-
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်ကမ်ပိန်း သားဖြစ်သူ ကင်မ်အဲရစ် ဦးဆောင် ပြုလုပ်နေ
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်ကမ်ပိန်း သားဖြစ်သူ ကင်မ်အဲရစ် ဦးဆောင် ပြုလုပ်နေ DVB နေပြည်တော်မှာ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုနှစ်ထဲမှာ အသက် ၈၀ ပြည့်တော့မှာဖြစ်ပြီး ဒီအထိမ်းအမှတ်အ နေနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကမ်ပိန်းလှုပ်ရှားမှုကို သူ့ရဲ့ သားငယ် ကင်မ်အဲရစ်က စတင် ဦးဆောင် ပြုလုပ်နေပါတယ်။ #DVB #News #မြန်မာသတင်း #ဒေါ်အောင်ဆန်းစုကြည် #ကင်မ်အဲရစ် နေပြည်တော်မှာ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုနှစ်ထဲမှာ အသက် ၈၀ ပြည့်တော့မှာဖြစ်ပြီး ဒီအထိမ်းအမှတ်အ နေနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကမ်ပိန်းလှုပ်ရှားမှုကို သူ့ရဲ့ သားငယ် ကင်မ်အဲရစ်က စတင် ဦးဆောင် ပြုလုပ်နေပါတယ်။ ကင်မ်အဲရစ်က…
-
ဗန်းမော်က စစ်ကောင်စီ လက်ကျန်တပ်ရင်းတွေကို KIA ထိုးစစ်ဆင်
ဗန်းမော်က စစ်ကောင်စီ လက်ကျန်တပ်ရင်းတွေကို KIA ထိုးစစ်ဆင် ~~~ ■ ကချင်ပြည်နယ် ဗန်းမော်မြို့မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁) နဲ့ လက်ကျန်တပ်ရင်းတွေကို ကချင်လွတ်မြောက်ရေးတပ်တော် (KIA) ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်ကလည်း ဇန်နဝါရီ ၁၆ ရက် ဒီနေ့မနက်ပိုင်းအထိ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဗန်းမော်မြို့ နေရာအများစုကို KIA က ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ကတော့ စကခ-၂၁၊ ခလရ-၄၇ နေရာနဲ့ အနီးတစ်ဝိုက်မှာ ခံစစ်ပြင် အင်အားစုဖွဲ့ပြီး ခုခံနေတာပါ။ ဇန်နဝါရီ ၁၅ ရက်နေ့ကစလို့ စကခ-၂၁ အနီးတစ်ဝိုက်က ဧရာဝတီ မြစ်ကမ်းဘက်မှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတာလို့ ဒေသခံတစ်ဦးက…
-
ဒုစရိုက်ဂိုဏ်းတွေမှာ ပိတ်မိတဲ့ နိုင်ငံသားတွေကို တရုတ် ကယ်ထုတ်မည်
ဒုစရိုက်ဂိုဏ်းတွေမှာ ပိတ်မိတဲ့ နိုင်ငံသားတွေကို တရုတ် ကယ်ထုတ်မည် ~~~ ■ မြန်မာနိုင်ငံ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေမှာ ဓားစာခံဖြစ်ရတဲ့ တရုတ်နိုင်ငံသားတွေကို ကယ်ဆယ်ဖို့နဲ့ လိမ်လည်နေတဲ့ လုပ်ငန်းတွေကို နှိမ်နင်းဖို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ဆောင်ရွက်မယ်လို့ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ညပိုင်းမှာ ပြောကြားလိုက်ပါတယ်။ လစာကောင်းတဲ့ အလုပ်ရမယ်၊ အစားအသောက်၊ နေထိုင်စရာနဲ့ လေယာဉ်ခ ပေးမယ်ဆိုတဲ့ ကတိတွေနဲ့ တရုတ်နိုင်ငံသားတွေကို နိုင်ငံရပ်ခြားက လိမ်ညာလုပ်ကိုင်တဲ့ အစုအဖွဲ့တွေက လှည့်ဖျားခေါ်ဆောင်သွားပြီး ဒီလူတွေဟာ ထိုင်းနယ်စပ် မြဝတီလို မြို့တွေက အွန်လိုင်း ဒုစရိုက်ဂိုဏ်းတွေဆီမှာ ပိတ်မိကြတယ်လို့ ဝန်ကြီးဌာနက ပြောကြားတာကို တရုတ်အစိုးရအာဘော် CCTV က လွှင့်သွားတဲ့အကြောင်း ရိုက်တာက ဇန်နဝါရီ ၁၆ ရက်မှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံဟာ…
