TRI ဗျူဟာက တပ်ဖွဲ့ဝင်တွေ လိုက်နာရမယ့်
လိင်ပိုင်းဆိုင်ရာမူဝါဒတွေကိုထုတ်ပြန်
■ကလေးသူငယ်လိင်ပိုင်းဆိုင်ရာကျူးလွန်ရင် အပြင်းထန်ဆုံးအရေးယူမည်
ရှိန်း/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာကတပ်ဖွဲ့ဝင်တွေလိုက်နာရမယ့်လိင်ပိုင်းဆိုင်ရာ မူဝါဒတွေကိုထုတ်ပြန်လိုက်ပြီး ကလေးသူငယ် အဓမ္မပြုကျင့်မှုတွေကျူးလွန်ရင် အပြင်းထန်ဆုံးအရေးယူသွားမယ်လို့ ဗျူဟာမှူးကိုနွယ်နီကပြောပါတယ်။
အချက်(၈) ချက်ပါလိင်ပိုင်းဆိုင်ရာမူဝါဒတွေကို
TRI ဗျူဟာက ဇန်နဝါရီ ၁၂ ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ။
အိမ်ထောင်ရေးဖောက်ပြန်မှု ၊ကာမ လိမ်လည်မှု ၊လိင်ပိုင်း ဆိုင်ရာ ထိပါးနှောက်ယှက်မှု ၊လိင်စိတ်ခံယူမှုအပေါ်စိတ်ပိုင်း၊ရုပ်ပ်ိုင်းဆိုင်ရာထိခိုက်စေတဲ့အပြုအမူပြုလုပ်မှုအပါအဝင် အဓမ္မပြုကျင့်မှု၊ရာထူးတာဝန်အလွဲသုံးစားလုပ်မှုတွေကို တင်းတင်းကြပ်ကြပ်ကန့်သတ်ထားတာတွေ့ရပါတယ်။
“အမျိုးသမီးတွေ၊ကလေးသူငယ်တွေ၊LGBTတွေအားလုံးအပေါ်မှာကာကွယ်ဖို့ ကျွန်တော်တို့ထုတ်ပြန်ရခြင်းဖြစ်တယ်။နောက်တခုက လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့တပ်နဲ့ပြည်သူကြားဆက်ဆံရေးပျက်မှာစိုးရိမ်လို့၊ချိုးဖောက်မိမှာစိုးလို့၊အခုနောက်ထပ်ဝင်လာတဲ့ဂျူနီယာရဲဘော်တွေအတွက်အသိပေးထုတ်ပြန်ထားခြင်းဖြစ်တယ် “လို့ကိုနွယ်နီကပြောပါတယ်။
ဒီအချက်တွေဟာ အမျိုးသားညီညွတ်ရေးအစိုး
ရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန MODကနေ ချထားပြီးသား စည်းကမ်းချက်တွေက အကျယ်ပြန်သတ်မှတ်ထားတာလို့လည်း ဆိုပါတယ်။
ဒီမူဝါဒတွေကို တပ်ဖွဲ့ဝင်တွေကဖောက်ဖျက်ခဲ့ရင် တည်ဆဲဥပဒေကထုတ်ထားတဲ့ ပြစ်မှုပြစ်ဒဏ်အရအရေးယူသွားမယ်လို့သိရပါတယ်။အရေးယူမှုအပိုင်းကို ဗျူဟာရဲ့ပြည်သူ့လုံခြုံရေးဌာနက စစ်
ဆေးအရေးယူသွားမှာလို့သိရပါတယ်။
ဒီအထဲက သက်ငယ်မုဒိမ်းမှုဟာ ပစ်မိန့်အထိကျခံနိုင်ပြီး မုဒိမ်းမှုတွေကိုလည်းအပြင်းထန်ဆုံးအ
ရေးယူသွားမယ်လို့ကိုနွယ်နီကပြောပါတယ်။
“တပ်တွေရဲ့ဂုဏ်သိက္ခာညှိုးနွမ်းမှုမဖြစ်အောင်၊အမျိုးသမီး၊ကလေးသူငယ်နဲ့ LGBTအုပ်စုတွေအားလုံးအပေါ်မှာကာကွယ်နိုင်အောင်၊အိမ်
ထောင်သည်အမျိုးသားတွေတာဝန်ထမ်းဆောင်ချိန်မှာ အိမ်ထောင်သည်အမျိုးသမီးတွေနဲ့ဖောက်ပြန်မှုမဖြစ်အောင်ကာကွယ်ထားတာဖြစ်တယ်”လို့ကိုနွယ်နီကပြောပါတယ်။
ဒါ့အပြင်တိုက်ခိုက်ရေးဘက်မှာ အမျိုးသမီးတွေကိုအသုံးပြုရန် နဲ့ဦးဆောင်တဲ့ အခန်း ကဏ္ဍတွေမှာပါဝင်ဖို့ရည်ရွယ်ထုတ်ပြန်ထားတာလို့ဆိုပါတယ်။
ဒီမူဝါဒဟာ TRI ဗျူဟာကရဲဘော်တွေအတွက်သာဖြစ်ပြီး ထိန်းသိမ်းထားတဲ့နယ်မြေကပြည်သူတွေအတွက်အကျုံးမဝင်ဘူးလို့သိရပါတယ်။ဒါပေ
မယ့်ပြည်သူတွေရဲ့တိုင်ကြားမှုတွေကတော့သက်ဆိုင်ရာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကဆောင်ရွက်သွားမှာလို့သိရပါတယ်။
TRIဗျူဟာ ဟာ အမှတ်-၁၂၂၂တပ်ရင်းရဲဘော်တွေစုဖွဲ့ထားတဲ့ ဗျူဟာဖြစ်ပါတယ်။ဒီတပ်ရင်းဟာ မိုးကုတ်-သပိတ်ကျင်း-စဥ့်ကူးမြို့သိမ်းပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့တပ်ရင်းဖြစ်ပါတယ်။
(TRI ဗျူဟာမှ ထုတ်ပြန်တဲ့ လိင်ပိုင်းဆိုင်ရာမူဝါဒ နဲ့ တပ်ဖွဲ့ဝင်တွေ ။ဓါတ်ပုံ-TRI ဗျူဟာ )