိ
ရခိုင်နှင့်ထိစပ်နေသော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းအစပ်တို့သို့ တိုက်ပွဲများ ရောက်ရှိနေပြီဟု AA ပြော ၊ အမ်း-ပဒါန်းလမ်းအနီး တိုက်ပွဲများတွင် စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းနှင့်စစ်သုံ့ပန်းများ ဖမ်းဆီးရရှိ ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရခိုင်ပြည်နယ်နှင့်စပ်လျက်ရှိသော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းအစပ်တို့တွင် တိုက်ပွဲများ ရောက်ရှိနေပြီဖြစ် ကြောင်း AA က ပြောဆိုထုတ်ပြန်လိုက်သည်။ စစ်ကောင်စီက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် အမ်း၊ တောင်ကုတ်၊ ဂွမြို့ များမှ ၎င်းတို့၏ စစ်စခန်းများအားလုံးကို တစ်ခုမကျန် လက်လွှတ်လိုက်ရပြီးနောက် ရခိုင်ရိုးမ နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော ရိုးမတောင်တန်း ၊ ရခိုင်-ပဲခူးအစပ်၊ ရခိုင်-မကွေးအစပ်၊ ရခိုင်-ဧရာဝတီတိုင်း အစပ် နှင့် ရခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တို့တွင် စစ်တပ်နှင့် AA တို့အကြားတိုက်ပွဲများပြင်း ထန်နေကြောင်း…
-
တရုတ် လုံခြုံရေး ကုမ္ပဏီတွေ ဝင်ခွင့်ရဖို့ ဥပဒေ အတည်ပြုဖို့ရှိ
တရုတ် လုံခြုံရေး ကုမ္ပဏီတွေ ဝင်ခွင့်ရဖို့ ဥပဒေ အတည်ပြုဖို့ရှိ – BBC NEWS မြန်မာ မြန်မာပြည်တွင်းက တရုတ် အကျိုးစီးပွားတွေကို ကာကွယ်ဖို့ တရုတ်လက်နက်ကိုင် လုံခြုံရေး ကုမ္ပဏီတွေဝင်ရောက်လာမယ့်ကိစ္စနဲ့ ပတ်သက်တဲ့ ဥပဒေတစ်ခုကို မကြာခင် အတည် ပြုဖို့ ရှိတယ်လို့ ဘီဘီစီက စုံစမ်း သိရှိရပါတယ်။ အဲဒီဥပဒေအရ တရုတ်လုံခြုံရေး ကုမ္ပဏီတွေ ဝင်ရောက်လာရင် တရုတ်ဘက်က လက်နက်ကိုင် ၃၀ ရာခိုင်နှုန်းနဲ့ မြန်မာက ၇၀ ရာခိုင်နှုန်းပါဝင်မှာလို့ သိရပါတယ်။ ဒီသတင်းကို ကိုသန့်ဇင်က ဆက်ပြောပြမှာပါ။ #ဘီဘီစီမြန်မာပိုင်း
-
ဆိုက်ဘာရာဇဝတ်မှုများတိုက်ဖျက်ရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိဟု NUG နှင့် မဟာမိတ်များကြေညာ ◾️နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး ထိုင်းနှင့် တရုတ်အပါအဝင် အိမ်နီးချင်း ၅နိုင်ငံနှင့် အချက်အလက်မျှဝေလိုဟု တောင်းဆို
ဆိုက်ဘာရာဇဝတ်မှုများတိုက်ဖျက်ရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိဟု NUG နှင့် မဟာမိတ်များကြေညာ ◾️နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး ထိုင်းနှင့် တရုတ်အပါအဝင် အိမ်နီးချင်း ၅နိုင်ငံနှင့် အချက်အလက်မျှဝေလိုဟု တောင်းဆို ဟန်နွေ/People’s Spring မြန်မာနိုင်ငံရှိ ကြီးထွားလာနေသော ဆိုက်ဘာရာဇ၀တ်မှု အကျပ်အတည်းနှင့်ပတ်သက်သည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေး အစိုးရ(NUG)နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ အခြား တော်လှန်ရေးအင်အားစုများပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများက ယနေ့ ထုတ်ပြန်ခဲ့ရာ ဆိုက်ဘာရာဇဝတ်မှုများနှင့် အခြားရာဇဝတ်မှုများ တိုက်ဖျက်ရေးနိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း အသိပေးခဲ့သည်။ လတ်တလောတွင် မြန်မာ-ထိုင်းနယ်စပ်၌ ပျောက်ဆုံးခဲ့သည့် တရုတ်သရုပ်ဆောင်ကို မြန်မာဘက်ခြမ်း၌ ပြန်တွေ့ခဲ့ပြီး အွန်လိုင်းလိမ်လည်လုပ်ငန်း(ကျားဖြန့်လုပ်ငန်း)အတွက် သင်တန်းပေးခံရကြောင်း လွတ်မြောက်လာသည့် ကာယကံရှင်က ထွက်ဆိုခဲ့ခြင်း၊ လက်ရှိ ထိုင်းဝန်ကြီးချုပ်ကို ကျားဖြန့် ခေါ် အွန်လိုင်း လိမ်လည်လုပ်ငန်းလုပ်ကိုင်သူများက လိမ်လည်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပြီး…
-
တရုတ်အစိုးရ ညွှန်ကြားချက်အရ ဝ ပြည်နယ်မှနေ၍ ကိုးကန့်ဒေသကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင် ခွင့်ပြု
တရုတ်အစိုးရ ညွှန်ကြားချက်အရ ဝ ပြည်နယ်မှနေ၍ ကိုးကန့်ဒေသကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင် ခွင့်ပြု ရန်ကုန်၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ အစိုးရ ညွှန်ကြားချက်အရ ဝ ပြည်နယ်မှနေ၍ ကိုးကန့်ဒေသကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင်ခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ဦးစီးချုပ်ရုံး က ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး ကိုးကန့်ဒေသနှင့် ဝ ပြည်နယ် ဟိုပန်ကို ဆက်သွယ်ထားသော ဖောင်ဆိပ် တံတားပေါ်ရှိ မော်တော်ယာဉ်၊ လူနှင့် ကုန်စည်များကို ထိန်းချုပ်တာ အပြည့်အဝ လွတ်လပ်ခွင့် ပေးဆောင်ရန် ခွင့်ပြုလိုက်ပြီး တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ ဆိုင်ရာရုံးမှ အကြောင်းကြားစာ ရရှိခဲ့ကြောင်း…
-
ကိုးကန့် MNDAA က စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီစာချုပ် တရားဝင်လက်မှတ်ထိုးဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာ
တရုတ်၏ဖိအားဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ် အပစ်ရပ်သဘောတူညီချက်ရ၊ ကိုးကန့်တပ်များ လားရှိုးက ပြန်ဆုတ်ရမည် ———————————- Myanmar Now တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့် မကြာသေးမီက စစ်ကောင်စီကိုယ်စားလှယ်များနှင့် ကိုးကန့် တပ် (MNDAA) တို့ တွေ့ဆုံရာတွင် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ စစ်ကောင်စီနှင့် ကိုးကန့်တပ်ဟုခေါ်ကြသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်တို့ တရုတ်နိုင်ငံယူနန်ပြည်နယ်တွင် ခုနှစ်ကြိမ်မြောက်အဖြစ် ဇန်နဝါရီ ၁၈ တွင်တွေ့ဆုံခဲ့ကြပြီး နှစ်ဖက် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်ရရှိခဲ့ကြောင်း သိရှိရသည်။ တရုတ်အစိုးရ၏ ထုတ်ပြန်ချက်တွင် အသေးစိတ်အချက်များမပါရှိသော်လည်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံရှိ Myanmar Now ၏ သတင်းမြစ်များအရ ရှမ်းပြည်မြောက်ပိုင်း စစ်တပ်၏ အရှေ့မြောက်ပိုင်းစစ်ဌာချုပ်အခြေစိုက်ခဲ့သော လားရှိုးမြို့မှ ကိုးကန့်တပ်များ ယခုနှစ် ဇွန်လတွင် ပြန်လည်ဆုတ်ခွာပေးရမည်ဖြစ်ကြောင်း…
