အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကို ၁၀၇ မမရှော့ဒုံးများဖြင့်တိုက်ခိုက်မှု ဗိုလ်ကြီး ကောင်းထက်ဇော် အပါအဝင် ၁၁ ဦးပွဲချင်းပြီး သေဆုံး၊ ဒုတိုင်းမှူးအဆောင်နှင့် နမခဦးစီးရုံး ထိမှန်ပျက်စီး

by

in

အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကို ၁၀၇ မမရှော့ဒုံးများဖြင့်တိုက်ခိုက်မှု ဗိုလ်ကြီး ကောင်းထက်ဇော် အပါအဝင် ၁၁ ဦးပွဲချင်းပြီး သေဆုံး၊ ဒုတိုင်းမှူးအဆောင်နှင့် နမခဦးစီးရုံး ထိမှန်ပျက်စီး
ရန်ကုန်၊ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်း မုံရွာအခြေစိုက် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၁၁ ဦး ပွဲချင်းပြီး သေဆုံးကြောင်း BRAVE WARRIORS FOR MYANMAR မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ် အချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် နမခ တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ဗိုလ်ကြီး ကောင်းထက်ဇော် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ နမခ- ဒုတိုင်းမှူးအဆောင်နှင့် နမခ ဦးစီးရုံးတို့မှာလည်း ရှော့တိုက်ဒုံးထိမှန်၍ ပြိုကျ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ပစ်တာက ရှော့တိုက်ဒုံး ၄ လုံးပစ်တာပါ။ ဒုတိုင်းမှူး အဆောင်ထိမှန် ပြိုကျပျက်စီးပါတယ်။ နမခဦးစီးရုံး ပျက်စီးပါတယ်။ သေဆုံးတာက ၆ ဦးပါ။ ဗိုလ်ကြီး ကောင်းထက်ဇော် (DSA အပတ်စဉ် ၆၂) သေဆုံးပါတယ်။ တပ်ကြပ် ၁ ဦးနဲ့ စစ်သည် ၁ ဦးလည်း သေဆုံးပါတယ်။ ဒုတပ်ကြပ် ၁ ဦးနဲ့ ရဲဘော် ၂ ဦး ထိခိုက်ပြီး ဆေးရုံအရေးပေါ် ကြပ်မတ်ဆောင်မှာ ရောက်နေပါတယ်” ဟု BRAVE WARRIORS FOR MYANMAR မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။
နောက်ဆက်တွဲ သတင်းများအရ အမှတ် ၁၂ ဆက်သွယ်ရေးတပ်၏ ရုံးကိုလည်း ရှော့တိုက်ဒုံး ထိမှန်ခဲ့ပြီး ညစောင့် စစ်သည် ၃ ဦး နှင့် ကွန်မန်ဒို စစ်သည် ၂ ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့ရှိ အကြမ်းဖက်စစ်ကောင်စီ တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့များကို အဓိကအမိန့်ပေးကွပ်ကဲနေသောစစ်ဌာနချုပ်ဖြစ် ကြောင်း၊ အဆိုပါဒေသများရှိ တော်လှန် ရေး အင်အားစုများအတွက် ကြီး မားသော အတားအဆီးဖြစ်နေ၍ တော်လှန်ရေးအရှိန် အဟုန် ယုတ်လျော့စေရန်နှင့် အဆိုပါဒေသများရှိ ပြည်သူများကို အဓိက ညှင်းပန်းနှိပ်စက်ရန် အဓိက ကြိုး ကိုင်ခြယ်လှယ်နေသော စစ်ဌာနချုပ်ဖြစ်သောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း BRAVE WARRIORS FOR MYANMAR မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ရှင်းလင်းပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) က ဦး ဆောင် ၍ Shadow (မုံရွာ) ၊ Anonymous Heroes၊ Chindwin Fighters၊ ဒေါင်း မျိုးဆက် ဗိုလ်မုတ်ဆိတ်၊ Democratic Rangers အဖွဲ့တို့ပူးပေါင်းလုပ် ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။