ဒုခေါင်းဆောင် စိုးဝင်း လွိုင်ကော်ရောက်နေချိန် ရှော့ခ်တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)
ဇန်နဝါရီ ၁၅၊ ၂၀၂၅
ကယားပြည်နယ်နေ့ကို တက်ရောက်ဖို့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဒုခေါင်းဆောင် စိုးဝင်း လွိုင်ကော်မြို့ကို ရောက်ရှိနေချိန် ဇန်နဝါရီ ၁၄ ရက် ညပိုင်းက လွိုင်ကော်မြို့နယ် ပြည်နယ်ခန်းမနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-လွိုင်ကော်)ကို ရှော့ခ်တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BRAVE WARRIORS FOR MYANMAR (BWM) အဖွဲ့ထံက သိရပါတယ်။
ဒုခေါင်းဆောင်စိုးဝင်း နဲ့ အပေါင်းအပါတွေ ညစာစားပွဲ ကျင်းပနေချိန် ကယားပြည်နယ်ခန်းမထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်ဒကစ) ကို ရှော့တိုက်ဒုံး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ရေးပစ်မှတ်တွေကို Brave Warriors for Myanmar (BWM)အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့နဲ့ Anti-Coup People’s Liberation Force – ACPLF အဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။