-
ဆိပ်ဖြူမြို့နယ်၊ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်း စက်ရုံကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု အရာရှိ နှင့် စစ်သည် ၉ ဦး သေဆုံးသည့် အပြင် လက်နက်စက်ရုံအဆောင် ၃ ခုနှင့် စတိုရုံ ၁ ခု ပျက်စီးဟုဆို (ရုပ်/သံ)
ဆိပ်ဖြူမြို့နယ်၊ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်း စက်ရုံကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု အရာရှိ နှင့် စစ်သည် ၉ ဦး သေဆုံးသည့် အပြင် လက်နက်စက်ရုံအဆောင် ၃ ခုနှင့် စတိုရုံ ၁ ခု ပျက်စီးဟုဆို (ရုပ်/သံ) ရန်ကုန်၊ ဇန်နဝါရီ ၂၀ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်း စက်ရုံကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု စစ်သည် ၉ ဦး သေဆုံးသည့် အပြင် လက် နက် စက်ရုံအဆောင် ၃ ခုနှင့် စတိုရုံ ၁ ခု ပြိုကျပျက်စီးသွားကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။…
-
မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံရလိမ့်မည်ဟု AA က သတိပေး
မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံရလိမ့်မည်ဟု AA က သတိပေး ရန်ကုန်၊ ဇန်နဝါရီ ၂၀ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံရမည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနမှတစ်ဆင့် သတိပေး ပြောဆိုသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ မြောက်ဦးမြို့ရှိ စစ်သုံ့ပန်းများ ထားရှိနေရာနေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများကျဲချမှုကြောင့် အမျိုးသမီးများ၊ ကလေးများ အပါအဝင် ၂၈ ဦး သေဆုံးပြီး သေဆုံးသူများတွင် စစ်သုံ့ပန်းများလည်းပါဝင်ခဲ့ရာ ယင်းလုပ်ရပ်မှာ စစ်ရာဇဝတ်မှု မြောက်ကြောင်း၊ ဂျနီဗာကွန်ဗန်းရှင်းကိုလည်း ချိုးဖောက်ရာရောက်ကြောင်း၊ ထို့ကြောင့် စစ်ခေါင်းဆောင်များအနေဖြင့် ယင်းလုပ်ရပ်အတွက်…
-
ကပစ(၂၁)တိုက်ခိုက်မှု စစ်ကောင်စီီတပ် ထိခိုက်မှုရှိဟု BWM ဆို
ကပစ(၂၁)တိုက်ခိုက်မှု စစ်ကောင်စီီတပ် ထိခိုက်မှုရှိဟု BWM ဆို သတိုး/People’s Spring မကွေးတိုင်း၊ ဆိတ်ဖြူအခြေစိုက် စစ်ကောင်စီလေတပ်သုံး ဗုံးသီးများထုတ်လုပ်သည့် အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁) တိုက်ခိုက်မှုတွင် အရာရှိနှစ်ဦးအပါအဝင် ကိုးဦးသေဆုံးပြီး ၈ဦးဒဏ်ရာရရှိခဲ့ကြောင်း Brave Warriors For Myanmar (BWM)မှတာဝန်ရှိသူက ပြောသည်။ အဆိုပါစက်ရုံကို ဇန်နဝါရီ ၁၈ရက် ညနေ ၄နာရီခွဲတွင် ၁၀၇ မမ ရှော့တိုက်ဒုံးရှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ခုနစ်လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့သည်ဟု BWMက အသိပေးထားသည်။ ထိခိုက်မှုများအနေဖြင့် ပင်မအဆောက်အဦး သုံးခုပျက်စီးခဲ့ပြီး ထုတ်လုပ်ထားသည့် ဗုံးသီးများထားသော Technical store တစ်ခုပျက်စီးခဲ့သလို ယမ်းချက်ဂိုဒေါင်လည်း မီးလောင်ခဲ့သောကြောင့် အချိန်အတော်ကြာမီးငြှိမ်းသတ်ခဲ့ရသည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ သို့သော် စစ်ကောင်စီ၏ ထိခိုက်ပျက်စီးမှုများနှင့် သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက…
