-
မူဆယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးနှင့် စစ်တပ်က လာဘ်ငွေယူ၍ တရားမဝင် ကုန်စည်သယ်ယူပို့ဆောင်မှုများကို ပြန်လည် ခွင့်ပြုနေသည့်အပြင် ယင်းလမ်းကြောင်းမှတစ်ဆင့် စစ်တပ်အတွက် ရိက္ခာဖြည့်တင်းမှုများ လုပ်နေ
မူဆယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးနှင့် စစ်တပ်က လာဘ်ငွေယူ၍ တရားမဝင် ကုန်စည်သယ်ယူပို့ဆောင်မှုများကို ပြန်လည် ခွင့်ပြုနေသည့်အပြင် ယင်းလမ်းကြောင်းမှတစ်ဆင့် စစ်တပ်အတွက် ရိက္ခာဖြည့်တင်းမှုများ လုပ်နေ ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးနှင့် စစ်တပ်က လာဘ်ငွေယူ၍ တရားမဝင် ကုန် စည် သယ်ယူပို့ဆောင်မှုများကို ပြန် လည် ခွင့်ပြုနေသည့်အပြင် ယင်းလမ်းကြောင်းမှတစ်ဆင့် စစ်တပ်အတွက် ရိက္ခာဖြည့်တင်းမှုများ လုပ်နေကြောင်း ဒေသကုန်သည်များနှင် ဒေသသတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက ပြည်မမှ မူဆယ်ဘက်သို့ ကုန်စည်သယ်ယူခွင့်များကို ပိတ်ပင်ထားသော်လည်း ယခုအခါ မူဆယ်နှင့်မိုင်းယု (၁၀၅) မိုင်လမ်းကို ငွေကြေးများ ကောက်ယူ၍ ပြန်လည် ခွင့်ပြုပေးနေကြောင်း၊ ထို့ပြင် မူဆယ် ဆင်ဖြူဂိတ်မှတစ်ဆင့် တရုတ်ပြည်(ကြယ်ဂေါင်) ဘက်သို့…
-
ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး
ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး ရန်ကုန်၊ ဇန်နဝါရီ ၁၆ မွန်ပြည်နယ်၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း-၇၈၀၅ တပ်ခွဲ-၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၂၈ မိနစ်ခန့်တွင် ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းမကြီးရှိ ကျိုက်ထို-ဘီးလင်း လမ်းပိုင်းတွင် ကျိုက်ထို ဘက်မှ ဘီလင်းဘက်ကို ဆင်းလာသည့် စစ်ကား ၇ စီးလိုက်ပါလာသော ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက…
-
မြဝတီတွင် တရုတ်ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို လက်ခံကာကွယ်ပေးထားသော BGF က ငွေလိမ်လည်ခြင်း၊ လူကုန်ကူးခြင်း အပါအဝင် ရာဇဝတ်မှုများ ကျူးလွန်လျှင် လုပ်ငန်းပိတ်သိမ်း နယ်နှင်မည်ဟု တရုတ်လုပ်ငန်းရှင်များကို ခေါ်ပြော 🟥 ရွှေက္ကိုလ်လောင်းကစားမြို့သစ်သို့ တရုတ်များ အပါအဝင် နိုင်ငံခြားသား အများအပြား ဝင်ရောက် စည်ကားနေ
