ပေါက်မြို့နယ် ကပစ (၂၄) နဲ့ ပျူစခန်းတွေကို ၅ရက်ဆက် ဒရုန်းနဲ့ ဗုံးသီး ၁၅၀ခန့် ကြဲချတိုက်ခိုက် (ရုပ်/သံ)
ဇန်နဝါရီ ၁၆၊ ၂၀၂၅
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်း ထုတ်ရေးစက်ရုံ (ကပစ-၂၄) နဲ့ ပျူစခန်းတွေကို ဇန်နဝါရီ ၈ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်အထိ ၅ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပုံတောင် TIGER PDF အဖွဲ့ထံက သိရပါတယ်။
ဇန်နဝါရီ ၈ ရက် ပေါက်မြို့နယ် ဝန်ခြုံးပျူစခန်းကို ၃ ရက်ဆက် ဒရုန်းနဲ့ 2kg ၊5kg drop bomb တွေ ကြဲချတိုက်ခိုက်ခဲ့ရာ ပျူစခန်းအတွင်းရှိ ကင်းဘန်ကာ မီးလောင်ပြီး အထိအခိုက်များခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၉ ရက်က ပေါက်မြို့နယ်ရှိ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ -၂၄)ကို ဒရုန်းတွေနဲ့ ထိုးဖောက်ဝင်ရောက်ပြီး ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ယောက် ထိခိုက်ခဲ့တယ်လို့ သိပါတယ်။ အဲဒီစစ်ဆင်ရေးမှာ ဒရုန်း ၂ စီး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ဇန်နဝါရိ ၁၀ ရက်ကလည်း သစ်ချိုကုန်းပျူစခန်းကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၁၁ ရက်မှာ ဇီးပြားပျူစခန်းကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီး ၂၇ လုံး ကြဲချတိုက်ပြီး ဇန်နဝါရီ ၁၂ ရက်က တပ်ကုန်းပျူစခန်း၊ ပင်တောင်ပျူစခန်းတွေကို ၂ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ယောက်သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီစစ်ဆင်ရေးမှာလည်း ဒရုန်း ၁ စီး ထပ်မံဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို ပေါက်ပကဖ၊မြိုင်ပကဖ တို့ရဲ့ ကူညီမှုနဲ့ ပုံတောင် TIGER PDF၊ Pauk ပ.က.ဖ Drone Team၊ Eagle Wings Drone force၊ BLY drone တပ်ဖွဲ့ ၊ ဇုံ (၁၊၂) ပကဖ တို့ပူးပေါင်းကာ ဗုံးသီး ၁၅၀ ခန့် အသုံးပြု တိုက်ခိုက်ခဲ့ပြီး ဒရုန်းတချို့ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။