ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်ကမ်ပိန်း သားဖြစ်သူ ကင်မ်အဲရစ် ဦးဆောင် ပြုလုပ်နေ
DVB
နေပြည်တော်မှာ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုနှစ်ထဲမှာ အသက် ၈၀ ပြည့်တော့မှာဖြစ်ပြီး ဒီအထိမ်းအမှတ်အ နေနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကမ်ပိန်းလှုပ်ရှားမှုကို သူ့ရဲ့ သားငယ် ကင်မ်အဲရစ်က စတင် ဦးဆောင် ပြုလုပ်နေပါတယ်။
#DVB #News #မြန်မာသတင်း #ဒေါ်အောင်ဆန်းစုကြည် #ကင်မ်အဲရစ်
နေပြည်တော်မှာ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုနှစ်ထဲမှာ အသက် ၈၀ ပြည့်တော့မှာဖြစ်ပြီး ဒီအထိမ်းအမှတ်အ နေနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကမ်ပိန်းလှုပ်ရှားမှုကို သူ့ရဲ့ သားငယ် ကင်မ်အဲရစ်က စတင် ဦးဆောင် ပြုလုပ်နေပါတယ်။
ကင်မ်အဲရစ်က “ကျနော် social media ပေါ်မှာ ရှိနေမှ ကျနော်လုပ်ချင်တဲ့ မြန်မာနိုင်ငံအတွက် လူသား ချင်းစာနာမှုဆိုင်ရာ အလုပ်တွေကို ပိုထိထိရောက်ရောက်လုပ်နိုင်မှာပါ။ ဒါကြောင့် ကျနော် ချက်စားဖြစ်တဲ့ ဟင်းတွေချက်ပြီး မကြာမကြာ post တင်သွားမယ်။ ကျနော်တို့ လုပ်နေတဲ့ မေမေ့ အသက် ၈၀ မွေးနေ့ အထိမ်းအမှတ် campaign ကို လူပိုသိအောင် ကူညီဖို့အတွက်လည်း ရည်ရွယ်ပါတယ်။ ကျနော်က social media သုံးနေကျမဟုတ်တဲ့အတွက် အဆင်မပြေတာရှိခဲ့ရင်လည်း အမှားထောက်ပြ အသိပေးကြပါခင်ဗျာ။ တွေ့ကြမယ်နော်”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောထားပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကတည်းက စစ်တပ်က ဖမ်းဆီးထားခဲ့တာဖြစ်ပြီး အမှုအမျိုးမျိုးနဲ့စွပ်စွဲကာ ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ထားပါတယ်။
လတ်တလောအချိန်ထိ သူ့ကို ဘယ်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မသိရသလို ထောင်ဝင်စာတွေ့ခွင့်လည်းမရဘဲ ရှေ့နေအဖွဲ့ကလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ နောက်ဆုံးတွေ့ခွင့်ရခဲ့တာဖြစ်ပြီး စစ်အုပ်စုက အချိန် ၂ နှစ်ကျော် ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ထားတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဩာ အရင်စစ်အစိုးရလက်ထက်တွေတုန်းကလည်း စုစုပေါင်း ၁၅ နှစ်လောက် နေအိမ် အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရပါတယ်။
ဒီကာလတွေအတွင်း သားဖြစ်သူ ကင်မ်အဲရစ်က မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြည်တွင်းပြည်ပမီဒီယာတွေနဲ့ တွေ့ဆုံချိန်တွေမှာ မကြာခဏ ဖြေကြားနေသလို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတခု ဖွင့်လှစ်ပြီးတော့လည်း မိခင်လွတ်မြောက်ရေး တတ်နိုင်တဲ့ ဘက်ကနေ တက်တက်ကြွကြွ လုပ်ဆောင်နေတာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့က ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အနေနဲ့ အကျဉ်းသား ၆,၀၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်သလို နိုင်ငံရေးအကျဉ်းသား အရေအတွက် ၃၀၀ လောက်သာ ပါဝင်ခဲ့ပါတယ်။