ဘောမိတိုက်ပွဲထွက်ပြေးစစ်သားများ
စစ်တပ်ထံမပြန်ဘဲ ဆက်လက်ထွက်ပြေး
ကဖေး/People’s Spring
ရွှေသောင်ယံမြို့နယ်၊ဘောမိရွာမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တပ်ထံ ပြန်မပေါင်းဘဲဒေသခံများ၏အဝတ်အစားများ
ကိုယူဆောင်ဝတ်ဆင်၍ တောတောင်များအတွင်း ထွက်ပြေးနေကြသည်။
“ဒေသခံတွေဆီကနေ အဝတ်အစားတွေ အတင်းတောင်းတယ်။ထမင်းတောင်းစားတယ်။ သူတို့ ပြေးချင်လို့ပါဆိုပြီး ပြေးကြတာ။ အသက် ငယ်ငယ်တွေရော၊ အသက်ကြီးကြီးတွေရော။ ဒါပေမယ့် ပြန်မိခံရတယ်”ဟု ဒေသခံတစ်ဦးကပြော
သည်။
စစ်ကောင်စီက အင်အား ၅၀၀ ခန့်ဖြင့် ကြည်းရေလေခံစစ်ပြင်ထားသော ရွှေသောင်ယံမြို့ပေါ်နှင့် ၁၅မိုင်ခန့်ဝေးသော ဘောမိရွာတွင် ဇန်နဝါရီလ
၁၆ ရက်နေ့ညက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ထွက်ပြေးခဲ့ရသည်။
အင်အား ၁၀၀ ခန့်သာ ရွှေ သောင်ယံမြို့ပေါ်ရှိစစ်တပ်ရိပ်သာတို့ ပြန်လည်ရောက်ရှိလာပြီး အ
များစုသည်ပျောက်ဆုံးနေသည်။ တိုက်ပွဲအတွင်းသေဆုံးသည့် အရေအတွက်နှင့် ထွက်ပြေးနေသည့်အရေအတွက်ကို မသိရှိရသေးပေ။
“ကျွဲတွေနွားတွေလိုပဲ လှုပ်လှုပ်လှုပ်လှုပ်နဲ့ တပ်နဲ့ဝေးရာဘက် သွားနေကြတာ။ ဒေသခံတွေမဟုတ်တော့ လမ်းလည်းမကျွမ်းကြဘူး။ ခဏနေတော့ ပြန်ဆွဲခေါ်လာတာတွေ့ရပြန်တယ်။ မြင်ရတွေ့ရတာတွေကလည်း စိတ်မကောင်းစရာတွေ” ဟု ဒေသခံတဦးကပြောသည်။
ရွှေသောင်ယံမြို့သည် အာရက္ခတပ်တော်(AA)
သိမ်းယူထားသည့် ဂွမြို့နှင့် နယ်စပ်ဖြစ်သည်။ ဂွမြို့ဆုံးရှုံးပြီးနောက် စစ်ကောင်စီကရွှေသောင်ယံမြို့ကို ကြည်းရေလေအင်အားအများအပြားသုံး၍ ခုခံစစ်ပြင်ခဲ့သည်။ ရွှေသောင်ယံမြို့နယ် မကျီးစင်ရွာတွင် ဇန်နဝါရီလ၈ရက်နေ့မှ ၁၀ရက်နေ့အထိ၊ ဘောမိရွာတွင် ဇန်နဝါရီလ ၁၆ ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဆုတ်ထွက်ပြေးခဲ့ကြရသည်။
ဘောမိ ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဗျူဟာမှူးတစ်ဦး အဆက်အသွယ်ပြတ်တောက်နေကြောင်း သတင်းရရှိသည်။ ထွက်ပြေးနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် စစ်မှူးထမ်းသင်တန်း
ဆင်းအများပြားပါဝင်လာသည်။
” သူတို့( စစ်ကောင်စီတပ်ဖွဲ့ဝင်များ)ကလည်း ဒေ
သခံတွေနဲ့အပြိုင် ပြေးနေကြတာ”ဟု ဒေသခံတစ်ဦးကပြောသည်။
ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်ဒီဇင်ဘာလလယ်မှစ၍ စစ်ရေးအခြေအနေလှုပ်ရှားလာခြင်းဖြစ်
သည်။ ဒီဇင်ဘာလ၂၇ရက်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦးဆောင်သည့် ကြည်းရေလေ ထိပ်ပိုင်းခေါင်းဆောင်များသည် ပုသိမ်မြို့သို့လာရောက်ပြီး စစ်မှုထမ်းသင်တန်းဆင်းများနှင့်
တွေ့ဆုံခဲ့သည်။ တိုက်ပွဲများအတွင်း လက်နက်မချရန် တိုက်တွန်းပြောကြားသွားခဲ့သည်။ သို့သော် ပူးပေါင်းတပ်များသည် ရွှေသောင်ယံမြို့နယ်မှ စစ်ကောင်စီခံစစ်ပြင်ထားသည့်နေရာများကို တစ်ခုပြီးတစ်ခုသိမ်းယူနေသည်။
စစ်ကောင်စီကရွှေသောင်ယံမြို့နယ်ဝက်သေကမ်း
ခြေအနီးတွင် ကြည်းရေလေ အင်အားသုံး၍ခံစစ်ပြင်ထားပြန်သည်။တိုက်ပွဲဖြစ်ရာကျေးရွာများမှဒေသခံများသည် ရွှေ သောင်ယံမြို့ပေါ်သို့ထွက်
ပြေးလာခဲ့ကြသည်။ မြို့ခံအများစုသည် အခြားနေရာများသို့ တိမ်းရှောင်ကြသည်။ မြို့ခံများထွက်ခွာမသွားရန်၊ ဟိုတယ်များဆက်ဖွင့်ထားရန် စစ်ကောင်စီကခြိမ်းခြောက်ဖိအားပေးနေသည်။ ရွှေ
သောင်ယံအပြင် သာပေါင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ပုသိမ်၊ဟင်္သာတမြို့နယ်တို့ဘက်တွင် အင်အားတိုးချဲ့ပြီး ခံစစ်ပြင်နေသည်။