မြဝတီတွင် တရုတ်ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို လက်ခံကာကွယ်ပေးထားသော BGF က ငွေလိမ်လည်ခြင်း၊ လူကုန်ကူးခြင်း အပါအဝင် ရာဇဝတ်မှုများ ကျူးလွန်လျှင် လုပ်ငန်းပိတ်သိမ်း နယ်နှင်မည်ဟု တရုတ်လုပ်ငန်းရှင်များကို ခေါ်ပြော 🟥 ရွှေက္ကိုလ်လောင်းကစားမြို့သစ်သို့ တရုတ်များ အပါအဝင် နိုင်ငံခြားသား အများအပြား ဝင်ရောက် စည်ကားနေ ရန်ကုန်၊ ဇန်နဝါရီ ၁၆ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် တရုတ်ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို အကြီးအကျယ် လက်ခံကာကွယ်ပေးထားသော BGF က ငွေလိမ်လည်ခြင်း၊ လူကုန်ကူးခြင်း အပါအဝင် ရာဇဝတ်မှုများ ကျူးလွန်လျှင် တရုတ်လုပ်ငန်းရှင်များကို လုပ်ငန်းပိတ်သိမ်း နယ်နှင်မည်ဟု ခေါ်ယူပြောဆိုကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။ မြန်မာနိုင်ငံ မြ၀တီမြို့တွင် တရုတ်နိုင်ငံမှ သရုပ်ဆောင်မင်းသားတစ်ဦး လူကုန်ကူးခံရမှုကို ထိုင်းအာဏာပိုင်များက ကယ်တင်မှုများ လုပ်ဆောင်ပြီးနောက် နိုင်ငံတကာသတင်းမီဒီယာများတွင်ပါ မြ၀တီမြို့မှ…
-
မြန်မာအပါအဝင် အရှေ့တောင်အာရှက လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ ဟောင်ကောင်နဲ့ ထိုင်းအာဏာပိုင်တွေ ဆွေးနွေး
မြန်မာအပါအဝင် အရှေ့တောင်အာရှက လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ ဟောင်ကောင်နဲ့ ထိုင်းအာဏာပိုင်တွေ ဆွေးနွေး ဇန်နဝါရီ ၁၅၊ ၂၀၂၅ လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ပြီး ဖြားယောင်းခံရသူတွေနဲ့ တရားမဝင်အလုပ်တွေမှာ ပိတ်မိနေသူတွေကို အိမ်ပြန်ခေါ်ဖို့အရေး ဟောင်ကောင်နဲ့ ထိုင်းအာဏာပိုင်တွေဟာ ဘန်ကောက်မှာ အခုတစ်ပတ်ထဲ ဆွေးနွေးခဲ့ကြတယ်လို့ Reuters က ဇန်နဝါရီလ ၁၅ ရက်မှာ သတင်းဖော်ပြထားပါတယ်။ ထိုင်းကို သွားရောက်ပြီးနောက် လူကုန်ကူးခံခဲ့ရတဲ့ တရုတ်သရုပ်ဆောင်ကို မြန်မာနယ်စပ်မြို့ မြဝတီမှာ ပြန်လည်တွေ့ရှိခဲ့တဲ့အကြောင်း ထိပ်တန်းသတင်းဖြစ်ပြီးတဲ့နောက် ဇန်နဝါရီလ ၁၄ ရက်မှာ နှစ်နိုင်ငံ အာဏာပိုင်တွေအကြား ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြတာပါ။ ထိုင်း၊ လာအိုနဲ့ မြန်မာက နယ်စပ်မြို့တွေဟာ တယ်လီကွန်းနဲ့ အခြားအွန်လိုင်း လိမ်လည်မှုတွေအတွက် ဒေသဆိုင်ရာ အချက်အချာနေရာတွေဖြစ်လာပြီး ထောင်နဲ့ချီတဲ့သူတွေဟာ အဲဒီနေရာတွေက လိမ်လည်လုပ်ငန်းတွေဆီ လူကန်ကူးခံခဲ့ရတယ်လို့…
-
TRI ဗျူဟာက တပ်ဖွဲ့ဝင်တွေ လိုက်နာရမယ့် လိင်ပိုင်းဆိုင်ရာမူဝါဒတွေကိုထုတ်ပြန် ■ကလေးသူငယ်လိင်ပိုင်းဆိုင်ရာကျူးလွန်ရင် အပြင်းထန်ဆုံးအရေးယူမည်
