ဒုစရိုက်ဂိုဏ်းတွေမှာ ပိတ်မိတဲ့ နိုင်ငံသားတွေကို တရုတ် ကယ်ထုတ်မည်

by

in

ဒုစရိုက်ဂိုဏ်းတွေမှာ ပိတ်မိတဲ့ နိုင်ငံသားတွေကို တရုတ် ကယ်ထုတ်မည်
~~~
■ မြန်မာနိုင်ငံ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေမှာ ဓားစာခံဖြစ်ရတဲ့ တရုတ်နိုင်ငံသားတွေကို ကယ်ဆယ်ဖို့နဲ့ လိမ်လည်နေတဲ့ လုပ်ငန်းတွေကို နှိမ်နင်းဖို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ဆောင်ရွက်မယ်လို့ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ညပိုင်းမှာ ပြောကြားလိုက်ပါတယ်။
လစာကောင်းတဲ့ အလုပ်ရမယ်၊ အစားအသောက်၊ နေထိုင်စရာနဲ့ လေယာဉ်ခ ပေးမယ်ဆိုတဲ့ ကတိတွေနဲ့ တရုတ်နိုင်ငံသားတွေကို နိုင်ငံရပ်ခြားက လိမ်ညာလုပ်ကိုင်တဲ့ အစုအဖွဲ့တွေက လှည့်ဖျားခေါ်ဆောင်သွားပြီး ဒီလူတွေဟာ ထိုင်းနယ်စပ် မြဝတီလို မြို့တွေက အွန်လိုင်း ဒုစရိုက်ဂိုဏ်းတွေဆီမှာ ပိတ်မိကြတယ်လို့ ဝန်ကြီးဌာနက ပြောကြားတာကို တရုတ်အစိုးရအာဘော် CCTV က လွှင့်သွားတဲ့အကြောင်း ရိုက်တာက ဇန်နဝါရီ ၁၆ ရက်မှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံဟာ နိုင်ငံရပ်ခြားမှာ ပိတ်မိနေတဲ့ သူ့ နိုင်ငံသားတွေကို ကယ်ဆယ်ဖို့နဲ့ ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေတဲ့ နေရာတွေကို ဖြိုခွင်းဖို့ တခြားနိုင်ငံက ဥပဒေတင်းကျပ်ရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ တရုတ်မာဖီးယား ကိုးကန့်မိသားစုလေးစုကို မြန်မာစစ်ကောင်စီ အာဏာပိုင်တွေနဲ့ ၂၀၂၃ က နှိမ်နင်းခဲ့ဖူးတာကိုလည်း ဝန်ကြီးဌာနက ရည်ညွှန်းပြောကြားပါတယ်။
_________
လောင်းကစားရုံများရှိသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်တွင် အဆောက်အအုံများ ဆောက်လုပ်နေသည်ကို ၂၀၂၃ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ (RFA Photo)