-
Updated 11:22 AM, Jan 20, 2025 ရန်ကုန်-ပုသိမ်လမ်းမမှာ ရခိုင်ပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်တဲ့ ခရီးသည်တွေ ပိုစစ်ဆေးခံနေရ
Updated 11:22 AM, Jan 20, 2025 ရန်ကုန်-ပုသိမ်လမ်းမမှာ ရခိုင်ပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်တဲ့ ခရီးသည်တွေ ပိုစစ်ဆေးခံနေရ ~~~ ■ ရန်ကုန်-ပုသိမ်လမ်းမပေါ်မှာ ရခိုင်ပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ ခရီးသည်တွေကို စစ်ကောင်စီတပ် ဂိတ်စခန်းတွေကနေ ဇန်နဝါရီအစကတည်းက တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ ရှိလာတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်က မကျီးဇင်ရွာ ရဲကင်းစခန်းနဲ့ စစ်ကောင်စီတပ် ကင်းစခန်းတွေကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်တဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတွေကို စစ်ဆေးတာတွေ ပိုများလာတယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်းရဲ့ မြို့အဝင် မြို့အထွက် စစ်ဆေးရေးဂိတ်တွေမှာ ရခိုင်ပြည်နဲ့ တနင်္သာရီမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို အဓိက စစ်ဆေးနေတာလို့ လုံခြုံရေးအရ…
-
ဘောမိတိုက်ပွဲထွက်ပြေးစစ်သားများ စစ်တပ်ထံမပြန်ဘဲ ဆက်လက်ထွက်ပြေး
ဘောမိတိုက်ပွဲထွက်ပြေးစစ်သားများ စစ်တပ်ထံမပြန်ဘဲ ဆက်လက်ထွက်ပြေး ကဖေး/People’s Spring ရွှေသောင်ယံမြို့နယ်၊ဘောမိရွာမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တပ်ထံ ပြန်မပေါင်းဘဲဒေသခံများ၏အဝတ်အစားများ ကိုယူဆောင်ဝတ်ဆင်၍ တောတောင်များအတွင်း ထွက်ပြေးနေကြသည်။ “ဒေသခံတွေဆီကနေ အဝတ်အစားတွေ အတင်းတောင်းတယ်။ထမင်းတောင်းစားတယ်။ သူတို့ ပြေးချင်လို့ပါဆိုပြီး ပြေးကြတာ။ အသက် ငယ်ငယ်တွေရော၊ အသက်ကြီးကြီးတွေရော။ ဒါပေမယ့် ပြန်မိခံရတယ်”ဟု ဒေသခံတစ်ဦးကပြော သည်။ စစ်ကောင်စီက အင်အား ၅၀၀ ခန့်ဖြင့် ကြည်းရေလေခံစစ်ပြင်ထားသော ရွှေသောင်ယံမြို့ပေါ်နှင့် ၁၅မိုင်ခန့်ဝေးသော ဘောမိရွာတွင် ဇန်နဝါရီလ ၁၆ ရက်နေ့ညက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ထွက်ပြေးခဲ့ရသည်။ အင်အား ၁၀၀ ခန့်သာ ရွှေ သောင်ယံမြို့ပေါ်ရှိစစ်တပ်ရိပ်သာတို့ ပြန်လည်ရောက်ရှိလာပြီး အ များစုသည်ပျောက်ဆုံးနေသည်။ တိုက်ပွဲအတွင်းသေဆုံးသည့် အရေအတွက်နှင့် ထွက်ပြေးနေသည့်အရေအတွက်ကို မသိရှိရသေးပေ။ “ကျွဲတွေနွားတွေလိုပဲ လှုပ်လှုပ်လှုပ်လှုပ်နဲ့ တပ်နဲ့ဝေးရာဘက် သွားနေကြတာ။…