TRI ဗျူဟာက တပ်ဖွဲ့ဝင်တွေ လိုက်နာရမယ့် လိင်ပိုင်းဆိုင်ရာမူဝါဒတွေကိုထုတ်ပြန် ■ကလေးသူငယ်လိင်ပိုင်းဆိုင်ရာကျူးလွန်ရင် အပြင်းထန်ဆုံးအရေးယူမည် ရှိန်း/People’s Spring ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာကတပ်ဖွဲ့ဝင်တွေလိုက်နာရမယ့်လိင်ပိုင်းဆိုင်ရာ မူဝါဒတွေကိုထုတ်ပြန်လိုက်ပြီး ကလေးသူငယ် အဓမ္မပြုကျင့်မှုတွေကျူးလွန်ရင် အပြင်းထန်ဆုံးအရေးယူသွားမယ်လို့ ဗျူဟာမှူးကိုနွယ်နီကပြောပါတယ်။ အချက်(၈) ချက်ပါလိင်ပိုင်းဆိုင်ရာမူဝါဒတွေကို TRI ဗျူဟာက ဇန်နဝါရီ ၁၂ ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ။ အိမ်ထောင်ရေးဖောက်ပြန်မှု ၊ကာမ လိမ်လည်မှု ၊လိင်ပိုင်း ဆိုင်ရာ ထိပါးနှောက်ယှက်မှု ၊လိင်စိတ်ခံယူမှုအပေါ်စိတ်ပိုင်း၊ရုပ်ပ်ိုင်းဆိုင်ရာထိခိုက်စေတဲ့အပြုအမူပြုလုပ်မှုအပါအဝင် အဓမ္မပြုကျင့်မှု၊ရာထူးတာဝန်အလွဲသုံးစားလုပ်မှုတွေကို တင်းတင်းကြပ်ကြပ်ကန့်သတ်ထားတာတွေ့ရပါတယ်။ “အမျိုးသမီးတွေ၊ကလေးသူငယ်တွေ၊LGBTတွေအားလုံးအပေါ်မှာကာကွယ်ဖို့ ကျွန်တော်တို့ထုတ်ပြန်ရခြင်းဖြစ်တယ်။နောက်တခုက လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့တပ်နဲ့ပြည်သူကြားဆက်ဆံရေးပျက်မှာစိုးရိမ်လို့၊ချိုးဖောက်မိမှာစိုးလို့၊အခုနောက်ထပ်ဝင်လာတဲ့ဂျူနီယာရဲဘော်တွေအတွက်အသိပေးထုတ်ပြန်ထားခြင်းဖြစ်တယ် “လို့ကိုနွယ်နီကပြောပါတယ်။ ဒီအချက်တွေဟာ အမျိုးသားညီညွတ်ရေးအစိုး ရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန MODကနေ ချထားပြီးသား စည်းကမ်းချက်တွေက အကျယ်ပြန်သတ်မှတ်ထားတာလို့လည်း ဆိုပါတယ်။ ဒီမူဝါဒတွေကို တပ်ဖွဲ့ဝင်တွေကဖောက်ဖျက်ခဲ့ရင် တည်ဆဲဥပဒေကထုတ်ထားတဲ့ ပြစ်မှုပြစ်ဒဏ်အရအရေးယူသွားမယ်လို့သိရပါတယ်။အရေးယူမှုအပိုင်းကို ဗျူဟာရဲ့ပြည်သူ့လုံခြုံရေးဌာနက စစ် ဆေးအရေးယူသွားမှာလို့သိရပါတယ်။ ဒီအထဲက သက်ငယ်မုဒိမ်းမှုဟာ…
-
“တပ်မတော် မကယ်တင်လျှင် နိုင်ငံတော်နှင့် ပြည်ထောင်စုပြိုကွဲတော့မည်” ဟု စစ်မှုထမ်းသင်တန်းများတွင် ဝါဒဖြန့်၊ မင်းအောင်လှိုင်၏ ပြောစကားများကို စစ်မှုထမ်းတပ်သားသစ်များကို သင်ကြားပို့ချနေ
“တပ်မတော် မကယ်တင်လျှင် နိုင်ငံတော်နှင့် ပြည်ထောင်စုပြိုကွဲတော့မည်” ဟု စစ်မှုထမ်းသင်တန်းများတွင် ဝါဒဖြန့်၊ မင်းအောင်လှိုင်၏ ပြောစကားများကို စစ်မှုထမ်းတပ်သားသစ်များကို သင်ကြားပို့ချနေ 🟥 KIA ၊ MNDAA ၊ AA ၊ TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များမှာ ပြည်ပကြိုးကိုင်ထားသော ရုပ်သေးရုပ် အဖွဲ့များဟု ဝါဒမှိုင်းသွင်း