-
ပေါက်မြို့နယ် ကပစ (၂၄) နဲ့ ပျူစခန်းတွေကို ၅ရက်ဆက် ဒရုန်းနဲ့ ဗုံးသီး ၁၅၀ခန့် ကြဲချတိုက်ခိုက် (ရုပ်/သံ)
ပေါက်မြို့နယ် ကပစ (၂၄) နဲ့ ပျူစခန်းတွေကို ၅ရက်ဆက် ဒရုန်းနဲ့ ဗုံးသီး ၁၅၀ခန့် ကြဲချတိုက်ခိုက် (ရုပ်/သံ) ဇန်နဝါရီ ၁၆၊ ၂၀၂၅ မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်း ထုတ်ရေးစက်ရုံ (ကပစ-၂၄) နဲ့ ပျူစခန်းတွေကို ဇန်နဝါရီ ၈ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်အထိ ၅ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပုံတောင် TIGER PDF အဖွဲ့ထံက သိရပါတယ်။ ဇန်နဝါရီ ၈ ရက် ပေါက်မြို့နယ် ဝန်ခြုံးပျူစခန်းကို ၃ ရက်ဆက် ဒရုန်းနဲ့ 2kg ၊5kg drop bomb တွေ ကြဲချတိုက်ခိုက်ခဲ့ရာ ပျူစခန်းအတွင်းရှိ…
-
မူဆယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးနှင့် စစ်တပ်က လာဘ်ငွေယူ၍ တရားမဝင် ကုန်စည်သယ်ယူပို့ဆောင်မှုများကို ပြန်လည် ခွင့်ပြုနေသည့်အပြင် ယင်းလမ်းကြောင်းမှတစ်ဆင့် စစ်တပ်အတွက် ရိက္ခာဖြည့်တင်းမှုများ လုပ်နေ
မူဆယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးနှင့် စစ်တပ်က လာဘ်ငွေယူ၍ တရားမဝင် ကုန်စည်သယ်ယူပို့ဆောင်မှုများကို ပြန်လည် ခွင့်ပြုနေသည့်အပြင် ယင်းလမ်းကြောင်းမှတစ်ဆင့် စစ်တပ်အတွက် ရိက္ခာဖြည့်တင်းမှုများ လုပ်နေ ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးနှင့် စစ်တပ်က လာဘ်ငွေယူ၍ တရားမဝင် ကုန် စည် သယ်ယူပို့ဆောင်မှုများကို ပြန် လည် ခွင့်ပြုနေသည့်အပြင် ယင်းလမ်းကြောင်းမှတစ်ဆင့် စစ်တပ်အတွက် ရိက္ခာဖြည့်တင်းမှုများ လုပ်နေကြောင်း ဒေသကုန်သည်များနှင် ဒေသသတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက ပြည်မမှ မူဆယ်ဘက်သို့ ကုန်စည်သယ်ယူခွင့်များကို ပိတ်ပင်ထားသော်လည်း ယခုအခါ မူဆယ်နှင့်မိုင်းယု (၁၀၅) မိုင်လမ်းကို ငွေကြေးများ ကောက်ယူ၍ ပြန်လည် ခွင့်ပြုပေးနေကြောင်း၊ ထို့ပြင် မူဆယ် ဆင်ဖြူဂိတ်မှတစ်ဆင့် တရုတ်ပြည်(ကြယ်ဂေါင်) ဘက်သို့…
-
ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး
ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး ရန်ကုန်၊ ဇန်နဝါရီ ၁၆ မွန်ပြည်နယ်၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း-၇၈၀၅ တပ်ခွဲ-၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၂၈ မိနစ်ခန့်တွင် ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းမကြီးရှိ ကျိုက်ထို-ဘီးလင်း လမ်းပိုင်းတွင် ကျိုက်ထို ဘက်မှ ဘီလင်းဘက်ကို ဆင်းလာသည့် စစ်ကား ၇ စီးလိုက်ပါလာသော ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက…
-
မြဝတီတွင် တရုတ်ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို လက်ခံကာကွယ်ပေးထားသော BGF က ငွေလိမ်လည်ခြင်း၊ လူကုန်ကူးခြင်း အပါအဝင် ရာဇဝတ်မှုများ ကျူးလွန်လျှင် လုပ်ငန်းပိတ်သိမ်း နယ်နှင်မည်ဟု တရုတ်လုပ်ငန်းရှင်များကို ခေါ်ပြော 🟥 ရွှေက္ကိုလ်လောင်းကစားမြို့သစ်သို့ တရုတ်များ အပါအဝင် နိုင်ငံခြားသား အများအပြား ဝင်ရောက် စည်ကားနေ
မြဝတီတွင် တရုတ်ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို လက်ခံကာကွယ်ပေးထားသော BGF က ငွေလိမ်လည်ခြင်း၊ လူကုန်ကူးခြင်း အပါအဝင် ရာဇဝတ်မှုများ ကျူးလွန်လျှင် လုပ်ငန်းပိတ်သိမ်း နယ်နှင်မည်ဟု တရုတ်လုပ်ငန်းရှင်များကို ခေါ်ပြော 🟥 ရွှေက္ကိုလ်လောင်းကစားမြို့သစ်သို့ တရုတ်များ အပါအဝင် နိုင်ငံခြားသား အများအပြား ဝင်ရောက် စည်ကားနေ ရန်ကုန်၊ ဇန်နဝါရီ ၁၆ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် တရုတ်ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို အကြီးအကျယ် လက်ခံကာကွယ်ပေးထားသော BGF က ငွေလိမ်လည်ခြင်း၊ လူကုန်ကူးခြင်း အပါအဝင် ရာဇဝတ်မှုများ ကျူးလွန်လျှင် တရုတ်လုပ်ငန်းရှင်များကို လုပ်ငန်းပိတ်သိမ်း နယ်နှင်မည်ဟု ခေါ်ယူပြောဆိုကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။ မြန်မာနိုင်ငံ မြ၀တီမြို့တွင် တရုတ်နိုင်ငံမှ သရုပ်ဆောင်မင်းသားတစ်ဦး လူကုန်ကူးခံရမှုကို ထိုင်းအာဏာပိုင်များက ကယ်တင်မှုများ လုပ်ဆောင်ပြီးနောက် နိုင်ငံတကာသတင်းမီဒီယာများတွင်ပါ မြ၀တီမြို့မှ…
-
မြန်မာအပါအဝင် အရှေ့တောင်အာရှက လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ ဟောင်ကောင်နဲ့ ထိုင်းအာဏာပိုင်တွေ ဆွေးနွေး
မြန်မာအပါအဝင် အရှေ့တောင်အာရှက လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ ဟောင်ကောင်နဲ့ ထိုင်းအာဏာပိုင်တွေ ဆွေးနွေး ဇန်နဝါရီ ၁၅၊ ၂၀၂၅ လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ပြီး ဖြားယောင်းခံရသူတွေနဲ့ တရားမဝင်အလုပ်တွေမှာ ပိတ်မိနေသူတွေကို အိမ်ပြန်ခေါ်ဖို့အရေး ဟောင်ကောင်နဲ့ ထိုင်းအာဏာပိုင်တွေဟာ ဘန်ကောက်မှာ အခုတစ်ပတ်ထဲ ဆွေးနွေးခဲ့ကြတယ်လို့ Reuters က ဇန်နဝါရီလ ၁၅ ရက်မှာ သတင်းဖော်ပြထားပါတယ်။ ထိုင်းကို