ရန်ကုန်၊ ဇန်နဝါရီ ၁၆ မြန်မာနိုင်ငံတွင် “တပ်မတော် မကယ်တင်လျှင် နိုင်ငံတော်နှင့် ပြည်ထောင်စု ပြိုကွဲတော့မည်” ဟု စစ်မှုထမ်းသင်တန်းများတွင် ဝါဒဖြန့်နေပြီး မင်းအောင်လှိုင်၏ ပြောစကားများကို စစ်မှုထမ်းတပ်သားသစ်များကို သင်ကြားပို့ချနေကြောင်း စစ်မှုထမ်းတပ်သားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက လစဉ်ဖွင့်လှစ် ပို့ချလျက်ရှိသော စစ်မှုထမ်းသင်တန်းများတွင် စစ်ရေးနှင့်ပစ်ခတ်မှု သင်ကြားခြင်းအပြင် စာတွေ့ သင်ခန်းစာအဖြစ် “နိုင်ငံတော်အကြီးအကဲ၏ အမြင်သဘောထားနှင့် နိုင်ငံတော်၏…
-
ဒုခေါင်းဆောင် စိုးဝင်း လွိုင်ကော်ရောက်နေချိန် ရှော့ခ်တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)
ဒုခေါင်းဆောင် စိုးဝင်း လွိုင်ကော်ရောက်နေချိန် ရှော့ခ်တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ) ဇန်နဝါရီ ၁၅၊ ၂၀၂၅ ကယားပြည်နယ်နေ့ကို တက်ရောက်ဖို့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဒုခေါင်းဆောင် စိုးဝင်း လွိုင်ကော်မြို့ကို ရောက်ရှိနေချိန် ဇန်နဝါရီ ၁၄ ရက် ညပိုင်းက လွိုင်ကော်မြို့နယ် ပြည်နယ်ခန်းမနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-လွိုင်ကော်)ကို ရှော့ခ်တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BRAVE WARRIORS FOR MYANMAR (BWM) အဖွဲ့ထံက သိရပါတယ်။ ဒုခေါင်းဆောင်စိုးဝင်း နဲ့ အပေါင်းအပါတွေ ညစာစားပွဲ ကျင်းပနေချိန် ကယားပြည်နယ်ခန်းမထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်ဒကစ) ကို ရှော့တိုက်ဒုံး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီစစ်ရေးပစ်မှတ်တွေကို Brave Warriors for…
-
စစ်မှုထမ်းဟောင်းများ ခရီးသွားလျှင် ဖုန်းထဲရှိ စစ်တပ်နှင့် ဆိုင်သော အချက်အလက်များ ဖျက်ထားပြီး ကိုယ့်လုံခြုံရေး ကိုယ်ဂရုစိုက် သွားလာကြရန် စစ်ကောင်စီက လျှို့ဝှက် စာထုတ်ထား
စစ်မှုထမ်းဟောင်းများ ခရီးသွားလျှင် ဖုန်းထဲရှိ စစ်တပ်နှင့် ဆိုင်သော အချက်အလက်များ ဖျက်ထားပြီး ကိုယ့်လုံခြုံရေး ကိုယ်ဂရုစိုက် သွားလာကြရန် စစ်ကောင်စီက လျှို့ဝှက် စာထုတ်ထား ရန်ကုန်၊ ဇန်နဝါရီ ၁၅ စစ်မှုထမ်းဟောင်းများ ခရီးသွားလျှင် ဖုန်းထဲရှိ ဒေတာများကို ဖျက်ထားရန်နှင့် တတ်နိုင်လျှင် ဖုန်း ၂ လုံးကိုင်ဆောင်ရန် စစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုက လျှို့ဝှက် စာတစ်စောင်ကို ဌာနချုပ်မှူး ကျော်မျိုးမင်း ဆိုသူက ဇန်နဝါရီလ ၁၄ ရက်နေ့ ရက်စွဲနှင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ကချင်ပြည်နယ် ဗန်းမော်တွင် တိုက်ပွဲများ ပြင်းထန်နေ၍ ကချင်ပြည်နယ် စစ်ပြန် ဥက္ကဋ္ဌ ကာနယ် သိန်းဇော် (ငြိမ်း) နှင့် မိသားစု၀င် ၄…
-
မြန်မာ့အရေး တရုတ်ကွန်မြူနစ်ပါတီ တံခါးပိတ်ဆွေးနွေးခဲ့ကြောင်း The Economic Times ဖော်ပြ
မြန်မာ့အရေး တရုတ်ကွန်မြူနစ်ပါတီ တံခါးပိတ်ဆွေးနွေးခဲ့ကြောင်း The Economic Times ဖော်ပြ ~~~ ■ မြန်မာနိုင်ငံရဲ့ အခြေအနေ စိုးရိမ်စရာဖြစ်လာချိန်မှာ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းအရာရှိတွေ၊ ပညာရှင်တွေနဲ့ နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူတွေ တံခါးပိတ်အစည်းအဝေးပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ အိန္ဒိယအခြေစိုက် The Economic Times က ဇန်နဝါရီ ၁၄ ရက်နေ့မှာ ဖော်ပြပါတယ်။ အဲဒီအစည်းအဝေးကို တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီဇင်ဘာလက ကျင်းပခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီဟာ မကြုံဖူးလောက်အောင် အင်အားချည့်နဲ့လာတာကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်တဲ့ အခြေအနေမရှိတော့ဘူးလို့ အစည်းအဝေး တက်ရောက်သူတွေက ရှုမြင်သုံးသပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးလိုမြို့ကြီးတွေကို စစ်ကောင်စီက ဆက်လက်ထိန်းထားနိုင်ပေမဲ့ တရုတ်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့…
-
အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကို ၁၀၇ မမရှော့ဒုံးများဖြင့်တိုက်ခိုက်မှု ဗိုလ်ကြီး ကောင်းထက်ဇော် အပါအဝင် ၁၁ ဦးပွဲချင်းပြီး သေဆုံး၊ ဒုတိုင်းမှူးအဆောင်နှင့် နမခဦးစီးရုံး ထိမှန်ပျက်စီး
အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကို ၁၀၇ မမရှော့ဒုံးများဖြင့်တိုက်ခိုက်မှု ဗိုလ်ကြီး ကောင်းထက်ဇော် အပါအဝင် ၁၁ ဦးပွဲချင်းပြီး သေဆုံး၊ ဒုတိုင်းမှူးအဆောင်နှင့် နမခဦးစီးရုံး ထိမှန်ပျက်စီး ရန်ကုန်၊ ဇန်နဝါရီ ၁၅ စစ်ကိုင်းတိုင်း မုံရွာအခြေစိုက် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၁၁ ဦး ပွဲချင်းပြီး သေဆုံးကြောင်း BRAVE WARRIORS FOR MYANMAR မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ် အချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် နမခ တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်ခဲ့ခြင်း…