သွားရောက်ပြီးနောက် လူကုန်ကူးခံခဲ့ရတဲ့ တရုတ်သရုပ်ဆောင်ကို မြန်မာနယ်စပ်မြို့ မြဝတီမှာ ပြန်လည်တွေ့ရှိခဲ့တဲ့အကြောင်း ထိပ်တန်းသတင်းဖြစ်ပြီးတဲ့နောက် ဇန်နဝါရီလ ၁၄ ရက်မှာ နှစ်နိုင်ငံ အာဏာပိုင်တွေအကြား ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြတာပါ။ ထိုင်း၊ လာအိုနဲ့ မြန်မာက နယ်စပ်မြို့တွေဟာ တယ်လီကွန်းနဲ့ အခြားအွန်လိုင်း လိမ်လည်မှုတွေအတွက် ဒေသဆိုင်ရာ အချက်အချာနေရာတွေဖြစ်လာပြီး ထောင်နဲ့ချီတဲ့သူတွေဟာ အဲဒီနေရာတွေက လိမ်လည်လုပ်ငန်းတွေဆီ လူကန်ကူးခံခဲ့ရတယ်လို့…
-
TRI ဗျူဟာက တပ်ဖွဲ့ဝင်တွေ လိုက်နာရမယ့် လိင်ပိုင်းဆိုင်ရာမူဝါဒတွေကိုထုတ်ပြန် ■ကလေးသူငယ်လိင်ပိုင်းဆိုင်ရာကျူးလွန်ရင် အပြင်းထန်ဆုံးအရေးယူမည်
TRI ဗျူဟာက တပ်ဖွဲ့ဝင်တွေ လိုက်နာရမယ့် လိင်ပိုင်းဆိုင်ရာမူဝါဒတွေကိုထုတ်ပြန် ■ကလေးသူငယ်လိင်ပိုင်းဆိုင်ရာကျူးလွန်ရင် အပြင်းထန်ဆုံးအရေးယူမည် ရှိန်း/People’s Spring ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာကတပ်ဖွဲ့ဝင်တွေလိုက်နာရမယ့်လိင်ပိုင်းဆိုင်ရာ မူဝါဒတွေကိုထုတ်ပြန်လိုက်ပြီး ကလေးသူငယ် အဓမ္မပြုကျင့်မှုတွေကျူးလွန်ရင် အပြင်းထန်ဆုံးအရေးယူသွားမယ်လို့ ဗျူဟာမှူးကိုနွယ်နီကပြောပါတယ်။ အချက်(၈) ချက်ပါလိင်ပိုင်းဆိုင်ရာမူဝါဒတွေကို TRI ဗျူဟာက ဇန်နဝါရီ ၁၂ ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ။ အိမ်ထောင်ရေးဖောက်ပြန်မှု ၊ကာမ လိမ်လည်မှု ၊လိင်ပိုင်း ဆိုင်ရာ ထိပါးနှောက်ယှက်မှု ၊လိင်စိတ်ခံယူမှုအပေါ်စိတ်ပိုင်း၊ရုပ်ပ်ိုင်းဆိုင်ရာထိခိုက်စေတဲ့အပြုအမူပြုလုပ်မှုအပါအဝင် အဓမ္မပြုကျင့်မှု၊ရာထူးတာဝန်အလွဲသုံးစားလုပ်မှုတွေကို တင်းတင်းကြပ်ကြပ်ကန့်သတ်ထားတာတွေ့ရပါတယ်။ “အမျိုးသမီးတွေ၊ကလေးသူငယ်တွေ၊LGBTတွေအားလုံးအပေါ်မှာကာကွယ်ဖို့ ကျွန်တော်တို့ထုတ်ပြန်ရခြင်းဖြစ်တယ်။နောက်တခုက လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့တပ်နဲ့ပြည်သူကြားဆက်ဆံရေးပျက်မှာစိုးရိမ်လို့၊ချိုးဖောက်မိမှာစိုးလို့၊အခုနောက်ထပ်ဝင်လာတဲ့ဂျူနီယာရဲဘော်တွေအတွက်အသိပေးထုတ်ပြန်ထားခြင်းဖြစ်တယ် “လို့ကိုနွယ်နီကပြောပါတယ်။ ဒီအချက်တွေဟာ အမျိုးသားညီညွတ်ရေးအစိုး ရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန MODကနေ ချထားပြီးသား စည်းကမ်းချက်တွေက အကျယ်ပြန်သတ်မှတ်ထားတာလို့လည်း ဆိုပါတယ်။ ဒီမူဝါဒတွေကို တပ်ဖွဲ့ဝင်တွေကဖောက်ဖျက်ခဲ့ရင် တည်ဆဲဥပဒေကထုတ်ထားတဲ့ ပြစ်မှုပြစ်ဒဏ်အရအရေးယူသွားမယ်လို့သိရပါတယ်။အရေးယူမှုအပိုင်းကို ဗျူဟာရဲ့ပြည်သူ့လုံခြုံရေးဌာနက စစ် ဆေးအရေးယူသွားမှာလို့သိရပါတယ်။ ဒီအထဲက သက်ငယ်မုဒိမ်းမှုဟာ…